နန်းကြီးသုပ် မန်းလေးအခေါ် မုန့်တီ

Unicodeဖြင့်ဖတ်ရန်

 

ဆီအနီရောင်နဲ့သုပ်သလို ဆီချက်အဝါရောင်နဲ့လည်းသုပ်ထားတယ် ကြက်သားဆီချက် ချက်တာလေးရေးပေးမယ် ကြက် သားတွေကိုအတုံးသေးသေးတုံးပြီး ဆား ဟင်းခတ်မှုန့်တို့နဲ့နယ်ထားပါ။

ချက်မယ့်အိုးထဲဆီထည့်ပြီးအပူပေးပါ ဆီများများထည့်ရပါတယ် ဆီပူလာရင်အိုးကိုမီးဖိုပေါ်ကချထား ဆီငွေ့မထွက်တော့မှငရုတ်သီး အရောင်တင်မှုန့်ထည့်လိုက်ပါ။

ဆီတွေ ငရုတ်ရောင်ရဲသွားရင် ကြက်သားတွေထည့်ပြီး မီးဖိုပေါ်ပြန်တင်ချက်ပါ စီပီကြက်နဲ့ဆိုရေထည့်စရာမလိုပဲ ကျက် သွ ာ းပါတယ် ဗမာကြက်ဆိုရင်တော့ ရေထည့်ပြီး နူးတဲ့ထိချက်
ဆီပြန်ရင်ရပြီ။

သုပ်တဲ့အခါအဲ့ဒီဆီအနီရောင်ထည့်သုပ်ပါတယ် အစပ်မစားချင်ရင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး နနွင်းနဲ့ဆီချက် ချက် အဲ့ဒီဆီချက်ဝါနဲ့ပဲသုပ်တယ်။

ကြက်သားကိုတော့ ဆီနီမပါအောင်ယူပြီးထည့်ပေါ့ သုပ်ဖို့အတွက် ပဲအကျက်မှုန့် ငန်ပြာရည် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ နံနံပင် သံပုရာသီး ဘဲဥပြုတ်။

ကြက်သွန်မိတ် စသဖြင့်ထည့်သုပ်လို့ရပါတယ် ပဲမှုန့်ကောင်းမှပိုစားကောင်းတယ် ငါးဖယ်ကြော် မတ်ပဲကြော်တွေနဲ့လည်းတွဲဖတ်စားတယ်။

crd ဦးကတုံး

 

Zawgyiျဖင့္ဖတ္ရန္

 

နန္းႀကီးသုပ္ မန္းေလးအေခၚ မုန႔္တီ

 

ဆီအနီေရာင္နဲ႔သုပ္သလို ဆီခ်က္အဝါေရာင္နဲ႔လည္းသုပ္ထားတယ္ ၾကက္သားဆီခ်က္ ခ်က္တာေလးေရးေပးမယ္ ၾကက္ သားေတြကိုအတုံးေသးေသးတုံးၿပီး ဆား ဟင္းခတ္မႈန႔္တို႔နဲ႔နယ္ထားပါ။

ခ်က္မယ့္အိုးထဲဆီထည့္ၿပီးအပူေပးပါ ဆီမ်ားမ်ားထည့္ရပါတယ္ ဆီပူလာရင္အိုးကိုမီးဖိုေပၚကခ်ထား ဆီေငြ႕မထြက္ေတာ့မွင႐ုတ္သီး အေရာင္တင္မႈန႔္ထည့္လိုက္ပါ။

ဆီေတြ င႐ုတ္ေရာင္ရဲသြားရင္ ၾကက္သားေတြထည့္ၿပီး မီးဖိုေပၚျပန္တင္ခ်က္ပါ စီပီၾကက္နဲ႔ဆိုေရထည့္စရာမလိုပဲ က်က္ သြ ာ းပါတယ္ ဗမာၾကက္ဆိုရင္ေတာ့ ေရထည့္ၿပီး ႏူးတဲ့ထိခ်က္
ဆီျပန္ရင္ရၿပီ။

သုပ္တဲ့အခါအဲ့ဒီဆီအနီေရာင္ထည့္သုပ္ပါတယ္ အစပ္မစားခ်င္ရင္ ၾကက္သြန္ျဖဴကို ညက္ညက္ေထာင္းၿပီး နႏြင္းနဲ႔ဆီခ်က္ ခ်က္ အဲ့ဒီဆီခ်က္ဝါနဲ႔ပဲသုပ္တယ္။

ၾကက္သားကိုေတာ့ ဆီနီမပါေအာင္ယူၿပီးထည့္ေပါ့ သုပ္ဖို႔အတြက္ ပဲအက်က္မႈန႔္ ငန္ျပာရည္ င႐ုတ္သီးအေလွာ္မႈန႔္ နံနံပင္ ၾကက္သြန္နီ နံနံပင္ သံပုရာသီး ဘဲဥျပဳတ္။

ၾကက္သြန္မိတ္ စသျဖင့္ထည့္သုပ္လို႔ရပါတယ္ ပဲမႈန႔္ေကာင္းမွပိုစားေကာင္းတယ္ ငါးဖယ္ေၾကာ္ မတ္ပဲေၾကာ္ေတြနဲ႔လည္းတြဲဖတ္စားတယ္။

crd ဦးကတုံး

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment