ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြန်သုံးသပ်ရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၄ ပါတီတောင်းဆို

Unicodeဖြင့်ဖတ်ရန်

 

ရွေးကောက်ပွဲကျင်းပမယ့် ရက်သတ်မှတ်ထားတာနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၄ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုထားပေမဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့ကတော့ ပုံမှန်အတိုင်းကျင်းပဖို့ လိုလားတယ်လို့ ပြောပါတယ်။

အများပြည်သူ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ရှေးရှုပြီး ရွေးကောက်ပွဲရက် သတ်မှတ်မှုကို ပြန်လည်သုံးသပ်ပေးဖို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအဝင် ၂၄ ပါတီက စက်တင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားတာပါ။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့ ကော်မရှင်ဘက်က သတ်မှတ်ထားပြီးဖြစ်ပါတယ်။

အဲဒီသတ်မှတ်ရက်ထက် နောက်ကျပြီးကျင်းပမယ်ဆိုရင်လည်း အလွန်ဆုံးတစ်လခွဲပဲ အချိန်ရမယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တစ်လခွဲထက်နောက်ကျမယ်ဆိုရင် လက်ရှိလွှတ်တော်နဲ့ နောက်တက်လာမယ့် လွှတ်တော်နှစ်ရပ်အကြား ကွာဟမှုတွေရှိလာမှာဖြစ်ပြီး နိုင်ငံရေးအရ အကျပ်အတည်းပါ ဖြစ်လာနိုင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ခြေနိုင်လက်နိုင်အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့ သဘောထားရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အဲဒီသဘောထားကလည်း ပြည်သူလူထုအပေါ်ကိုသာ ဦးစားပေးစဉ်းစားထားတဲ့အချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို နောက်ဆုတ်ကျင်းပနိုင်တဲ့ တစ်လခွဲအချိန် ကာလတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ က မြန်မာနိုင်ငံမှာ ကင်းစင်ဖို့အတွက် မသေချာတဲ့ ကိစ္စဖြစ်တဲ့အတွက် သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ကိုသာ အာဏာရပါတီဘက်ကို လိုလားနေတာပါ။

အလားတူ တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီလို သဘောထားရှိနေတာပါ။

ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ အစိုးရအသစ်ပေါ်ပေါက်ရေးမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးက အရေးကြီးပေမယ့် လိုအပ်တာထက်ပိုဂရုစိုက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲ မဖြစ်စရာ အကြောင်းမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ရေရှည်ထိန်းချုပ်သွားရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် သတ်မှတ်ရက်အတိုင်းသာကျင်းပသင့်တယ်လို့ မွန်ညီညွတ်ရေးပါတီက နိုင်လယိတမကလည်း သဘောထားမှတ်ချက်ပေးပါတယ်။

ချင်းပါတီဖြစ်တဲ့ CNLD နဲ့ ရခိုင်ပါတီတစ်ခုဖြစ်တဲ့ ALDတို့ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ လိုလားတဲ့အကြောင်း ဒီဗွီဘီသတင်းဌာနကို သဘောထားမှတ်ချက်ပေးထား တာရှိပါတယ်။ ကျန်တဲ့ တခြားတိုင်းရင်းသားပါတီတွေကို ဆက်သွယ်မေးမြန်းနေ ဆဲဖြစ်ပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ထားပါတယ်။

သတင်း-ထက်ဝေအောင်

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ကို ျပန္သုံးသပ္ရန္ ႀကံ့ခိုင္ေရးပါတီအပါအဝင္ ၂၄ ပါတီေတာင္းဆို

 

ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္သတ္မွတ္ထားတာနဲ႔ ပတ္သက္လို႔ ျပန္လည္သုံးသပ္ဖို႔ ႀကံ့ခိုင္ေရးပါတီအပါအဝင္ ၂၄ ပါတီက ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ေတာင္းဆိုထားေပမဲ့ အန္အယ္လ္ဒီနဲ႔ တိုင္းရင္းသားပါတီတခ်ိဳ႕ကေတာ့ ပုံမွန္အတိုင္းက်င္းပဖို႔ လိုလားတယ္လို႔ ေျပာပါတယ္။

အမ်ားျပည္သူ က်န္းမာေရးနဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးကို ေရွးရႈၿပီး ေ႐ြးေကာက္ပြဲရက္ သတ္မွတ္မႈကို ျပန္လည္သုံးသပ္ေပးဖို႔အတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ အပါအဝင္ ၂၄ ပါတီက စက္တင္ဘာ ၁၅ ရက္ေန႔ ရက္စြဲနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ လိပ္မူၿပီး အိတ္ဖြင့္ေပးစာ ေပးပို႔ ေတာင္းဆိုထားတာပါ။

၂၀၂၀ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ္လို႔ ေကာ္မရွင္ဘက္က သတ္မွတ္ထားၿပီးျဖစ္ပါတယ္။

အဲဒီသတ္မွတ္ရက္ထက္ ေနာက္က်ၿပီးက်င္းပမယ္ဆိုရင္လည္း အလြန္ဆုံးတစ္လခြဲပဲ အခ်ိန္ရမယ္လို႔ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟို အလုပ္မႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

တစ္လခြဲထက္ေနာက္က်မယ္ဆိုရင္ လက္ရွိလႊတ္ေတာ္နဲ႔ ေနာက္တက္လာမယ့္ လႊတ္ေတာ္ႏွစ္ရပ္အၾကား ကြာဟမႈေတြရွိလာမွာျဖစ္ၿပီး ႏိုင္ငံေရးအရ အက်ပ္အတည္းပါ ျဖစ္လာႏိုင္တဲ့အတြက္ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ေရး ေျခႏိုင္လက္ႏိုင္အေျခအေနမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ သေဘာထားရွိတယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

အဲဒီသေဘာထားကလည္း ျပည္သူလူထုအေပၚကိုသာ ဦးစားေပးစဥ္းစားထားတဲ့အခ်က္သာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီလို ေနာက္ဆုတ္က်င္းပႏိုင္တဲ့ တစ္လခြဲအခ်ိန္ ကာလတြင္းမွာလည္း ကိုဗစ္-၁၉ ေရာဂါ က ျမန္မာႏိုင္ငံမွာ ကင္းစင္ဖို႔အတြက္ မေသခ်ာတဲ့ ကိစၥျဖစ္တဲ့အတြက္ သတ္မွတ္ရက္အတိုင္း က်င္းပဖို႔ကိုသာ အာဏာရပါတီဘက္ကို လိုလားေနတာပါ။

အလားတူ တိုင္းရင္းသားပါတီျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကလည္း အဲဒီလို သေဘာထားရွိေနတာပါ။

ျပည္သူလူထုရဲ႕ က်န္းမာေရးနဲ႔ အစိုးရအသစ္ေပၚေပါက္ေရးမွာ ျပည္သူလူထုရဲ႕ က်န္းမာေရးက အေရးႀကီးေပမယ့္ လိုအပ္တာထက္ပိုဂ႐ုစိုက္ၿပီး လုပ္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲ မျဖစ္စရာ အေၾကာင္းမရွိဘူးလို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD အေထြေထြ အတြင္းေရးမႉး ဦးစိုင္းလိတ္က ေျပာပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ေရရွည္ထိန္းခ်ဳပ္သြားရမွာျဖစ္တဲ့အတြက္ ေ႐ြးေကာက္ပြဲကို ေနာက္ဆုတ္လိုက္မယ္ဆိုရင္ မလိုလားအပ္တဲ့ အက်ိဳးဆက္ေတြျဖစ္လာမွာကို စိုးရိမ္တဲ့အတြက္ သတ္မွတ္ရက္အတိုင္းသာက်င္းပသင့္တယ္လို႔ မြန္ညီၫြတ္ေရးပါတီက ႏိုင္လယိတမကလည္း သေဘာထားမွတ္ခ်က္ေပးပါတယ္။

ခ်င္းပါတီျဖစ္တဲ့ CNLD နဲ႔ ရခိုင္ပါတီတစ္ခုျဖစ္တဲ့ ALDတို႔ကေတာ့ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းဖို႔ လိုလားတဲ့အေၾကာင္း ဒီဗြီဘီသတင္းဌာနကို သေဘာထားမွတ္ခ်က္ေပးထား တာရွိပါတယ္။ က်န္တဲ့ တျခားတိုင္းရင္းသားပါတီေတြကို ဆက္သြယ္ေမးျမန္းေန ဆဲျဖစ္ပါတယ္။

ဦးကိုကိုႀကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီကလည္း လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ဖို႔အတြက္ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ႏိုင္ငံေရးပါတီေတြ အပါအဝင္ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ အျမန္ဆုံးေတြ႕ဆုံေဆြးေႏြးဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ စာေပးပို႔ထားပါတယ္။

သတင္း-ထက္ေဝေအာင္

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment