အတိတ်က ပုံဟောင်းလေးတင်ပြီး မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ သန္တာဗိုလ်

ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အနုပညာလောက်မှာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ ယနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့လေးမှာပဲ ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်နော်။


မူးရစ်ဆေးဝါးအမှုနဲ့ နှစ်အတော်ကြာ ပရိသတ်တွေနဲ့ဝေးကွာနေဦးမယ့် မိုးအောင်ရင်အတွက် ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည် စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြတာ တွေ့ရပါတယ်။


မင်းသားမိုးအောင်ရင်ကတော့ ဒီကနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာပဲ မူးရစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ပုဇွန်တောင်တရားရုံးက ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာမို့ စုစုပေါင်း ထောင်ဒဏ်(၁၇)နှစ် ကျခံရမှာပဲ ဖြစ်ပါတယ်။ \


အဆိုပါ စိတ်မကောင်းစရာ သတင်းနဲ့ ပတ်သက်ပြီးတော့ မိသားစုများအပြင် ပရိသတ်တွေနဲ့ အနုပညာရှင်များတွေ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။


မိုးအောင်ရင်နဲ့ သူငယ်ချင်းဖြစ်သလို အနုပညာမောင်နှမလည်းဖြစ်တဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်ကလည်း ထောင်ဒဏ်(၁၇)ကျခံရမယ့် မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဟောင်းလေးကို တင်ပြီး သူမရဲ့စိတ်ကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။


ဒါ့အပြင် အခြားအနုပညာရှင်များကလည်း သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလေးတွေကို ရေးသားပြောပြထားကြပါသေးတယ်။ credit – myanmarload

minkoko110