NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

Unicodeဖြင့်ဖတ်ရန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွယ်စည်းရုံးမှုများကို လူစုလူဝေးဖြင့် မထောက်ခံကြရန် NLD ပါတီ ဥက္က ဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

Facebook လူမှုကွန်ရက်ရှိ ပါတီစည်းရုံးရေး ဆောင်ရွက်ရန် ဖွင့်လှစ်ထားသော NLD ပါတီ၏ Chair NLD စာမျက်နှာမှ တဆင့် NLD ပါတီ ထောက်ခံသူကြများကို ရည်ညွှန်း၍ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမ မေတ္တာရပ်ခံချင်တာကတော့ လူစုလူဝေးနဲ့ ကျမတို့ကို ထောက်ခံကြောင်းကို ဒီအချိန်မှာ မပြပါနဲ့။ ကျမတို့ အောင်ပွဲခံနိုင်မယ့် အခြေအနေ ဆိုတာဟာ လာမှာပါ” ဟု ဆိုထားသည်။

ဆက်လက်၍ ၎င်းက၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်၌ မဲပေးနိုင်သူတိုင်း ကျန်းမာစွာ မဲ ပေးနိုင်ရေးသည် အဓိက အရေးကြီးသဖြင့် လက်ရှိကာလတွင် သတ်မှတ်ထားသော စည်းမျည်းစည်းကမ်းများကို လိုက်နာ ကြရန်လည်း တိုက်တွန်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “အဲဒီအထိ ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေရမယ်။ အဲဒါ ပြီးရင်လည်း ကျမတို့ ဆက်ပြီး အောင်ပွဲခံနိုင်ဖို့အတွက် ကျန်းမာ ရပါမယ်။ ဒါကြောင့် အခုအချိန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျမတို့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူများ လိုက်နာကြပါ” ဟု ပြောကြားသည်။

NLD အလံများ နေအိမ်တွင်လွှင့်ခြင်း၊ NLD တံဆိပ်ပါ စတစ်ကာ၊ အင်္ကျီနှင့် လွယ်အိတ်များ ဝတ်ဆင်ခြင်းစသည့် လူထု အတွက် အန္တရာယ် မဖြစ်စေသည့် နည်းလမ်းများဖြင့် NLD ပါတီ ကိုထောက်ခံနိုင်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပ ဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးဖြင့် မထောက်ခံကြရန် ပြောဆိုမှုသည် ကောင်းမွန်သော်လည်း ကိုယ့် ပါတီထောက်ခံသူများ၏ လူစုလူဝေးဖြင့် မဲဆွယ်ရာတွင် ပါဝင်နေမှုကို သက်ညှာစွာ ပြောဆိုလိုက်သည့် သဘောမျိုး တွေ့ရကြောင်း မှတ်ချက်ပေးသည်။

“ရခိုင်မှာ ရောဂါတွေ များလာတဲ့အခါတုန်းက ပြောတာမျိုးကျတော့ ကျန်းမာရေးအရ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တာ တွေ မလုပ်ဖို့ ပြောတာပေါ့။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာလည်း တွေ့တယ်။ နောက်တခုက နေပြည်တော် မှာ ရှိတဲ့ ရုံးတွေမှာလည်းတွေ့တယ်။ ဒါပေမယ့် လူစုလူဝေးနဲ့ စည်းရုံးရေးတွေကလည်း ဆက်လုပ်တယ်။ အဲဒီလို လုပ်တဲ့ အခါကျတော့ တစိုက်မတ်မတ်ပေါ့ဗျာ။ သူများကို ဆူရင် ကိုယ့်လူလည်း ဆူပေါ့။ အဲဒါမျိုးကောင်းတာပေါ့” ဟု ၎င်းက ပြော ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အကဲခတ်ရလျှင် NLD သည် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ဖြစ်စေချင်သည့် ဆန္ဒရှိပုံရကြောင်း ဆိုသည်။

“ရွေးကောက်ပွဲကို သူတို့ မဖျက်ချင်ဘူးဗျာ။ ရွေးကောက်ပွဲ မဖျက်ချင်တဲ့အခါ အဲဒီစည်းမျဉ်းတွေအတိုင်း လိုက်နာပြီး မဲ ဆွယ်ဖို့ ဆိုတာ အရေးကြီးတာပေါ့။ အဲဒါကို မလိုက်နာဘဲ အနိုင်ရလာခဲ့ရင်လည်း နောင်တချိန်မှာ ပြောစရာကြီး ဖြစ်လာ နိုင်တယ်။ အဲဒါကြောင့် စည်းကမ်းတွေ လိုက်နာကြဖို့ ပြောတာထင်တယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတ်မှတ် စည်းမျည်းစည်းကမ်းများကို မလိုက်နာဘဲ မဲဆွယ်ခဲ့ပါက ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီးနောက်တွင် စည်းကမ်း ဖောက်ဖျက်ခဲ့မှုများ ရှိခဲ့သည့် ပါတီသည် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီများ၏ ဝေဖန်ပြစ်တင်မှုကိုလည်း ကြုံရနိုင်ဖွယ်ရှိကြောင်း ဦးရဲထွန်းက ပြောဆိုသည်။

“ရွေးကောက်ပွဲပြီးရင် ရွေးကောက်ပွဲ စည်းကမ်းဖောက်ဖျက်မှုနဲ့ တိုင်တာတောတာတွေ ဖြစ်လာနိုင်တယ်။ ဒါကို အချိန်မီ သူက ထိန်းလိုက်တာပဲ။ ဘယ်လောက် နားထောင်ကြမလဲတော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် သူပြောတာ မှန်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

လက်တွေ့အားဖြင့် မြေပြင်အခြေအနေတွင် မဲဆွယ်ပါက လူစုလူဝေးဖြစ်လာပြီး ကိုဗစ်ရောဂါ ကူးစက်မှုများလာမည်ကို စိုးရိမ်သဖြင့် မဲမဆွယ်တော့သည့် NLD ကိုယ်စားလှယ်လောင်းများ ရှိနေသကဲ့သို့ လူစုလူဝေးဖြင့် အင်တိုက်အားတိုက် မဲဆွယ်နေကြသည့် NLD ထောက်ခံသူများလည်း ရှိနေသည်။

မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ဝန်းသိုနှင့် ကသာမြို့တို့မှ NLD ကိုယ်စားလှယ်လောင်းများသည် လူစုလူဝေး မဖြစ်ရန် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၄ ရက်မှစတင်၍ ယာယီရပ်ဆိုင်းထားသည်။

မြန်မာပြည်အောက်ပိုင်း ပဲခူးတိုင်းရှိ ပဲခူးမြို့တွင်မူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းကို လူအများအပြားဖြင့် အင် တိုက် အားတိုက် ဆောင်ရွက်နေလျက် ရှိသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်မှာ နိုဝင်ဘာလ ၆ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး လူ ၅၀ ထက်ပို၍ စုဝေးကာ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။

UEC က တရားဝင် မဲဆွယ်ခွင့်ပြုထားသည့် ကာလအတွင်းမှာပင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုသည်လည်း မြန်မာနိုင်ငံ အတွင်း သိသိသာသာ မြင့်တက်လာနေသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များ အရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၆၃၆ ဦး ရှိပြီး သေဆုံးသူ ၃၉ ဦး ရှိနေပြီဖြစ်သည်။

Credit:Irrawaddy

 

Zawgyiျဖင့္ဖတ္ရန္

 

NLD ကို လူစုလူေဝးျဖင့္ မေထာက္ခံၾကရန္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

 

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ၏ မဲဆြယ္စည္း႐ုံးမႈမ်ားကို လူစုလူေဝးျဖင့္ မေထာက္ခံၾကရန္ NLD ပါတီ ဥကၠ ႒ ေဒၚေအာင္ဆန္းစုၾကည္က စက္တင္ဘာလ ၁၅ ရက္တြင္ ေျပာၾကားလိုက္သည္။

Facebook လူမႈကြန္ရက္ရွိ ပါတီစည္း႐ုံးေရး ေဆာင္႐ြက္ရန္ ဖြင့္လွစ္ထားေသာ NLD ပါတီ၏ Chair NLD စာမ်က္ႏွာမွ တဆင့္ NLD ပါတီ ေထာက္ခံသူၾကမ်ားကို ရည္ၫႊန္း၍ ၎က ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္က “က်မ ေမတၱာရပ္ခံခ်င္တာကေတာ့ လူစုလူေဝးနဲ႔ က်မတို႔ကို ေထာက္ခံေၾကာင္းကို ဒီအခ်ိန္မွာ မျပပါနဲ႔။ က်မတို႔ ေအာင္ပြဲခံႏိုင္မယ့္ အေျခအေန ဆိုတာဟာ လာမွာပါ” ဟု ဆိုထားသည္။

ဆက္လက္၍ ၎က၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပမည့္ ႏိုဝင္ဘာလ ၈ ရက္၌ မဲေပးႏိုင္သူတိုင္း က်န္းမာစြာ မဲ ေပးႏိုင္ေရးသည္ အဓိက အေရးႀကီးသျဖင့္ လက္ရွိကာလတြင္ သတ္မွတ္ထားေသာ စည္းမ်ည္းစည္းကမ္းမ်ားကို လိုက္နာ ၾကရန္လည္း တိုက္တြန္း ေျပာဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္က “အဲဒီအထိ က်န္းမာေရးနဲ႔ ကိုက္ညီေအာင္ ေနရမယ္။ အဲဒါ ၿပီးရင္လည္း က်မတို႔ ဆက္ၿပီး ေအာင္ပြဲခံႏိုင္ဖို႔အတြက္ က်န္းမာ ရပါမယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ ကိုဗစ္နဲ႔ ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို က်မတို႔ အဖြဲ႕ခ်ဳပ္ကို ေထာက္ခံတဲ့ ျပည္သူမ်ား လိုက္နာၾကပါ” ဟု ေျပာၾကားသည္။

NLD အလံမ်ား ေနအိမ္တြင္လႊင့္ျခင္း၊ NLD တံဆိပ္ပါ စတစ္ကာ၊ အက်ႌႏွင့္ လြယ္အိတ္မ်ား ဝတ္ဆင္ျခင္းစသည့္ လူထု အတြက္ အႏၲရာယ္ မျဖစ္ေစသည့္ နည္းလမ္းမ်ားျဖင့္ NLD ပါတီ ကိုေထာက္ခံႏိုင္ေၾကာင္းလည္း ၎က ေျပာဆိုခဲ့သည္။

ျမန္မာ့ မဟာဗ်ဴဟာႏွင့္ မူဝါဒေလ့လာေရး အင္စတီက်ဳ (ISP Myanmar) ၏ ျပင္ပ ဆက္ဆံဆက္သြယ္ေရးဌာန ဒါ႐ိုက္တာ ဦးေအာင္သူၿငိမ္းကမူ ေဒၚေအာင္ဆန္းစုၾကည္က လူစုလူေဝးျဖင့္ မေထာက္ခံၾကရန္ ေျပာဆိုမႈသည္ ေကာင္းမြန္ေသာ္လည္း ကိုယ့္ ပါတီေထာက္ခံသူမ်ား၏ လူစုလူေဝးျဖင့္ မဲဆြယ္ရာတြင္ ပါဝင္ေနမႈကို သက္ညႇာစြာ ေျပာဆိုလိုက္သည့္ သေဘာမ်ိဳး ေတြ႕ရေၾကာင္း မွတ္ခ်က္ေပးသည္။

“ရခိုင္မွာ ေရာဂါေတြ မ်ားလာတဲ့အခါတုန္းက ေျပာတာမ်ိဳးက်ေတာ့ က်န္းမာေရးအရ စည္းမ်ဥ္းစည္းကမ္း ေဖာက္ဖ်က္တာ ေတြ မလုပ္ဖို႔ ေျပာတာေပါ့။ အခုက်ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ၿခံထဲမွာလည္း ေတြ႕တယ္။ ေနာက္တခုက ေနျပည္ေတာ္ မွာ ရွိတဲ့ ႐ုံးေတြမွာလည္းေတြ႕တယ္။ ဒါေပမယ့္ လူစုလူေဝးနဲ႔ စည္း႐ုံးေရးေတြကလည္း ဆက္လုပ္တယ္။ အဲဒီလို လုပ္တဲ့ အခါက်ေတာ့ တစိုက္မတ္မတ္ေပါ့ဗ်ာ။ သူမ်ားကို ဆူရင္ ကိုယ့္လူလည္း ဆူေပါ့။ အဲဒါမ်ိဳးေကာင္းတာေပါ့” ဟု ၎က ေျပာ ဆိုသည္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္၏ ေျပာဆိုခ်က္ကို အကဲခတ္ရလွ်င္ NLD သည္ ႏိုဝင္ဘာ ၈ ရက္တြင္ ေ႐ြးေကာက္ပြဲ ျဖစ္ေစခ်င္သည့္ ဆႏၵရွိပုံရေၾကာင္း ဆိုသည္။

“ေ႐ြးေကာက္ပြဲကို သူတို႔ မဖ်က္ခ်င္ဘူးဗ်ာ။ ေ႐ြးေကာက္ပြဲ မဖ်က္ခ်င္တဲ့အခါ အဲဒီစည္းမ်ဥ္းေတြအတိုင္း လိုက္နာၿပီး မဲ ဆြယ္ဖို႔ ဆိုတာ အေရးႀကီးတာေပါ့။ အဲဒါကို မလိုက္နာဘဲ အႏိုင္ရလာခဲ့ရင္လည္း ေနာင္တခ်ိန္မွာ ေျပာစရာႀကီး ျဖစ္လာ ႏိုင္တယ္။ အဲဒါေၾကာင့္ စည္းကမ္းေတြ လိုက္နာၾကဖို႔ ေျပာတာထင္တယ္” ဟု ၎က ေျပာသည္။

ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလအတြင္း သတ္မွတ္ စည္းမ်ည္းစည္းကမ္းမ်ားကို မလိုက္နာဘဲ မဲဆြယ္ခဲ့ပါက ေ႐ြးေကာက္ပြဲ ရလဒ္မ်ား ေၾကညာၿပီးေနာက္တြင္ စည္းကမ္း ေဖာက္ဖ်က္ခဲ့မႈမ်ား ရွိခဲ့သည့္ ပါတီသည္ ဆန႔္က်င္ဘက္ ႏိုင္ငံေရးပါတီမ်ား၏ ေဝဖန္ျပစ္တင္မႈကိုလည္း ႀကဳံရႏိုင္ဖြယ္ရွိေၾကာင္း ဦးရဲထြန္းက ေျပာဆိုသည္။

“ေ႐ြးေကာက္ပြဲၿပီးရင္ ေ႐ြးေကာက္ပြဲ စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ တိုင္တာေတာတာေတြ ျဖစ္လာႏိုင္တယ္။ ဒါကို အခ်ိန္မီ သူက ထိန္းလိုက္တာပဲ။ ဘယ္ေလာက္ နားေထာင္ၾကမလဲေတာ့ မေျပာတတ္ဘူးေပါ့။ ဒါေပမယ့္ သူေျပာတာ မွန္ပါတယ္” ဟု ၎က မွတ္ခ်က္ေပးသည္။

လက္ေတြ႕အားျဖင့္ ေျမျပင္အေျခအေနတြင္ မဲဆြယ္ပါက လူစုလူေဝးျဖစ္လာၿပီး ကိုဗစ္ေရာဂါ ကူးစက္မႈမ်ားလာမည္ကို စိုးရိမ္သျဖင့္ မဲမဆြယ္ေတာ့သည့္ NLD ကိုယ္စားလွယ္ေလာင္းမ်ား ရွိေနသကဲ့သို႔ လူစုလူေဝးျဖင့္ အင္တိုက္အားတိုက္ မဲဆြယ္ေနၾကသည့္ NLD ေထာက္ခံသူမ်ားလည္း ရွိေနသည္။

ျမန္မာျပည္အထက္ပိုင္း စစ္ကိုင္းတိုင္းရွိ ဝန္းသိုႏွင့္ ကသာၿမိဳ႕တို႔မွ NLD ကိုယ္စားလွယ္ေလာင္းမ်ားသည္ လူစုလူေဝး မျဖစ္ရန္ မဲဆြယ္စည္း႐ုံးျခင္း လုပ္ငန္းကို စက္တင္ဘာ ၁၄ ရက္မွစတင္၍ ယာယီရပ္ဆိုင္းထားသည္။

ျမန္မာျပည္ေအာက္ပိုင္း ပဲခူးတိုင္းရွိ ပဲခူးၿမိဳ႕တြင္မူ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးျခင္း လုပ္ငန္းကို လူအမ်ားအျပားျဖင့္ အင္ တိုက္ အားတိုက္ ေဆာင္႐ြက္ေနလ်က္ ရွိသည္။

၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ကို စက္တင္ဘာလ ၈ ရက္မွာ ႏိုဝင္ဘာလ ၆ ရက္အထိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ရက္ေပါင္း ၆၀ ခြင့္ျပဳထားၿပီး လူ ၅၀ ထက္ပို၍ စုေဝးကာ မဲဆြယ္စည္း႐ုံးျခင္း မျပဳလုပ္ရန္ ကန႔္သတ္ထားသည္။

UEC က တရားဝင္ မဲဆြယ္ခြင့္ျပဳထားသည့္ ကာလအတြင္းမွာပင္ ကိုဗစ္- ၁၉ ေရာဂါ ကူးစက္မႈသည္လည္း ျမန္မာႏိုင္ငံ အတြင္း သိသိသာသာ ျမင့္တက္လာေနသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၁၆ ရက္ မနက္ ၈ နာရီတြင္ ထုတ္ျပန္သည့္ အခ်က္အလက္မ်ား အရ ျမန္မာႏိုင္ငံ၌ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရသူ ၃၆၃၆ ဦး ရွိၿပီး ေသဆုံးသူ ၃၉ ဦး ရွိေနၿပီျဖစ္သည္။

Credit:Irrawaddy

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment