ဆရာ၊ ဆရာမ၊ ဝန်ထမ်းများထံမှ ငွေကြေးမကောက်ခံရန် ကျောင်းအုပ်ကြီးများကို အသိပေး

Unicodeဖြင့်ဖတ်ရန်

 

ဆရာ၊ ဆရာမ၊ ဝန်ထမ်းများထံမှ ငွေကြေးမကောက်ခံရန် ကျောင်းအုပ်ကြီးများကို အခြေခံပညာဦးစီးဌာနက အသိပေးထားသည်။

ကျောင်းအုပ်ကြီးများအနေ ဖြင့် ကျောင်းအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန်၊ ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်၊ လစာထုတ်အ တွက် ခရီးစရိတ် စသည့် အ ကြောင်းအမျိုးမျိုးပြပြီး ဆရာ၊ ဆရာမ၊ ဝန်ထမ်းများထံမှ ငွေ ကြေးကောက်ခံခြင်း၊ ဝန်ထမ်းများ ၏လစာများ ဖြတ်တောက်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း ကြားသိရသည့်အတွက် ထိုသို့ အသိ ပေးချက် ထုတ်ပြန်ခြင်းဖြစ် ကြောင်း အခြေခံပညာဦးစီးဌာန က စက်တင်ဘာ ၁၁ ရက်စွဲဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာ ရေးမှူးရုံးများသို့ ပေးပို့သည့် ညွှန် ကြားစာတွင် ဖော်ပြသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် COVID-19 ရောဂါ ကာကွယ်တားဆီး ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ် ငန်းများ ဆောင်ရွက်နိုင်ရန် လို အပ်သောပစ္စည်းများ ဝယ်ယူ ရန်နှင့် ကျောင်းဆောင်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ သန့်စင်ခန်းဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ရေကန်၊ ရေစင်တည် ဆောက်ခြင်း လုပ်ငန်းများဆောင် ရွက်ရန် ရန်ပုံငွေများ ချထားပေး ပြီး ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေများလည်း ချထားပေးပြီးဖြစ် ၍ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ ထံမှ ငွေကြေးမကောက်ခံရန် အခြေခံပညာဦးစီးဌာနက အသိ ပေးထားသည်။

ထိုသို့ ငွေကြေးကောက်ခံ ခြင်း၊ လစာဖြတ်တောက်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ပညာ ရေးမှူးများက အဆင့်ဆင့်အထူး ကြီးကြပ်ရန်နှင့် ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံ့ဝန် ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ စစ်ဆေးအရေးယူခံရမည် ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနက အသိပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်ပညာရေးမှူး တစ်ဦးက ‘‘COVID-19 လိုအပ်ချက်တွေ ပြင်ဆင်ဖို့အတွက်လည်း ဘတ်ဂျက်တွေ ချထားပေးပြီးသား။ ချထားပေးပြီးသားကို ကျောင်းအတွက် လိုအပ်တာဝယ်ဖို့ ဆရာ၊ ဆရာမတွေဆီက ကောက်တယ်လို့ တိုင်လာတာမျိုးရှိတာကြောင့် ဒါတွေမလုပ်ဖို့၊ လုပ်ရင် အရေးယူခံရမယ်လို့ အသိပေးတာပေါ့’’ဟုဆိုသည်။

Credit:7daydaily

 

Zawgyiျဖင့္ဖတ္ရန္

ဆရာ၊ ဆရာမ၊ ဝန္ထမ္းမ်ားထံမွ ေငြေၾကးမေကာက္ခံရန္ ေက်ာင္းအုပ္ႀကီးမ်ားကို အသိေပး

 

ဆရာ၊ ဆရာမ၊ ဝန္ထမ္းမ်ားထံမွ ေငြေၾကးမေကာက္ခံရန္ ေက်ာင္းအုပ္ႀကီးမ်ားကို အေျခခံပညာဦးစီးဌာနက အသိေပးထားသည္။

ေက်ာင္းအုပ္ႀကီးမ်ားအေန ျဖင့္ ေက်ာင္းအတြက္ လိုအပ္ေသာ ပစၥည္းမ်ား ဝယ္ယူရန္၊ ျပင္ဆင္ ထိန္းသိမ္းျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္၊ လစာထုတ္အ တြက္ ခရီးစရိတ္ စသည့္ အ ေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဆရာ၊ ဆရာမ၊ ဝန္ထမ္းမ်ားထံမွ ေငြ ေၾကးေကာက္ခံျခင္း၊ ဝန္ထမ္းမ်ား ၏လစာမ်ား ျဖတ္ေတာက္ျခင္း မ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ၾကားသိရသည့္အတြက္ ထိုသို႔ အသိ ေပးခ်က္ ထုတ္ျပန္ျခင္းျဖစ္ ေၾကာင္း အေျခခံပညာဦးစီးဌာန က စက္တင္ဘာ ၁၁ ရက္စြဲျဖင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ပညာ ေရးမႉး႐ုံးမ်ားသို႔ ေပးပို႔သည့္ ၫႊန္ ၾကားစာတြင္ ေဖာ္ျပသည္။

အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ COVID-19 ေရာဂါ ကာကြယ္တားဆီး ေရး ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ လို အပ္ေသာပစၥည္းမ်ား ဝယ္ယူ ရန္ႏွင့္ ေက်ာင္းေဆာင္ျပင္ဆင္ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား၊ သန႔္စင္ခန္းေဆာက္လုပ္ျခင္း လုပ္ငန္းမ်ားႏွင့္ ေရကန္၊ ေရစင္တည္ ေဆာက္ျခင္း လုပ္ငန္းမ်ားေဆာင္ ႐ြက္ရန္ ရန္ပုံေငြမ်ား ခ်ထားေပး ၿပီး ေက်ာင္းဖြံ႕ၿဖိဳးတိုးတက္မႈရန္ပုံေငြမ်ားလည္း ခ်ထားေပးၿပီးျဖစ္ ၍ ဆရာ၊ ဆရာမ၊ ဝန္ထမ္းမ်ား ထံမွ ေငြေၾကးမေကာက္ခံရန္ အေျခခံပညာဦးစီးဌာနက အသိ ေပးထားသည္။

ထိုသို႔ ေငြေၾကးေကာက္ခံ ျခင္း၊ လစာျဖတ္ေတာက္ျခင္းမ်ား မျဖစ္ေပၚေစေရးအတြက္ ပညာ ေရးမႉးမ်ားက အဆင့္ဆင့္အထူး ႀကီးၾကပ္ရန္ႏွင့္ က်ဴးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္ပါက ႏိုင္ငံ့ဝန္ ထမ္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ အညီ စစ္ေဆးအေရးယူခံရမည္ ျဖစ္ေၾကာင္း အေျခခံပညာဦးစီး ဌာနက အသိေပးထားသည္။

ဧရာဝတီတိုင္းေဒသႀကီးမွ ၿမိဳ႕နယ္ပညာေရးမႉး တစ္ဦးက ‘‘COVID-19 လိုအပ္ခ်က္ေတြ ျပင္ဆင္ဖို႔အတြက္လည္း ဘတ္ဂ်က္ေတြ ခ်ထားေပးၿပီးသား။ ခ်ထားေပးၿပီးသားကို ေက်ာင္းအတြက္ လိုအပ္တာဝယ္ဖို႔ ဆရာ၊ ဆရာမေတြဆီက ေကာက္တယ္လို႔ တိုင္လာတာမ်ိဳးရွိတာေၾကာင့္ ဒါေတြမလုပ္ဖို႔၊ လုပ္ရင္ အေရးယူခံရမယ္လို႔ အသိေပးတာေပါ့’’ဟုဆိုသည္။

Credit:7daydaily

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment