ဘယ်တော့မှ ဖွင့်မပြောတတ်ကြပေမယ့် အမျိုးသား ၉၀%ကြောက်ကြတဲ့ လျှို့ဝှက်ချက် (၁၀)ခု

Unicodeဖြင့်ဖတ်ရန်

 

အမျိုးသားတွေမှာ လျှို့ဝှက်ထားတဲ့ ကြောက်ရွံ့မှုတွေ ရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါသလား? သူတို့ဟာ သန်မာပြီး ပြတ်သားတတ်ပုံပေါက်ပါတယ်။ “နည်းလမ်းမရှိဘူး” “ဘယ်လိုမှမဖြစ်နိုင်ဘူး”ဆိုတဲ့ စကားလုံးတွေဟာ မိန်းကလေးများစွာ ပြောခဲ့ဖူးလိမ့်မယ့် အရာတွေပါ။သို့သော် ဒါက လူ့အဖွဲ့အစည်းက ချမှတ် လက်ခံထားတဲ့ သမားရိုးကျပုံစံသာ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသားတွေမှာ သူတို့ရဲ့ စိုးရိမ်မှုနှင့် ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောတတ်ကြတဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသား အများစု တကယ် စိုးရိမ်တတ်ကြတဲ့ အရာ (၁၀)ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံ

အမျိုးသမီးတွေဟာ ငယ်စဉ်ကစပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို အချိန်တိုင်း ဘယ်လို ထိန်းသိမ်းထားရမယ်၊ ဘယ်လိုပုံစံလေး ဖြစ်နေရမယ်လို့ သွန်သင်ထားခံရပါတယ်။ ဒါ့ကြောင့် သူတို့ဟာ လေ့ကျင့်ခန်းတွေ၊ diet တွေကို အဆက်မပြတ် လုပ်သင့်တယ်လို့ ထင်ကြပါတယ်။ အမျိုးသားတွေမှာ ဒီပုံစံဖြစ်ရမယ်လို့ သမားရိုးကျ ရိုက်သွင်းထားတာ မရှိပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ ပတ်သတ်ပြီး မစိုးရိမ်ကြတာတော့ မဟုတ်ပါဘူး။ မဂ္ဂဇင်းထဲက အမျိုးသားတွေရဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ပုံစံနှင့် ပတ်သတ်ပြီး မနှိုင်းယှဉ်ကြတဲ့ အမျိုးသား မရှိဘူးလို့ မဆိုလိုပါဘူး။ ဒီလိုမှမဟုတ်ရင် အမျိုးသားတွေဟာ အားကစားခန်းမမှာ ဘာ့ကြောင့် အချိန်အများကြီး ဖြုန်းလိမ့်မလဲ? သူတို့အကြောက်ဆုံးကတော့ တစ်ယောက်ယောက်က သူတို့ကို ဘီယာဗိုက်လို့ အပြောခံရမှာကိုပါ။

၂။ ငွေကြေး

ပိုက်ဆံက အမျိုးသားတွေ စိုးရိမ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ သူတို့ဟာ အနာဂတ်မှာ မိသားစုကို ထောက်ပံ့ရမယ့်သူ၊ အိမ်ထောင်ဦးစီးတွေအဖြစ် ခံယူထားလို့ပါ။ အမျိုးသားတစ်ယောက်ဟာ ချစ်သူမရှိသေးရင်တောင် relationship တစ်ခုမှာ ပိုက်ဆံက အလိုအပ်ဆုံးအရာ ဖြစ်တယ်လို့ သူတို့ထင်ထာကြောင့် ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ငွေရေးကြေးရေး အခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်ကြပါတယ်။

၃။ အရပ်အမောင်း

စံပြအမျိုးသားတစ်ယောက်ရဲ့ အဓိကအင်္ဂါရပ်တစ်ခုက အရပ်ရှည်ခြင်း ဖြစ်တာကြောင့် အရပ်ပုမှာကို အမျိုးသားတွေ စိုးရိမ်ကြပါတယ်။ အမျိုးသမီးတွေက အရပ်အမြင့်နှင့် ပတ်သတ်ပြီး သိပ်ဂရုမစိုက်ဘူးဆိုရင် အရပ်မရှည်တဲ့ အမျိုးသားတွေအတွက် အခွင့်အလမ်းတွေ ရှိပါလိမ့်မယ်။

၄။ တခြားယောကျ်ားတစ်ယောက်က သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပါတယ်

အမျိုးသားတွေရဲ့ မနာလိုမှုက အမျိုးသမီးတွေလို အမြဲတမ်း မသိသာပါဘူး။ သို့သော် ဒါက သူတို့ရဲ့ self-esteem ကို ထိခိုက်ယုံသာ ဖြစ်ပါတယ်၊ သင့်ကောင်လေးကို လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ယောက်နှင့် ပတ်သတ်ပြီး ဟာသအမြင်တစ်ခုနဲ့ ပြောပြတဲ့အခါ စိုးရိမ်တဲ့ လက္ခဏာတွေ သင့်ရှေ့မှာ မပြသပါဘူး။ ဒါပေမယ့် သူ အများကြီး စိုးရိမ်နေတယ်၊ ပြိုင်ဘက် ဖြစ်လာနိုင်သူတစ်ဦးနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်တယ်ဆိုတာ ချစ်သူကောင်မလေးအနေနဲ့ သိသင့်ပါတယ်။ သူ့ရဲ့ ကြောက်စိတ်တွေကို ရှင်းလင်းပစ်ဖို့ သူ့ကို ရိုးရိုးသားသား ပြောပြသင့်ပါတယ်။

၅။ အချစ်ရေးမှာ အတွေ့အကြုံနည်းတာ

အမျိုးသားတိုင်းရဲ့ အိမ်မက်ဆိုးကတော့ အတွေ့အကြုံနည်းတဲ့ အမျိုးသားတစ်ယောက်လို့ အထင်ခံရမှာကိုပါ။ သူတို့မှာ ရှိခဲ့တဲ့ ရည်စားဟောင်း အရေအတွက်နဲ့ ပတ်သတ်ပြီးလိမ်တာ၊ အတွေ့အကြုံရှိတဲ့ ချစ်သူတွေနဲ့ တူဖို့ ကြိုးစားကြပါတယ်။ တကယ့်တော့ သူတို့ဟာ အမျိုးသမီးတွေလို တစ်ခုခုအမှားလုပ်မိမှာကို ကြောက်ကြတာသာ ဖြစ်ပါတယ်။ သင့်အချစ်ရေးနှင့် ပတ်သတ်ပြီး အရာအားလုံးမှာ ရိုးသားမှုနှင့် ထောက်ပံ့မှုတွေက သင့်ကို ပိုပြီး ယုံကြည်မှုခံစားရဖို့ ကူညီပေးပါလိမ့်မယ်။

၆။ အမွှေးအမျှင်

ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်က အမျိုးသားတွေအတွက် အမြဲတမ်းပြဿနာတစ်ခုဖြစ်ပါတယ်။ တစ်ချို့က ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးမှမရှိရင် ယောကျ်ားမပီသဘူးလို့ ငယ်စဉ်ကတည်းက ထင်ခဲ့တာကြောင့်ပါ။ အမျိုးသားတွေအတွက် ထိပ်ပြောင်မှာကိုလည်း ကြောက်သလို ဆံပင်အရမ်းများလွန်းရင်လည်း ဆံပင်တွေ ရှုပ်ပွနေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သူတို့အတွက်တော့ လက်တွဲဖော်ကို ဒီပြဿနာတွေ ဖော်ပြရမှာကို အကြောက်ဆုံးပါပဲ။

၇။ Diet

“ငါ diet လုပ်နေတယ်” ဆိုတာ အမျိုးသမီးတွေဆီကနေ အမျိုးသားတွေ မကြာခဏ ကြားလေ့ရှိတဲ့ စကားလုံးပါ။ ဒါပေမယ့် အမျိုးသားတစ်ယောက်က diet လုပ်နေတယ်လို့ ပြောရင် ထူးဆန်းတယ်လို့ ထင်ကြပါတယ်။ အမျိုးသားတွေဟာ သူတို့စားတဲ့ အစားအစာတွေ၊ သူတို့ခန္ဓာကိုယ်တွေနှင့် ပတ်သတ်ပြီး ဂရုစိုက်ကြပါတယ်။ လူတိုင်းက ကျန်းမာပြီး ပုံသဏ္ဍာန်ကောင်း လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အမျိုးသားတွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖွင့်ပြောတာ နည်းပါတယ်။

၈။ သူတို့ကောင်မလေးနဲ့ အချစ်ရေး

အမျိုးသမီး မဂ္ဂဇင်းတွေမှာ ရေးထားတဲ့ အချစ်ရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အကြံပေးဆောင်းပါးတွေအကြောင်း ဘယ်လောက်များများ ဖတ်ဖူးပြီလဲ? သို့သော် အမျိုးသားတစ်ယောက်က ဒီအကြောင်း စဆွေးနွေးရင် အမျိုးသမီးတွေက ထူးဆန်းတယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေကို အချစ်ရေးနှင့် ပတ်သတ်ပြီး သိပ်စိုးရိမ်ပူပန်မှုမရှိတဲ့ “အသည်းမာသူတွေ၊ ရက်စက်တတ်သူတွေ”လို့ သတ်မှတ်ကြပါတယ်။ သို့သော် အမျိုးသားတွေလည်း အရာရာတိုင်းကို အဆင်ပြေချင်ကြပြီး စိုးရိမ်တတ်ကြပါတယ်။

၉။ ကိုယ့်ကောင်မလေး အရင်က ဘယ်နှစ်ယောက်နဲ့ ကြိုက်ခဲ့သလဲ

ချစ်သူကောင်မလေးက သူတို့နဲ့ မတွေ့ခင်မှာ အမျိုးသားတစ်ယောက်ထက်ပိုပြီး တွဲခဲ့ရင် လက်ရှိကောင်လေးဟာ သူတို့နဲ့ ယှဉ်ပြိုင်လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ကောင်လေးက သင့်ထက် အတွေ့အကြုံနည်းမှာကိုလည်း စိုးရိမ်ကြပါတယ်။ အရေးကြီးဆုံးက ဒီအကြောင်းနှင့် ပတ်သတ်ပြီး ဘာမှမစိုးရိမ်ဖို့၊ အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့ သူ့ကို ရှင်းပြရပါမယ်။

၁၀။ စိတ်ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ပြတာ

ယောကျ်ားလေးပဲ၊ မငိုနဲ့ ! ဆိုတဲ့စကားလုံးဟာ အမျိုးသားတွေ ကလေးဘဝတည်းက အမြဲတမ်း ကြားခဲ့ရတဲ့ စကားလုံးပါ။ သူတို့မိဘတွေက သူတို့ကို သန်မာစေချင်တယ်၊ သူတို့ရဲ့ မိသားစုကို ကာကွယ်စေချင်ကြပါတယ်။ ဒါပေမယ့် ဒါက စိတ်ကူးကောင်းတစ်ခု မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ စိတ်ခံစားမှု အမှန်ကို ဖော်ပြခြင်းရဲ့ အားနည်းချက် ရှာမှာကို ကြောက်ကြပါတယ်။ ဒါ့ကြောင့် စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်မပြတတ်ကြပါဘူး။

Creidt:Lifestyle_Myanmar

 

Zawgyiျဖင့္ဖတ္ရန္

 

ဘယ္ေတာ့မွ ဖြင့္မေျပာတတ္ၾကေပမယ္႔ အမ်ိဳးသား ၉၀%ေၾကာက္ၾကတဲ့ လွ်ိဳ႕ဝွက္ခ်က္ (၁၀)ခု

 

အမ်ိဳးသားေတြမွာ လွ်ိဳ႕ဝွက္ထားတဲ့ ေၾကာက္႐ြံ႕မႈေတြ ရွိႏိုင္တယ္ဆိုတာ ျဖစ္ႏိုင္ပါသလား? သူတို႔ဟာ သန္မာၿပီး ျပတ္သားတတ္ပုံေပါက္ပါတယ္။ “နည္းလမ္းမရွိဘူး” “ဘယ္လိုမွမျဖစ္ႏိုင္ဘူး”ဆိုတဲ့ စကားလုံးေတြဟာ မိန္းကေလးမ်ားစြာ ေျပာခဲ့ဖူးလိမ့္မယ့္ အရာေတြပါ။သို႔ေသာ္ ဒါက လူ႔အဖြဲ႕အစည္းက ခ်မွတ္ လက္ခံထားတဲ့ သမား႐ိုးက်ပုံစံသာ ျဖစ္ပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေတြမွာ သူတို႔ရဲ႕ စိုးရိမ္မႈႏွင့္ ပတ္သတ္ၿပီး ဘယ္သူ႔ကိုမွ ဖြင့္မေျပာတတ္ၾကတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ရွိပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသား အမ်ားစု တကယ္ စိုးရိမ္တတ္ၾကတဲ့ အရာ (၁၀)ခုကို မွ်ေဝေပးလိုက္ပါတယ္။

၁။ သူတို႔ရဲ႕ ခႏၶာကိုယ္ပုံစံ

အမ်ိဳးသမီးေတြဟာ ငယ္စဥ္ကစၿပီး သူတို႔ရဲ႕ ခႏၶာကိုယ္ကို အခ်ိန္တိုင္း ဘယ္လို ထိန္းသိမ္းထားရမယ္၊ ဘယ္လိုပုံစံေလး ျဖစ္ေနရမယ္လို႔ သြန္သင္ထားခံရပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာ ေလ့က်င့္ခန္းေတြ၊ diet ေတြကို အဆက္မျပတ္ လုပ္သင့္တယ္လို႔ ထင္ၾကပါတယ္။ အမ်ိဳးသားေတြမွာ ဒီပုံစံျဖစ္ရမယ္လို႔ သမား႐ိုးက် ႐ိုက္သြင္းထားတာ မရွိေပမယ့္ သူတို႔ရဲ႕ ခႏၶာကိုယ္ပုံစံနဲ႔ ပတ္သတ္ၿပီး မစိုးရိမ္ၾကတာေတာ့ မဟုတ္ပါဘူး။ မဂၢဇင္းထဲက အမ်ိဳးသားေတြရဲ႕ ေတာင့္ေတာင့္တင္းတင္း ခႏၶာကိုယ္ပုံစံႏွင့္ ပတ္သတ္ၿပီး မႏႈိင္းယွဥ္ၾကတဲ့ အမ်ိဳးသား မရွိဘူးလို႔ မဆိုလိုပါဘူး။ ဒီလိုမွမဟုတ္ရင္ အမ်ိဳးသားေတြဟာ အားကစားခန္းမမွာ ဘာ့ေၾကာင့္ အခ်ိန္အမ်ားႀကီး ျဖဳန္းလိမ့္မလဲ? သူတို႔အေၾကာက္ဆုံးကေတာ့ တစ္ေယာက္ေယာက္က သူတို႔ကို ဘီယာဗိုက္လို႔ အေျပာခံရမွာကိုပါ။

၂။ ေငြေၾကး

ပိုက္ဆံက အမ်ိဳးသားေတြ စိုးရိမ္ၾကတဲ့ အရာေတြထဲက တစ္ခုပါ။ သူတို႔ဟာ အနာဂတ္မွာ မိသားစုကို ေထာက္ပံ့ရမယ့္သူ၊ အိမ္ေထာင္ဦးစီးေတြအျဖစ္ ခံယူထားလို႔ပါ။ အမ်ိဳးသားတစ္ေယာက္ဟာ ခ်စ္သူမရွိေသးရင္ေတာင္ relationship တစ္ခုမွာ ပိုက္ဆံက အလိုအပ္ဆုံးအရာ ျဖစ္တယ္လို႔ သူတို႔ထင္ထာေၾကာင့္ ဘာပဲျဖစ္ျဖစ္ သူတို႔ရဲ႕ ေငြေရးေၾကးေရး အေျခအေနနဲ႔ ပတ္သတ္ၿပီး စိုးရိမ္ၾကပါတယ္။

၃။ အရပ္အေမာင္း

စံျပအမ်ိဳးသားတစ္ေယာက္ရဲ႕ အဓိကအဂၤါရပ္တစ္ခုက အရပ္ရွည္ျခင္း ျဖစ္တာေၾကာင့္ အရပ္ပုမွာကို အမ်ိဳးသားေတြ စိုးရိမ္ၾကပါတယ္။ အမ်ိဳးသမီးေတြက အရပ္အျမင့္ႏွင့္ ပတ္သတ္ၿပီး သိပ္ဂ႐ုမစိုက္ဘူးဆိုရင္ အရပ္မရွည္တဲ့ အမ်ိဳးသားေတြအတြက္ အခြင့္အလမ္းေတြ ရွိပါလိမ့္မယ္။

၄။ တျခားေယာက်္ားတစ္ေယာက္က သူတို႔အတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ႏိုင္ပါတယ္

အမ်ိဳးသားေတြရဲ႕ မနာလိုမႈက အမ်ိဳးသမီးေတြလို အၿမဲတမ္း မသိသာပါဘူး။ သို႔ေသာ္ ဒါက သူတို႔ရဲ႕ self-esteem ကို ထိခိုက္ယုံသာ ျဖစ္ပါတယ္၊ သင့္ေကာင္ေလးကို လုပ္ေဖာ္ကိုင္ဖက္ အမ်ိဳးသားတစ္ေယာက္ႏွင့္ ပတ္သတ္ၿပီး ဟာသအျမင္တစ္ခုနဲ႔ ေျပာျပတဲ့အခါ စိုးရိမ္တဲ့ လကၡဏာေတြ သင့္ေရွ႕မွာ မျပသပါဘူး။ ဒါေပမယ့္ သူ အမ်ားႀကီး စိုးရိမ္ေနတယ္၊ ၿပိဳင္ဘက္ ျဖစ္လာႏိုင္သူတစ္ဦးနဲ႔ သူ႔ကိုယ္သူ ႏႈိင္းယွဥ္တယ္ဆိုတာ ခ်စ္သူေကာင္မေလးအေနနဲ႔ သိသင့္ပါတယ္။ သူ႔ရဲ႕ ေၾကာက္စိတ္ေတြကို ရွင္းလင္းပစ္ဖို႔ သူ႔ကို ႐ိုး႐ိုးသားသား ေျပာျပသင့္ပါတယ္။

၅။ အခ်စ္ေရးမွာ အေတြ႕အႀကဳံနည္းတာ

အမ်ိဳးသားတိုင္းရဲ႕ အိမ္မက္ဆိုးကေတာ့ အေတြ႕အႀကဳံနည္းတဲ့ အမ်ိဳးသားတစ္ေယာက္လို႔ အထင္ခံရမွာကိုပါ။ သူတို႔မွာ ရွိခဲ့တဲ့ ရည္စားေဟာင္း အေရအတြက္နဲ႔ ပတ္သတ္ၿပီးလိမ္တာ၊ အေတြ႕အႀကဳံရွိတဲ့ ခ်စ္သူေတြနဲ႔ တူဖို႔ ႀကိဳးစားၾကပါတယ္။ တကယ့္ေတာ့ သူတို႔ဟာ အမ်ိဳးသမီးေတြလို တစ္ခုခုအမွားလုပ္မိမွာကို ေၾကာက္ၾကတာသာ ျဖစ္ပါတယ္။ သင့္အခ်စ္ေရးႏွင့္ ပတ္သတ္ၿပီး အရာအားလုံးမွာ ႐ိုးသားမႈႏွင့္ ေထာက္ပံ့မႈေတြက သင့္ကို ပိုၿပီး ယုံၾကည္မႈခံစားရဖို႔ ကူညီေပးပါလိမ့္မယ္။

၆။ အေမႊးအမွ်င္

ေခါင္းႏွင့္ ခႏၶာကိုယ္ေပၚက အေမႊးအမွ်င္က အမ်ိဳးသားေတြအတြက္ အၿမဲတမ္းျပႆနာတစ္ခုျဖစ္ပါတယ္။ တစ္ခ်ိဳ႕က ပါးသိုင္းေမႊး၊ မုတ္ဆိတ္ေမႊးမွမရွိရင္ ေယာက်္ားမပီသဘူးလို႔ ငယ္စဥ္ကတည္းက ထင္ခဲ့တာေၾကာင့္ပါ။ အမ်ိဳးသားေတြအတြက္ ထိပ္ေျပာင္မွာကိုလည္း ေၾကာက္သလို ဆံပင္အရမ္းမ်ားလြန္းရင္လည္း ဆံပင္ေတြ ရႈပ္ပြေနမလားဆိုၿပီး စိုးရိမ္တတ္ၾကပါတယ္။ သူတို႔အတြက္ေတာ့ လက္တြဲေဖာ္ကို ဒီျပႆနာေတြ ေဖာ္ျပရမွာကို အေၾကာက္ဆုံးပါပဲ။

၇။ Diet

“ငါ diet လုပ္ေနတယ္” ဆိုတာ အမ်ိဳးသမီးေတြဆီကေန အမ်ိဳးသားေတြ မၾကာခဏ ၾကားေလ့ရွိတဲ့ စကားလုံးပါ။ ဒါေပမယ့္ အမ်ိဳးသားတစ္ေယာက္က diet လုပ္ေနတယ္လို႔ ေျပာရင္ ထူးဆန္းတယ္လို႔ ထင္ၾကပါတယ္။ အမ်ိဳးသားေတြဟာ သူတို႔စားတဲ့ အစားအစာေတြ၊ သူတို႔ခႏၶာကိုယ္ေတြႏွင့္ ပတ္သတ္ၿပီး ဂ႐ုစိုက္ၾကပါတယ္။ လူတိုင္းက က်န္းမာၿပီး ပုံသ႑ာန္ေကာင္း လိုခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ အမ်ိဳးသားေတြက ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ဖြင့္ေျပာတာ နည္းပါတယ္။

၈။ သူတို႔ေကာင္မေလးနဲ႔ အခ်စ္ေရး

အမ်ိဳးသမီး မဂၢဇင္းေတြမွာ ေရးထားတဲ့ အခ်စ္ေရးကို ဘယ္လိုထိန္းသိမ္းမလဲဆိုတဲ့ အႀကံေပးေဆာင္းပါးေတြအေၾကာင္း ဘယ္ေလာက္မ်ားမ်ား ဖတ္ဖူးၿပီလဲ? သို႔ေသာ္ အမ်ိဳးသားတစ္ေယာက္က ဒီအေၾကာင္း စေဆြးေႏြးရင္ အမ်ိဳးသမီးေတြက ထူးဆန္းတယ္လို႔ ထင္ၾကပါလိမ့္မယ္။ တကယ္ေတာ့ အမ်ိဳးသားေတြကို အခ်စ္ေရးႏွင့္ ပတ္သတ္ၿပီး သိပ္စိုးရိမ္ပူပန္မႈမရွိတဲ့ “အသည္းမာသူေတြ၊ ရက္စက္တတ္သူေတြ”လို႔ သတ္မွတ္ၾကပါတယ္။ သို႔ေသာ္ အမ်ိဳးသားေတြလည္း အရာရာတိုင္းကို အဆင္ေျပခ်င္ၾကၿပီး စိုးရိမ္တတ္ၾကပါတယ္။

၉။ ကိုယ့္ေကာင္မေလး အရင္က ဘယ္ႏွစ္ေယာက္နဲ႔ ႀကိဳက္ခဲ့သလဲ

ခ်စ္သူေကာင္မေလးက သူတို႔နဲ႔ မေတြ႕ခင္မွာ အမ်ိဳးသားတစ္ေယာက္ထက္ပိုၿပီး တြဲခဲ့ရင္ လက္ရွိေကာင္ေလးဟာ သူတို႔နဲ႔ ယွဥ္ၿပိဳင္လာပါလိမ့္မယ္။ ဒါ့အျပင္ သင့္ေကာင္ေလးက သင့္ထက္ အေတြ႕အႀကဳံနည္းမွာကိုလည္း စိုးရိမ္ၾကပါတယ္။ အေရးႀကီးဆုံးက ဒီအေၾကာင္းႏွင့္ ပတ္သတ္ၿပီး ဘာမွမစိုးရိမ္ဖို႔၊ အတိတ္ကို အတိတ္မွာ ထားခဲ့ဖို႔ သူ႔ကို ရွင္းျပရပါမယ္။

၁၀။ စိတ္ခံစားခ်က္မ်ားကို ပြင့္ပြင့္လင္းလင္း ေဖာ္ျပတာ

ေယာက်္ားေလးပဲ၊ မငိုနဲ႔ ! ဆိုတဲ့စကားလုံးဟာ အမ်ိဳးသားေတြ ကေလးဘဝတည္းက အၿမဲတမ္း ၾကားခဲ့ရတဲ့ စကားလုံးပါ။ သူတို႔မိဘေတြက သူတို႔ကို သန္မာေစခ်င္တယ္၊ သူတို႔ရဲ႕ မိသားစုကို ကာကြယ္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ဒါက စိတ္ကူးေကာင္းတစ္ခု မဟုတ္ဘူးလို႔ ထင္ပါတယ္။ သူတို႔ဟာ သူတို႔ရဲ႕ စိတ္ခံစားမႈ အမွန္ကို ေဖာ္ျပျခင္းရဲ႕ အားနည္းခ်က္ ရွာမွာကို ေၾကာက္ၾကပါတယ္။ ဒါ့ေၾကာင့္ စိတ္ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေဖာ္မျပတတ္ၾကပါဘူး။

Creidt:Lifestyle_Myanmar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment