ရွှေလီမြို့ကို Lockdown လုပ်ထားသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်

Unicodeဖြင့်ဖတ်ရန်

ရွှေလီမြို့မှာ အခုလ ၁၂ ရက်နေ့က ပိုးတွေ့လူနာကို တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်ကနေစပြီး ရွှေလီမြို့ကို သီတင်းပတ် တစ်ပတ်ခန့်ကြာ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင်ကို ရွှေလီတစ်မြို့လုံးကိုလည်း Stay at Home (Q) ဝင်ကြဖို့လည်း ကြေညာထားတာပါ။

လက်ရှိ မူဆယ်မြို့ရဲ့ ကုန်သွယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး မြို့ခံစိုင်းခိမ်ခမ်းက “သူတို့ လော့ဒေါင်းချပြီးတဲ့နောက် ဒီကနေ့ ကုန်ပစ္စည်းတွေ ဝင်လာလို့မရဘူးလို့ သိရတယ်ခင်ဗျ။ ခါတိုင်း ဆိုရင် နှစ်နိုင်ငံ အဝင်အထွက်ပစ္စည်းတွေကို စစ်ဆေးရတယ်လေ။ သူတို့ ဘက်က လော့ဒေါင်းချပြီး စစ်ဆေးရေးဘက်က အလုပ်မဆင်းရင်တော့ ကုန်ပစ္စည်းအဝင်အထွက်လုပ်လို့ မရဘူးပေါ့။ ဒီလို အချိန်မှာ အရောင်းအဝယ်တွေ ခါတိုင်းထက်ပိုကျသွားမှာကတော့ သေချာတယ်”လို့ ပြောပါတယ်။

မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းကတော့ နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ ပြောပါတယ်။

“တရုတ်ဘက်က အဝင်အထွက်ပိတ်ထားတော့ မူဆယ်မှာ အရောင်းအဝယ်သက်ရောက်မှု ရှိတာတော့ကြာပြီပေါ့နော် မနေ့က သူတို့မြို့ကို လော့ဒေါင်းချလိုက်တာတော့ ကုန်စည်း ပို့ဆောင်စီးဆင်းမှုက တော်တော်လေးပြန်ရပ်သွားမယ်။ ကားအဝင်အထွက်ကိစ္စတွေ တော်တော် ရပ်သွားမယ်ထင်တယ်ဗျ။ ”

ရွှေလီမှာ ရောဂါပိုးစစ်ဆေးပြီးမှသာ ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့သိရပြီး၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားတာကြောင့်နှစ်နိုင်ငံကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုတွေ ရပ်ဆိုင်း သွားတာဖြစ်ပါတယ်။

မူဆယ်နယ်စပ်ဂိတ်မှာတော့ ကုန်ကားတွေကို ပုံမှန် သွားလာခွင့်ပြုထားပြီး ကြယ်ဂေါင်အထိ ဝင်ရောက် သွားလာနိုင်တယ်လို့သိရပါတယ်။

ရွှေလီနဲ့ကပ်နေတဲ့ မူဆယ်မြို့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး မူဆယ် ဒေသခံ SNLD လွှတ်တော်အမတ် စိုင်းကျော်သိန်းကလည်း “နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ လူဝင်လူထွက်ပိတ်ထားတာ တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကပါပဲ။ တဘက်နိုင်ငံက လွှဲပေးတဲ့ လွတ်ရက်စေ့အကျဉ်းသားတွေပဲ ဝင်လာလို့ရတယ်။ ကုန်ပစ္စည်းတွေတော့ ပို့လို့ရတယ်။ ဒီဘက်က ကုန်ကားကို နယ်စပ်ဂိတ်ထိ မောင်းသွားပြီး ဟိုဘက်ကနေ ကုန်ကားကို လာမောင်းသွားတယ်။ ပြီးရင် ကားအလွတ်ကို ပြန်လာ ပို့တယ်။ မူဆယ်ဘက်မှာ ပိုးတွေ့ သူကတော့ ကွာရန်တင်းစင်တာက ဖြစ်လို့ မြို့သူမြို့သားတွေ အနေနဲ့ အထူးတုန်လှုပ်သွားတာ တော့မရှိပါဘူးခင်ဗျာ၊ ဒါပေမဲ့ ရောဂါကာကွယ်ရေးကိုတော့ ပေါ့ဆလို့မရဘူးပေါ့ ”လို့ ပြောပါတယ်။

မူဆယ်မြို့မှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြည်က ပြန်ရောက်လာသူ တစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့တယ်လို့ မူဆယ်ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က ပြောထား ပါတယ်။

သတင်း- စိုးချစ်ချစ်ပိုင်/ နန်းမြနဒီ

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ေ႐ႊလီၿမိဳ႕ကို Lockdown လုပ္ထားသျဖင့္ မူဆယ္နယ္စပ္ကုန္သြယ္ေရး ထိခိုက္

 

တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာေတြ႕ရွိခဲ့လို႔ ေ႐ႊလီၿမိဳ႕ကို Lockdown ျပဳလုပ္ထားတာေၾကာင့္ မူဆယ္နယ္စပ္ကုန္သြယ္ေရး ထိခိုက္က်ဆင္းမႈ ရွိေနတယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

ေ႐ႊလီၿမိဳ႕မွာ အခုလ ၁၂ ရက္ေန႔က ပိုးေတြ႕လူနာကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး စက္တင္ဘာလ ၁၄ ရက္ကေနစၿပီး ေ႐ႊလီၿမိဳ႕ကို သီတင္းပတ္ တစ္ပတ္ခန႔္ၾကာ ဝင္ထြက္သြားလာခြင့္ကို ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ကို ေ႐ႊလီတစ္ၿမိဳ႕လုံးကိုလည္း Stay at Home (Q) ဝင္ၾကဖို႔လည္း ေၾကညာထားတာပါ။

လက္ရွိ မူဆယ္ၿမိဳ႕ရဲ႕ ကုန္သြယ္ေရးအေျခအေနနဲ႔ပတ္သက္ၿပီး ၿမိဳ႕ခံစိုင္းခိမ္ခမ္းက “သူတို႔ ေလာ့ေဒါင္းခ်ၿပီးတဲ့ေနာက္ ဒီကေန႔ ကုန္ပစၥည္းေတြ ဝင္လာလို႔မရဘူးလို႔ သိရတယ္ခင္ဗ်။ ခါတိုင္း ဆိုရင္ ႏွစ္ႏိုင္ငံ အဝင္အထြက္ပစၥည္းေတြကို စစ္ေဆးရတယ္ေလ။ သူတို႔ ဘက္က ေလာ့ေဒါင္းခ်ၿပီး စစ္ေဆးေရးဘက္က အလုပ္မဆင္းရင္ေတာ့ ကုန္ပစၥည္းအဝင္အထြက္လုပ္လို႔ မရဘူးေပါ့။ ဒီလို အခ်ိန္မွာ အေရာင္းအဝယ္ေတြ ခါတိုင္းထက္ပိုက်သြားမွာကေတာ့ ေသခ်ာတယ္”လို႔ ေျပာပါတယ္။

မူဆယ္ဂ႐ုဏာလူမႈကူညီေရးအသင္းဥကၠ႒ ဦးေသာင္းထြန္းကေတာ့ နယ္စပ္ကုန္သြယ္မႈေတြ က်ဆင္းသြားဖြယ္ရွိတယ္လို႔ ေျပာပါတယ္။

“တ႐ုတ္ဘက္က အဝင္အထြက္ပိတ္ထားေတာ့ မူဆယ္မွာ အေရာင္းအဝယ္သက္ေရာက္မႈ ရွိတာေတာ့ၾကာၿပီေပါ့ေနာ္ မေန႔က သူတို႔ၿမိဳ႕ကို ေလာ့ေဒါင္းခ်လိုက္တာေတာ့ ကုန္စည္း ပို႔ေဆာင္စီးဆင္းမႈက ေတာ္ေတာ္ေလးျပန္ရပ္သြားမယ္။ ကားအဝင္အထြက္ကိစၥေတြ ေတာ္ေတာ္ ရပ္သြားမယ္ထင္တယ္ဗ်။ ”

ေ႐ႊလီမွာ ေရာဂါပိုးစစ္ေဆးၿပီးမွသာ ျပန္ဖြင့္ေပးမွာ ျဖစ္တယ္လို႔သိရၿပီး၊ အေကာက္ခြန္ရွင္းလင္းေရး လုပ္ငန္းေတြကို ဆိုင္းငံ့ထားတာေၾကာင့္ႏွစ္ႏိုင္ငံကုန္ပစၥည္း တင္သြင္း၊ တင္ပို႔မႈေတြ ရပ္ဆိုင္း သြားတာျဖစ္ပါတယ္။

မူဆယ္နယ္စပ္ဂိတ္မွာေတာ့ ကုန္ကားေတြကို ပုံမွန္ သြားလာခြင့္ျပဳထားၿပီး ၾကယ္ေဂါင္အထိ ဝင္ေရာက္ သြားလာႏိုင္တယ္လို႔သိရပါတယ္။

ေ႐ႊလီနဲ႔ကပ္ေနတဲ့ မူဆယ္ၿမိဳ႕ရဲ႕ လက္ရွိ အေျခအေနနဲ႔ ပတ္သက္ၿပီး မူဆယ္ ေဒသခံ SNLD လႊတ္ေတာ္အမတ္ စိုင္းေက်ာ္သိန္းကလည္း “ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္မွာ လူဝင္လူထြက္ပိတ္ထားတာ ေတာ့ ၿပီးခဲ့တဲ့ ဧၿပီလကတည္းကပါပဲ။ တဘက္ႏိုင္ငံက လႊဲေပးတဲ့ လြတ္ရက္ေစ့အက်ဥ္းသားေတြပဲ ဝင္လာလို႔ရတယ္။ ကုန္ပစၥည္းေတြေတာ့ ပို႔လို႔ရတယ္။ ဒီဘက္က ကုန္ကားကို နယ္စပ္ဂိတ္ထိ ေမာင္းသြားၿပီး ဟိုဘက္ကေန ကုန္ကားကို လာေမာင္းသြားတယ္။ ၿပီးရင္ ကားအလြတ္ကို ျပန္လာ ပို႔တယ္။ မူဆယ္ဘက္မွာ ပိုးေတြ႕ သူကေတာ့ ကြာရန္တင္းစင္တာက ျဖစ္လို႔ ၿမိဳ႕သူၿမိဳ႕သားေတြ အေနနဲ႔ အထူးတုန္လႈပ္သြားတာ ေတာ့မရွိပါဘူးခင္ဗ်ာ၊ ဒါေပမဲ့ ေရာဂါကာကြယ္ေရးကိုေတာ့ ေပါ့ဆလို႔မရဘူးေပါ့ ”လို႔ ေျပာပါတယ္။

မူဆယ္ၿမိဳ႕မွာ ကြာရန္တင္းဝင္ေနတဲ့ တ႐ုတ္ျပည္က ျပန္ေရာက္လာသူ တစ္ဦးမွာလည္း ကိုဗစ္-၁၉ ေရာဂါ ပိုးေတြ႕ခဲ့တယ္လို႔ မူဆယ္ေဆး႐ုံအုပ္ ေဒါက္တာ ဟန္ႏိုင္စိုး က ေျပာထား ပါတယ္။

သတင္း- စိုးခ်စ္ခ်စ္ပိုင္/ နန္းျမနဒီ

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.