မန္တလေးမှ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

Unicodeဖြင့်ဖတ်ရန်

အနံ့ပျောက်လို့ ဆေးခန်းသွားပြရာက ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မန္တလေးက ကျောက်မြေရတနာရောင်းဝယ်ရေးစခန်းတစ်ခုမှာ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ်နှစ်ဦး တွေ့ရှိခဲ့တဲ့အနက် တစ်ဦးက ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်နေမှာနေထိုင်တဲ့အသက် ၃၀အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပိုးတွေ့လူနာအမျိုးသားဟာ မဟောအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပြီး အနံပျောက်လို့ ဆေးရုံသွားပြရာကနေ ရောဂါပိုးစစ်ဆေးတွေရှိခဲ့တာလို့ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ခရီးသွားရာဇဝင်တော့မရှိဘူး ပိုးတွေ့လူနာနဲ့တော့ထိတွေ့မှုရှိခဲ့တယ်လို့သိရတယ်။ အနံ့ပျောက်လို့ဆိုပြီးဆေးရုံသွားပြတယ်။ ဆေးရုံကစောင့်ကြည့်လူနာ အဖြစ်နဲ့ဓာတ်ခွဲစစ်ဆေးတာ ဒီမနက်ပိုးတွေ့တယ်လို့ထုတ်ပြန်ချက်ထဲမှာပါလာတာပါ။ အခုကတော့ သူ့မိသားစုအပါအဝင် ၆ ဦးကို ဇီးပင်ကြီးပို့ထားပြီးပါပြီ” လို့ ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ လူနာမှာပိုးတွေ့ခဲ့တဲ့ပြီးနောက် ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတွေ၊ မြို့နေလူထုတွေအကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်တဲ့ ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေအချို့မှာလည်း ဒီနေ့ နေ့လယ်မှာ ကိုယ့်သဘောဆန္ဒအရ ကွာရန်တင်းဝင်နေကြပြီလို့လည်းသိရပါတယ်။

“ကျောက်ဝိုင်းကတော့ပိတ်ထားတာပါ။ အခုပိုးတွေ့လူနာက မြင်းခြံဘက်ကအဆက်လို့လည်းသိရတယ်၊ ကျောက်ဝိုင်းပိတ်ထားပေမယ့် ဝိုင်းအနီးအနားမှာ အစုအဖွဲ့အလိုက်အရောင်းအဝယ်လုပ်နေကြတာပါ။ ဒီနေ့ဇီးပင်ကြီးမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် Q သွားဝင်တဲ့သူတွေ လေးငါးခြောက်ယောက်လောက်ရှိတယ်၊ အဲဒီထဲက Positive ထပ်တွေ့ရင်တော့ နောက်ထပ်ထွက်လာမှာတွေက နည်းမှာမဟုတ်ဘူး” လို့ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ဝိုင်းနဲ့အနီးအနားဝန်းကျင်တွေကို ပိုးသတ်ဆေးဖြန်းတာတွေလုပ်ထားပြီး ပိုးတွေ့လူနာကျောက်သမားနဲ့ထိတွေ့မိသူတွေကိုလည်း အမြန်ဆုံး ကွာရန်တင်း ဝင်ပေးကြဖို့ ကျောက်ဝိုင်းတာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်း ထုတ်ပြန်တဲ့စာရင်းတွေအရ မန္တလေးတိုင်းဒေသကြီးမှာ အတည်ပြုလူ နာ ၁၀၀ နီးပါးအထိရှိနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ ၃၂၉၉ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

မႏၲေလးမွ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူတစ္ဦးမွာ ကိုဗစ္ပိုးေတြ႕

 

အနံ႔ေပ်ာက္လို႔ ေဆးခန္းသြားျပရာက ကိုဗစ္ပိုးစစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မႏၲေလးက ေက်ာက္ေျမရတနာေရာင္းဝယ္ေရးစခန္းတစ္ခုမွာ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူတစ္ဦးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ စက္တင္ဘာ ၁၅ ရက္ မနက္ပိုင္းထုတ္ျပန္ခ်က္အရ မႏၲေလးၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳ လူနာသစ္ႏွစ္ဦး ေတြ႕ရွိခဲ့တဲ့အနက္ တစ္ဦးက ခ်မ္းေအးသာစံၿမိဳ႕နယ္ ကန္ေကာက္ရပ္ကြက္ေနမွာေနထိုင္တဲ့အသက္ ၃၀အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါ ပိုးေတြ႕လူနာအမ်ိဳးသားဟာ မေဟာေအာင္ေျမေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္းမွာ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူတစ္ဦးျဖစ္တယ္လို႔ သိရၿပီး အနံေပ်ာက္လို႔ ေဆး႐ုံသြားျပရာကေန ေရာဂါပိုးစစ္ေဆးေတြရွိခဲ့တာလို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ခရီးသြားရာဇဝင္ေတာ့မရွိဘူး ပိုးေတြ႕လူနာနဲ႔ေတာ့ထိေတြ႕မႈရွိခဲ့တယ္လို႔သိရတယ္။ အနံ႔ေပ်ာက္လို႔ဆိုၿပီးေဆး႐ုံသြားျပတယ္။ ေဆး႐ုံကေစာင့္ၾကည့္လူနာ အျဖစ္နဲ႔ဓာတ္ခြဲစစ္ေဆးတာ ဒီမနက္ပိုးေတြ႕တယ္လို႔ထုတ္ျပန္ခ်က္ထဲမွာပါလာတာပါ။ အခုကေတာ့ သူ႔မိသားစုအပါအဝင္ ၆ ဦးကို ဇီးပင္ႀကီးပို႔ထားၿပီးပါၿပီ” လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

အဆိုပါ လူနာမွာပိုးေတြ႕ခဲ့တဲ့ၿပီးေနာက္ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူေတြ၊ ၿမိဳ႕ေနလူထုေတြအၾကား စိုးရိမ္မႈေတြ ျမင့္တက္ခဲ့ၿပီး ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ဆက္စပ္တဲ့ ေက်ာက္လုပ္ငန္းလုပ္ကိုင္သူေတြအခ်ိဳ႕မွာလည္း ဒီေန႔ ေန႔လယ္မွာ ကိုယ့္သေဘာဆႏၵအရ ကြာရန္တင္းဝင္ေနၾကၿပီလို႔လည္းသိရပါတယ္။

“ေက်ာက္ဝိုင္းကေတာ့ပိတ္ထားတာပါ။ အခုပိုးေတြ႕လူနာက ျမင္းၿခံဘက္ကအဆက္လို႔လည္းသိရတယ္၊ ေက်ာက္ဝိုင္းပိတ္ထားေပမယ့္ ဝိုင္းအနီးအနားမွာ အစုအဖြဲ႕အလိုက္အေရာင္းအဝယ္လုပ္ေနၾကတာပါ။ ဒီေန႔ဇီးပင္ႀကီးမွာ ကိုယ့္အသိစိတ္နဲ႔ကိုယ္ Q သြားဝင္တဲ့သူေတြ ေလးငါးေျခာက္ေယာက္ေလာက္ရွိတယ္၊ အဲဒီထဲက Positive ထပ္ေတြ႕ရင္ေတာ့ ေနာက္ထပ္ထြက္လာမွာေတြက နည္းမွာမဟုတ္ဘူး” လို႔ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူတစ္ဦးကေျပာပါတယ္။

လက္ရွိမွာေတာ့ ေက်ာက္ဝိုင္းနဲ႔အနီးအနားဝန္းက်င္ေတြကို ပိုးသတ္ေဆးျဖန္းတာေတြလုပ္ထားၿပီး ပိုးေတြ႕လူနာေက်ာက္သမားနဲ႔ထိေတြ႕မိသူေတြကိုလည္း အျမန္ဆုံး ကြာရန္တင္း ဝင္ေပးၾကဖို႔ ေက်ာက္ဝိုင္းတာဝန္ရွိသူေတြက တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ စက္တင္ဘာ ၁၅ ရက္ မြန္းလြဲပိုင္း ထုတ္ျပန္တဲ့စာရင္းေတြအရ မႏၲေလးတိုင္းေဒသႀကီးမွာ အတည္ျပဳလူ နာ ၁၀၀ နီးပါးအထိရွိေနၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ေတာ့ ၃၂၉၉ ဦးရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment