ကယားပြည်နယ်မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း ၂၀ ရန်ကုန်တွင် လာရောက် ကူညီမည်

Unicodeဖြင့်ဖတ်ရန်

 

ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ သည် ရန်ကုန်မြို့ရှိ ဖောင်ကြီး COVID-19 ကုသရေးဌာနနှင့် ဒဂုံဆိပ်ကမ်း COVID-19 ကုသရေးဌာနတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီရန် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က ထွက်ခွာသွားပြီ ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများကို နေပြည်တော်မှတစ်ဆင့် ဖောင်ကြီး COVID-19 ကုသရေးဌာနနှင့် ဒဂုံဆိပ်ကမ်း COVID-19 ကုသရေးဌာနတို့တွင် ၁၀ ဦးစီ ခွဲ၍ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။

“သူတို့ မသွားချင်လို့ မဟုတ်ဘူး။ သူတို့သွားရမှာကို ကြောက်တာပေါ့။ အခုက အထူးသဖြင့် လူနာ ထောင်ကျော် ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံမှာ ကိုဗစ်ရောဂါသည်တွေ ရှိတဲ့အခါကျတော့ ကျန်းမာရေး ထမ်းဆောင်တဲ့ သူတွေက တော့ ကျန်းမာရေးစစ်မြေပြင်မှာ ဒီပိုးမွှားတွေနဲ့ စစ်တိုက်ဖို့အတွက် သွားတာ တကယ့်တကယ် ပြောရရင်တော့ ၂၀ လုံး ပြည့်အောင်သွားဖို့က သူတို့ကြောက်ကြတာပါ” ဟု မဇ္ဈိမသို့ ပြောသည်

ဒေါက်တာ ဌေးလွင်က ဆက်လက်၍ “ မတော်တဆ ရောဂါကူးနိုင်တယ်။ ကူးသော်ငြားလည်း လူငယ်လူရွယ်တွေမှာတော့ ကိုယ့်ဖာသာကို ပြန်ပြီး စနစ်တကျကုမယ်၊ အားရှိအောင် နေမယ်ဆိုရင် ကူးပေမယ့် ရောဂါဝေဒနာ မပြင်း ထန်ဘူးပေါ့။ အဲဒီလို သူတို့ကို အားပေးပြီး စေလွှတ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများတွင် အမျိုးသမီး ၁၉ ဦးနှင့် အမျိုးသား တစ်ဦး ပါဝင်ပြီး ပြည်နယ် ကျန်းမာရေးဌာန အနေဖြင့် ငွေကြေး အထောက်အပံ့နှင့် စားနပ်ရိက္ခာတချို့တို့ကို ဝိုင်းဝန်း ပံ့ပိုးပေး ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကွင်းဆင်းကူညီပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးကို အကြောင်းကြားလာသည့် အတွက် ပြည်နယ်တွင်းက ဆန္ဒအလျောက် ကွင်းဆင်းဆောင်ရွက်ပေးမည့် စေတနာ့ဝန်များကို ခေါ်ယူပြီး ယခုကဲ့သို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာ ဌေးလွင်က ပြောသည်။

ရန်ကုန်သို့ ကိုယ်တိုင် လိုက်ပါသွားမည့် သူနာပြု ဆရာမကြီး ဒေါ်မေရီက “အဲဒီမှာ တကယ်လိုအပ်နေပြီ၊ တကယ် လိုအပ်နေတယ် ဆိုတဲ့အခါကျတော့ ကျွန်မတို့ရဲ့လုပ်အားကို တိုင်းပြည်အတွက် လှူချင်တဲ့သဘော တစ်ခုထဲ ပါပဲ။ ကျန်တာ ဘာမှ ထူးထူးထွေထွေ ခံစားချက်မရှိပါဘူး” ဟု ပြောသည်။

ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် စီမံခန့်ခွဲမှုပညာရှင်များ ပါဝင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ သုံးဖွဲ့သည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက် တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများနှင့် အသွား အလာ ကန့်သတ်ခြင်း (quarantine) လုပ်ငန်းများတွင် ထပ်မံပံ့ပိုး အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Creidt:Mizzima

 

Zawgyiျဖင့္ဖတ္ရန္

 

ကယားျပည္နယ္မွ က်န္းမာေရး ေစတနာ့ဝန္ထမ္း ၂၀ ရန္ကုန္တြင္ လာေရာက္ ကူညီမည္

 

ကယားျပည္နယ္မွ က်န္းမာေရးဝန္ထမ္း ၂၀ သည္ ရန္ကုန္ၿမိဳ႕ရွိ ေဖာင္ႀကီး COVID-19 ကုသေရးဌာနႏွင့္ ဒဂုံဆိပ္ကမ္း COVID-19 ကုသေရးဌာနတို႔တြင္ ေစတနာ့ဝန္ထမ္းအျဖစ္ သြားေရာက္ ကူညီရန္ စက္တင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၅ နာရီခန႔္က ထြက္ခြာသြားၿပီ ျဖစ္သည္။

က်န္းမာေရးဝန္ထမ္းမ်ားကို ေနျပည္ေတာ္မွတစ္ဆင့္ ေဖာင္ႀကီး COVID-19 ကုသေရးဌာနႏွင့္ ဒဂုံဆိပ္ကမ္း COVID-19 ကုသေရးဌာနတို႔တြင္ ၁၀ ဦးစီ ခြဲ၍ ပို႔ေဆာင္သြားမည္ ျဖစ္ေၾကာင္း ကယားျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာ ေဌးလြင္က ေျပာသည္။

“သူတို႔ မသြားခ်င္လို႔ မဟုတ္ဘူး။ သူတို႔သြားရမွာကို ေၾကာက္တာေပါ့။ အခုက အထူးသျဖင့္ လူနာ ေထာင္ေက်ာ္ ျဖစ္ေနတဲ့ ေဖာင္ႀကီးေဆး႐ုံမွာ ကိုဗစ္ေရာဂါသည္ေတြ ရွိတဲ့အခါက်ေတာ့ က်န္းမာေရး ထမ္းေဆာင္တဲ့ သူေတြက ေတာ့ က်န္းမာေရးစစ္ေျမျပင္မွာ ဒီပိုးမႊားေတြနဲ႔ စစ္တိုက္ဖို႔အတြက္ သြားတာ တကယ့္တကယ္ ေျပာရရင္ေတာ့ ၂၀ လုံး ျပည့္ေအာင္သြားဖို႔က သူတို႔ေၾကာက္ၾကတာပါ” ဟု မဇၩိမသို႔ ေျပာသည္

ေဒါက္တာ ေဌးလြင္က ဆက္လက္၍ “ မေတာ္တဆ ေရာဂါကူးႏိုင္တယ္။ ကူးေသာ္ျငားလည္း လူငယ္လူ႐ြယ္ေတြမွာေတာ့ ကိုယ့္ဖာသာကို ျပန္ၿပီး စနစ္တက်ကုမယ္၊ အားရွိေအာင္ ေနမယ္ဆိုရင္ ကူးေပမယ့္ ေရာဂါေဝဒနာ မျပင္း ထန္ဘူးေပါ့။ အဲဒီလို သူတို႔ကို အားေပးၿပီး ေစလႊတ္ရတာ ျဖစ္ပါတယ္” ဟု ဆိုသည္။

ရန္ကုန္သို႔ သြားေရာက္မည့္ က်န္းမာေရးဝန္ထမ္းမ်ားတြင္ အမ်ိဳးသမီး ၁၉ ဦးႏွင့္ အမ်ိဳးသား တစ္ဦး ပါဝင္ၿပီး ျပည္နယ္ က်န္းမာေရးဌာန အေနျဖင့္ ေငြေၾကး အေထာက္အပံ့ႏွင့္ စားနပ္ရိကၡာတခ်ိဳ႕တို႔ကို ဝိုင္းဝန္း ပံ့ပိုးေပး ေၾကာင္း သိရသည္။

COVID-19 ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္ေနသည့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကြင္းဆင္းကူညီေပးရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီးကို အေၾကာင္းၾကားလာသည့္ အတြက္ ျပည္နယ္တြင္းက ဆႏၵအေလ်ာက္ ကြင္းဆင္းေဆာင္႐ြက္ေပးမည့္ ေစတနာ့ဝန္မ်ားကို ေခၚယူၿပီး ယခုကဲ့သို႔ ပို႔ေဆာင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း ေဒါက္တာ ေဌးလြင္က ေျပာသည္။

ရန္ကုန္သို႔ ကိုယ္တိုင္ လိုက္ပါသြားမည့္ သူနာျပဳ ဆရာမႀကီး ေဒၚေမရီက “အဲဒီမွာ တကယ္လိုအပ္ေနၿပီ၊ တကယ္ လိုအပ္ေနတယ္ ဆိုတဲ့အခါက်ေတာ့ ကြၽန္မတို႔ရဲ႕လုပ္အားကို တိုင္းျပည္အတြက္ လႉခ်င္တဲ့သေဘာ တစ္ခုထဲ ပါပဲ။ က်န္တာ ဘာမွ ထူးထူးေထြေထြ ခံစားခ်က္မရွိပါဘူး” ဟု ေျပာသည္။

ျပည္သူ႔က်န္းမာေရး ပညာရွင္မ်ားႏွင့္ စီမံခန႔္ခြဲမႈပညာရွင္မ်ား ပါဝင္သည့္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ေရး ကြင္းဆင္းအဖြဲ႕ သုံးဖြဲ႕သည္ စက္တင္ဘာ ၁၅ ရက္ေန႔ နံနက္ တြင္ ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးမွ ရန္ကုန္တိုင္းေဒသႀကီးသို႔ သြားေရာက္ကာ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေဆာင္႐ြက္ေနသည့္ ျပည္သူ႔က်န္းမာေရး လုပ္ငန္းမ်ား၊ ကုသေရး လုပ္ငန္းမ်ားႏွင့္ အသြား အလာ ကန႔္သတ္ျခင္း (quarantine) လုပ္ငန္းမ်ားတြင္ ထပ္မံပံ့ပိုး အားျဖည့္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ ၁၄ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

Creidt:Mizzima

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment