သောကြာဂြိုဟ်ပေါ်တွင် ပြင်ပလောက သက်ရှိများရှိနိုင်သော လက္ခဏာများတွေ့ရှိဟုဆို

Unicodeဖြင့်ဖတ်ရန်

 

ကမ္ဘာ၏ နေထိုင်ရန် မဖြစ်နိုင်သော ပတ်ဝန်းကျင်တွင် အဏုဇီဝပိုးများ ရှိနေဖွယ်ရှိ ကြောင်း ဖော်ပြသည့် ဖော့စဖိုင်း ဟုခေါ်သော ဓာတ်ငွေ့တစ်မျိုး ဖြစ်သည့် သောကြာဂြိုဟ်ပေါ်ရှိပြင်းထန်သော အက်စစ်တိမ်ထု များအား ရှာဖွေတွေ့ရှိထား ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသောကြောင့် ကမ္ဘာ ထက်ကျော်လွန်၍ သက်ရှိများ ရှိနေနိုင်သော မချင့်မရဲဖြစ်စေ သော လက္ခဏာများ ထွက်ပေါ် လာသည်။

အမှန်တကယ် အသက်ရှိ သော လက္ခဏာများအား သိပ္ပံ ပညာရှင်များက တွေ့ရှိခြင်းမရှိ သော်လည်း ကမ္ဘာမြေ၏ ဖော့ စဖိုင်းဓာတ်ငွေ့ကို အောက်ဆီဂျင် ပြတ်လပ်နေသော ပတ်ဝန်းကျင် များတွင် ရှင်သန်နေထိုင်သည့် ဘက်တီးရီးယားများက ထုတ် သောအချက်အား ထောက်ပြ ထားသည်။

နိုင်ငံတကာ သိပ္ပံပညာရှင် များအဖွဲ့က ဟာဝိုင်အီရှိ ဂျိမ်းစ် က လက်စ်မက်စ်ဝဲလ်တယ်လီ စကုပ်ကိုသုံးကာ ဖော့စဖိုင်းဓာတ် ငွေ့ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ ပြီး ချီလီနိုင်ငံရှိ တယ်လီစကုပ် ကိုသုံး၍ အတည်ပြုထားသည်။

ကမ္ဘာ့ပြင်ပတွင် သက်ရှိများ ရှိနေနိုင်ခြေနှင့်ပတ်သက်သော မေးခွန်းမှာ သိပ္ပံပညာတွင် ကြီးမားသော မေးခွန်းများအနက် တစ်ခု ဖြစ်သည်။

မိမိတို့ နေစကြဝဠာရှိ လနှင့် အခြားသောဂြိုဟ်များနှင့် ယင်း ထက်ကျော်လွန်သော နေရာများ တွင် သက်ရှိများ၏ တိုက်ရိုက် မဟုတ်သော လက္ခဏာများကို သိပ္ပံပညာရှင်များက စူးစမ်းရေး ယာဉ်များနှင့် တယ်လီစကုပ်များ အသုံးပြု၍ ရှာဖွေခဲ့ကြသည်။

ဖော့စဖိုင်းသည် လူသားများ အတွက် များစွာအဆိပ်ရှိသော ဓာတ်ငွေ့ဖြစ်သည်။

သောကြာဂြိုဟ်သည် ကမ္ဘာ နှင့် အနီးဆုံးအိမ်နီးချင်းဂြိုဟ်ဖြစ် ပြီး ဖွဲ့စည်းပုံဆင်တူသော်လည်း ကမ္ဘာထက် ပိုသေးငယ်ကာ နေမှ ရေတွက်ပါက ဒုတိယမြောက် ဂြိုဟ်ဖြစ်၍ ကမ္ဘာမှာ တတိယ ဂြိုဟ်ဖြစ်သည်။

—Ref: Reuters

Credit:7day

 

Zawgyiျဖင့္ဖတ္ရန္

 

ေသာၾကာၿဂိဳဟ္ေပၚတြင္ ျပင္ပေလာက သက္ရွိမ်ားရွိႏိုင္ေသာ လကၡဏာမ်ားေတြ႕ရွိဟုဆို

 

ကမာၻ၏ ေနထိုင္ရန္ မျဖစ္ႏိုင္ေသာ ပတ္ဝန္းက်င္တြင္ အဏုဇီဝပိုးမ်ား ရွိေနဖြယ္ရွိ ေၾကာင္း ေဖာ္ျပသည့္ ေဖာ့စဖိုင္း ဟုေခၚေသာ ဓာတ္ေငြ႕တစ္မ်ိဳး ျဖစ္သည့္ ေသာၾကာၿဂိဳဟ္ေပၚရွိျပင္းထန္ေသာ အက္စစ္တိမ္ထု မ်ားအား ရွာေဖြေတြ႕ရွိထား ေၾကာင္း သိပၸံပညာရွင္မ်ားက ေျပာၾကားေသာေၾကာင့္ ကမာၻ ထက္ေက်ာ္လြန္၍ သက္ရွိမ်ား ရွိေနႏိုင္ေသာ မခ်င့္မရဲျဖစ္ေစ ေသာ လကၡဏာမ်ား ထြက္ေပၚ လာသည္။

အမွန္တကယ္ အသက္ရွိ ေသာ လကၡဏာမ်ားအား သိပၸံ ပညာရွင္မ်ားက ေတြ႕ရွိျခင္းမရွိ ေသာ္လည္း ကမာၻေျမ၏ ေဖာ့ စဖိုင္းဓာတ္ေငြ႕ကို ေအာက္ဆီဂ်င္ ျပတ္လပ္ေနေသာ ပတ္ဝန္းက်င္ မ်ားတြင္ ရွင္သန္ေနထိုင္သည့္ ဘက္တီးရီးယားမ်ားက ထုတ္ ေသာအခ်က္အား ေထာက္ျပ ထားသည္။

ႏိုင္ငံတကာ သိပၸံပညာရွင္ မ်ားအဖြဲ႕က ဟာဝိုင္အီရွိ ဂ်ိမ္းစ္ က လက္စ္မက္စ္ဝဲလ္တယ္လီ စကုပ္ကိုသုံးကာ ေဖာ့စဖိုင္းဓာတ္ ေငြ႕ကို ပထမဆုံးရွာေဖြေတြ႕ရွိခဲ့ ၿပီး ခ်ီလီႏိုင္ငံရွိ တယ္လီစကုပ္ ကိုသုံး၍ အတည္ျပဳထားသည္။

ကမာၻ႔ျပင္ပတြင္ သက္ရွိမ်ား ရွိေနႏိုင္ေျခႏွင့္ပတ္သက္ေသာ ေမးခြန္းမွာ သိပၸံပညာတြင္ ႀကီးမားေသာ ေမးခြန္းမ်ားအနက္ တစ္ခု ျဖစ္သည္။

မိမိတို႔ ေနစၾကဝဠာရွိ လႏွင့္ အျခားေသာၿဂိဳဟ္မ်ားႏွင့္ ယင္း ထက္ေက်ာ္လြန္ေသာ ေနရာမ်ား တြင္ သက္ရွိမ်ား၏ တိုက္႐ိုက္ မဟုတ္ေသာ လကၡဏာမ်ားကို သိပၸံပညာရွင္မ်ားက စူးစမ္းေရး ယာဥ္မ်ားႏွင့္ တယ္လီစကုပ္မ်ား အသုံးျပဳ၍ ရွာေဖြခဲ့ၾကသည္။

ေဖာ့စဖိုင္းသည္ လူသားမ်ား အတြက္ မ်ားစြာအဆိပ္ရွိေသာ ဓာတ္ေငြ႕ျဖစ္သည္။

ေသာၾကာၿဂိဳဟ္သည္ ကမာၻ ႏွင့္ အနီးဆုံးအိမ္နီးခ်င္းၿဂိဳဟ္ျဖစ္ ၿပီး ဖြဲ႕စည္းပုံဆင္တူေသာ္လည္း ကမာၻထက္ ပိုေသးငယ္ကာ ေနမွ ေရတြက္ပါက ဒုတိယေျမာက္ ၿဂိဳဟ္ျဖစ္၍ ကမာၻမွာ တတိယ ၿဂိဳဟ္ျဖစ္သည္။

—Ref: Reuters

Credit:7day

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment