ခေတ်သစ်ဖောင်ဒေးရှင်းက ကိုဗစ်စောင့်ကြည့်လူနာများထားရှိရန် သိန်း ၂၀၀ လှူဒါန်း

Unicodeဖြင့်ဖတ်ရန်

 

သရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကနဦးအလှူအနေနဲ့ လှူဒါန်းခဲ့ပါတယ်။

ဒါဟာ ဖောင်ဒေးရှင်းအနေနဲ့ တကျော့ပြန်ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ အစိုးရဆေးရုံတွေရဲ့ ဝန်ကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်မှု တစိတ်တပိုင်းအနေနဲ့ လှူ ဒါန်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။

“COVID ဒုတိယလှိုင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၊ ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့ တိုင်ပင်အကြံဉာဏ်ရယူခဲ့ပါတယ်။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေး ရုံတွေရဲ့ ဝန်ကို တဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး (ရေ၊ မီး၊ aircon နဲ့တကွ light partition နဲ့ တလုံးလျှင် လူနာ 30 ဆံတဲ့ tent တွေပါ) လှူဒါန်းဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကို ထား ရမယ့် နေရာပါ”

လတ်တလောမှာတော့ ကိုဗစ်-၁၉ စောင့်ကြည့် လူနာတွေ ထားနိုင်တဲ့ ရန်ကုန်မြို့၊ ဆေးရုံ ၄ ရုံအတွက် Tent ၄ လုံး ငှားရမ်းခမှာ နှစ်လတာအတွက် ကျပ်သိန်း ၈၀၀ ကျသင့် မှာဖြစ်ပြီး အဲဒီကျသင့်ငွေကို ခေတ်သစ်ဖောင်ဒေးရှင်းက စေတနာရှင်တွေနဲ့ ပူးပေါင်း လှူ ဒါန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ထပ်မံပြီး လိုအပ်နေတဲ့ Tent တွေကို ဆက်လက်ဆောက်လုပ် လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် လှူဒါန်းလိုသူတွေအနေနဲ့ ဖောင်ဒေးရှင်းသို့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာ ရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့တာပါ။

Photo : ခေတ်သစ်ဖောင်ဒေးရှင်း

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ေခတ္သစ္ေဖာင္ေဒးရွင္းက ကိုဗစ္ေစာင့္ၾကည့္လူနာမ်ားထားရွိရန္ သိန္း ၂၀၀ လႉဒါန္း

 

သ႐ုပ္ေဆာင္မင္းသမီး ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံ တည္ေထာင္ထားတဲ့ ေခတ္သစ္ ေဖာင္ေဒးရွင္းက ရန္ကုန္ေဆး႐ုံႀကီး ကိုဗစ္-၁၉ ေစာင့္ၾကည့္လူနာေတြ ထားရွိဖို႔ Tent တလုံးစာ သိန္း ၂၀၀ ကို စက္တင္ဘာလ ၁၅ ရက္ေန႔မွာ ကနဦးအလႉအေနနဲ႔ လႉဒါန္းခဲ့ပါတယ္။

ဒါဟာ ေဖာင္ေဒးရွင္းအေနနဲ႔ တေက်ာ့ျပန္ကိုဗစ္-၁၉ ဒုတိယလႈိင္းမွာ အစိုးရေဆး႐ုံေတြရဲ႕ ဝန္ကို တဖက္တလမ္းကေန ကူညီေထာက္ပံ့ေပးႏိုင္မႈ တစိတ္တပိုင္းအေနနဲ႔ လႉ ဒါန္းမႈ ျဖစ္တယ္လို႔ ဆိုပါတယ္။

“COVID ဒုတိယလႈိင္းမွာ ေခတ္သစ္ေဖာင္ေဒးရွင္းအေနနဲ႔ အထိေရာက္ဆုံးလႉႏိုင္ဖို႔ ​ ေဆးတကၠသိုလ္(၁) ပါေမာကၡ ​​ ေဒါက္တာ ေဇာ္ေဝစိုး၊ ပါေမာကၡေဒါက္တာျမင့္ျမင့္ၿငိမ္း တို႔နဲ႔ တိုင္ပင္အႀကံဉာဏ္ရယူခဲ့ပါတယ္။ မ်ားျပားလာတဲ့ Case ေတြအတြက္ အစိုးရေဆး ႐ုံေတြရဲ႕ ဝန္ကို တဖက္တစ္လမ္းမွ ကူညီႏိုင္ဖို႔ ယာယီ Tent (4) လုံး (ေရ၊ မီး၊ aircon နဲ႔တကြ light partition နဲ႔ တလုံးလွ်င္ လူနာ 30 ဆံတဲ့ tent ေတြပါ) လႉဒါန္းဖို႔ ဆုံး ျဖတ္ခဲ့ၾကပါတယ္။ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အနံေပ်ာက္ COVID-19 သံသယရွိေစာင့္ၾကည့္ လူနာေတြ (PUI) ကို swab ယူရပါတယ္။ ဒီအခ်ိန္တြင္းမွာ ေစာင့္ၾကည့္လူနာေတြကို ထား ရမယ့္ ေနရာပါ”

လတ္တေလာမွာေတာ့ ကိုဗစ္-၁၉ ေစာင့္ၾကည့္ လူနာေတြ ထားႏိုင္တဲ့ ရန္ကုန္ၿမိဳ႕၊ ေဆး႐ုံ ၄ ႐ုံအတြက္ Tent ၄ လုံး ငွားရမ္းခမွာ ႏွစ္လတာအတြက္ က်ပ္သိန္း ၈၀၀ က်သင့္ မွာျဖစ္ၿပီး အဲဒီက်သင့္ေငြကို ေခတ္သစ္ေဖာင္ေဒးရွင္းက ေစတနာရွင္ေတြနဲ႔ ပူးေပါင္း လႉ ဒါန္းမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

အဲဒီအတြက္ ထပ္မံၿပီး လိုအပ္ေနတဲ့ Tent ေတြကို ဆက္လက္ေဆာက္လုပ္ လႉဒါန္းသြားမွာ ျဖစ္တဲ့အတြက္ လႉဒါန္းလိုသူေတြအေနနဲ႔ ေဖာင္ေဒးရွင္းသို႔ နည္းမ်ားမဆို ပါဝင္လႉဒါန္းႏိုင္ေၾကာင္း ႏႈိးေဆာ္ထားခဲ့တာ ျဖစ္ပါတယ္။

ေခတ္သစ္ေဖာင္ေဒးရွင္းကိုေတာ့ ခ်စ္သုေဝနဲ႔ လင္းလင္းတို႔ရဲ႕ အႁမႊာရင္ေသြး ၂ ေယာက္ျဖစ္တဲ့ ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္တို႔ရဲ႕ ႏွစ္ႏွစ္ျပည့္ ေမြးေန႔အမွတ္တရအ ေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္က စတင္ဖြဲ႕စည္းခဲ့ၿပီး မိသားစုမတည္ အလႉေငြက်ပ္သိန္း ၂၀၀ နဲ႔ ထူေထာင္ခဲ့တာ ျဖစ္ပါတယ္။

ေဖာင္ေဒးရွင္းက အလႉေငြေတြနဲ႔ အသက္ ၅ ႏွစ္ေအာက္ အမွန္တကယ္ ခြဲစိတ္စရိတ္ လိုအပ္ေနတဲ့ ေမြးရာပါႏွလုံးအေပါက္ပါ ေရာဂါရွင္ကေလးငယ္ေတြအတြက္ ရည္႐ြယ္လႉဒါန္းမႈေတြ ျပဳလုပ္ေနတာျဖစ္ကာ ေနာက္ပိုင္းမွာေတာ့ တျခားလိုအပ္တဲ့ က်န္းမာ ေရး၊ လူမႈေရး၊ ပညာေရးဆိုင္ရာ ေထာက္ပံ့လႉဒါန္းမႈေတြကိုလည္း လုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ကိုဗစ္-၁၉ ေရာဂါအတြက္ တဖက္တလမ္းကေန ေထာက္ပံ့လႉဒါန္းမႈေတြကို အခါအားေလ်ာ္စြာ ျပဳလုပ္လာေနခဲ့တာပါ။

Photo : ေခတ္သစ္ေဖာင္ေဒးရွင္း

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment