Makro ဈေးဝယ်စင်တာက ပိုးတွေ့ဝန်ထမ်းနဲ့ အနီးကပ်ထိတွေ့တဲ့ ဝန်ထမ်း ၁၁ ဦးရှိ

Unicodeဖြင့်ဖတ်ရန်

 

ပိုးတွေ့ဝန်ထမ်းဟာ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒေါပုံမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

Makro ဈေးဝယ်စင်တာက ငွေရှင်းဌာနမှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့ဝန်ထမ်းနဲ့အနီးကပ်ထိတွေ့တဲ့ ဝန်ထမ်း (၁၁) ဦးရှိပြီး သူတို့ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးမှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က Duwun ကိုပြောပါတယ်။

“အခုပိုးတွေ့တဲ့လူနာက ဈေးဝယ်သူတွေနဲ့ အမြဲထိတွေ့တဲ့သူတော့မဟုတ်ဘူး။ ငွေကိုင် In Charge သဘောမျိုးပေါ့။ ညနေပိုင်းဆိုရင် Cashier ဝန်ထမ်း (၁၁) ယောက်က သူ့ဆီမှာ ငွေအပ်ရတယ်။ သူတို့က နီးနီးကပ်ကပ်ထိတွေ့တဲ့သူတွေပေါ့။ အခုလူနာနဲ့ ထိတွေ့တဲ့ ဝန်ထမ်း (၁၁) ယောက်ရဲ့ စစ်ဆေးချက်အဖြေပေါ်မူတည်ပြီးတော့ ကိုဗစ်ကော်မတီက ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဦးရန်အောင်က ဆိုပါတယ်။

ပိုးတွေ့ဝန်ထမ်းဟာ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒေါပုံမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့လောက်က ဖျားနာလို့ မြို့နယ်အတွင်းက Fever Clinic ကတစ်ဆင့် ရန်ကုန်ဆေးရုံ ကြီးကို သွားရောက်ပြသခဲ့တာပါ။ ဆေးရုံမှာစောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူရင်း ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ (၁၃) ရက် ည (၈) နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတော့ Makro ဈေးဝယ်စင်တာ ဧရိယာတစ်ခုလုံး၊ စက်ပစ္စည်းကိရိယာအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့ အညီ ပိုးသတ်ဆေးဖြန်းတာတွေလုပ်သွားမှာဖြစ်ပြီး စင်တာကိုလည်း ယာယီပိတ်ထားဖို့ သက်ဆိုင်ရာ ကိုဗစ်ကော်မတီက ညွန်ကြားထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိ ပိုးတွေ့ဝန်ထမ်းနဲ့ အနီးကပ်အလုပ်လုပ်ခဲ့ကြတဲ့ဝန်ထမ်းတွေကို နေအိမ်ကွာရန်တင်း၊ Facility ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်သွားမယ်လို့လည်း Makro မြန်မာက သတင်းထုတ်ပြန်ထားပါတယ်။

Creidt:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

Makro ေဈးဝယ္စင္တာက ပိုးေတြ႕ဝန္ထမ္းနဲ႔ အနီးကပ္ထိေတြ႕တဲ့ ဝန္ထမ္း ၁၁ ဦးရွိ

 

ပိုးေတြ႕ဝန္ထမ္းဟာ အသက္ (၂၂) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေဒါပုံၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္တယ္လို႔သိရပါတယ္။

Makro ေဈးဝယ္စင္တာက ေငြရွင္းဌာနမွာ အလုပ္လုပ္ကိုင္တဲ့ ဝန္ထမ္းတစ္ဦးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ၿပီး အဆိုပါ ပိုးေတြ႕ဝန္ထမ္းနဲ႔အနီးကပ္ထိေတြ႕တဲ့ ဝန္ထမ္း (၁၁) ဦးရွိၿပီး သူတို႔ကို ဓာတ္ခြဲနမူနာရယူစစ္ေဆးမွာျဖစ္တယ္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္က Duwun ကိုေျပာပါတယ္။

“အခုပိုးေတြ႕တဲ့လူနာက ေဈးဝယ္သူေတြနဲ႔ အၿမဲထိေတြ႕တဲ့သူေတာ့မဟုတ္ဘူး။ ေငြကိုင္ In Charge သေဘာမ်ိဳးေပါ့။ ညေနပိုင္းဆိုရင္ Cashier ဝန္ထမ္း (၁၁) ေယာက္က သူ႔ဆီမွာ ေငြအပ္ရတယ္။ သူတို႔က နီးနီးကပ္ကပ္ထိေတြ႕တဲ့သူေတြေပါ့။ အခုလူနာနဲ႔ ထိေတြ႕တဲ့ ဝန္ထမ္း (၁၁) ေယာက္ရဲ႕ စစ္ေဆးခ်က္အေျဖေပၚမူတည္ၿပီးေတာ့ ကိုဗစ္ေကာ္မတီက ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္” လို႔ ဦးရန္ေအာင္က ဆိုပါတယ္။

ပိုးေတြ႕ဝန္ထမ္းဟာ အသက္ (၂၂) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေဒါပုံၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္တယ္လို႔သိရပါတယ္။

စက္တင္ဘာ ၁၁ ရက္ေန႔ေလာက္က ဖ်ားနာလို႔ ၿမိဳ႕နယ္အတြင္းက Fever Clinic ကတစ္ဆင့္ ရန္ကုန္ေဆး႐ုံ ႀကီးကို သြားေရာက္ျပသခဲ့တာပါ။ ေဆး႐ုံမွာေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈခံယူရင္း ဓာတ္ခြဲစစ္ေဆးရာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ေၾကာင္း စက္တင္ဘာ (၁၃) ရက္ ည (၈) နာရီမွာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိေတာ့ Makro ေဈးဝယ္စင္တာ ဧရိယာတစ္ခုလုံး၊ စက္ပစၥည္းကိရိယာအားလုံးကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ လမ္းၫြန္ခ်က္နဲ႔ အညီ ပိုးသတ္ေဆးျဖန္းတာေတြလုပ္သြားမွာျဖစ္ၿပီး စင္တာကိုလည္း ယာယီပိတ္ထားဖို႔ သက္ဆိုင္ရာ ကိုဗစ္ေကာ္မတီက ၫြန္ၾကားထားၿပီးျဖစ္တယ္လို႔လည္းသိရပါတယ္။

လက္ရွိ ပိုးေတြ႕ဝန္ထမ္းနဲ႔ အနီးကပ္အလုပ္လုပ္ခဲ့ၾကတဲ့ဝန္ထမ္းေတြကို ေနအိမ္ကြာရန္တင္း၊ Facility ကြာရန္တင္းစင္တာေတြမွာ အသြားအလာကန႔္သတ္သြားမယ္လို႔လည္း Makro ျမန္မာက သတင္းထုတ္ျပန္ထားပါတယ္။

Creidt:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment