အမေများအဖွဲ့အတွက် စောင်၊ခြင်ထောင်နဲ့ ငွေဆယ်သိန်းလှူဒါန်းပေးခဲ့တဲ့ နေခြည်ဦး

Unicodeဖြင့်ဖတ်ရန်

 

Beauty By Naychi Page လေးကနေတဆင့် Beauty Blogger တစ်ယောက်အဖြစ် စတင်ခဲ့သူချီချီကတော့ အခုဆိုရင် အောင်မြင်တဲ့ငွေကြယ်ပွင့်တစ်ပွင့်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ ချီချီတစ်ယောက် အမေများအဖွဲ့အတွက် လိုအပ်တာလေးတွေ လှူဒါန်းပေးဖြစ်ခဲ့ကြောင်း Beautybynaychi Page လေးကနေ မျှဝေခဲ့ပါတယ်။

အမေများအဖွဲ့၊ အမေများအိမ်ရာအတွက် ချီချီရယ် ၊သူ့ရဲ့မိသားစုဝင်တွေရယ်၊ Beautybynaychi Team ရယ်စုပေါင်းပြီး ကိုဗစ်ကာလအခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ခြင်ထောင်အတူ လိုအပ်တာလေးတွေသုံးနိုင်ဖို့ အလှူငွေဆယ်သိန်းလှူဒါန်းခဲ့ပါတယ်။ အမေများအဖွဲ့အတွက် အလှူလေးကို ကိုယ်တိုင်သွားမလှူနိုင်ခဲ့တဲ့အပေါ်မှာလည်း လူစုလူဝေးရှောင်နေရတဲ့အချိန်မို့ နားလည်ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။

နောက်တစ်ခေါက်တော့ ချစ်ရတဲ့ ချီလီတွေနဲ့အတူ စုပေါင်းပြီး အလှူလာလုပ်ဖို့ ရည်ရွယ်ထားကြောင်းရေးသားမျှဝေခဲ့ပြီး ” မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင်ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနဲ့ အမေများအတွက် ချစ်သမီးနေခြည်ဦး ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ အနုပညာလောကရဲ့အမေများကိုလည်း ကိုယ့်ရဲ့မိခင်အရင်းသဖွယ် အခက်အခဲတွေပြေလည်ဖို့ စဉ်းစားလှူဒါန်းပေးခဲ့တဲ့ ချီချီရဲ့အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – Nay Chi Oo

Credit:Rainbow- Cele Gabar

Zawgyiျဖင့္ဖတ္ရန္

 

အေမမ်ားအဖြဲ႕အတြက္ ေစာင္၊ျခင္ေထာင္နဲ႔ ေငြဆယ္သိန္းလႉဒါန္းေပးခဲ့တဲ့ ေနျခည္ဦး

 

Beauty By Naychi Page ေလးကေနတဆင့္ Beauty Blogger တစ္ေယာက္အျဖစ္ စတင္ခဲ့သူခ်ီခ်ီကေတာ့ အခုဆိုရင္ ေအာင္ျမင္တဲ့ေငြၾကယ္ပြင့္တစ္ပြင့္အေနနဲ႔ အႏုပညာေလာကမွာ ရပ္တည္လာႏိုင္ခဲ့သူတစ္ေယာက္ပါ။ ဒီေန႔မွာေတာ့ ခ်ီခ်ီတစ္ေယာက္ အေမမ်ားအဖြဲ႕အတြက္ လိုအပ္တာေလးေတြ လႉဒါန္းေပးျဖစ္ခဲ့ေၾကာင္း Beautybynaychi Page ေလးကေန မွ်ေဝခဲ့ပါတယ္။

အေမမ်ားအဖြဲ႕၊ အေမမ်ားအိမ္ရာအတြက္ ခ်ီခ်ီရယ္ ၊သူ႔ရဲ႕မိသားစုဝင္ေတြရယ္၊ Beautybynaychi Team ရယ္စုေပါင္းၿပီး ကိုဗစ္ကာလအခက္အခဲေလးေတြ အဆင္ေျပေအာင္ ေစာင္၊ျခင္ေထာင္အတူ လိုအပ္တာေလးေတြသုံးႏိုင္ဖို႔ အလႉေငြဆယ္သိန္းလႉဒါန္းခဲ့ပါတယ္။ အေမမ်ားအဖြဲ႕အတြက္ အလႉေလးကို ကိုယ္တိုင္သြားမလႉႏိုင္ခဲ့တဲ့အေပၚမွာလည္း လူစုလူေဝးေရွာင္ေနရတဲ့အခ်ိန္မို႔ နားလည္ခြင့္လႊတ္ေပးဖို႔လည္း ေတာင္းဆိုခဲ့ပါေသးတယ္။

ေနာက္တစ္ေခါက္ေတာ့ ခ်စ္ရတဲ့ ခ်ီလီေတြနဲ႔အတူ စုေပါင္းၿပီး အလႉလာလုပ္ဖို႔ ရည္႐ြယ္ထားေၾကာင္းေရးသားမွ်ေဝခဲ့ၿပီး ” မိဘဆိုတာ သက္ရွိဘုရားလို႔ သမီးရင္မွာ ခိုေအာင္းေအာင္ဆုံးမေပးခဲ့တဲ့ အေမေဒၚႏြဲ႕ႏြဲ႕စန္းနဲ႔ အေမမ်ားအတြက္ ခ်စ္သမီးေနျခည္ဦး ” ဆိုတဲ့စာသားေလးနဲ႔အတူ သူ႔ရဲ႕အလႉေလးကို ေဖာ္ျပခဲ့ပါတယ္။ အခုလိုခက္ခဲေနတဲ့ကာလႀကီးမွာ အႏုပညာေလာကရဲ႕အေမမ်ားကိုလည္း ကိုယ့္ရဲ႕မိခင္အရင္းသဖြယ္ အခက္အခဲေတြေျပလည္ဖို႔ စဥ္းစားလႉဒါန္းေပးခဲ့တဲ့ ခ်ီခ်ီရဲ႕အလႉေလးကို ပရိသတ္ႀကီးလည္း သာဓုေခၚေပးခဲ့ၾကပါဦးေနာ္။

Source – Nay Chi Oo

Credit:Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment