ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၇ ဦးအနက် ရန်ကုန်တိုင်းက ၂၆၈ ဦးပါဝင်

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၂၆၈ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ညနေ ၅ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုနမူနာပေါင်း ၄,၅၉၇ ခုကို စစ်ဆေးရာက ထွက်ရှိလာတဲ့ စစ်ဆေးမှုအဖြေတွေဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း(တောင်ပိုင်း)နဲ့ တနင်္သာရီစတဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ရောဂါပိုးကူးစက်ခံရသူတွေ တွေ့ရှိတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ အင်းစိန်မြို့နယ်နဲ့ ဒလမြို့နယ်တွေက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူစုစု ပေါင်း ၂၈ ယောက်နဲ့ ၂၇ ယောက်စီ အသီးသီးနဲ့ ရောဂါပိုးတွေ့ရှိသူအများဆုံးမြို့နယ်တွေအနေနဲ့ ပါ ဝင်ပါတယ်။

ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေအလိုက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအရေအတွက်တွေအနေနဲ့ မန္တလေးတိုင်းမှာ ၁၄ ယောက်၊ ဧရာဝတီတိုင်းမှာ ၂၁ ယောက်၊ ပဲခူးတိုင်းမှာ ၁၀ ယောက်၊ မွန်ပြည်နယ်မှာ ၈ ယောက်၊ နေပြည်တော်မှာ ၃ ယောက်၊ ရခိုင်ပြည်နယ်မှာ ၈ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၁ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ၁ ယောက်နဲ့ တနင်္သာရီတိုင်းမှာ ၃ ယောက်တို့ အသီးသီးတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃,၆၃၆ ဦး၊ သေဆုံးသူ ၃၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိပါတယ်။

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၃၃၇ ဦးအနက္ ရန္ကုန္တိုင္းက ၂၆၈ ဦးပါဝင္

 

ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၃၃၇ ေယာက္ထဲမွာ ရန္ကုန္တိုင္းက ၂၆၈ ေယာက္ ပါဝင္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ညေန ၅ နာရီထုတ္ျပန္ခ်က္အရ သိရပါတယ္။

စက္တင္ဘာ ၁၅ ရက္ေန႔အတြက္ ဓာတ္ခြဲစစ္ေဆးမႈနမူနာေပါင္း ၄,၅၉၇ ခုကို စစ္ေဆးရာက ထြက္ရွိလာတဲ့ စစ္ေဆးမႈအေျဖေတြျဖစ္ၿပီး ရန္ကုန္၊ မႏၲေလး၊ ဧရာဝတီ၊ ပဲခူး၊ မြန္၊ ေနျပည္ေတာ္၊ ရခိုင္၊ စစ္ကိုင္း၊ ရွမ္း(ေတာင္ပိုင္း)နဲ႔ တနသၤာရီစတဲ့ တိုင္းနဲ႔ ျပည္နယ္ ၁၀ ခုမွာ ေရာဂါပိုးကူးစက္ခံရသူေတြ ေတြ႕ရွိတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းထဲမွာေတာ့ အင္းစိန္ၿမိဳ႕နယ္နဲ႔ ဒလၿမိဳ႕နယ္ေတြက ကိုဗစ္-၁၉ ပိုးေတြ႕ရွိသူစုစု ေပါင္း ၂၈ ေယာက္နဲ႔ ၂၇ ေယာက္စီ အသီးသီးနဲ႔ ေရာဂါပိုးေတြ႕ရွိသူအမ်ားဆုံးၿမိဳ႕နယ္ေတြအေနနဲ႔ ပါ ဝင္ပါတယ္။

က်န္တဲ့ ျပည္နယ္နဲ႔တိုင္းေတြအလိုက္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိသူအေရအတြက္ေတြအေနနဲ႔ မႏၲေလးတိုင္းမွာ ၁၄ ေယာက္၊ ဧရာဝတီတိုင္းမွာ ၂၁ ေယာက္၊ ပဲခူးတိုင္းမွာ ၁၀ ေယာက္၊ မြန္ျပည္နယ္မွာ ၈ ေယာက္၊ ေနျပည္ေတာ္မွာ ၃ ေယာက္၊ ရခိုင္ျပည္နယ္မွာ ၈ ေယာက္၊ စစ္ကိုင္းတိုင္းမွာ ၁ ေယာက္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွာ ၁ ေယာက္နဲ႔ တနသၤာရီတိုင္းမွာ ၃ ေယာက္တို႔ အသီးသီးေတြ႕ရွိခဲ့ရတယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

စက္တင္ဘာ ၁၆ ရက္ မနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၃,၆၃၆ ဦး၊ ေသဆုံးသူ ၃၉ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၈၃၂ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၂၅၇ ဦးရွိပါတယ္။

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment