တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အများပြည်သူသုံးရန် အစောဆုံး နိုဝင်ဘာမှာ အသင့်ဖြစ်နိုင်

Unicodeဖြင့်ဖတ်ရန်

 

ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွဆေးကို အစောဆုံးအဖြစ် လာမယ့် နိုဝင်ဘာလအတွင်း အများပြည်သူ အသုံးပြုရန် အဆင့်သင့်ဖြစ်နိုင်ကြောင်း တရုတ်အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centre for Disease Control and Prevention – CDC) က ပြောပါတယ်။

တရုတ်နိုင်ငံမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ကာကွယ်ဆေး လေးမျိုးရှိကြောင်းလည်း သိရပါတယ်။ ၎င်းတို့အနက်မှ အနည်းဆုံး သုံးမျိုးကို မရှိမဖြစ် လိုအပ်တဲ ဝန်ထမ်းတွေမှာ အရေးပေါ်သုံးအဖြစ် ဇူလိုင်လမှစပြီး ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 ကာကွယ်ဆေးကို တတိယအဆင့် (Phase 3) လူတွေမှာ စမ်းသပ်မှုတွေ အဆင်ပြေပြေဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်းနဲ့ နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှ အများပြည်သူသုံးအဖြစ် ထိုးနှံနိုင်ရန် အသင့်ဖြစ်နိုင်မယ်လို့ တရုတ် CDC အကြီးအကဲ ဇီဝဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူ Guizhn Wu က စက်တင်ဘာ ၁၄ ရက်နေ့မှာ အစိုးရ ရုပ်မြင်သံကြားသတင်းဌာနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောခဲ့ပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုမှာ သူမကိုယ်တိုင် ပြီးခဲတဲ့ ဧပြီလအတွင်း ပါဝင်စမ်းသပ်ခံခဲ့ခြင်းဖြစ်ပြီး လတ်တလော လပိုင်းအတွင်း ပုံမှန်မဟုတ်တဲ့ လက္ခဏာများ မတွေ့ကြုံခဲ့ရဘူးလို့ Guizhn Wu က ဆိုပါတယ်။ တရုတ်နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) နဲ့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ Sinovac Biotech ကုမ္ပဏီတို့က အစိုးရရဲ့ အရေးပေါ်သုံးအစီအစဉ်အောက်မှာ COVID-19 ကာကွယ်ဆေးသုံးမျိုးကို ထုတ်လုပ်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

တရုတ်ရဲ့ စတုတ္တမြောက် ကာကွယ်ဆေးကိုတော့ CanSino Biologics ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး အသုံးပြုရန် တရုတ်စစ်တပ်က ဇွန်လအတွင်း ခွင့်ပြုပေးခဲ့ပါတယ်။ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို Phase 3 စမ်းသပ်မှုများ ပြီးဆုံးအောင်မြင်ပြီးနောက် ယခုနှစ်ကုန်မှာ အများပြည်သူအတွက် အသုံးပြုနိုင်ရန် အဆင့်သင့်ဖြစ်မယ်လို့ တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီက ဇူလိုင်လအတွင်း ပြောထားခဲ့ပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး အမ်ားျပည္သူသုံးရန္ အေစာဆုံး ႏိုဝင္ဘာမွာ အသင့္ျဖစ္ႏိုင္

 

ကာကြယ္ေဆးကို တတိယအဆင့္ စမ္းသပ္မႈေတြ လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ထုတ္လုပ္ေနတဲ့ COVID-19 ကာကြေဆးကို အေစာဆုံးအျဖစ္ လာမယ့္ ႏိုဝင္ဘာလအတြင္း အမ်ားျပည္သူ အသုံးျပဳရန္ အဆင့္သင့္ျဖစ္ႏိုင္ေၾကာင္း တ႐ုတ္အစိုးရရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (Centre for Disease Control and Prevention – CDC) က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြ လုပ္ေဆာင္ေနတဲ့ ကာကြယ္ေဆး ေလးမ်ိဳးရွိေၾကာင္းလည္း သိရပါတယ္။ ၎တို႔အနက္မွ အနည္းဆုံး သုံးမ်ိဳးကို မရွိမျဖစ္ လိုအပ္တဲ ဝန္ထမ္းေတြမွာ အေရးေပၚသုံးအျဖစ္ ဇူလိုင္လမွစၿပီး ထိုးႏွံေပးခဲ့တယ္လို႔ ဆိုပါတယ္။

COVID-19 ကာကြယ္ေဆးကို တတိယအဆင့္ (Phase 3) လူေတြမွာ စမ္းသပ္မႈေတြ အဆင္ေျပေျပျဖင့္ ဆက္လက္ လုပ္ေဆာင္ေနခဲ့ေၾကာင္းနဲ႔ ႏိုဝင္ဘာလ သို႔မဟုတ္ ဒီဇင္ဘာလမွ အမ်ားျပည္သူသုံးအျဖစ္ ထိုးႏွံႏိုင္ရန္ အသင့္ျဖစ္ႏိုင္မယ္လို႔ တ႐ုတ္ CDC အႀကီးအကဲ ဇီဝေဘးကင္းလုံၿခဳံေရး ကြၽမ္းက်င္သူ Guizhn Wu က စက္တင္ဘာ ၁၄ ရက္ေန႔မွာ အစိုးရ ႐ုပ္ျမင္သံၾကားသတင္းဌာနဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ေျပာခဲ့ပါတယ္။

ကာကြယ္ေဆးစမ္းသပ္မႈမွာ သူမကိုယ္တိုင္ ၿပီးခဲတဲ့ ဧၿပီလအတြင္း ပါဝင္စမ္းသပ္ခံခဲ့ျခင္းျဖစ္ၿပီး လတ္တေလာ လပိုင္းအတြင္း ပုံမွန္မဟုတ္တဲ့ လကၡဏာမ်ား မေတြ႕ႀကဳံခဲ့ရဘူးလို႔ Guizhn Wu က ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံပိုင္ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္တဲ့ China National Pharmaceutical Group (Sinopharm) နဲ႔ အေမရိကန္မွာ မွတ္ပုံတင္ထားတဲ့ Sinovac Biotech ကုမၸဏီတို႔က အစိုးရရဲ႕ အေရးေပၚသုံးအစီအစဥ္ေအာက္မွာ COVID-19 ကာကြယ္ေဆးသုံးမ်ိဳးကို ထုတ္လုပ္ေနေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။

တ႐ုတ္ရဲ႕ စတုတၱေျမာက္ ကာကြယ္ေဆးကိုေတာ့ CanSino Biologics ကုမၸဏီက ထုတ္လုပ္ခဲ့ၿပီး အသုံးျပဳရန္ တ႐ုတ္စစ္တပ္က ဇြန္လအတြင္း ခြင့္ျပဳေပးခဲ့ပါတယ္။ ၎တို႔ရဲ႕ COVID-19 ကာကြယ္ေဆးကို Phase 3 စမ္းသပ္မႈမ်ား ၿပီးဆုံးေအာင္ျမင္ၿပီးေနာက္ ယခုႏွစ္ကုန္မွာ အမ်ားျပည္သူအတြက္ အသုံးျပဳႏိုင္ရန္ အဆင့္သင့္ျဖစ္မယ္လို႔ တ႐ုတ္အစိုးရပိုင္ Sinopharm ကုမၸဏီက ဇူလိုင္လအတြင္း ေျပာထားခဲ့ပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment