ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦးထပ်တွေ့၊ သေဆုံးသူ ၄ ဦးထပ်တိုးလာ

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦး၊ သေဆုံးသူ ၄ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃,၆၃၆ ဦးနဲ့ သေဆုံးသူ ၃၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၆ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၁,၀၉၄ ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၃၈ ခုအပါအဝင် စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၄ ခုတို့ကို ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၃၄ ဦးတွေ့ရှိရတာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၈)နှစ် အရွယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသမီး (Case-2347) ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်က သေဆုံးသွားခဲ့ပါတယ်။

အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၉) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-1589) ဟာလည်း ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းပြီး စက်တင်ဘာ ၁၅ ရက် မနက် ၁၀နာရီ ၂၅ မိနစ်က သေဆုံးသွားခဲ့ပါတယ်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၅၁) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-3122) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခွဲက သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၆၈) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3258) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်မှာတော့ ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦးနဲ့ သေဆုံးသူ ၃ ဦးထပ်တိုးလာတယ်လို့ ဖော်ပြထားတာပါ။ ဒါကြောင့် မနေ့ညနဲ့ ဒီမနက် ထုတ်ပြန်ချက်တွေအရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၅၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၃၇ ဦးထပ်တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးထပ်တိုးလာတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃,၆၃၆ ဦး၊ သေဆုံးသူ ၃၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိပါတယ်။

Tags:ကိုဗစ်-၁၉ဖောင်ကြီးဝေဘာဂီသန်လျင်ပြည်သူ့ဆေးရုံအတည်ပြုလူနာ

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္-၁၉ လူနာသစ္ ၁၃၄ ဦးထပ္ေတြ႕၊ ေသဆုံးသူ ၄ ဦးထပ္တိုးလာ

 

ကိုဗစ္-၁၉ လူနာသစ္ ၁၃၄ ဦး၊ ေသဆုံးသူ ၄ ဦးထပ္တိုးလာၿပီး ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာေပါင္း ၃,၆၃၆ ဦးနဲ႔ ေသဆုံးသူ ၃၉ ဦးအထိရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ဒီေန႔ စက္တင္ဘာ ၁၆ ရက္မနက္ ၈ နာရီ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္) (NHL) မွ ဒုတိယအသုတ္ ဓာတ္ခြဲ နမူနာ ၁,၀၉၄ ခု၊ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀) မွ ဓာတ္ခြဲနမူနာ ၅၃၈ ခုအပါအဝင္ စုစုေပါင္း ဓာတ္ခြဲနမူနာ ၂,၄၂၄ ခုတို႔ကို ထပ္မံ စစ္ေဆးၿပီးစီးခဲ့ရာ လူနာသစ္ ၁၃၄ ဦးေတြ႕ရွိရတာပါ။

လူနာသစ္ေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကိုေတာ့ က်န္းမာေရးဌာနက ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈခံယူခဲ့‌တဲ့ အသက္ (၈၈)ႏွစ္ အ႐ြယ္ ေသြးတိုးေရာဂါနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံရွိသူ အမ်ိဳးသမီး (Case-2347) ဟာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉလမ္းေၾကာင္းပ်က္စီးၿပီး စက္တင္ဘာ ၁၅ ရက္ မြန္းလြဲ ၁ နာရီ ၂၈ မိနစ္က ေသဆုံးသြားခဲ့ပါတယ္။

အလားတူ ကိုဗစ္-၁၉ ကုသေရးဌာန (ေဖာင္ႀကီး) မွာ တက္ေရာက္ကုသမႈခံယူခဲ့‌တဲ့ အသက္ (၈၉) ႏွစ္အ႐ြယ္ ေသြးတိုးေရာဂါအခံရွိသူ အမ်ိဳးသမီး (Case-1589) ဟာလည္း ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉလမ္းေၾကာင္းပ်က္စီးျခင္းၿပီး စက္တင္ဘာ ၁၅ ရက္ မနက္ ၁၀နာရီ ၂၅ မိနစ္က ေသဆုံးသြားခဲ့ပါတယ္။

ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈခံယူခဲ့‌တဲ့ အသက္ (၅၁) ႏွစ္အ႐ြယ္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံရွိသူ အမ်ိဳးသား (Case-3122) ဟာလည္း ျပင္းထန္ အဆုတ္ေရာင္ ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉလမ္းေၾကာင္းပ်က္စီးၿပီး စက္တင္ဘာ ၁၄ ရက္ ေန႔လည္ ၃ နာရီခြဲက ေသဆုံးသြားခဲ့ပါတယ္။

ဒါ့အျပင္ သန္လ်င္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈခံယူခဲ့‌တဲ့ အသက္ (၆၈) ႏွစ္ အ႐ြယ္ ပန္းနာရင္ၾကပ္ေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါအခံရွိသူ အမ်ိဳးသား (Case-3258) ဟာလည္း ျပင္းထန္ အဆုတ္ေရာင္ ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉလမ္းေၾကာင္း ပ်က္စီးၿပီး စက္တင္ဘာ ၁၄ ရက္ ညေန ၄ နာရီ ၅ မိနစ္မွာ ေသဆုံးသြားခဲ့တယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

က်န္းမာေရးဌာနရဲ႕ မေန႔ည ထုတ္ျပန္ခ်က္မွာေတာ့ ကိုဗစ္-၁၉ လူနာသစ္ ၂၀၃ ဦးနဲ႔ ေသဆုံးသူ ၃ ဦးထပ္တိုးလာတယ္လို႔ ေဖာ္ျပထားတာပါ။ ဒါေၾကာင့္ မေန႔ညနဲ႔ ဒီမနက္ ထုတ္ျပန္ခ်က္ေတြအရ ဓာတ္ခြဲနမူနာ စုစုေပါင္း ၄,၅၉၇ ခုကို စစ္ေဆးၿပီးစီးခဲ့ရမွာ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ ၃၃၇ ဦးထပ္ေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ ၇ ဦးထပ္တိုးလာတာျဖစ္ပါတယ္။

စက္တင္ဘာ ၁၆ ရက္ မနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၃,၆၃၆ ဦး၊ ေသဆုံးသူ ၃၉ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၈၃၂ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၂၅၇ ဦးရွိပါတယ္။

Tags:ကိုဗစ္-၁၉ေဖာင္ႀကီးေဝဘာဂီသန္လ်င္ျပည္သူ႔ေဆး႐ုံအတည္ျပဳလူနာ

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment