အနေတည်ပြီး အရမ်းရှက်တတ်လွန်းတဲ့ အောင်သူရဲ့အကျင့်ကို မျှဝေလာတဲ့ ပိုးအိအိခန့်

Unicodeဖြင့်ဖတ်ရန်

 

ပရိသတ်ရဲ့အချစ်တော်နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ မြင်သူတိုင်းအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားသူတွေပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်တော့တဲ့ ပိုးအိအိခန့်ကတော့ သားကိုးလေးကိုထိန်းကျောင်းရင်း လူမှုကွန်ရက်ပေါ်မှာပဲ ပရိသတ်တွေအတွက် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ အနေတည်ပြီးရှက်တတ်လွန်းတဲ့ အောင်သူရဲ့အကျင့်ကို မျှဝေခဲ့ပါတယ်။ “အိမ်ထောင်ကျပြီး သိပ်မကြာ ကျွန်မကို ကိုအောင်သူ့အမေ က ပြောပြဖူးတယ်… ဘောလုံးပွဲကြည့်တိုင်း ဘေးကပရိသတ်တွေက အောင်သူ့ကို မာနကြီးတယ် မတူသလို မတန်သလိုဖြစ်တယ်လို့ ပြောကြလို့… သားကို အမြဲမှာတယ်တဲ့… ဘယ်လိုမှာတာလဲဆိုတော့ “သားရယ် ဘောလုံးကွင်းထဲရောက်ပြီဆိုရင် ခေါင်းလေးမော့ပြီး လက်လေး ပြလိုက်ပါ သားလက်ပြတာ မောင်ဖြူ့ကိုလည်း မဟုတ် မောင်နီ့ကိုလည်းမဟုတ်ပါဘူးသားရယ် အဲ့ဒါလေးတော့ လုပ်ပြလိုက်ပါ ငါ့သားရဲ့” ဘယ်လောက်မှာမှာ ပွဲရောက်လို့ ကြည့်လိုက်ရင် သိပ်ရှာစရာမလိုဘူး ခေါင်းငုံ့နေရင် အောင်သူပဲ တဲ့…. အဲ့ဒါကြောင့် ကျွန်မ ယောကျာ်းကို မတက်ကြွဘူးပြောရင် ကျွန်မ ရယ်လည်း ရယ်ချင်သလို စိတ်လည်းမကောင်းဘူး… လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇက ဘယ်လိုများဖျောက်လို့ရပါ့မလဲရှင်” ဆိုပြီး အောင်သူရဲ့အကျင့်ကို ပြောပြခဲ့တဲ့အပြင်

အောင်သူ ဘယ်လောက်များပြုံးပြုံးရွှင်ရွှင်မနေတတ်သလဲဆိုရင် မင်္ဂလာဆောင်တဲ့နေ့မှာတောင် လူတွေအရမ်းများလွန်းလို့ ရှက်ပြီး မျက်နှာတည်နဲ့မနေတတ်ဖြစ်နေလို့ တချို့လူတွေကတောင် အောင်သူကမပျော်ဘူးလား… မချစ်ဘူးလား မေးကြတဲ့အထိပါပဲတဲ့.. တကယ်တော့ ကျွန်မယောကျ်ားက ကျွန်မကို အရမ်းချစ်ပါတယ်ရှင်.. ဒီစာလေးဖတ်ပြီးယောကျ်ားပျော်ပါစေဆိုတဲ့ စာသားလေးနဲ့အတူ ပိုးအိအိခန့်ကတော့ ကြည်နူးစရာမင်္ဂဆောင်ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

Credit:Rainbow- Cele Gabar

 

Zawgyiျဖင့္ဖတ္ရန္

 

အေနတည္ၿပီး အရမ္းရွက္တတ္လြန္းတဲ့ ေအာင္သူရဲ႕အက်င့္ကို မွ်ေဝလာတဲ့ ပိုးအိအိခန္႔

ပရိသတ္ရဲ႕အခ်စ္ေတာ္ႏိုင္ငံေက်ာ္ေဘာလုံးသမားေအာင္သူနဲ႔ သ႐ုပ္ေဆာင္ပိုးအိအိခန္႔တို႔ ဇနီးေမာင္ႏွံကေတာ့ ျမင္သူတိုင္းအားက်ရေလာက္တဲ့ ေပ်ာ္႐ႊင္စရာမိသားစုေလးကို တည္ေဆာက္ထားသူေတြပါ။ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြဆက္မလုပ္ျဖစ္ေတာ့တဲ့ ပိုးအိအိခန္႔ကေတာ့ သားကိုးေလးကိုထိန္းေက်ာင္းရင္း လူမႈကြန္ရက္ေပၚမွာပဲ ပရိသတ္ေတြအတြက္ တေန႔တာအေၾကာင္းအရာေလးေတြ မွ်ေဝေပးေလ့ရွိပါတယ္။

ဒီေန႔မွာေတာ့ အေနတည္ၿပီးရွက္တတ္လြန္းတဲ့ ေအာင္သူရဲ႕အက်င့္ကို မွ်ေဝခဲ့ပါတယ္။ “အိမ္ေထာင္က်ၿပီး သိပ္မၾကာ ကြၽန္မကို ကိုေအာင္သူ႔အေမ က ေျပာျပဖူးတယ္… ေဘာလုံးပြဲၾကည့္တိုင္း ေဘးကပရိသတ္ေတြက ေအာင္သူ႔ကို မာနႀကီးတယ္ မတူသလို မတန္သလိုျဖစ္တယ္လို႔ ေျပာၾကလို႔… သားကို အၿမဲမွာတယ္တဲ့… ဘယ္လိုမွာတာလဲဆိုေတာ့ “သားရယ္ ေဘာလုံးကြင္းထဲေရာက္ၿပီဆိုရင္ ေခါင္းေလးေမာ့ၿပီး လက္ေလး ျပလိုက္ပါ သားလက္ျပတာ ေမာင္ျဖဴ႕ကိုလည္း မဟုတ္ ေမာင္နီ႔ကိုလည္းမဟုတ္ပါဘူးသားရယ္ အဲ့ဒါေလးေတာ့ လုပ္ျပလိုက္ပါ ငါ့သားရဲ႕” ဘယ္ေလာက္မွာမွာ ပြဲေရာက္လို႔ ၾကည့္လိုက္ရင္ သိပ္ရွာစရာမလိုဘူး ေခါင္းငုံ႔ေနရင္ ေအာင္သူပဲ တဲ့…. အဲ့ဒါေၾကာင့္ ကြၽန္မ ေယာက်ာ္းကို မတက္ႂကြဘူးေျပာရင္ ကြၽန္မ ရယ္လည္း ရယ္ခ်င္သလို စိတ္လည္းမေကာင္းဘူး… လူတစ္ေယာက္ရဲ႕ အက်င့္နဲ႔ဗီဇက ဘယ္လိုမ်ားေဖ်ာက္လို႔ရပါ့မလဲရွင္” ဆိုၿပီး ေအာင္သူရဲ႕အက်င့္ကို ေျပာျပခဲ့တဲ့အျပင္

ေအာင္သူ ဘယ္ေလာက္မ်ားၿပဳံးၿပဳံး႐ႊင္႐ႊင္မေနတတ္သလဲဆိုရင္ မဂၤလာေဆာင္တဲ့ေန႔မွာေတာင္ လူေတြအရမ္းမ်ားလြန္းလို႔ ရွက္ၿပီး မ်က္ႏွာတည္နဲ႔မေနတတ္ျဖစ္ေနလို႔ တခ်ိဳ႕လူေတြကေတာင္ ေအာင္သူကမေပ်ာ္ဘူးလား… မခ်စ္ဘူးလား ေမးၾကတဲ့အထိပါပဲတဲ့.. တကယ္ေတာ့ ကြၽန္မေယာက်္ားက ကြၽန္မကို အရမ္းခ်စ္ပါတယ္ရွင္.. ဒီစာေလးဖတ္ၿပီးေယာက်္ားေပ်ာ္ပါေစဆိုတဲ့ စာသားေလးနဲ႔အတူ ပိုးအိအိခန္႔ကေတာ့ ၾကည္ႏူးစရာမဂၤေဆာင္ဗြီဒီယိုေလးကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

Credit:Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment