ပရိတ်ရွတ်လျှင် ရေများ ဆူပွက်စေတဲ့ တောင် တန်း သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ

Unicodeဖြင့်ဖတ်ရန်

တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ (သို့) မတ္တာဝိဟာရီ ဆရာတော် လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်နဝါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်း တိုင်း အရာတော်မြို့နယ် ငွေတွင်းကုန်းကျေးရွာ

တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေး တာ မှ ဖွားမြင်ခဲ့သည်။ သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန်တ ဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့ ၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်တော်

မူသည်။ ၁၂၉၂ ခုနှစ်၊ ငွေတွင်းကုန်း ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ပဇ္ဈာယ်ပြု၍ ရဟန်း အဖြစ်သို့ ရောက်ရှိတော် မူသည်။ စာပေလေ့လာ ဘဝမှာ ဆရာတော်သည် မုံရွာမြို့ရှိ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်း

တောင် မဟာသမယချောင် မန္တလေးမြို့ ချမ်း သာကြီး မြောက်တိုက် အမရပူရမြို့ တူးမောင်းတိုက် ပခုက္ကူမြို့ မဟာဝိသုတာ ရာမတိုက် ဆ ရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ ကို တတ်စွမ်းသမျှ သင်ယူခဲ့သည်။ ရှေးခေတ်စာ

သင်နည်းအရ ကျမ်းကြီးပေါက် သင်ယူကာတတ် မြောက်တော်မူခဲ့ပြီး အင်္ဂလိပ်စာ ချင်းစာပေ ချင်းဘာသာစကား တို့ကိုလဲ လေ့လာ တတ်မြောက်ခဲ့ သည်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ်အတွင်းရှိ ဝါဆို ကျောင်းနှင့် လှိုင်မြို့နယ်ရှိ အောင်ချမ်းသာ

ကျောင်းတို့၌ စာဝါပို့ချခဲ့သည်။ သာသနာ ပြုတို့ အတု ယူစရာ စာပေများ သင်ယူ တတ်မြောက် ပြီး၍ သပိတ်တလုံး ပိုက်ကာ တောထွက် တော်မူခဲ့သည်နှစ်ပေါင်း ၅၀ ကျော် ကာလပတ်လုံး ချင်းတောင်တန်း တလျောက် သာသနာပြု တော်မူပြီး

ရံဖန် ရံခါမှသာ ပြည်မကြီးမှာ ဒကာဒကာမတို့ ပင့်လျောက် ချက်အရ ကြွေရောက်ကာ ချီးမြှောက်တော်မူသည် တစ်ဘ၀ ချုပ်ငြိမ်းချိန် ၁၃၅၇ ခုနှစ်ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆:၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ် သိက္ခာ

တော် ၆၆ ဝါအရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့ နယ် လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ် မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သည်။ ရေးသားခဲ့သော စာအုပ်များ (1) ကိုယ်တွေ့ မှတ်တမ်းများ – ၁၉၈၉ ခုနှစ်

(2)ချမ်းမြေ့စွာ ဘဝနေနည်း တရားတော် – ၁၉၈၉ ခုနှစ် (3) ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ – ၁၉၈၉ ခုနှစ် (4) ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ – ၁၉၅၄ ခုနှစ် (5) တောင်တန်းတရား (ပထမတွဲ) – ၁၉၉၁ ခုနှစ်

(6) တောင်တန်း သာသနာပြု ဆရာတော် ဦးဥ တ္တ မသာရ – ၁၉၉၄ ခုနှစ် (7)ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း – ၁၉၉၂ခုနှစ် (8) ဘဝတံခွန်အောင် လမ်းညွှန် တရားတော် – ၁၉၉၂ ခုနှစ် (9) ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ – ၁၉၉၃ ခုနှစ် (10) ဘုန်ကြီးမှတ်စု – ၁၉၉၇ ခုနှစ်

(11) မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ – ၁၉၉၄ ခုနှစ် (12) မေတ္တာရှင်ကြီး၏ မေတ္တာစာ – ၁၉၉၂ ခုနှစ် (13) ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) – ၁၉၉၂ ခုနှစ် (14) ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) – ၁၉၉၃ ခုနှစ် (15) သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ – ၁၉၉၄ ခုနှစ်

စာစောင် အသီးသီးတွင် ရေးသားခဲ့သော ဓမ္မဆောင်းပါးများ (1) ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာ စောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ (2) ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)

(3) ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁) (4) တောင်တန်း သာသနာပြုရေး၊ ဒဂုန်မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇) (5) တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ (၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)

(6) ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ တိုးတက်ရေး မဂ္ဂဇ င်း အမှတ် (၉၃) (၆/၁၉၄၁)၊ (7)နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက်ဤရွာများ ဂျာ နယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)၊ (8) နှစ်ပြည် ထောင် အခြေကျ အလယ်က ကျောက်ဆောင်

မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)၊ (9) နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည် ဗုဒ္ဓဓမ္မ လောကစာစောင် အတွဲ(၃၀) အမှတ် (၁၄) (10) ဘုန်းကြီး ကျောင်းတိုက် များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)

(11) မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇) (12) မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့ ဗုဒ္ဓဓမ္မ လောကစာစောင် အတွဲ (၁ ၃) အမှတ် (၃၆) မှ အမှတ်(၄၀) အထိ (13) မြို့ တော် ဖလမ်း၊ ဒဂုန်မဂ္ဂဇင်း အတွဲ(၂၁) အမှ တ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇) (14) မြို့တို့ ဌာနေ

တိုးတက်ရေး မဂ္ဂဇင်းအမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁) (15) မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)၊ (16) ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)၊ (17) ရွှေပြည်ဝင် စာတမ် တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀) ၊ (18) သာသနာပြု ပန္နက်စွဲရန် အကောင်ဆုံး ဌာန

ကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉ ၄၇ )၊ (19) သာသနာ့ သူရဲကောင်းများ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)၊ (20) အာသံပြည် သာ သနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)၊ (21) အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ် တို့ဖြစ်ပါသည်။

Credit:Lifestyle

 

Zawgyiျဖင့္ဖတ္ရန္

 

ပိရိတ္႐ြတ္လွ်င္ ေရမ်ား ဆူပြက္ေစတဲ့ ေတာင္ တန္း သာသနာျပဳ ဆရာေတာ္ႀကီး ဦးဥတၱမသာရ

 

ေတာင္တန္း သာသနာျပဳ ဆရာေတာ္ ဦးဥတၱမသာရ (သို႔) မတၱာဝိဟာရီ ဆရာေတာ္ ေလာင္းလ်ာကို ၁၂၇၂ ခု၊ ျပာသို လျပည့္ေက်ာ္ ၁ ရက္၊ (၁၅ ဇန္နဝါရီ ၁၉၁၁)တနဂၤေႏြေန႔တြင္ စစ္ကိုင္း တိုင္း အရာေတာ္ၿမိဳ႕နယ္ ေငြတြင္းကုန္းေက်း႐ြာ

တြင္ ခမည္းေတာ္ ဦးဘိုးညိဳ မယ္ေတာ္ေဒၚေသး တာ မွ ဖြားျမင္ခဲ့သည္။ သကၠရာဇ္ ၁၂၈၄ ခုႏွစ္တြင္ ႐ြာေက်ာင္း ဆရာေတာ္ ဘဒၵန္တ ဝိလာသကို ဥပဇၩာယ္ ျပဳ၍ မိဘ ႏွစ္ပါး တို႔ ၏ ပစၥယာ ႏုဂၢဟျဖင့္ ရွင္သာမေဏ အျဖစ္သို႔ ေရာက္ေတာ္

မူသည္။ ၁၂၉၂ ခုႏွစ္၊ ေငြတြင္းကုန္း ႐ြာေက်ာင္း ဆရာေတာ္ ဘဒၵႏၲဝိလာသကို ပဇၩာယ္ျပဳ၍ ရဟန္း အျဖစ္သို႔ ေရာက္ရွိေတာ္ မူသည္။ စာေပေလ့လာ ဘဝမွာ ဆရာေတာ္သည္ မုံ႐ြာၿမိဳ႕ရွိ ေ႐ႊသိမ္ေတာ္တိုက္၊ မဟာ လယ္တီတိုက္၊ စစ္ကိုင္း

ေတာင္ မဟာသမယေခ်ာင္ မႏၲေလးၿမိဳ႕ ခ်မ္း သာႀကီး ေျမာက္တိုက္ အမရပူရၿမိဳ႕ တူးေမာင္းတိုက္ ပခုကၠဴၿမိဳ႕ မဟာဝိသုတာ ရာမတိုက္ ဆ ရာေတာ္မ်ား ထံတြင္ ပိဋကတ္ က်မ္းစာမ်ား ကို တတ္စြမ္းသမွ် သင္ယူခဲ့သည္။ ေရွးေခတ္စာ

သင္နည္းအရ က်မ္းႀကီးေပါက္ သင္ယူကာတတ္ ေျမာက္ေတာ္မူခဲ့ၿပီး အဂၤလိပ္စာ ခ်င္းစာေပ ခ်င္းဘာသာစကား တို႔ကိုလဲ ေလ့လာ တတ္ေျမာက္ခဲ့ သည္။ ရန္ကုန္တိုင္း ကမာ႐ြတ္ ၿမိဳ႕နယ္အတြင္းရွိ ဝါဆို ေက်ာင္းႏွင့္ လႈိင္ၿမိဳ႕နယ္ရွိ ေအာင္ခ်မ္းသာ

ေက်ာင္းတို႔၌ စာဝါပို႔ခ်ခဲ့သည္။ သာသနာ ျပဳတို႔ အတု ယူစရာ စာေပမ်ား သင္ယူ တတ္ေျမာက္ ၿပီး၍ သပိတ္တလုံး ပိုက္ကာ ေတာထြက္ ေတာ္မူခဲ့သည္ႏွစ္ေပါင္း ၅၀ ေက်ာ္ ကာလပတ္လုံး ခ်င္းေတာင္တန္း တေလ်ာက္ သာသနာျပဳ ေတာ္မူၿပီး

ရံဖန္ ရံခါမွသာ ျပည္မႀကီးမွာ ဒကာဒကာမတို႔ ပင့္ေလ်ာက္ ခ်က္အရ ေႂကြေရာက္ကာ ခ်ီးေျမႇာက္ေတာ္မူသည္ တစ္ဘ၀ ခ်ဳပ္ၿငိမ္းခ်ိန္ ၁၃၅၇ ခုႏွစ္ျပာသိုလဆန္း ၇ရက္ (၂၇၊ ၁၂၊ ၁၉၉၅) ေန႔ ညေန ( ၆:၃၀) နာရီ အခ်ိန္၌ သက္ေတာ္ ၈၆ ႏွစ္ သိကၡာ

ေတာ္ ၆၆ ဝါအရတြင္ ခ်င္းျပည္နယ္၊ ဖလမ္း ၿမိဳ႕ နယ္ လုံပီး ေက်း႐ြာမွ ရန္ကုန္ၿမိဳ႕သို႔ ေဆးကုသမႈ ခံယူရန္ ႂကြေရာက္ေတာ္မူစဥ္ မႏၲေလး ေလဆိပ္ မွာပင္ တဘ၀ ခ်ဳပ္ၿငိမ္းေတာ္မူခဲ့သည္။ ေရးသားခဲ့ေသာ စာအုပ္မ်ား (1) ကိုယ္ေတြ႕ မွတ္တမ္းမ်ား – ၁၉၈၉ ခုႏွစ္

(2)ခ်မ္းေျမ့စြာ ဘဝေနနည္း တရားေတာ္ – ၁၉၈၉ ခုႏွစ္ (3) ဂုဏ္ေတာ္ကြန္ခ်ာ ပုတီး စိပ္နည္းမ်ား – ၁၉၈၉ ခုႏွစ္ (4) ဆရာေတာ္ အရွင္ ဦးဥတၱမသာရ၏ ကိုယ္ေတြ႕ မွတ္တမ္းမ်ား – ၁၉၅၄ ခုႏွစ္ (5) ေတာင္တန္းတရား (ပထမတြဲ) – ၁၉၉၁ ခုႏွစ္

(6) ေတာင္တန္း သာသနာျပဳ ဆရာေတာ္ ဦးဥ တၱ မသာရ – ၁၉၉၄ ခုႏွစ္ (7)ပရိတ္ ေမတၱာ တန္ခိုး ထက္ေစေသာနည္း – ၁၉၉၂ခုႏွစ္ (8) ဘဝတံခြန္ေအာင္ လမ္းၫႊန္ တရားေတာ္ – ၁၉၉၂ ခုႏွစ္ (9) ဘဝ ေအာင္ျမင္ေရး လမ္းၫႊန္ ေဒသနာ – ၁၉၉၃ ခုႏွစ္ (10) ဘုန္ႀကီးမွတ္စု – ၁၉၉၇ ခုႏွစ္

(11) ေမတၱာ စြမ္းအား လက္ေတြ႕ အက်ိဳးမ်ား – ၁၉၉၄ ခုႏွစ္ (12) ေမတၱာရွင္ႀကီး၏ ေမတၱာစာ – ၁၉၉၂ ခုႏွစ္ (13) ရဟန္း ဘဝ ခ်မ္းသာ (ပထမတြဲ) – ၁၉၉၂ ခုႏွစ္ (14) ရဟန္း ဘဝ ခ်မ္းသာ (ဒုတိယတြဲ) – ၁၉၉၃ ခုႏွစ္ (15) သံသရာဝဋ္ကို လြတ္ေအာင္ ႐ုန္းၾကစို႔ရဲ႕ – ၁၉၉၄ ခုႏွစ္

စာေစာင္ အသီးသီးတြင္ ေရးသားခဲ့ေသာ ဓမၼေဆာင္းပါးမ်ား (1) ကိုယ္က ဖန္တီး၍ သံသရာ က်င္လည္ ေနၾကသည္၊ ဗုဒၶဓမၼ ေလာက စာ ေစာင္ အတြဲ (၃၈) အမွတ္ (၁၈) မွ (၂၁) အထိ (2) ခ်င္းေစာ္ဘြားႀကီး ဦးဝမ္မႈံ၊ ဂ်ာနယ္ေက်ာ္ မဂၢဇင္း (၂၉၊ ၁၁၊ ၁၉၃၇)

(3) ခ်င္းေတာင္တန္း သာသနာျပဳ၊ ဒဂုန္ မဂၢဇင္း (၅/ ၁၉၄၁) (4) ေတာင္တန္း သာသနာျပဳေရး၊ ဒဂုန္မဂၢဇင္း အတြဲ (၂၁) အမွတ္ (၁) (၁၊ ၁၊ ၁၉၄၇) (5) ေတာင္အစဥ္စဥ္ ေတာအထပ္ထပ္ သာသနာ ေရာင္ျခည္ ထင္ဟပ္ခဲ့ၿပီ၊ ဂ်ာနယ္ေက်ာ္ မဂၢဇင္း အတြဲ (၁၀) အမွတ္ (၉) (၈၊ ၁၁၊ ၁၉၄၇)

(6) ေဒသႏၲရ ဗဟုသုတ ရွာမွီးၾကရာ၌ ႀကဳံႀကိဳက္တတ္ေသာ အခက္အခဲမ်ား တိုးတက္ေရး မဂၢဇ င္း အမွတ္ (၉၃) (၆/၁၉၄၁)၊ (7)နာဂ ေတာင္တန္းသားတို႔၏ ေနာက္ကြယ္မွ ဤရက္ဤ႐ြာမ်ား ဂ်ာ နယ္ေက်ာ္မဂၢဇင္း (၂၂၊ ၂၊ ၁၉၄၇)၊ (8) ႏွစ္ျပည္ ေထာင္ အေျခက် အလယ္က ေက်ာက္ေဆာင္

ေမွ်ာ္လို႔သာ မွန္းမိေတာ့ လြမ္းခမ္းငဲ့ ရစ္သီ၊ ဒဂုန္ မဂၢဇင္း အတြဲ (၂၁) အမွတ္ (၇) (၇/၁၉၄၇)၊ (9) နိဗၺာန္ ရလိုလွ်င္ သြားေရာက္နည္း အဖုံဖုံရွိသည္ ဗုဒၶဓမၼ ေလာကစာေစာင္ အတြဲ(၃၀) အမွတ္ (၁၄) (10) ဘုန္းႀကီး ေက်ာင္းတိုက္ မ်ားသည္ ေလာက အယူဝါဒကို လိုက္နာ သင့္သေလာ၊ တိုးတက္ေရး မဂၢဇင္း အမွတ္ (၉၅) (၁၊ ၈၊ ၁၉၄၁)

(11) မဏိပူရ နယ္ျခား တမူးၿမိဳ႕၊ ဂ်ာနယ္ေက်ာ္ မဂၢဇင္း (၁၀/၁၉၄၇) (12) ေျမေပါက္လြတ္ ဆြမ္းေကြၽးတဲ့ ပြဲတဲ့ ဗုဒၶဓမၼ ေလာကစာေစာင္ အတြဲ (၁ ၃) အမွတ္ (၃၆) မွ အမွတ္(၄၀) အထိ (13) ၿမိဳ႕ ေတာ္ ဖလမ္း၊ ဒဂုန္မဂၢဇင္း အတြဲ(၂၁) အမွ တ္ (၁၀) (၁၀၊ ၁၁၊ ၁၉၄၇) (14) ၿမိဳ႕တို႔ ဌာေန

တိုးတက္ေရး မဂၢဇင္းအမွတ္ (၈၈) (၁၊ ၁၊ ၁၉၄၁) (15) ၿမိဳ႕ေတာ္ ဘုတလင္၊ တိုးတက္ေရး မဂၢဇင္း အမွတ္ (၈၈) (၃၊ ၇၊ ၁၉၄၁)၊ (16) ယဥ္ေက်းလာေသာ ခ်င္းေတာင္၊ တိုးတက္ေရး မဂၢဇင္း အမွတ္ (၉) (ဧၿပီလ)၊ (17) ေ႐ႊျပည္ဝင္ စာတမ္ တိုးတက္ေရး မဂၢဇင္း အမွတ္ (၈၄) (၃၊ ၉၊ ၁၉၄၀) ၊ (18) သာသနာျပဳ ပႏၷက္စြဲရန္ အေကာင္ဆုံး ဌာန

ႀကီး တခု၊ ဂ်ာနယ္ေက်ာ္ မဂၢဇင္း (၁၃၊ ၉၊ ၁၉ ၄၇ )၊ (19) သာသနာ့ သူရဲေကာင္းမ်ား ဂ်ာနယ္ေက်ာ္ မဂၢဇင္း (၂၂၊ ၂၊ ၁၉၄၇)၊ (20) အာသံျပည္ သာ သနာေရး၊ ဗုဒၶဓမၼ ေလာက စာေစာင္ အတြဲ (၉) အမွတ္ (၁၀)၊ (21) အယ္ဒီတာသို႔ လြမ္းဖြယ္ ခ်င္းဝိေသသတိုင္းမွ ေပးစာ၊ ဂ်ာနယ္ေက်ာ္ မဂၢဇင္း (၁၃၀၉) ခုႏွစ္ တို႔ျဖစ္ပါသည္။

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment