ပေါ့စတစ် လူနာလို့ ပြောလိုက်တာနဲ့ နှာခေါင်းရှုံ့ချင်နေကြ တဲ့သူတွေ အတွက်

Unicodeဖြင့်ဖတ်ရန်

 

လူနာအမှတ် ၁၀၂၈နဲ့ ထိတွေ့မိလို့ အဖေရယ် အ ကိုရယ် ကျွန်တော်ရယ် ဆိုင်က ကောင်လေး တစ် ယောက်ရယ် ကျန်းမာရေး ဌာနကို အကြောင်း ကြားပြီး Q ဝင်ခဲ့ပါတယ်။ Q ဝင်သူ ၄ ယောက်မှာကျွန်တော် တစ်ယောက်သာ positive ဖြစ်ခဲ့လို့ဖောင်ကြီး ရောက်ခဲ့ပါတယ်။

လူတော်တော် များများထင်သလို positive လူနာတိုင်းကို ဆေးရုံမှာ ထားသလိုမျို ပလက်ကြီးလှန် ဆေးတွေသွင်း ဆေးတွေချိတ် သွေးတွေ ဖောက် လုပ်နေတာ မဟုတ်ပါဘူး။ ရောဂါအခံရှိလို့ ကျန်း မာရေးမကောင် တဲ့သူတွေကိုသာ အဲ့လိုလုပ်ပေးတာ ဖြစ်ပါတယ်။ အခု ဖောင်ကြီးမှာ

လိုအပ်တာ မရှိရလေအောင်ကို ထားထားပေးပါတယ်။ အိမ်သာ ရေချိုးခန်းက စ သန့်ပြီးအစား သောက်လဲ ပုံမှန်ကျွေး ပါတယ်။ စစရောက်တဲ့ နေ့က ဓာတ်ဆား တိုက်ပါတယ် ဒါကလဲ ဝမ်းပြ ဿနာ ဖြစ်မှ သောက်ရတာပါ နောက်တနေ့ တော့ Cevit မနက်နှစ်လုံး သောက်ရပါတယ်။

နေ့တိုင်း ဆီးချို သွေးချိုရှိတဲ့ သူတွေကို လက် ထိပ်လေး ကိုဖောက်ပြီး စစ်ပေးပါတယ်။ ပုံမှန် လူတွေကိုတော့ အဖျားတိုင်း သွေးပေါင်ချိန်တာ လောက်ပဲ လုပ်တာပါ။ ဆေးဆိုရင်လဲ လိုအပ်တဲ့သူ မှပဲ တိုက်ပါတယ်။ အချို့ကတော့ ဒီရောဂါဖြစ်ရင် ရှက်ကြတယ်။

ကြောက်ကြတယ် ဒါဟာ လူဆိုးလူမိုက် မဟုတ် အပြစ်သား မဟုတ်တဲ့အတွက်ကို ဘာမှကြောက်စရာ မဟုတ်ပါဘူး။ Q ဝင်မယ့်နေ့ ကတော့ အကိုက ဆေးရုံကားနဲ့ လာခေါ်ရင် ပုံမရိုက်ဖို့ ရပ်ကွက်လူကြီးကို တားခိုင်းပါ သေးတယ်။ ကျွန်တော်ဆို ဘာလက္ခဏာ မှမပြ သာမန် လူကောင်းကို

အခန်းထဲ ထည့်ပြီး အိပ်ခိုင်း စားခိုင်း နေသလိုပါပဲ ကျွန်တော်တင် မဟုတ်ဘူး ကျွန်တော် နေတဲ့အ ဆောင်မှာ ရှိတဲ့လူတိုင်းနီးပါး ပုံမှန် လူတယောက် အတိုင်းပါပဲ။ ဒီရောဂါကလဲ ၁၄ ရက်ကြာရင်အ ခြားသူကို မကူးစက်နိုင် တော့ပါဘူး။ ဆေးစစ်တဲ့နေ့ကမှစ၂ ပတ်နေရင် ကိုယ်က

ကျန်းမာနေရင် အိမ်ပြန်လို့ ရပါပြီ။ ဒါဟာ ဆရာ ဝန်ကြီးကို ကိုယ်တိုင် မေးထားတာ ဖြစ်ပါတယ်။ရောဂါအခံ ရှိမှသာ သေဆုံးတဲ့အထိ ဖြစ်စေနိုင်တာပါ။ ရောဂါအခံရှိရင်လဲ ကိုယ်ခံအား ကောင်းအောင် စားထားရင် ဒီ၁၄ရက်ကို အဆင်ပြေပြေ နဲ့ကျော်လွှား နိုင်မှာဖြစ်ပါတယ်။

ကိုယ်က ကျန်းမာရေး ကောင်းလို့ အိမ်ကို ပြန်ရင်တော့ ပတ်ဝန်းကျင်က ဘာပြောပြော အဖက်ကို မလုပ်ပါနဲ့ (Edit: :WiFi free) နော်။ ရောဂါဖြစ် ခဲ့ရင် ကြောက်ဖို့ မလိုအောင် ပြောပေးတာနော်။ မဖြစ်ခင်လဲ ကြောက်ဖို့ မလိုဘူးဆိုပြီး အရမ်းပေါ့ဆ မနေကြပါနဲ့အုံး

Source: Arkarsoelwin

 

Zawgyiျဖင့္ဖတ္ရန္

 

ေပါ့စတစ္ လူနာလို႔ ေျပာလိုက္တာနဲ႔ ႏွာေခါင္းရႈံ႕ခ်င္ေနၾက တဲ့သူေတြ အတြက္

 

လူနာအမွတ္ ၁၀၂၈နဲ႔ ထိေတြ႕မိလို႔ အေဖရယ္ အ ကိုရယ္ ကြၽန္ေတာ္ရယ္ ဆိုင္က ေကာင္ေလး တစ္ ေယာက္ရယ္ က်န္းမာေရး ဌာနကို အေၾကာင္း ၾကားၿပီး Q ဝင္ခဲ့ပါတယ္။ Q ဝင္သူ ၄ ေယာက္မွာကြၽန္ေတာ္ တစ္ေယာက္သာ positive ျဖစ္ခဲ့လို႔ေဖာင္ႀကီး ေရာက္ခဲ့ပါတယ္။

လူေတာ္ေတာ္ မ်ားမ်ားထင္သလို positive လူနာတိုင္းကို ေဆး႐ုံမွာ ထားသလိုမ်ိဳ ပလက္ႀကီးလွန္ ေဆးေတြသြင္း ေဆးေတြခ်ိတ္ ေသြးေတြ ေဖာက္ လုပ္ေနတာ မဟုတ္ပါဘူး။ ေရာဂါအခံရွိလို႔ က်န္း မာေရးမေကာင္ တဲ့သူေတြကိုသာ အဲ့လိုလုပ္ေပးတာ ျဖစ္ပါတယ္။ အခု ေဖာင္ႀကီးမွာ

လိုအပ္တာ မရွိရေလေအာင္ကို ထားထားေပးပါတယ္။ အိမ္သာ ေရခ်ိဳးခန္းက စ သန႔္ၿပီးအစား ေသာက္လဲ ပုံမွန္ေကြၽး ပါတယ္။ စစေရာက္တဲ့ ေန႔က ဓာတ္ဆား တိုက္ပါတယ္ ဒါကလဲ ဝမ္းျပ ႆနာ ျဖစ္မွ ေသာက္ရတာပါ ေနာက္တေန႔ ေတာ့ Cevit မနက္ႏွစ္လုံး ေသာက္ရပါတယ္။

ေန႔တိုင္း ဆီးခ်ိဳ ေသြးခ်ိဳရွိတဲ့ သူေတြကို လက္ ထိပ္ေလး ကိုေဖာက္ၿပီး စစ္ေပးပါတယ္။ ပုံမွန္ လူေတြကိုေတာ့ အဖ်ားတိုင္း ေသြးေပါင္ခ်ိန္တာ ေလာက္ပဲ လုပ္တာပါ။ ေဆးဆိုရင္လဲ လိုအပ္တဲ့သူ မွပဲ တိုက္ပါတယ္။ အခ်ိဳ႕ကေတာ့ ဒီေရာဂါျဖစ္ရင္ ရွက္ၾကတယ္။

ေၾကာက္ၾကတယ္ ဒါဟာ လူဆိုးလူမိုက္ မဟုတ္ အျပစ္သား မဟုတ္တဲ့အတြက္ကို ဘာမွေၾကာက္စရာ မဟုတ္ပါဘူး။ Q ဝင္မယ့္ေန႔ ကေတာ့ အကိုက ေဆး႐ုံကားနဲ႔ လာေခၚရင္ ပုံမ႐ိုက္ဖို႔ ရပ္ကြက္လူႀကီးကို တားခိုင္းပါ ေသးတယ္။ ကြၽန္ေတာ္ဆို ဘာလကၡဏာ မွမျပ သာမန္ လူေကာင္းကို

အခန္းထဲ ထည့္ၿပီး အိပ္ခိုင္း စားခိုင္း ေနသလိုပါပဲ ကြၽန္ေတာ္တင္ မဟုတ္ဘူး ကြၽန္ေတာ္ ေနတဲ့အ ေဆာင္မွာ ရွိတဲ့လူတိုင္းနီးပါး ပုံမွန္ လူတေယာက္ အတိုင္းပါပဲ။ ဒီေရာဂါကလဲ ၁၄ ရက္ၾကာရင္အ ျခားသူကို မကူးစက္ႏိုင္ ေတာ့ပါဘူး။ ေဆးစစ္တဲ့ေန႔ကမွစ၂ ပတ္ေနရင္ ကိုယ္က

က်န္းမာေနရင္ အိမ္ျပန္လို႔ ရပါၿပီ။ ဒါဟာ ဆရာ ဝန္ႀကီးကို ကိုယ္တိုင္ ေမးထားတာ ျဖစ္ပါတယ္။ေရာဂါအခံ ရွိမွသာ ေသဆုံးတဲ့အထိ ျဖစ္ေစႏိုင္တာပါ။ ေရာဂါအခံရွိရင္လဲ ကိုယ္ခံအား ေကာင္းေအာင္ စားထားရင္ ဒီ၁၄ရက္ကို အဆင္ေျပေျပ နဲ႔ေက်ာ္လႊား ႏိုင္မွာျဖစ္ပါတယ္။

ကိုယ္က က်န္းမာေရး ေကာင္းလို႔ အိမ္ကို ျပန္ရင္ေတာ့ ပတ္ဝန္းက်င္က ဘာေျပာေျပာ အဖက္ကို မလုပ္ပါနဲ႔ (Edit: :WiFi free) ေနာ္။ ေရာဂါျဖစ္ ခဲ့ရင္ ေၾကာက္ဖို႔ မလိုေအာင္ ေျပာေပးတာေနာ္။ မျဖစ္ခင္လဲ ေၾကာက္ဖို႔ မလိုဘူးဆိုၿပီး အရမ္းေပါ့ဆ မေနၾကပါနဲ႔အုံး

Source: Arkarsoelwin

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment