မန္တလေး UAB ဘဏ်ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဘဏ်ခွဲကို ယာယီပိတ်

Unicodeဖြင့်ဖတ်ရန်

 

မန္တလေးမြို့ရှိ UAB ဘဏ်ခွဲ ဝန်ထမ်းတဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတာကြောင့် အဆိုပါ ဘဏ်ခွဲကို ယာယီပိတ်ထားလိုက်တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဝန်ထမ်းဟာ ကျောက်ဆစ်တန်းဘဏ်ခွဲမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ရုံးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံး တက်ရောက်ခဲ့တာဖြစ်ပြီး နောက်နေ့တွေမှာတော့ အိမ်က အလှည့်ကျ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အဆိုပါကျောက်ဆစ်တန်းဘဏ်ခွဲကို ပိတ်ထားလိုက်ရပြီး UAB အနေနဲ့ မန္တလေးမှာ ဘဏ်ခွဲ ၁၆ ခုရှိတာမို့ အဲဒီဘဏ်ခွဲတွေကနေ အများပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

UAB ဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ မန္တလေးက ဘဏ်ဝန်ထမ်း အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတဲ့ ဝန်ထမ်းစုစုပေါင်း ၆ ဦးရှိနေပြီလို့ ရေးသားဖော်ပြထားပါတယ်။ သူတို့ထဲက ၅ ယောက်ကတော့ ရုံးချုပ်က ဝန်ထမ်းတွေဖြစ်ကြောင်းနဲ့ စက်တင်ဘာလ ၁၁ ရက်၊ ၁၃ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အသီးသီး Quarantine ဝင်နေကြသူ တွေဖြစ်တယ်လို့ သိရပါတယ်။

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

မႏၲေလး UAB ဘဏ္ဝန္ထမ္း ၁ ဦး ကိုဗစ္-၁၉ ကူးစက္ခံရ၊ ဘဏ္ခြဲကို ယာယီပိတ္

 

မႏၲေလးၿမိဳ႕ရွိ UAB ဘဏ္ခြဲ ဝန္ထမ္းတဦးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိရတာေၾကာင့္ အဆိုပါ ဘဏ္ခြဲကို ယာယီပိတ္ထားလိုက္တယ္လို႔ ဒီကေန႔ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီဝန္ထမ္းဟာ ေက်ာက္ဆစ္တန္းဘဏ္ခြဲမွာ တာဝန္ထမ္းေဆာင္ေနတာျဖစ္ၿပီး စက္တင္ဘာ ၁၆ ရက္ေန႔မွာေတာ့ သူ႔မွာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူဟာ ႐ုံးကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၁ ရက္ေန႔မွာ ေနာက္ဆုံး တက္ေရာက္ခဲ့တာျဖစ္ၿပီး ေနာက္ေန႔ေတြမွာေတာ့ အိမ္က အလွည့္က် တာဝန္ထမ္းေဆာင္ခဲ့တယ္လို႔ ဘဏ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါတယ္။

လတ္တေလာမွာေတာ့ အဆိုပါေက်ာက္ဆစ္တန္းဘဏ္ခြဲကို ပိတ္ထားလိုက္ရၿပီး UAB အေနနဲ႔ မႏၲေလးမွာ ဘဏ္ခြဲ ၁၆ ခုရွိတာမို႔ အဲဒီဘဏ္ခြဲေတြကေန အမ်ားျပည္သူေတြကို ဝန္ေဆာင္မႈေပးႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။

UAB ဘဏ္ရဲ႕ ဝက္ဘ္ဆိုက္မွာေတာ့ မႏၲေလးက ဘဏ္ဝန္ထမ္း အပါအဝင္ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ရတဲ့ ဝန္ထမ္းစုစုေပါင္း ၆ ဦးရွိေနၿပီလို႔ ေရးသားေဖာ္ျပထားပါတယ္။ သူတို႔ထဲက ၅ ေယာက္ကေတာ့ ႐ုံးခ်ဳပ္က ဝန္ထမ္းေတြျဖစ္ေၾကာင္းနဲ႔ စက္တင္ဘာလ ၁၁ ရက္၊ ၁၃ ရက္နဲ႔ ၁၅ ရက္ေန႔ေတြမွာ အသီးသီး Quarantine ဝင္ေနၾကသူ ေတြျဖစ္တယ္လို႔ သိရပါတယ္။

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment