ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်နှင့် စေတနာ့ ဝန်ထမ်းများကို ဒေါ်အောင်ဆန်းစုကြည် ထပ်မံဖိတ်ခေါ်

Unicodeဖြင့်ဖတ်ရန်

 

နိုင်ငံတော်က ဆေးဝါးများလုံလောက်စွာရရှိရန် ဆောင်ရွက်ပေးမည်၊ ကုသရေးဌာနများနှင့် ကွာရန်တင်းနေရာများ လုံလောက်စွာရှိစေရန် လုပ်ဆောင်ပေးနေဟုဆို

အရေးကြီးချိန်တွင် ပြည်သူများသွေးစည်းကြသည်ကို ကျေးဇူးတင်ကြောင်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ၏ အကူအညီကို ထပ်မံဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများကို အစီရင်ခံတင်ပြရာ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး အားလုံးဝိုင်းဝန်းလုပ်ဆောင်ပါက ကိုဗစ်-၁၉ ကို ကျော်လွှားအောင်မြင်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ကျွန်မတို့စေတနာ့ဝန်ထမ်းတွေ၊ ပညာရှင်တွေ၊ နိုင်ငံတော်အစိုးရရဲ့ လုံးပန်းမှုတွေကိုဝိုင်းဝန်း ကူညီပေးကြပါ။ အားလုံးက ဝိုင်း ဝန်းလုပ်မယ်ဆိုရင် အောင်မြင်မှာ ပါဆိုတာ ကျွန်မဒီကနေပြောချင် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။

လက်ရှိတွင် အစိုးရဝန်ထမ်း များ အထူးသဖြင့် ကျန်းမာရေးဝန် ထမ်းများထံမှ ပင်ပန်းသည်ဟု ညည်းညူသံမကြားရသော်လည်း ပင်ပန်းမည်ဟု ခန့်မှန်းမိကြောင်း နှင့် ဝန်ထမ်းများသည်ရှေ့တန်းမှ လုပ်ဆောင်ပေးခြင်းကို ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ထည့်သွင်းပြောကြား သည်။ ‘‘ကျွန်မတို့ပြည်သူလူထုက လည်း ဝန်ထမ်းတွေလုပ်ပေးတာ ကို အသိအမှတ်ပြုစေချင်ပါ တယ်’’ဟု ၎င်းကဆိုသည်။

‘‘စေတနာရှင်တွေ ဝိုင်းဝန်း ပြီးတော့ ကူညီပေးတာကို ကျွန်မ တို့ဖိတ်ခေါ်တယ်။ ကျေးဇူးတင် တယ်။ နောက်ပြီးတော့ ကျွန်မတို့ အနေနဲ့ အင်မတန်မှတန်ဖိုးထားပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် နိုင်ငံတော်သည် ဆေးဝါးများလုံလောက်စွာရှိရန်၊ လူနာများကုသရန်နေရာ ကုသ ရေးဌာနများ လုံလောက်စွာရှိရန် လုပ်ဆောင်ပေးနေပြီး ကွာရန် တင်းနေရာများ လုံလောက်စွာရှိ စေရန် လုပ်ဆောင်ပေးမည်ဟု အ တိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုခဲ့ သည်။

‘‘နိုင်ငံတော်ကနေပြီးတော့ လုပ်ပေးသင့်တာတွေ အားလုံး ကျွန်မတို့ လုပ်ပေးမှာပါ။ ကျွန်မတို့က ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်ရှိအောင် လုပ်ပေးပါမယ်။ အခုဆိုရင် လူနာတွေကို ကုသဖို့ နေရာလုံလုံလောက်လောက်ရှိအောင် ကုသရေးဌာနတွေ လုံလုံလောက် လောက်ရှိအောင် လုပ်ပေးနေပါတယ်။ Quarantine နေရာတွေ လုံလုံ လောက်လောက်ရှိအောင်လို့လည်း လုပ်ပေးနေပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

သို့သော် လိုအပ်သည့်နေရာ များတွင် ပြည်သူများက ဝိုင်းဝန်း ဖြည့်ဆည်းပေးမည်ဟု ယုံကြည် မျှော်လင့်ကြောင်းနှင့် မေတ္တာရပ် ခံကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ရန်ကုန်မြို့တွင် ပြန့်ပွားနေ သော ရောဂါပိုးသည် ဩဂုတ်လ ကုန်၊ စက်တင်ဘာလဆန်းပိုင်း တွင်စတင်ခဲ့ပြီး လက်ရှိတတိယအ ပတ်သို့ ရောက်ရှိချိန်တွင်အားလုံး က ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ် ဆောင်ပါက လာမည့်တစ်ပတ်၊ နှစ်ပတ်အတွင်း အကျိုးဆက်ပေါ် လာမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အစိုးရသည် အဘက်ဘက် တွင် သင့်တော်မည်ထင်သော စည်းမျဉ်းစည်းကမ်းများကို ချ မှတ်ကြောင်းနှင့် ယင်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာရာတွင် တိကျရန်သာလိုပြီး တင်းကျပ်ရန် မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောကြား သည်။

အချို့နေရာများတွင် အစိုး ရိမ်လွန်၍ စည်းမျဉ်းစည်းကမ်း ဘောင်ကျော်ကာ တင်းကျပ်စွာ လုပ်ဆောင်ခြင်းမျိုးက ရေရှည် တွင် အကျိုးမဖြစ်ကြောင်း ၎င်းက သတိပေးသည်။

‘‘ဒီစည်းမျဉ်းစည်းကမ်းတွေ ကို သေသေချာချာလေ့လာပါ။ လေ့လာပြီးတော့ တိတိကျကျ လိုက်နာပါ။ ဒါဟာအုပ်ချုပ်ရေး ပိုင်းဆိုင်ရာအတွက်လည်း အထူး အရေးကြီးပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

နေပြည်တော်တွင် ကိုဗစ်အ တည်ပြုလူနာ ၄၀ ကျော်ရှိနေပြီး အစိုးရယန္တရားလည်ပတ်မှု မထိ ခိုက်စေရန် သေချာစွာလုပ်ဆောင် ချမှတ်နေကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ကရှင်းပြသည်။

ထို့အပြင် မိသားစုဝင်များအ တွင်း ရောဂါကူးစက်နေသည့်အ ခြေအနေကို ထောက်ပြခဲ့ပြီး မိသားစုဝင်တစ်ဦးဦးက စည်း ကမ်းလိုက်နာမှု အားနည်းပါက အခြားမိသားစုဝင်များ၊ ပတ်ဝန်း ကျင်အတွက် များစွာအန္တရာယ် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကသတိပေးသည်။

‘‘သိတတ်တဲ့အရွယ်ရောက် သူတိုင်းဟာ ကိုယ့်ကျန်းမာရေး တစ်ခုတည်းအတွက် သတိပြုမယ် ဆိုရင်တောင်မှ လုံလောက်နေပြီ။ တစ်ယောက်ချင်း၊ တစ်ယောက် ချင်းဟာ ကိုယ့်ကျန်းမာရေးအ တွက် ပဲဂရုစိုက်သွားမယ်။ ကိုယ် မကူးဘူးဆိုရင် ကိုယ့်ဆီကလည်း သူများကို ကူးစရာအကြောင်းမရှိ ဘူး။ ကျန်တဲ့ကိစ္စကို ကျွန်မတို့ နိုင်ငံတော်က တာဝန်ယူနိုင်ပါ တယ်’’ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်သည် တစ်ဦး ကိုတစ်ဦး အားပေးရန်၊ အားဖြည့် ရန်ဖြစ်ပြီး တရားခံမရှာရန်လည်း ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးသည်။ ရောဂါဖြစ်ပွားပြီဆိုပါ က မည်သို့အကောင်းဆုံးထိန်းချုပ် ရမည်ကို အာရုံစိုက်ရမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူများကို ထိုသို့တင်ပြ ရှင်းလင်းခြင်းသည် အစိုးရိမ်လွန် ကဲရန်မဟုတ်ဘဲ အားလုံးက ပူး ပေါင်းဆောင်ရွက်ကာ ကိုဗစ်- ၁၉ စိန်ခေါ်မှုကို ကျော်လွှားရန်ဖြစ် ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

‘‘အခုကနေစပြီး အားလုံးက တိတိကျကျ၊ စည်းမျဉ်းစည်းကမ်း တွေကိုလိုက်နာပြီး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မှာ လည်း ကျွန်မတို့အခြေအနေကို မကြာခင်ကာလမှာ ထိန်းချုပ်သွား နိုင်မှာပါ’’ဟု ၎င်းကပြောသည်။

ပြည်သူများ ပူးပေါင်း၍ အဓိကအားဖြင့် ရန်ကုန်တွင်ပြန့် ပွားနေသော ကိုဗစ်ရောဂါကိုထိန်း ချုပ်ရန် အားလုံးကစိတ်ဓာတ်ခိုင် မာစွာဖြင့် ပြဿနာကိုဖြေရှင်းနိုင် မည်၊ စိန်ခေါ်မှုကို ကျော်လွှားနိုင် မည်ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ သည်။

ပြည်သူသို့ အစီရင်ခံတင်ပြမှု အဆုံးသတ်တွင် ပြည်သူများကျန်း မာချမ်းသာစေရန်၊ နေမကောင်း သူများ အမြန်ဆုံးကျန်းမာစေရန် လည်း ထည့်သွင်းဆုတောင်းခဲ့ သည်။

လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်း မာရေးနှင့်ပတ်သက်၍ သတင်းအ မှားများထွက်ပေါ်နေမှုမှာ အပြာ ရောင်ဝတ်စုံဖြင့် ယခုမိန့်ခွန်းပြောနေသည်ကို နိုင်ငံမှရုပ်သံမှ ထုတ် လွှင့်ခဲ့ခြင်းကြောင့်ချေဖျက်ပြီးဖြစ် သွားသည်။

‘‘လုပ်ငန်းတာဝန်တွေ ပုံမှန် အတိုင်း လုပ်ကိုင်ဆောင်ရွက်နေ ပါတယ်။ ဧည့်သည်အဝင်၊ အ ထွက် အထူးတင်းကျပ်ထားပါ တယ်’’ဟု အတိုင်ပင်ခံရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက လည်း ပြောသည်။

Credit:7daydaily

 

Zawgyiျဖင့္ဖတ္ရန္

 

ကပ္ေရာဂါတိုက္ဖ်က္ေရး ပညာရွင္ႏွင့္ ေစတနာ့ ဝန္ထမ္းမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ ထပ္မံဖိတ္ေခၚ

 

ႏိုင္ငံေတာ္က ေဆးဝါးမ်ားလုံေလာက္စြာရရွိရန္ ေဆာင္႐ြက္ေပးမည္၊ ကုသေရးဌာနမ်ားႏွင့္ ကြာရန္တင္းေနရာမ်ား လုံေလာက္စြာရွိေစရန္ လုပ္ေဆာင္ေပးေနဟုဆို

အေရးႀကီးခ်ိန္တြင္ ျပည္သူမ်ားေသြးစည္းၾကသည္ကို ေက်းဇူးတင္ေၾကာင္းႏွင့္ ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ပညာရွင္မ်ား၊ ေစတနာ့ဝန္ထမ္းမ်ား၊ ျပည္သူမ်ား၏ အကူအညီကို ထပ္မံဖိတ္ေခၚလိုေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယမန္ေန႔တြင္ ေျပာသည္။

ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါျပန႔္ပြားမႈ အေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ားကို အစီရင္ခံတင္ျပရာ ထိုသို႔ထည့္သြင္းေျပာၾကားျခင္းျဖစ္ၿပီး အားလုံးဝိုင္းဝန္းလုပ္ေဆာင္ပါက ကိုဗစ္-၁၉ ကို ေက်ာ္လႊားေအာင္ျမင္ႏိုင္မည္ဟု ၎က ဆက္လက္ေျပာၾကားသည္။

‘‘ကြၽန္မတို႔ေစတနာ့ဝန္ထမ္းေတြ၊ ပညာရွင္ေတြ၊ ႏိုင္ငံေတာ္အစိုးရရဲ႕ လုံးပန္းမႈေတြကိုဝိုင္းဝန္း ကူညီေပးၾကပါ။ အားလုံးက ဝိုင္း ဝန္းလုပ္မယ္ဆိုရင္ ေအာင္ျမင္မွာ ပါဆိုတာ ကြၽန္မဒီကေနေျပာခ်င္ ပါတယ္’’ဟု ေဒၚေအာင္ဆန္းစု ၾကည္ကဆိုသည္။

လက္ရွိတြင္ အစိုးရဝန္ထမ္း မ်ား အထူးသျဖင့္ က်န္းမာေရးဝန္ ထမ္းမ်ားထံမွ ပင္ပန္းသည္ဟု ညည္းညဴသံမၾကားရေသာ္လည္း ပင္ပန္းမည္ဟု ခန႔္မွန္းမိေၾကာင္း ႏွင့္ ဝန္ထမ္းမ်ားသည္ေရွ႕တန္းမွ လုပ္ေဆာင္ေပးျခင္းကို ေက်းဇူး တင္ေၾကာင္း ေဒၚေအာင္ဆန္းစု ၾကည္က ထည့္သြင္းေျပာၾကား သည္။ ‘‘ကြၽန္မတို႔ျပည္သူလူထုက လည္း ဝန္ထမ္းေတြလုပ္ေပးတာ ကို အသိအမွတ္ျပဳေစခ်င္ပါ တယ္’’ဟု ၎ကဆိုသည္။

‘‘ေစတနာရွင္ေတြ ဝိုင္းဝန္း ၿပီးေတာ့ ကူညီေပးတာကို ကြၽန္မ တို႔ဖိတ္ေခၚတယ္။ ေက်းဇူးတင္ တယ္။ ေနာက္ၿပီးေတာ့ ကြၽန္မတို႔ အေနနဲ႔ အင္မတန္မွတန္ဖိုးထားပါ တယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္ ကေျပာသည္။

ထို႔အျပင္ ႏိုင္ငံေတာ္သည္ ေဆးဝါးမ်ားလုံေလာက္စြာရွိရန္၊ လူနာမ်ားကုသရန္ေနရာ ကုသ ေရးဌာနမ်ား လုံေလာက္စြာရွိရန္ လုပ္ေဆာင္ေပးေနၿပီး ကြာရန္ တင္းေနရာမ်ား လုံေလာက္စြာရွိ ေစရန္ လုပ္ေဆာင္ေပးမည္ဟု အ တိုင္ပင္ခံပုဂၢိဳလ္က ကတိျပဳခဲ့ သည္။

‘‘ႏိုင္ငံေတာ္ကေနၿပီးေတာ့ လုပ္ေပးသင့္တာေတြ အားလုံး ကြၽန္မတို႔ လုပ္ေပးမွာပါ။ ကြၽန္မတို႔က ေဆးဝါးပစၥည္းေတြလည္း လုံလုံေလာက္ေလာက္ရွိေအာင္ လုပ္ေပးပါမယ္။ အခုဆိုရင္ လူနာေတြကို ကုသဖို႔ ေနရာလုံလုံေလာက္ေလာက္ရွိေအာင္ ကုသေရးဌာနေတြ လုံလုံေလာက္ ေလာက္ရွိေအာင္ လုပ္ေပးေနပါတယ္။ Quarantine ေနရာေတြ လုံလုံ ေလာက္ေလာက္ရွိေအာင္လို႔လည္း လုပ္ေပးေနပါတယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။

သို႔ေသာ္ လိုအပ္သည့္ေနရာ မ်ားတြင္ ျပည္သူမ်ားက ဝိုင္းဝန္း ျဖည့္ဆည္းေပးမည္ဟု ယုံၾကည္ ေမွ်ာ္လင့္ေၾကာင္းႏွင့္ ေမတၱာရပ္ ခံေၾကာင္း ေဒၚေအာင္ဆန္းစု ၾကည္က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ျပန႔္ပြားေန ေသာ ေရာဂါပိုးသည္ ဩဂုတ္လ ကုန္၊ စက္တင္ဘာလဆန္းပိုင္း တြင္စတင္ခဲ့ၿပီး လက္ရွိတတိယအ ပတ္သို႔ ေရာက္ရွိခ်ိန္တြင္အားလုံး က ထိန္းထိန္းသိမ္းသိမ္းျဖင့္ လုပ္ ေဆာင္ပါက လာမည့္တစ္ပတ္၊ ႏွစ္ပတ္အတြင္း အက်ိဳးဆက္ေပၚ လာမည္ဟု အတိုင္ပင္ခံပုဂၢိဳလ္က ဆိုသည္။

အစိုးရသည္ အဘက္ဘက္ တြင္ သင့္ေတာ္မည္ထင္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ် မွတ္ေၾကာင္းႏွင့္ ယင္းစည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာရာတြင္ တိက်ရန္သာလိုၿပီး တင္းက်ပ္ရန္ မဟုတ္ေၾကာင္း ေဒၚေအာင္ဆန္း စုၾကည္က ထည့္သြင္းေျပာၾကား သည္။

အခ်ိဳ႕ေနရာမ်ားတြင္ အစိုး ရိမ္လြန္၍ စည္းမ်ဥ္းစည္းကမ္း ေဘာင္ေက်ာ္ကာ တင္းက်ပ္စြာ လုပ္ေဆာင္ျခင္းမ်ိဳးက ေရရွည္ တြင္ အက်ိဳးမျဖစ္ေၾကာင္း ၎က သတိေပးသည္။

‘‘ဒီစည္းမ်ဥ္းစည္းကမ္းေတြ ကို ေသေသခ်ာခ်ာေလ့လာပါ။ ေလ့လာၿပီးေတာ့ တိတိက်က် လိုက္နာပါ။ ဒါဟာအုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာအတြက္လည္း အထူး အေရးႀကီးပါတယ္’’ဟု ေဒၚေအာင္ ဆန္းစုၾကည္ကေျပာသည္။

ေနျပည္ေတာ္တြင္ ကိုဗစ္အ တည္ျပဳလူနာ ၄၀ ေက်ာ္ရွိေနၿပီး အစိုးရယႏၲရားလည္ပတ္မႈ မထိ ခိုက္ေစရန္ ေသခ်ာစြာလုပ္ေဆာင္ ခ်မွတ္ေနေၾကာင္း အတိုင္ပင္ခံ ပုဂၢိဳလ္ကရွင္းျပသည္။

ထို႔အျပင္ မိသားစုဝင္မ်ားအ တြင္း ေရာဂါကူးစက္ေနသည့္အ ေျခအေနကို ေထာက္ျပခဲ့ၿပီး မိသားစုဝင္တစ္ဦးဦးက စည္း ကမ္းလိုက္နာမႈ အားနည္းပါက အျခားမိသားစုဝင္မ်ား၊ ပတ္ဝန္း က်င္အတြက္ မ်ားစြာအႏၲရာယ္ ျဖစ္ႏိုင္ေၾကာင္း ေဒၚေအာင္ဆန္း စုၾကည္ကသတိေပးသည္။

‘‘သိတတ္တဲ့အ႐ြယ္ေရာက္ သူတိုင္းဟာ ကိုယ့္က်န္းမာေရး တစ္ခုတည္းအတြက္ သတိျပဳမယ္ ဆိုရင္ေတာင္မွ လုံေလာက္ေနၿပီ။ တစ္ေယာက္ခ်င္း၊ တစ္ေယာက္ ခ်င္းဟာ ကိုယ့္က်န္းမာေရးအ တြက္ ပဲဂ႐ုစိုက္သြားမယ္။ ကိုယ္ မကူးဘူးဆိုရင္ ကိုယ့္ဆီကလည္း သူမ်ားကို ကူးစရာအေၾကာင္းမရွိ ဘူး။ က်န္တဲ့ကိစၥကို ကြၽန္မတို႔ ႏိုင္ငံေတာ္က တာဝန္ယူႏိုင္ပါ တယ္’’ဟု ၎ကဆက္ေျပာသည္။

လက္ရွိအခ်ိန္သည္ တစ္ဦး ကိုတစ္ဦး အားေပးရန္၊ အားျဖည့္ ရန္ျဖစ္ၿပီး တရားခံမရွာရန္လည္း ေဒၚေအာင္ဆန္းစုၾကည္က သတိ ေပးသည္။ ေရာဂါျဖစ္ပြားၿပီဆိုပါ က မည္သို႔အေကာင္းဆုံးထိန္းခ်ဳပ္ ရမည္ကို အာ႐ုံစိုက္ရမည္ျဖစ္ ေၾကာင္း ၎ကဆက္ေျပာသည္။

ျပည္သူမ်ားကို ထိုသို႔တင္ျပ ရွင္းလင္းျခင္းသည္ အစိုးရိမ္လြန္ ကဲရန္မဟုတ္ဘဲ အားလုံးက ပူး ေပါင္းေဆာင္႐ြက္ကာ ကိုဗစ္- ၁၉ စိန္ေခၚမႈကို ေက်ာ္လႊားရန္ျဖစ္ ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္။

‘‘အခုကေနစၿပီး အားလုံးက တိတိက်က်၊ စည္းမ်ဥ္းစည္းကမ္း ေတြကိုလိုက္နာၿပီး ပူးေပါင္း ေဆာင္႐ြက္မယ္ဆိုရင္ ရန္ကုန္မွာ လည္း ကြၽန္မတို႔အေျခအေနကို မၾကာခင္ကာလမွာ ထိန္းခ်ဳပ္သြား ႏိုင္မွာပါ’’ဟု ၎ကေျပာသည္။

ျပည္သူမ်ား ပူးေပါင္း၍ အဓိကအားျဖင့္ ရန္ကုန္တြင္ျပန႔္ ပြားေနေသာ ကိုဗစ္ေရာဂါကိုထိန္း ခ်ဳပ္ရန္ အားလုံးကစိတ္ဓာတ္ခိုင္ မာစြာျဖင့္ ျပႆနာကိုေျဖရွင္းႏိုင္ မည္၊ စိန္ေခၚမႈကို ေက်ာ္လႊားႏိုင္ မည္ဟူေသာ ယုံၾကည္ခ်က္ျဖင့္ လုပ္ေဆာင္ေပးရန္ ေဒၚေအာင္ ဆန္းစုၾကည္က ေမတၱာရပ္ခံခဲ့ သည္။

ျပည္သူသို႔ အစီရင္ခံတင္ျပမႈ အဆုံးသတ္တြင္ ျပည္သူမ်ားက်န္း မာခ်မ္းသာေစရန္၊ ေနမေကာင္း သူမ်ား အျမန္ဆုံးက်န္းမာေစရန္ လည္း ထည့္သြင္းဆုေတာင္းခဲ့ သည္။

လူမႈကြန္ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ က်န္း မာေရးႏွင့္ပတ္သက္၍ သတင္းအ မွားမ်ားထြက္ေပၚေနမႈမွာ အျပာ ေရာင္ဝတ္စုံျဖင့္ ယခုမိန႔္ခြန္းေျပာေနသည္ကို ႏိုင္ငံမွ႐ုပ္သံမွ ထုတ္ လႊင့္ခဲ့ျခင္းေၾကာင့္ေခ်ဖ်က္ၿပီးျဖစ္ သြားသည္။

‘‘လုပ္ငန္းတာဝန္ေတြ ပုံမွန္ အတိုင္း လုပ္ကိုင္ေဆာင္႐ြက္ေန ပါတယ္။ ဧည့္သည္အဝင္၊ အ ထြက္ အထူးတင္းက်ပ္ထားပါ တယ္’’ဟု အတိုင္ပင္ခံ႐ုံးၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက လည္း ေျပာသည္။

Credit:7daydaily

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment