အထီးကျန်ပြီး ညတိုင်း မျက်ရည်တွေနဲ့ကြိတ်မှိတ်အိပ်ခဲ့ရကြောင်းပြောပြလာတဲ့ ပိုပို

Unicodeဖြင့်ဖတ်ရန်

 

တေးသံရှင်ပိုပိုကတော့ မိဘတွေမရှိတော့ထဲက အဘွားဖြစ်သူနဲ့အတူ ကြီးပြင်းလာရတဲ့သူဆိုတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ ပိုပိုကတော့ အဘွားမရှိကတည်းက အထီးကျန်ခဲ့တာ အခုတော့ အကျင့်ဖြစ်နေခဲ့ပြီ လို့ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ အဘွားဆုံးခဲ့တာ (၉) နှစ်ရှိပြီဖြစ်ပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာတော့ (၁၇) နှစ်ရှိခဲ့ပြီလို့ သိရပါတယ် ။ လတ်တလောမှာတော့ ပိုပိုက သူမရဲ့ ခံစားချက်အချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

လေးဘက်ပိုးလိုပဲ အေးရင် အရိုးထဲက တစ်ခါတစ်ခါထထကိုက်တယ် နေမကောင်းဖြစ်ရင် ခွေးလေးတွေ အီသလို အီတတ်လို့”ဘာဖြစ်လဲ ငါ့မြေး နေမကောင်းဘူးလားလို့” ထမေးမဲ့ အဘွားမရှိလို့ နှာတောင်မစေးချင်ဘူး ညဘက်အိပ်ရင် တစ်ယောက်တည်း အိပ်ရတာကြိုက်တတ်လာခဲ့ပေမဲ့ တစ်ခါတလေ နွေးထွေးမှူ လိုအပ်တယ် စောင် ပဲထထ ခြုံပြီး ခွခေါင်းအုံးကိုပဲ အဖော်အဖြစ် ဆွဲဆွဲ ဖက် အိပ်ရာဘေးက အဖွားပုံလေး ကိုကြည့်ရင်းမျက်ရည်တွေနဲ့ ကြိတ်မှိတ် အိပ်တတ်လာခဲ့ တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

မုန့်ဘိမ်းတောင့် သည်လာရင် ခေါ်ခေါ်စားတတ်တဲ့ အဘွားကို စားကောင်းသောက်ဖွယ်လေးတွေ တွေ့ရင် ကျွေးချင်မိသလို နေ့ခင်း နေ့လည် အိမ်မက်တွေမက်ရင် ကျောင်းအပြန် မျှော်နေတတ်တဲ့ အဘွားကိုလွမ်းတယ် လို့လည်း သူမရဲ့ခံစားချက်တွေကို ပရိသတ်တွေကိုပြောပြလာခဲ့တာပါ ။ အဘွားရေ မြေး တစ်ယောက်တည်း ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေနေတတ်အောင်ကြိုးစားနေပါတယ် တခါတလေတော့လဲ အားတွေ ငယ်ငယ်လာပါတယ်တစ်ယောက်တည်း လောကဓံကို ကြံကြံခံနိုင်အောင် ဆက်ကြိုးစားသွားပါဦးမယ်လို့လည်း အဘွားဖြစ်သူကို တိုင်တည်ပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Po Po

Credit:Rainbow- Cele Gabar

 

Zawgyiျဖင့္ဖတ္ရန္

 

အထီးက်န္ၿပီး ညတိုင္း မ်က္ရည္ေတြနဲ႔ႀကိတ္မွိတ္အိပ္ခဲ့ရေၾကာင္းေျပာျပလာတဲ့ ပိုပို

 

ေတးသံရွင္ပိုပိုကေတာ့ မိဘေတြမရွိေတာ့ထဲက အဘြားျဖစ္သူနဲ႔အတူ ႀကီးျပင္းလာရတဲ့သူဆိုတာကိုေတာ့ ပရိသတ္ေတြသိၿပီးျဖစ္မွာပါ ။ ပိုပိုကေတာ့ အဘြားမရွိကတည္းက အထီးက်န္ခဲ့တာ အခုေတာ့ အက်င့္ျဖစ္ေနခဲ့ၿပီ လို႔ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္ ။ အဘြားဆုံးခဲ့တာ (၉) ႏွစ္ရွိၿပီျဖစ္ၿပီး ဖခင္ျဖစ္သူ ဆုံးပါးသြားခဲ့တာေတာ့ (၁၇) ႏွစ္ရွိခဲ့ၿပီလို႔ သိရပါတယ္ ။ လတ္တေလာမွာေတာ့ ပိုပိုက သူမရဲ႕ ခံစားခ်က္အခ်ိဳ႕ကို ပရိသတ္ေတြကိုမွ်ေဝေပးလာခဲ့ပါတယ္ ။

ေလးဘက္ပိုးလိုပဲ ေအးရင္ အ႐ိုးထဲက တစ္ခါတစ္ခါထထကိုက္တယ္ ေနမေကာင္းျဖစ္ရင္ ေခြးေလးေတြ အီသလို အီတတ္လို႔”ဘာျဖစ္လဲ ငါ့ေျမး ေနမေကာင္းဘူးလားလို႔” ထေမးမဲ့ အဘြားမရွိလို႔ ႏွာေတာင္မေစးခ်င္ဘူး ညဘက္အိပ္ရင္ တစ္ေယာက္တည္း အိပ္ရတာႀကိဳက္တတ္လာခဲ့ေပမဲ့ တစ္ခါတေလ ေႏြးေထြးမႉ လိုအပ္တယ္ ေစာင္ ပဲထထ ၿခဳံၿပီး ခြေခါင္းအုံးကိုပဲ အေဖာ္အျဖစ္ ဆြဲဆြဲ ဖက္ အိပ္ရာေဘးက အဖြားပုံေလး ကိုၾကည့္ရင္းမ်က္ရည္ေတြနဲ႔ ႀကိတ္မွိတ္ အိပ္တတ္လာခဲ့ တယ္လို႔သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္ ။

မုန္႔ဘိမ္းေတာင့္ သည္လာရင္ ေခၚေခၚစားတတ္တဲ့ အဘြားကို စားေကာင္းေသာက္ဖြယ္ေလးေတြ ေတြ႕ရင္ ေကြၽးခ်င္မိသလို ေန႔ခင္း ေန႔လည္ အိမ္မက္ေတြမက္ရင္ ေက်ာင္းအျပန္ ေမွ်ာ္ေနတတ္တဲ့ အဘြားကိုလြမ္းတယ္ လို႔လည္း သူမရဲ႕ခံစားခ်က္ေတြကို ပရိသတ္ေတြကိုေျပာျပလာခဲ့တာပါ ။ အဘြားေရ ေျမး တစ္ေယာက္တည္း ေပ်ာ္သည္ျဖစ္ေစ မေပ်ာ္သည္ျဖစ္ေစေနတတ္ေအာင္ႀကိဳးစားေနပါတယ္ တခါတေလေတာ့လဲ အားေတြ ငယ္ငယ္လာပါတယ္တစ္ေယာက္တည္း ေလာကဓံကို ႀကံႀကံခံႏိုင္ေအာင္ ဆက္ႀကိဳးစားသြားပါဦးမယ္လို႔လည္း အဘြားျဖစ္သူကို တိုင္တည္ၿပီး ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။

Source : Po Po

Credit:Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment