တပ်မတော်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၄၆ ဦးရှိ

Unicodeဖြင့်ဖတ်ရန်

 

တပ်မတော်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ စက်တင်ဘာလ ၁၅ ရက်အထိ ၄၆ ဦး ရှိပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်အတွင်း ရောဂါကူးစက်မှု အနေဖြင့် ပြည်ပမှ ကူးစက်မှု ၁၈ ဦး၊ ပြည်တွင်း ကူးစက်မှု၂၈ ဦး၊ စုစုပေါင်း ၄၆ ဦး ရှိ သည်ဟု စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမတွင် ပြုလုပ် သည့် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ညှိနှိုင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မတ်လက ပထမဆုံး ကိုဗစ်လှိုင်းတွင် တပ်မတော်သား ကူးစက်ခံရမှုက ၁၇ ဦး ရှိခဲ့ပြီး ဒုတိယလှိုင်းတွင်၂၉ ဦး ကူးစက်ခံခဲ့ရ ခြင်း ဖြစ်ကာ ပြည်တွင်းကူးစက်ခံရသူများထဲ၌ စစ်တွေမြို့နယ်ရှိ တပ်မှ ကူးစက်ခံရသူများ ပါဝင်ကြောင်း သိရသည်။

တပ်မတော်သားများ ကူးစက်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က “တပ် မတော်သား၊ တပ်မိသားစုဝင်၊ အငြိမ်းစားတွေပါ ဒုတိယအကြိမ်မှာတော့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၂၉ ဦး ရှိပါ တယ်။ ၂၉ ဦးအနက် ၂၃ ဦးက ရန်ကုန်မှာ ရှိတယ်။ တပ်မတော် အသည်းရောဂါဆေးရုံမှာ တက်ရောက် ကုသလျက် ရှိ တယ်။ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ၂၉ ဦးသည် စစ်သည်များသာမက စစ်သည်များ၏ မိသားစုဝင်များ၊ အငြိမ်းစား အရာရှိများလည်း ပါဝင်ပြီး ၂၉ ဦး အနက် ၃ ဦးမှာ ပြည်ပမှ ကူးစက်ခံရသူ ဖြစ်ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရန် Quarantine ဝင်သူများအား နေပြည်တော် စစ်ကြောရေးနှင့် တည်းခို ရေး စခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ အပြင် တိုင်းစစ်ဌာနချုပ်များ အလိုက် လက်ခံ ဆောင်ရွက်ပေးနေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆို ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တပ်မတော်၏ Quarantine စင်တာများတွင် ဝင်ရောက်လာသူများတွင် ပြည်ပမှ ပြန်လာသူများ များပြားပြီး ရန်ကုန်တွင် ၁၂၁ ဦး၊ နေပြည်တော်မှာ ၃၃၀ ဦး၊ ရွှေညောင်မှာ ၇၉ ဦး ရှိသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းပြသည်။

ကိုဗစ်ကာကွယ်ရေးအတွက် တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် မဖြစ်မနေ ကိစ္စရပ်များမှအပ တပ်ပြင်သို့ သွား လာခြင်း မရှိစေရန်၊ မဖြစ်မနေ သွားလာရမည့် အရေးကြီးလုပ်ငန်း ကိစ္စရပ်များမှအပ အခြား အရပ်ဒေသများသို့ ယာယီတာ ဝန်များ မသွားရောက်ရန်နှင့် တပ်မတော် စက်ရုံ၊ အလုပ်ရုံများတွင် အနည်းဆုံးသော လုပ်အားဖြင့် ဆောင်ရွက်ရန် ဗိုလ်ချုပ် မှူးကြီးက လမ်းညွှန်ခဲ့သည်ဟုလည်း သိရသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်တွေမှာတော့ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန် မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ကိုဗစ်ရောဂါ ကုသရေးအတွက် ၎င်းတို့တပ်မှ ဆေးပါရဂူများ စေလွှတ်ဆောင်ရွက်ပေးနေ သလို စစ်တွေမြို့နယ်တွင်လည်း တပ်မတော်သား ဆရာဝန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများကိုလည်း စေလွှတ်ပေး ထားကြောင်း ၎င်းက ဆက်ပြောသည်။

တပ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း နှစ်ပတ် ရုံးတက်၊ နှစ်ပတ်နား စနစ်ဖြင့် ဆောင်ရွက်မည်ဟုလည်း သိရသည်။

ကိုဗစ်ရောဂါ စစ်ဆေးပေးသည့် RT ၊ PCR ၊ COBAS 6800 စက်များကို ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနှင့် စစ်တွေမြို့တို့ တွင် ဖြန့်ခွဲ တပ်ဆင်ထားသလို ပြင်ဦးလွင်၊ အောင်ပန်း၊ မော်လမြိုင်နှင့် မုံရွာမြို့နယ်များတွင် ထပ်မံတပ်ဆင်နိုင်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု သိရသည်။

တပ်မတော်အတွင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးရာတွင် အသုံးပြုသည့် COBAS 6800 စက် များသည် COVID-19 ရောဂါပိုးအား စစ်ဆေးပေးနိုင်ကြောင်း သိရှိရသည့်အတွက် ကူညီပေးရန် အသိပေးခဲ့သည့် တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်၏ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း မရှိပါက စက်တင်ဘာလ ကုန်တွင် လူပေါင်း တသောင်းကျော် အထိ ကူးစက်လာနိုင်သလို တပ်မတော်အတွင်း၌လည်း၂၄၀ ဦးခန့် ကူးစက်လာနိုင် သည်ဟု အဆိုပါ ညှိနှိုင်း အစည်းအဝေးက သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာကို မတ်လ ၂၃ ရက် ချင်းပြည်နယ် တီးတိန်မြို့တွင် စတင်တွေ့ရှိခဲ့သဖြင့် တပ် မတော်က ၎င်းတို့အတွက် အရေးပါသည့် မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ရွှေ့ဆိုင်းထားခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၃၆၃၆ ဦး ရှိရာမှ ၈၃၂ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ ၃၉ ဦးရှိပြီဟု သိရသည်။

လဲ့လဲ့

Credit:Irrawaddy

 

Zawgyiျဖင့္ဖတ္ရန္

 

တပ္မေတာ္အတြင္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရသူ ၄၆ ဦးရွိ

 

တပ္မေတာ္အတြင္း COVID-19 ေရာဂါပိုး ကူးစက္ခံထားရသူ စက္တင္ဘာလ ၁၅ ရက္အထိ ၄၆ ဦး ရွိၿပီျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

တပ္မေတာ္အတြင္း ေရာဂါကူးစက္မႈ အေနျဖင့္ ျပည္ပမွ ကူးစက္မႈ ၁၈ ဦး၊ ျပည္တြင္း ကူးစက္မႈ၂၈ ဦး၊ စုစုေပါင္း ၄၆ ဦး ရွိ သည္ဟု စက္တင္ဘာ ၁၅ ရက္က ေနျပည္ေတာ္ရွိ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း) အစည္းအေဝးခန္းမတြင္ ျပဳလုပ္ သည့္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး ညႇိႏႈိင္း အစည္းအေဝးအၿပီးတြင္ ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

မတ္လက ပထမဆုံး ကိုဗစ္လႈိင္းတြင္ တပ္မေတာ္သား ကူးစက္ခံရမႈက ၁၇ ဦး ရွိခဲ့ၿပီး ဒုတိယလႈိင္းတြင္၂၉ ဦး ကူးစက္ခံခဲ့ရ ျခင္း ျဖစ္ကာ ျပည္တြင္းကူးစက္ခံရသူမ်ားထဲ၌ စစ္ေတြၿမိဳ႕နယ္ရွိ တပ္မွ ကူးစက္ခံရသူမ်ား ပါဝင္ေၾကာင္း သိရသည္။

တပ္မေတာ္သားမ်ား ကူးစက္ခံရမႈႏွင့္ ပတ္သက္ၿပီး တပ္မေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က “တပ္ မေတာ္သား၊ တပ္မိသားစုဝင္၊ အၿငိမ္းစားေတြပါ ဒုတိယအႀကိမ္မွာေတာ့ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္ခံရသူ ၂၉ ဦး ရွိပါ တယ္။ ၂၉ ဦးအနက္ ၂၃ ဦးက ရန္ကုန္မွာ ရွိတယ္။ တပ္မေတာ္ အသည္းေရာဂါေဆး႐ုံမွာ တက္ေရာက္ ကုသလ်က္ ရွိ တယ္။ က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါ ၂၉ ဦးသည္ စစ္သည္မ်ားသာမက စစ္သည္မ်ား၏ မိသားစုဝင္မ်ား၊ အၿငိမ္းစား အရာရွိမ်ားလည္း ပါဝင္ၿပီး ၂၉ ဦး အနက္ ၃ ဦးမွာ ျပည္ပမွ ကူးစက္ခံရသူ ျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္ အေနျဖင့္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ရန္ Quarantine ဝင္သူမ်ားအား ေနျပည္ေတာ္ စစ္ေၾကာေရးႏွင့္ တည္းခို ေရး စခန္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းမ်ား အျပင္ တိုင္းစစ္ဌာနခ်ဳပ္မ်ား အလိုက္ လက္ခံ ေဆာင္႐ြက္ေပးေနသည္ဟု တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဆို ပါ အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

တပ္မေတာ္၏ Quarantine စင္တာမ်ားတြင္ ဝင္ေရာက္လာသူမ်ားတြင္ ျပည္ပမွ ျပန္လာသူမ်ား မ်ားျပားၿပီး ရန္ကုန္တြင္ ၁၂၁ ဦး၊ ေနျပည္ေတာ္မွာ ၃၃၀ ဦး၊ ေ႐ႊေညာင္မွာ ၇၉ ဦး ရွိသည္ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ရွင္းျပသည္။

ကိုဗစ္ကာကြယ္ေရးအတြက္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအေနျဖင့္ မျဖစ္မေန ကိစၥရပ္မ်ားမွအပ တပ္ျပင္သို႔ သြား လာျခင္း မရွိေစရန္၊ မျဖစ္မေန သြားလာရမည့္ အေရးႀကီးလုပ္ငန္း ကိစၥရပ္မ်ားမွအပ အျခား အရပ္ေဒသမ်ားသို႔ ယာယီတာ ဝန္မ်ား မသြားေရာက္ရန္ႏွင့္ တပ္မေတာ္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ အနည္းဆုံးေသာ လုပ္အားျဖင့္ ေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္ မႉးႀကီးက လမ္းၫႊန္ခဲ့သည္ဟုလည္း သိရသည္။

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက “စစ္ဆင္ေရးနဲ႔ လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနတဲ့ တပ္ေတြမွာေတာ့ စစ္ဆင္ေရးနဲ႔ လုံၿခဳံေရး တာဝန္ မထိခိုက္ေအာင္ စည္းမ်ဥ္းစည္းကမ္းနဲ႔ အညီ ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္” ဟု ဆိုသည္။

ထို႔ျပင္ တပ္မေတာ္အေနျဖင့္ ကိုဗစ္ေရာဂါ ကုသေရးအတြက္ ၎တို႔တပ္မွ ေဆးပါရဂူမ်ား ေစလႊတ္ေဆာင္႐ြက္ေပးေန သလို စစ္ေတြၿမိဳ႕နယ္တြင္လည္း တပ္မေတာ္သား ဆရာဝန္ ပါရဂူမ်ား၊ ေဆးမႉးမ်ားႏွင့္ သူနာျပဳမ်ားကိုလည္း ေစလႊတ္ေပး ထားေၾကာင္း ၎က ဆက္ေျပာသည္။

တပ္အတြင္း၌ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္အတိုင္း ႏွစ္ပတ္ ႐ုံးတက္၊ ႏွစ္ပတ္နား စနစ္ျဖင့္ ေဆာင္႐ြက္မည္ဟုလည္း သိရသည္။

ကိုဗစ္ေရာဂါ စစ္ေဆးေပးသည့္ RT ၊ PCR ၊ COBAS 6800 စက္မ်ားကို ရန္ကုန္၊ ေနျပည္ေတာ္၊ က်ိဳင္းတုံႏွင့္ စစ္ေတြၿမိဳ႕တို႔ တြင္ ျဖန႔္ခြဲ တပ္ဆင္ထားသလို ျပင္ဦးလြင္၊ ေအာင္ပန္း၊ ေမာ္လၿမိဳင္ႏွင့္ မုံ႐ြာၿမိဳ႕နယ္မ်ားတြင္ ထပ္မံတပ္ဆင္ႏိုင္ရန္ စီစဥ္ ေဆာင္႐ြက္ေနသည္ဟု သိရသည္။

တပ္မေတာ္အတြင္း HIV ပိုး၊ အသည္းေရာင္ အသားဝါ ဘီပိုး၊ စီပိုး စစ္ေဆးရာတြင္ အသုံးျပဳသည့္ COBAS 6800 စက္ မ်ားသည္ COVID-19 ေရာဂါပိုးအား စစ္ေဆးေပးႏိုင္ေၾကာင္း သိရွိရသည့္အတြက္ ကူညီေပးရန္ အသိေပးခဲ့သည့္ တပ္မေတာ္အေပၚ ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္က ၎၏ မိန႔္ခြန္းတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

လက္ရွိ ျမန္မာႏိုင္ငံအတြင္း ေရာဂါကူးစက္ခံရသူ ၃၀၀၀ ေက်ာ္၏ ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိပါက စက္တင္ဘာလ ကုန္တြင္ လူေပါင္း တေသာင္းေက်ာ္ အထိ ကူးစက္လာႏိုင္သလို တပ္မေတာ္အတြင္း၌လည္း၂၄၀ ဦးခန႔္ ကူးစက္လာႏိုင္ သည္ဟု အဆိုပါ ညႇိႏႈိင္း အစည္းအေဝးက သုံးသပ္ထားသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါ ပိုးေတြ႕လူနာကို မတ္လ ၂၃ ရက္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕တြင္ စတင္ေတြ႕ရွိခဲ့သျဖင့္ တပ္ မေတာ္က ၎တို႔အတြက္ အေရးပါသည့္ မတ္လ ၂၇ ရက္တြင္ က်ေရာက္သည့္ (၇၅) ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားကို ေ႐ႊ႕ဆိုင္းထားခဲ့သည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၁၆ ရက္ နံနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္အတည္ျပဳလူနာ ၃၆၃၆ ဦး ရွိရာမွ ၈၃၂ ဦး ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ေသဆုံးသူ ၃၉ ဦးရွိၿပီဟု သိရသည္။

လဲ့လဲ့

Credit:Irrawaddy

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment