မဲဆွယ်စည်းရုံးမှုများကြောင့် ရောဂါပြန့်ပွားမှုမဖြစ်ရေး ဂရုစိုက်ဆောင်ရွက်နေဟု ဒီချုပ်ပြော

Unicodeဖြင့်ဖတ်ရန်

 

ပါတီဝင်များနှင့် ထောက်ခံသူများ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်ခြင်းမပြုရန် သတိပေး

မှော်ဘီမြို့နယ်တွင် ဒီချုပ်ပါတီထောက်ခံသူများက မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာလ ၁၃ရက်တွင် ကားများ၊ဆိုင်ကယ်များဖြင့် ပြုလုပ်နေစဉ် (ဓာတ်ပုံ – ကျော်ဇင်သန်း)

ရွေးကောက်ပွဲအောင်နိုင် ရေး မဲဆွယ်စည်းရုံးမှုများကြောင့် ရောဂါပြန့်ပွားမှုမဖြစ်စေရန် ဂရုစိုက်ဆောင်ရွက်နေပြီး ပါတီဝင် များနှင့် ပါတီကိုထောက်ခံသူများ အနေဖြင့် ကပ်ရောဂါဆိုင်ရာ ကန့် သတ်ချက်များကို ကျော်လွန်ခြင်း မရှိရေး သတိပြုရန် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

‘‘ပြည်သူတွေက ထောက်ခံကြောင်းပြချင်ရင် မိမိတို့ရဲ့အိမ်မှာ အလံများ၊ စတစ်ကာများ ကပ် ခြင်း၊ ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးယာဉ်များကို အဝေးကလှမ်းပြီး လက်ဝှေ့ယမ်းပြတာ၊ ပြုံးပြတာလောက်ဆို ကျွန်တော် တို့ ကျေနပ်ပါပြီ’’ဟု ၎င်းက ပြော သည်။

လက်ရှိ COVID-19 ရောဂါကူးစက်ခံရမှုနှုန်း မြင့်မားနေချိန်နှင့် အထွေထွေရွေးကောက်ပွဲအ တွက် မဲဆွယ်စည်းရုံးရေးကာလစတင်ချိန်တိုက်ဆိုင်နေ၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လိုက်နာရန်အပြင် ကပ်ရောဂါ ဆိုင်ရာ ကန့်သတ်ချက်များကို လိုက်နာရန် ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများကို စည်းရုံး သိမ်းသွင်းနေရခြင်းက ဒီချုပ်အတွက် ကြီးမားသည့် အခက်အခဲ တစ်ရပ်ဖြစ်လာကြောင်း ၎င်းက ဆိုသည်။

ကပ်ရောဂါကာလအတွင်း မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက် ၍ လူဦးရေ ၅၀ ထက် မပိုရန် အပါအဝင် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော် ပဲခူးမြို့ပေါ်တွင် စက်တင်ဘာ ၁၃ ရက်က လူဦးရေ အများအပြားပါဝင်သည့် လှည့်လည်မဲဆွယ် စည်းရုံးမှုကို ဒီချုပ်နှင့် ပြည်ခိုင် ဖြိုးပါတီ ထောက်ခံသူဟုဆိုသူ များက ပြုလုပ်ခဲ့ရာ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် ချက်များကို ချိုးဖောက်ကြောင်း ဝေဖန်မှုများရှိသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုကို ပါတီအစီအစဉ်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ ပါတီကိုထောက်ခံသူများက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပဲခူးမြို့တွင် ယှဉ်ပြိုင်မည့် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများက ပြောထားသည်။

ဒီချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်ကလည်း ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ သက်ဆိုင်ရာ ဒီချုပ်တာဝန်ရှိသူများထံ မေးမြန်းခဲ့ပြီးအလားတူ ဖြစ်ရပ်ထပ်မံမပေါ် ပေါက်ရေး ဂရုပြုရန် သတိပေး ထားသည်ဟု ဆိုသည်။

‘‘ပြည်သူများက မိမိတို့ရဲ့ ဆန္ဒအလျောက် သွားရောက်တဲ့ အခါမှာ အခုလိုအွန်လိုင်းမှာ ပြောဆိုစရာ ဖြစ်လာတာပါ။ ကျွန် တော်တို့ကတော့ ပြည်သူထံကိုကျွန်တော်တို့ရဲ့ သတင်းစကား ရောက်ဖို့ အဓိကပါ။ ကျန်တဲ့ ပြိုင် ဘက်ပါတီတွေနဲ့ လူအင်အားပြ ယှဉ်ပြိုင်တာမျိုးမဖြစ်ဖို့ အထူး သဖြင့် သတိပေးပါတယ်’’ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဒီချုပ်ပါတီကို ထောက်ခံ အားပေးလိုသူ ပြည်သူများအနေ ဖြင့် ပါတီအောင်နိုင်ရေးလှုပ်ရှားမှု များတွင် ကိုယ်တိုင်ပါဝင်ဆောင် ရွက်ခြင်းကြောင့် ကပ်ရောဂါကူး စက်ခံရခြင်း (သို့မဟုတ်) ကပ်ရောဂါကာလဆိုင်ရာ ကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်း ကြောင့် တရားစွဲဆိုခံရသည့် အ ခြေအနေများ ဖြစ်ပေါ်လာမည်ကို မလိုလားကြောင်း ၎င်းက ဆက် လက်ပြောသည်။

အထွေထွေ ရွေးကောက်ပွဲ အတွက် နှစ်လကြာ မဲဆွယ်စည်း ရုံးရေးကာလသည် စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့ပြီး ဒီချုပ်၊ ပြည်ခိုင်ဖြိုးတို့အပါအဝင် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံး နေကြသော်လည်း ပါတီအချို့က မူ ကပ်ရောဂါအခြေအနေအရ စည်းရုံးရေးလှုပ်ရှားမှုများကို ဆိုင်းငံ့ထားသည်။

ထို့အပြင် မြို့နယ်အချို့ရှိ ဒီချုပ်ရွေးကောက်ပွဲအောင်နိုင် ရေးအဖွဲ့များကလည်း ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး မှုများကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်အသိပေးမှုများရှိသည်။

‘‘အခု စည်းရုံးရေးလည်း မဆင်းဘူး၊ ရွာတွေလည်း မသွား ဘူး၊ လူစုလူဝေးမလုပ်ဘူး၊ အဓိ ကကျတာက အောင်နိုင်ရေးထက် လူထုကျန်းမာရေးက အရေးကြီး ဆုံးပဲ။ ကိုယ့်ရဲ့ကြွေးကြော်သံက လည်း ပြည်သူသာ အဓိကဖြစ်တဲ့ အတွက် ကြွေးကြော်သံနဲ့ ကိုက် ညီအောင်တော့ လုပ်ကြရမယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ မြို့နယ် လက်ရှိ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့် ယင်း မဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင် မည့် ဒီချုပ်အမတ် ဒေါ်ခင်စန်း လှိုင်က ပြောသည်။

Credit:7daydaily

 

Zawgyiျဖင့္ဖတ္ရန္

 

မဲဆြယ္စည္း႐ုံးမႈမ်ားေၾကာင့္ ေရာဂါျပန႔္ပြားမႈမျဖစ္ေရး ဂ႐ုစိုက္ေဆာင္႐ြက္ေနဟု ဒီခ်ဳပ္ေျပာ

 

ပါတီဝင္မ်ားႏွင့္ ေထာက္ခံသူမ်ား ကပ္ေရာဂါဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကို ေက်ာ္လြန္ျခင္းမျပဳရန္ သတိေပး

ေမွာ္ဘီၿမိဳ႕နယ္တြင္ ဒီခ်ဳပ္ပါတီေထာက္ခံသူမ်ားက မဲဆြယ္စည္း႐ုံးျခင္းကို စက္တင္ဘာလ ၁၃ရက္တြင္ ကားမ်ား၊ဆိုင္ကယ္မ်ားျဖင့္ ျပဳလုပ္ေနစဥ္ (ဓာတ္ပုံ – ေက်ာ္ဇင္သန္း)

ေ႐ြးေကာက္ပြဲေအာင္ႏိုင္ ေရး မဲဆြယ္စည္း႐ုံးမႈမ်ားေၾကာင့္ ေရာဂါျပန႔္ပြားမႈမျဖစ္ေစရန္ ဂ႐ုစိုက္ေဆာင္႐ြက္ေနၿပီး ပါတီဝင္ မ်ားႏွင့္ ပါတီကိုေထာက္ခံသူမ်ား အေနျဖင့္ ကပ္ေရာဂါဆိုင္ရာ ကန႔္ သတ္ခ်က္မ်ားကို ေက်ာ္လြန္ျခင္း မရွိေရး သတိျပဳရန္ ဒီခ်ဳပ္ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာမ်ိဳးၫြန႔္က ေျပာသည္။

‘‘ျပည္သူေတြက ေထာက္ခံေၾကာင္းျပခ်င္ရင္ မိမိတို႔ရဲ႕အိမ္မွာ အလံမ်ား၊ စတစ္ကာမ်ား ကပ္ ျခင္း၊ ကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္ရဲ႕ စည္း႐ုံးေရးယာဥ္မ်ားကို အေဝးကလွမ္းၿပီး လက္ေဝွ႔ယမ္းျပတာ၊ ၿပဳံးျပတာေလာက္ဆို ကြၽန္ေတာ္ တို႔ ေက်နပ္ပါၿပီ’’ဟု ၎က ေျပာ သည္။

လက္ရွိ COVID-19 ေရာဂါကူးစက္ခံရမႈႏႈန္း ျမင့္မားေနခ်ိန္ႏွင့္ အေထြေထြေ႐ြးေကာက္ပြဲအ တြက္ မဲဆြယ္စည္း႐ုံးေရးကာလစတင္ခ်ိန္တိုက္ဆိုင္ေန၍ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒမ်ားကို လိုက္နာရန္အျပင္ ကပ္ေရာဂါ ဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကို လိုက္နာရန္ ပါတီဝင္မ်ားႏွင့္ ဝန္းရံေထာက္ခံသူမ်ားကို စည္း႐ုံး သိမ္းသြင္းေနရျခင္းက ဒီခ်ဳပ္အတြက္ ႀကီးမားသည့္ အခက္အခဲ တစ္ရပ္ျဖစ္လာေၾကာင္း ၎က ဆိုသည္။

ကပ္ေရာဂါကာလအတြင္း မဲဆြယ္စည္း႐ုံးေရးႏွင့္ပတ္သက္ ၍ လူဦးေရ ၅၀ ထက္ မပိုရန္ အပါအဝင္ က်န္းမာေရးဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကို က်န္းမာ ေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ သို႔ေသာ္ ပဲခူးၿမိဳ႕ေပၚတြင္ စက္တင္ဘာ ၁၃ ရက္က လူဦးေရ အမ်ားအျပားပါဝင္သည့္ လွည့္လည္မဲဆြယ္ စည္း႐ုံးမႈကို ဒီခ်ဳပ္ႏွင့္ ျပည္ခိုင္ ၿဖိဳးပါတီ ေထာက္ခံသူဟုဆိုသူ မ်ားက ျပဳလုပ္ခဲ့ရာ ကပ္ေရာဂါ ကာကြယ္ေရးဆိုင္ရာ သတ္မွတ္ ခ်က္မ်ားကို ခ်ိဳးေဖာက္ေၾကာင္း ေဝဖန္မႈမ်ားရွိသည္။

အဆိုပါ မဲဆြယ္စည္း႐ုံးေရး လႈပ္ရွားမႈကို ပါတီအစီအစဥ္ျဖင့္ ျပဳလုပ္ျခင္းမဟုတ္ဘဲ ပါတီကိုေထာက္ခံသူမ်ားက ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ပဲခူးၿမိဳ႕တြင္ ယွဥ္ၿပိဳင္မည့္ ဒီခ်ဳပ္ႏွင့္ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာထားသည္။

ဒီခ်ဳပ္ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳး ၫြန႔္ကလည္း ယင္းျဖစ္စဥ္ႏွင့္ပတ္ သက္၍ သက္ဆိုင္ရာ ဒီခ်ဳပ္တာဝန္ရွိသူမ်ားထံ ေမးျမန္းခဲ့ၿပီးအလားတူ ျဖစ္ရပ္ထပ္မံမေပၚ ေပါက္ေရး ဂ႐ုျပဳရန္ သတိေပး ထားသည္ဟု ဆိုသည္။

‘‘ျပည္သူမ်ားက မိမိတို႔ရဲ႕ ဆႏၵအေလ်ာက္ သြားေရာက္တဲ့ အခါမွာ အခုလိုအြန္လိုင္းမွာ ေျပာဆိုစရာ ျဖစ္လာတာပါ။ ကြၽန္ ေတာ္တို႔ကေတာ့ ျပည္သူထံကိုကြၽန္ေတာ္တို႔ရဲ႕ သတင္းစကား ေရာက္ဖို႔ အဓိကပါ။ က်န္တဲ့ ၿပိဳင္ ဘက္ပါတီေတြနဲ႔ လူအင္အားျပ ယွဥ္ၿပိဳင္တာမ်ိဳးမျဖစ္ဖို႔ အထူး သျဖင့္ သတိေပးပါတယ္’’ဟု ေဒါက္တာ မ်ိဳးၫြန႔္က ေျပာသည္။

ဒီခ်ဳပ္ပါတီကို ေထာက္ခံ အားေပးလိုသူ ျပည္သူမ်ားအေန ျဖင့္ ပါတီေအာင္ႏိုင္ေရးလႈပ္ရွားမႈ မ်ားတြင္ ကိုယ္တိုင္ပါဝင္ေဆာင္ ႐ြက္ျခင္းေၾကာင့္ ကပ္ေရာဂါကူး စက္ခံရျခင္း (သို႔မဟုတ္) ကပ္ေရာဂါကာလဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကို ေဖာက္ဖ်က္ျခင္း ေၾကာင့္ တရားစြဲဆိုခံရသည့္ အ ေျခအေနမ်ား ျဖစ္ေပၚလာမည္ကို မလိုလားေၾကာင္း ၎က ဆက္ လက္ေျပာသည္။

အေထြေထြ ေ႐ြးေကာက္ပြဲ အတြက္ ႏွစ္လၾကာ မဲဆြယ္စည္း ႐ုံးေရးကာလသည္ စက္တင္ဘာ ၈ ရက္တြင္ စတင္ခဲ့ၿပီး ဒီခ်ဳပ္၊ ျပည္ခိုင္ၿဖိဳးတို႔အပါအဝင္ ႏိုင္ငံေရးပါတီမ်ားက မဲဆြယ္စည္း႐ုံး ေနၾကေသာ္လည္း ပါတီအခ်ိဳ႕က မူ ကပ္ေရာဂါအေျခအေနအရ စည္း႐ုံးေရးလႈပ္ရွားမႈမ်ားကို ဆိုင္းငံ့ထားသည္။

ထို႔အျပင္ ၿမိဳ႕နယ္အခ်ိဳ႕ရွိ ဒီခ်ဳပ္ေ႐ြးေကာက္ပြဲေအာင္ႏိုင္ ေရးအဖြဲ႕မ်ားကလည္း ေ႐ြးေကာက္ပြဲဆိုင္ရာ မဲဆြယ္စည္း႐ုံး မႈမ်ားကို ဆိုင္းငံ့ေၾကာင္း ထုတ္ျပန္အသိေပးမႈမ်ားရွိသည္။

‘‘အခု စည္း႐ုံးေရးလည္း မဆင္းဘူး၊ ႐ြာေတြလည္း မသြား ဘူး၊ လူစုလူေဝးမလုပ္ဘူး၊ အဓိ ကက်တာက ေအာင္ႏိုင္ေရးထက္ လူထုက်န္းမာေရးက အေရးႀကီး ဆုံးပဲ။ ကိုယ့္ရဲ႕ေႂကြးေၾကာ္သံက လည္း ျပည္သူသာ အဓိကျဖစ္တဲ့ အတြက္ ေႂကြးေၾကာ္သံနဲ႔ ကိုက္ ညီေအာင္ေတာ့ လုပ္ၾကရမယ္’’ ဟု စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲ ၿမိဳ႕နယ္ လက္ရွိ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ႏွင့္ ယင္း မဲဆႏၵနယ္မွပင္ ထပ္မံယွဥ္ၿပိဳင္ မည့္ ဒီခ်ဳပ္အမတ္ ေဒၚခင္စန္း လႈိင္က ေျပာသည္။

Credit:7daydaily

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment