ပျော်ရွှင်တဲ့အိမ်ထောင်ရေး ပိုင်ဆိုင်ထားရတဲ့ မင်းသားကြီး တွန်မ်ဟန့်ရဲ့လျှို့ဝှက်ချက်

Unicodeဖြင့်ဖတ်ရန်

 

ဟောလီးဝုဒ်ဆယ်လီတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြိုကွဲနေတဲ့အချိန် မင်းသားတွန်မ်ဟန့်နဲ့ ဇနီးဖြစ်သူ မင်းသမီး ရီတာဝယ်လ်ဆင်ကတော့ အိမ်ထောင်သက် ၃၁ နှစ်တာကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ်။ သူတို့နှစ်ယောက်ဟာ အခက်အခဲတွေကို အတူကျော်ဖြတ်ပြီးမှ ပိုလို့တောင် ခိုင်မြဲလာတဲ့ ဇနီးမောင်နှံပါ။ အင်တာဗျူးတွေမှာ တွန်မ်ဟန့်ဖြေလေ့ရှိတဲ့ ပျော်ရွှင်အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်တွေက ဘာများလဲ။

၁) အသက် ၃၀ မတိုင်ခင် အိမ်ထောင်မပြုနဲ့

တွန်မ်နဲ့ရီတာဟာ ၁၉၈၅ ခုနှစ်တုန်းက ရိုက်ခဲ့တဲ့ Volunteers ဆိုတဲ့ ဇာတ်ကားမှာ စတွေ့ခဲ့ကြတာပါ။ အဲဒီကားမှာ သူတို့နှစ်ယောက်က ချစ်သူတွေလို သရုပ်ဆောင်ရတာပေါ့။ သူတို့နှစ်ယောက် ဇာတ်လမ်းဖြစ်ချင်ပေမယ့် အဲဒီအချိန်တုန်းက တွန်မ်မှာ အိမ်ထောင်ရှိပါတယ်။ ကလေးလည်း ၂ ယောက်ရှိပါတယ်။ ရီတာမှာလည်း လက်ထပ်မယ့်သူ ရှိပါတယ်။ ဒီလိုပဲ သုံးနှစ်လောက် နှစ်ယောက်သား ကျိတ်ပုန်းခုတ်နေပြီးနောက်တော့ တွန်မ်ဟာ ပထမအိမ်ထောင်နဲ့ကွာရှင်းလိုက်ပါတယ်။

ပထမအိမ်ထောင်ကို အလျင်အမြန်ဆုံးဖြတ်မိခဲ့တယ်လို့ တွန်မ်က ဆိုပါတယ်။ ငယ်ရွယ်တဲ့အချိန်၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အချိန်၊ အလုပ်တွေများနေတဲ့အချိန်ဖြစ်တာကြောင့် သေချာမစဉ်းစားလိုက်မိဘူးပေါ့။ မှန်ကန်တဲ့ လက်ထပ်ခြင်းဖြစ်ဖို့စိတ်လိုက်မာန်ပါ မလုပ်ပဲ သေချာသတိထားပြီး ဆုံးဖြတ်ဖို့လိုတယ်လို့ တွန်မ်က ယူဆပါတယ်။ “အသက် ၃၀ မပြည့်ခင် အိမ်ထောင်မပြုပါနဲ့” လို့တွန်မ်က ပြောထားပါသေးတယ်။

၂) ပံ့ပိုးကူညီပါ

နှစ်တွေကြာရှည်လာပေမယ့် တွန်မ်တို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးနေတုန်းပါပဲ။ ၂၀၁၅ ခုနှစ်၊ ရီတာ ရင်သားကင်ဆာဖြစ်တုန်းက ရီတာဟာ သူတို့ရဲ့အိမ်ထောင်ရေးကို အရမ်းစိတ်ပူခဲ့ပါတယ်။ တွန်မ် သူမအပေါ်ပြောင်းလဲသွားမှာကို စိတ်ပူခဲ့ပါတယ်။ ဒါပေမဲ့ သူမ စိတ်ပူသလိုမဟုတ်ပဲ တွန်မ်က သေချာဂရုစိုက်ပေးလို့ သူတို့အိမ်ထောင်ရေးက ပိုလို့တောင် ခိုင်မြဲလာပါသေးတယ်။ ကံကောင်းစွာနဲ့ပဲ အချိန်ခဏလေးနဲ့သူမရဲ့ရောဂါ ပျောက်ကင်းသွားပါတယ်။ ခီမိုတောင် သွင်းစရာမလိုခဲ့ပါဘူး။

၃) ကောင်းတဲ့အရာလေးတွေပြုလုပ်ပါ

တွန်မ်နဲ့ရီတာဟာ ခရီးအလွန်ထွက်ပါတယ်။ နေရာအနှံ့ကိုသူတို့ရောက်ဖူးကြပါတယ်။ တွန်မ်ရိုက်မယ့် ဇာတ်ကားထဲက နေရာတွေကိုလည်း ရီတာက လိုက်လည်ပါတယ်။ ဒီလောက်အကြာကြီး လက်ထပ်ပြီးတာတောင်မှ ချစ်စခင်စတုန်းကလိုပဲ တစ်ယောက်အပေါ်တစ်ယောက် ကောင်းတဲ့အရာလေးတွေ ပြုလုပ်ပေးလေ့ရှိကြပါတယ်။

“မီးဖိုချောင်(သို့)ဖုန်းနားလေးမှာ စာရေးပြီး ကျွန်တော်ချန်ခဲ့လေ့ ရှိပါတယ်။ သူမအတွက် ကောင်းသောနေ့လေးဖြစ်ပါစေ စသဖြင့် ဆုတောင်းလေးတွေ ရေးပေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တစ်နေ့တာကိုလည်း ဓာတ်ပုံလေးတွေ ရိုက်ပို့ပါတယ်။ သူမ ကျွန်တော့်ဘေးမှာ မရှိရင် ကျွန်တော်ရောက်တဲ့နေရာက ပုံတွေကို ပို့ပေးပါတယ်။ ကျွန်တော်ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာတွေ ရိုက်ကူးတယ်ဆိုတာတွေပေါ့။ သူမကလည်း သဘောကျပါတယ်” လို့တွန်မ်က ဝေမျှထားပါတယ်။

၄) အရှိအတိုင်းလေးချစ်ပါ

တွန်မ်နဲ့ရီတာဟာ သူတို့နှစ်ယောက်အတူ ဖြတ်သန်းခဲ့တဲ့အချိန်မှန်သမျှကို တန်ဖိုးထားကြတယ်။ ဒါကပဲ သူတို့ရဲ့အချစ်ကို ခိုင်မြဲစေခဲ့တာ။ တွန်မ်ဟာ သူ့ဇနီးကို ဘယ်လောက်တန်ဖိုးထားကြောင်း အမြဲတမ်း ပြောတတ်ပါတယ်။ “ဒီအမျိုးသမီးဟာ ကျွန်တော်ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ ကျွန်တော့်ကို ချစ်ပေးတယ်။ ကျွန်တော် ဆံပင်ရှိသည်ဖြစ်စေ၊ ထိပ်ပြောင်သည်ဖြစ်စေ ကျွန်တော့်ကိုချစ်ပေးတယ်။ သူမ ကျွန်တော့်ကိုချစ်ပေးတာကြောင့် ကျွန်တော်ဟာ ကံကောင်းတဲ့လူသားတစ်ယောက်ဖြစ်နေတာပါ” တဲ့။

၅) အရေးကြီးဆုံးအချက်က မှန်ကန်တဲ့သူဖြစ်ဖို့ပါ

ဂျာနယ်လစ်တွေဟာ တွန်မ်ရဲ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးသော့ချက်ကို အမြဲထောက်လှမ်းလေ့ ရှိပါတယ်။ တွန်မ်ကတော့ အသာအယာရယ်ပြီး အမြဲပြောလေ့ရှိတာက “ကျွန်တော့အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကတော့ မှန်ကန်တဲ့အမျိုးသမီးကို ရွေးချယ်ခဲ့ခြင်းပဲဗျ။ ရီတာကိုရလို့ ကျွန်တော်ကံကောင်းခဲ့တာပါ။ ကျွန်တော်က ကံအကောင်းဆုံးလူသားပဲဗျ” ပါတဲ့။

သင်ရော အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ ဘာတွေ လိုအပ်တယ်လို့ထင်ပါသလဲ? ဘယ်အရာက အရေးကြီးဆုံးလဲ? အချစ်လား? ငွေကြေးဥစ္စာလား? ရုပ်ရည်လား? နားလည်မှုလား? သစ္စာရှိမှုလား? ဒါမှမဟုတ် အကုန်လုံးလား?

Source; brightside.me

By Paulina

Credit:we.com

 

Zawgyiျဖင့္ဖတ္ရန္

 

ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရး ပိုင္ဆိုင္ထားရတဲ့ မင္းသားႀကီး တြန္မ္ဟန္႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္

 

ေဟာလီးဝုဒ္ဆယ္လီေတြ တစ္ေယာက္ၿပီးတစ္ေယာက္ အိမ္ေထာင္ၿပိဳကြဲေနတဲ့အခ်ိန္ မင္းသားတြန္မ္ဟန္႔နဲ႔ ဇနီးျဖစ္သူ မင္းသမီး ရီတာဝယ္လ္ဆင္ကေတာ့ အိမ္ေထာင္သက္ ၃၁ ႏွစ္တာကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းေနပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အခက္အခဲေတြကို အတူေက်ာ္ျဖတ္ၿပီးမွ ပိုလို႔ေတာင္ ခိုင္ၿမဲလာတဲ့ ဇနီးေမာင္ႏွံပါ။ အင္တာဗ်ဴးေတြမွာ တြန္မ္ဟန္႔ေျဖေလ့ရွိတဲ့ ေပ်ာ္႐ႊင္အိမ္ေထာင္ေရးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြက ဘာမ်ားလဲ။

၁) အသက္ ၃၀ မတိုင္ခင္ အိမ္ေထာင္မျပဳနဲ႔

တြန္မ္နဲ႔ရီတာဟာ ၁၉၈၅ ခုႏွစ္တုန္းက ႐ိုက္ခဲ့တဲ့ Volunteers ဆိုတဲ့ ဇာတ္ကားမွာ စေတြ႕ခဲ့ၾကတာပါ။ အဲဒီကားမွာ သူတို႔ႏွစ္ေယာက္က ခ်စ္သူေတြလို သ႐ုပ္ေဆာင္ရတာေပါ့။ သူတို႔ႏွစ္ေယာက္ ဇာတ္လမ္းျဖစ္ခ်င္ေပမယ့္ အဲဒီအခ်ိန္တုန္းက တြန္မ္မွာ အိမ္ေထာင္ရွိပါတယ္။ ကေလးလည္း ၂ ေယာက္ရွိပါတယ္။ ရီတာမွာလည္း လက္ထပ္မယ့္သူ ရွိပါတယ္။ ဒီလိုပဲ သုံးႏွစ္ေလာက္ ႏွစ္ေယာက္သား က်ိတ္ပုန္းခုတ္ေနၿပီးေနာက္ေတာ့ တြန္မ္ဟာ ပထမအိမ္ေထာင္နဲ႔ကြာရွင္းလိုက္ပါတယ္။

ပထမအိမ္ေထာင္ကို အလ်င္အျမန္ဆုံးျဖတ္မိခဲ့တယ္လို႔ တြန္မ္က ဆိုပါတယ္။ ငယ္႐ြယ္တဲ့အခ်ိန္၊ စိတ္လိုက္မာန္ပါလုပ္တတ္တဲ့အခ်ိန္၊ အလုပ္ေတြမ်ားေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ေသခ်ာမစဥ္းစားလိုက္မိဘူးေပါ့။ မွန္ကန္တဲ့ လက္ထပ္ျခင္းျဖစ္ဖို႔စိတ္လိုက္မာန္ပါ မလုပ္ပဲ ေသခ်ာသတိထားၿပီး ဆုံးျဖတ္ဖို႔လိုတယ္လို႔ တြန္မ္က ယူဆပါတယ္။ “အသက္ ၃၀ မျပည့္ခင္ အိမ္ေထာင္မျပဳပါနဲ႔” လို႔တြန္မ္က ေျပာထားပါေသးတယ္။

၂) ပံ့ပိုးကူညီပါ

ႏွစ္ေတြၾကာရွည္လာေပမယ့္ တြန္မ္တို႔ဇနီးေမာင္ႏွံကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ကူညီပံ့ပိုးေပးေနတုန္းပါပဲ။ ၂၀၁၅ ခုႏွစ္၊ ရီတာ ရင္သားကင္ဆာျဖစ္တုန္းက ရီတာဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးကို အရမ္းစိတ္ပူခဲ့ပါတယ္။ တြန္မ္ သူမအေပၚေျပာင္းလဲသြားမွာကို စိတ္ပူခဲ့ပါတယ္။ ဒါေပမဲ့ သူမ စိတ္ပူသလိုမဟုတ္ပဲ တြန္မ္က ေသခ်ာဂ႐ုစိုက္ေပးလို႔ သူတို႔အိမ္ေထာင္ေရးက ပိုလို႔ေတာင္ ခိုင္ၿမဲလာပါေသးတယ္။ ကံေကာင္းစြာနဲ႔ပဲ အခ်ိန္ခဏေလးနဲ႔သူမရဲ႕ေရာဂါ ေပ်ာက္ကင္းသြားပါတယ္။ ခီမိုေတာင္ သြင္းစရာမလိုခဲ့ပါဘူး။

၃) ေကာင္းတဲ့အရာေလးေတြျပဳလုပ္ပါ

တြန္မ္နဲ႔ရီတာဟာ ခရီးအလြန္ထြက္ပါတယ္။ ေနရာအႏွံ႔ကိုသူတို႔ေရာက္ဖူးၾကပါတယ္။ တြန္မ္႐ိုက္မယ့္ ဇာတ္ကားထဲက ေနရာေတြကိုလည္း ရီတာက လိုက္လည္ပါတယ္။ ဒီေလာက္အၾကာႀကီး လက္ထပ္ၿပီးတာေတာင္မွ ခ်စ္စခင္စတုန္းကလိုပဲ တစ္ေယာက္အေပၚတစ္ေယာက္ ေကာင္းတဲ့အရာေလးေတြ ျပဳလုပ္ေပးေလ့ရွိၾကပါတယ္။

“မီးဖိုေခ်ာင္(သို႔)ဖုန္းနားေလးမွာ စာေရးၿပီး ကြၽန္ေတာ္ခ်န္ခဲ့ေလ့ ရွိပါတယ္။ သူမအတြက္ ေကာင္းေသာေန႔ေလးျဖစ္ပါေစ စသျဖင့္ ဆုေတာင္းေလးေတြ ေရးေပးခဲ့ပါတယ္။ ကြၽန္ေတာ့ရဲ႕ တစ္ေန႔တာကိုလည္း ဓာတ္ပုံေလးေတြ ႐ိုက္ပို႔ပါတယ္။ သူမ ကြၽန္ေတာ့္ေဘးမွာ မရွိရင္ ကြၽန္ေတာ္ေရာက္တဲ့ေနရာက ပုံေတြကို ပို႔ေပးပါတယ္။ ကြၽန္ေတာ္ဘာစားတယ္၊ ဘယ္သူနဲ႔ေတြ႕တယ္၊ ဘာေတြ ႐ိုက္ကူးတယ္ဆိုတာေတြေပါ့။ သူမကလည္း သေဘာက်ပါတယ္” လို႔တြန္မ္က ေဝမွ်ထားပါတယ္။

၄) အရွိအတိုင္းေလးခ်စ္ပါ

တြန္မ္နဲ႔ရီတာဟာ သူတို႔ႏွစ္ေယာက္အတူ ျဖတ္သန္းခဲ့တဲ့အခ်ိန္မွန္သမွ်ကို တန္ဖိုးထားၾကတယ္။ ဒါကပဲ သူတို႔ရဲ႕အခ်စ္ကို ခိုင္ၿမဲေစခဲ့တာ။ တြန္မ္ဟာ သူ႔ဇနီးကို ဘယ္ေလာက္တန္ဖိုးထားေၾကာင္း အၿမဲတမ္း ေျပာတတ္ပါတယ္။ “ဒီအမ်ိဳးသမီးဟာ ကြၽန္ေတာ္ဝသည္ျဖစ္ေစ၊ ပိန္သည္ျဖစ္ေစ ကြၽန္ေတာ့္ကို ခ်စ္ေပးတယ္။ ကြၽန္ေတာ္ ဆံပင္ရွိသည္ျဖစ္ေစ၊ ထိပ္ေျပာင္သည္ျဖစ္ေစ ကြၽန္ေတာ့္ကိုခ်စ္ေပးတယ္။ သူမ ကြၽန္ေတာ့္ကိုခ်စ္ေပးတာေၾကာင့္ ကြၽန္ေတာ္ဟာ ကံေကာင္းတဲ့လူသားတစ္ေယာက္ျဖစ္ေနတာပါ” တဲ့။

၅) အေရးႀကီးဆုံးအခ်က္က မွန္ကန္တဲ့သူျဖစ္ဖို႔ပါ

ဂ်ာနယ္လစ္ေတြဟာ တြန္မ္ရဲ႕ခိုင္ၿမဲတဲ့ အိမ္ေထာင္ေရးေသာ့ခ်က္ကို အၿမဲေထာက္လွမ္းေလ့ ရွိပါတယ္။ တြန္မ္ကေတာ့ အသာအယာရယ္ၿပီး အၿမဲေျပာေလ့ရွိတာက “ကြၽန္ေတာ့အိမ္ေထာင္ေရးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ မွန္ကန္တဲ့အမ်ိဳးသမီးကို ေ႐ြးခ်ယ္ခဲ့ျခင္းပဲဗ်။ ရီတာကိုရလို႔ ကြၽန္ေတာ္ကံေကာင္းခဲ့တာပါ။ ကြၽန္ေတာ္က ကံအေကာင္းဆုံးလူသားပဲဗ်” ပါတဲ့။

သင္ေရာ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတစ္ခုျဖစ္ဖို႔ ဘာေတြ လိုအပ္တယ္လို႔ထင္ပါသလဲ? ဘယ္အရာက အေရးႀကီးဆုံးလဲ? အခ်စ္လား? ေငြေၾကးဥစၥာလား? ႐ုပ္ရည္လား? နားလည္မႈလား? သစၥာရွိမႈလား? ဒါမွမဟုတ္ အကုန္လုံးလား?

Source; brightside.me

By Paulina

Credit:we.com

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment