အဖော်အချွတ်တွေမလုပ်ဘဲ နာမည်ကြီးနေတဲ့ မြန်မာမင်းသမီး (၁၂) ယောက်
Unicodeဖြင့်ဖတ်ရန်
Sexy ကျတယ်ဆိုတာ အဖော်အချွတ်တွေ လုပ်မှ Sexy ကျတယ်ဆိုပြီး လွဲမှားနေကြတဲ့ သူတွေရှိပါတယ်။ ဖော်မှ ချွတ် မှ နာမည်ကြီးမယ်ဆိုပြီး လွဲမှားတဲ့ အတွေးတွေ ရှိနေကြတဲ့ သူတွေလည်း အများကြီးပါ။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ် တန်း မင်းသမီးတွေထဲမှာ အဖော်အချွတ်တွေ မလုပ်ပဲ နာမည်ကြီးနေတဲ့ သူတွေလည်း အများကြီးပါ။ အေဖေ်ာအချွတ် မလုပ်ပဲ နာမည်ကြီးနေတဲ့ မြန်မာမင်းသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ကျန်ခဲ့တာရှိရင်လဲ ဖြည့်ပေးခဲ့အုံးနော်.. )
1အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမရဲ့ ဝတ်စားဆ င်ယင်မှုတွေဟာ မြန်မာမိန်းကလေးတွေ စံ ထားရလောက်တဲ့ အထိ နာမည်ကြီးပါတယ်။ Sexy လိုင်းကို လုံး၀ မသွားပဲ ရပ်တည်နေသူတစ်ယောက်ပါ။
2သက်မွန်မြင့်
နောက်တစ်ယောက်ကလည်း အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ပါ။ ချစ်သက်ကလည်း အနုပညာလောကထဲကို စ ရောက်တည်းက ဝတ်စားဆင်ယင်မှု အပိုင်းမှာ နာမည်ဆိုးမရှိတဲ့ မင်းသမီးတစ်ယောက်ပါ။ အခုဆိုရင် တော့ လုံခြုံ လှပပြီး Classic ဘက်ကိုသွားတဲ့ ပုံစံမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်တာကိုတွေ့ရပါတယ်။
3ပိုင်ဖြိုးသု
စပေါ်တည်းကနေ အခုထိ ဝတ်စားဆင်ယင်မှုပိုင်းမှာ အပြစ်ပြောစရာမရှိတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ ပိုင်ဖြိုးသုကလည်း အကယ်ဒမီ မင်းသမီးတစ်ယောက်ပါပဲ။ ကာလဒေသနဲ့ လိုက်ဖက်အောင် ခေတ်ရှေ့ ပြေး အဝတ်အစားမျိုး တွေကို ဝတ်ရတာမျိုးရှိပေမယ့်လည်း အဖော်အချွတ် မျိုးမဟုတ်တဲ့ မိန်းကလေးဆန်ဆန် အဝတ်အစားမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်တတ်သူပါ။
4ချစ်သုဝေ
ခေတ်နဲ့ သစ်ရဲ့ မေမေကတော့ အဆိုတော် ၊မင်းသမီးချော တစ်ယောက်ပါ။ ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ သူမ ရဲ့ အပြောအဆို အနေအထိုင်တွေကတော့ ပရိသတ်တွေ အတွက်တော့ တကယ့်ကို စံထားလောက်စရာပါ။ အခုထိလည်း ဝတ်စားဆင်ယင်မှုပိုင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုး မရှိခဲ့ဖူးသူပါ။
5ခိုင်သင်းကြည်
ဖျတ်လတ်သွက်လက်တဲ့ မခိုင်လေးကလည်း ဝတ်စားဆင်ယင်မှုပိုင်းမှာ ပရိသတ်ချီးကျူးခံရသူတွေထဲက တစ်ေ ယာက်ပါ။ တမင်ဖော်ချွတ်ပြီး ဆွဲဆောင်တဲ့ အဝတ်အစားမျိုးကို အခုထိ မဝတ်ခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက်ပါ။
6မအေးသောင်း
နောက်တစ်ယောက်ကတော့ မအေးသောင်းပါ။ မြန်မာဝတ်စုံလေးတွေနဲ့ နာမည်ကြီးတဲ့ မအေးသောင်းကလည်း သူမရဲ့ ကိုယ်ပိုင်ဟန်ကို အခုထိ ထိန်းထားသူပါ။
7ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည်ကတော့ နေရာဒေသနဲ့ လိုက်ပြီး ခေတ်ရှေ့ပြေး ဖက်ရှင်တွေကိုလည်း ဝတ်ဆင်ရတဲ့ မင်းသမီး တစ်ယောက်ပါ။ ဒါပေမယ့်လည်း တမင်ဖော်ချွတ်ပြီး ဆွဲဆောင်တဲ့ အဝတ်အစားမျိုးတွေကို ဝတ်တာ မတွေ့ရတဲ့ မင်းသမီး တစ်ယောက်ပါ။
8စိုးပြည့်သဇင်
စိုးပြည့်ကတော့ တကယ့်ကို ချီးကျူးစရာပါ။ လူငယ်တစ်ယောက်လည်း ဖြစ်ပေမယ့် သူမကို ဖော်ချွတ်ဖက်ရှင်မျိုးနဲ့ လုံး၀ မတွေ့ ရသူပါ။ အမြဲတမ်းရိုးရိုးအေးအေးလေးနဲ့ နေတတ်တဲ့ သူမရဲ့ ပုံစံ လေးကို ပရိသတ်တွေက အချစ်ပိုနေကြတာပါ။
9မိုးစက်ဝိုင်
Miss Universe Myanmar တစ်ယောက်လည်း ဖြစ်တဲ့ မော်ဒယ်၊မင်းသမီး လေးပါ။ မိုးစက်ကတော့ မြန်မာဖက်ရှင်ပဲ ဖြစ်ဖြစ်၊တခြား ခပ်လန်းလန်းဖက်ရှင် မှာပဲ ဖြစ်ဖြစ် သူမရဲ့ Class တစ်ခုကိုတော့ ထိန်းထားတတ်တဲ့ သူပါ။ ဖော်ချွတ်နေတဲ့ ဖက်ရှင်မျိုးတွေ လုံး၀ မတွေ့ရသူပါ။
10မေမြင့်မိုရ်
MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာကြတဲ့ မင်းသမီးတိုင်းလိုလိုက ဖက်ရှင် ပိုင်းမှာ လုံလုံခြုံခြုံပုံစံ တွေကိုပဲ ရွေးချယ်ဝတ်ဆင်ကြတာများပါတယ်။ အဲ့ဒီအထဲမှာ မေမြင့်မိုရ်ကလည်း တစ်ယောက်အပါအဝင်ပါ။
11ခင်ဝင့်ဝါ
ခင်ဝင့်ဝါကတော့ Cute လိုင်းဘက်ကိုပဲ သွားတဲ့ ဖက်ရှင်မျိုးတွေကို အများဆုံးဝတ်ဆင်လေ့ရှိသူပါ။ဖော် ချွတ် ဖက်ရှင် မျိုးတွေကိုတော့ မရွေးချယ်တာကို တွေ့ရပါတယ်။
12ယွန်းယွန်း
ကလေးသရုပ်ဆောင်ဘဝတည်းက ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ ယွန်းယွန်းကလည်း ဖက်ရှင် ပိုင်းမှာ ဖော်ချွတ် ပုံစံမျိုးတွေကို မရွေးပဲ သူမနဲ့ လိုက်ဖက်ပြီး လုံခြုံလှပတဲ့ ဖက်ရှင်မျိုးကိုပဲ ရွေးချယ်ဖြစ်တာကိုတွေ့ရပါတယ်။
Photos from အနုပညာရှင်များရဲ့ fb
Credit:My crush
Zawgyiဖြင့်ဖတ်ရန်
1အိန္ဒြာကျော်ဇင်
2သက်မွန်မြင့်
3ပိုင်ဖြိုးသု
4ချစ်သုဝေ
5ခိုင်သင်းကြည်
6မအေးသောင်း
7ဝတ်မှုံရွှေရည်
8စိုးပြည့်သဇင်
9မိုးစက်ဝိုင်
10မေမြင့်မိုရ်
11ခင်ဝင့်ဝါ
12ယွန်းယွန်း
Credit:My crush
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment