ခဏတာသာယာမှုအတွက်ဇနီးကောင်းတစ်ယောက်ကို အစား မထိုးလိုက်ပါနဲ့

Zawgyiျဖင့္ဖတ္ရန္

 

သူနဲ႔ကၽြန္ေတာ္ အသက္ ၂၅ ႏွစ္အရြယ္မွာ လက္ထပ္ခဲ့ၾကတယ္။ ၾကင္စဦးတုန္းက ပတ္ဝန္းက်င္ေတာင္ မနာလိုရတဲ့ထိေအာင္ အရမ္းခ်စ္ခဲ့ၾကတာပါပဲ။ အိမ္ေထာင္သက္ (၂) ႏွစ္ၾကာေတာ့ ကၽြန္ေတာ္တို႔ဘဝထဲကို သမီးေလးတစ္ေယာက္ ဝင္ေရာက္လာတယ္။ သမီးေလး မေမြးခင္ကတည္းက သူအလုပ္ထြက္ပစ္လုိက္တယ္။ ေက်ာင္းတက္တဲ့အရြယ္ေရာက္လာျပန္ေတာ့လည္း ကေလးျပဳစုပ်ိဳးေထာင္ဖို႔ အေၾကာင္းျပခ်က္နဲ႔ သူ အလုပ္ မဝင္ျပန္ဘူး။ ကၽြန္ေတာ္ ဘယ္ခ်ိန္ျပန္လာတယ္၊ ဘယ္ခ်ိန္အိမ္မွာရွိေနတယ္ဆိုတာေတာင္ သူစိတ္မဝင္စားဘူး။ ကၽြန္ေတာ္ သူ႕ကိုစိတ္ပ်က္စ ျပဳလာခဲ့တယ္။

ကေလးေမြးၿပီးေတာ့ သူအရင္လို လွလွပပ မေနေတာ့တာကို သတိထားမိတယ္။ အိမ္ေနရင္း တီရွပ္အပြနဲ႔ ခပ္ပြပြ အားကစားေဘာင္းဘီေတြကိုပဲ တြင္တြင္ဝတ္လာေတာ့တယ္။ ကၽြန္ေတာ္အလုပ္က ျပန္လာတုိင္း သူ႕ကိုျမင္ရတာ အေမာမေျပေတာ့ဘူး။ ဒါနဲ႔ အသိတစ္ေယာက္ မိတ္ဆက္ေပးတဲ့ ‘ၾကည္ျပာ’ ဆုိတဲ့ မိန္းကေလးနဲ႔ ဆုံေတြ႕ၾကည့္ျဖစ္တယ္။ ၾကည္ျပာက လွတယ္။ သေဘာေကာင္းတယ္။ ပတ္ဝန္းက်င္ကိုလည္း အေရးမစိုက္တတ္ဘူး။ တစ္နည္းအားျဖင့္ ၾကည္ျပာက ရင္ခုန္စရာ သိပ္ေကာင္းတယ္။ ဒီလိုနဲ႔ ၾကည္ျပာနဲ႔ ကၽြန္ေတာ္တို႔ တြဲျဖစ္ခဲ့ၾကတယ္။

ကြာရွင္းေပးဖို႔ ကၽြန္ေတာ့္ဇနီးကို ကၽြန္ေတာ့္ဘက္ကေနၿပီး စေျပာခဲ့တယ္။ သူ ကၽြန္ေတာ့္ကို အံ့အားသင့္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ေမးတယ္ ‘ကၽြန္မဘာမွားလို႔လဲ’ တဲ့။ အေၾကာင္းျပခ်က္ေတြ ကၽြန္ေတာ္ ေပးမေနေတာ့ဘူး မ်က္ရည္စက္လက္နဲ႔ သူတို႔သားအမိကို စိတ္ျပတ္ျပတ္နဲ႔ပဲ ထားပစ္ခဲ့လိုက္တယ္။ သူနဲ႔ ကြာရွင္းၿပီး ခ်စ္ရတဲ့ ၾကည္ျပာနဲ႔ အိမ္ေထာင္ေရးတစ္ခု စတင္ျဖစ္တယ္။ ၾကည္ျပာက သူနဲ႔တျခားစီပါပဲ။ ေပ်ာ္ေပ်ာ္ေနတယ္။ ဘားသြားတယ္၊ ကလပ္သြားတယ္၊ ေစ်းဝယ္စင္တာေတြမွာ ေရွာ့ပင္ထြက္ေနရတာကို သူႏွစ္သက္တယ္။ ‘အိမ္မွာ ခ်က္စားရင္ အရသာ ဒီေလာက္ေကာင္းမွာမဟုတ္ဘူး ကိုကို ဆုိင္ေကာင္းေကာင္းမွာပဲ ဝယ္စားၾကရေအာင္ပါ’ လို႔ သူအၿမဲေျပာေလ့ရွိတယ္။ ၾကည္ျပာနဲ႔ ကၽြန္ေတာ္ အၿမဲမခြဲ တတြဲတြဲပါပဲ။ အရမ္းလည္း ခ်စ္ခဲ့ၾကတယ္။

လတစ္လကုန္လုိ႔ အသုံးစရိတ္ေတြ ျပန္တြက္ၾကည့္တာ အရင္ဇနီးေဟာင္း လုပ္ေပးခဲ့တဲ့ အက်င့္တစ္ခုပါ။ ကၽြန္ေတာ္နဲ႔ ၾကည္ျပာ သုံးထားတဲ့ တစ္လစာ အသုံးစရိတ္ေတြကို ၾကည့္ၿပီး မ်က္လုံးျပဴးသြားတယ္။ ဘဏ္ အေကာင့္ကလည္း မၾကာခင္ အႏုတ္ျပေတာ့မယ့္ လကၡဏာအေနအထားမွာရွိတယ္။ ေငြေရးေၾကးေရး ေခၽြတာဖို႔ ကၽြန္ေတာ္ ၾကည္ျပာနဲ႔ တုိင္ပင္မွ ရေတာ့မယ္။ ၾကည္ျပာ သူ လက္မခံဘူး။ “ၾကည္ျပာကေတာ့ ဒီထက္ပိုၿပီး အသုံးစရိတ္ကို မေလွ်ာ့ခ်ႏုိင္ပါဘူး ေလွ်ာ့မယ့္ေလွ်ာ့ ကိုကိုပဲ ေလွ်ာ့ပါ။” လို႔ သူေျပာတယ္။ သူလုပ္ၿမဲတိုင္း ဘားသြားတယ္၊ ကလပ္တက္တယ္၊ ေစ်းဝယ္တယ္ ေနာက္ဆုံးေတာ့ ဖဲရုိက္တာပါ အဆစ္ပါလာတယ္။ ေလာင္းကစားေတြပါ ပါလာေတာ့ ကၽြန္ေတာ္ရွာတဲ့ ဝင္ေငြနဲ႔ မေလာက္ေတာ့ဘူး။ သူ႕မွာေရာ ကၽြန္ေတာ့္မွာပါ အေၾကြးေတြနဲ႔ ဝုိင္းလာတယ္။ စိတ္ေတြေလၿပီး အရက္ကို အေဖာ္ျပဳျဖစ္တယ္။ ကၽြန္ေတာ္ လမ္းေပ်ာက္ေနတုန္း ၊ အေၾကြးႏြံထဲမွာ နစ္ေနတုန္း မၾကည္ျပာကေတာ့ ကၽြန္ေတာ့္ကို ဥေပကၡာျပဳၿပီး သူေဌးတစ္ေယာက္ေနာက္ကို ေကာက္ေကာက္ပါေအာင္ လုိက္သြားေလရဲ႕။

ကၽြန္ေတာ္ကေတာ့ သူရႈပ္သြားတဲ့ အေၾကြးေတြကို လုိက္ရွင္းရင္း ေနာက္ဆုံး ကၽြန္ေတာ္ပိုင္တဲ့ တုိက္ခန္းပါ အေပါင္ဆုံးသြားေတာ့တယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ကၽြန္ေတာ္သူ႕ကို သိပ္သတိရတာပဲ။ သူဆိုတာ ကၽြန္ေတာ့္ရဲ႕ ဇနီးေဟာင္းေလ။ သူဆုိရင္ေတာ့ ခက္ခဲရုန္းကန္ေနရတဲ့ အေျခအေနမ်ိဳးမွာ ကၽြန္ေတာ့္ကို ဒီလို ထားပစ္ခဲ့မွာလား။ စိတ္ညစ္ညစ္နဲ႔ အိမ္ေဟာင္းဘက္ကုိ ေျခဦးလွည့္ျဖစ္တယ္။

အိမ္ေရွ႕ကို ကားတစ္စီး ဆုိက္လာတယ္။ သမီးေလး ေက်ာင္းသြားႀကိဳၿပီး ျပန္ခဲ့ပုံပဲ။ ကားေပၚက ဆင္းလာတဲ့ သူဟာ အရင္ကထက္ လွလာလုိက္တာ။ ကၽြန္ေတာ့္ကို ျမင္ေတာ့ ေၾကာင္ၿပီး ၾကည့္ေနေသးတယ္။ ကၽြန္ေတာ္ သူ႕ေရွ႕ကို ေလွ်ာက္သြားလုိက္တယ္။ သူက သမီးကို အိမ္ထဲအရင္ဝင္ခိုင္းၿပီး ကၽြန္ေတာ့္ကို အက်ိဳးအေၾကာင္း ေမးျမန္းေတာ့ ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလုိက္မိတယ္။ သူအရမ္းလွလာတာနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ေမးမိေတာ့ ဒီလိုျပန္ေျဖတယ္။ “ရွင္ထြက္သြားၿပီးေနာက္ပိုင္းမွာ ကၽြန္မ အရင္ကအလုပ္မွာ ျပန္ဝင္ခဲ့တယ္။ ကုိယ့္ကုိယ္ကုိယ္ ပိုၿပီးဂရုစိုက္ျဖစ္တယ္။ ေလ့က်င့္ခန္းေတြလုပ္တယ္၊ စိတ္ၾကည္လာေအာင္လည္း တရားထုိင္ျဖစ္တယ္။ သမီးေလးအတြက္လည္း အရင္ကထက္ပိုၿပီး အခ်ိန္ေပးႏုိင္ခဲ့တယ္။ ရွင္နဲ႔ရွိတုန္းက လွလွပပမေနျဖစ္ခဲ့တာက ရွင္နဲ႔သမီးေလးအတြက္ အသုံးစရိတ္ပုိေအာင္ ကၽြန္မေခၽြတာေနခဲ့တာပါ။ အခုေတာ့ သမီးေလးနဲ႔ ကၽြန္မ ေကာင္းေကာင္းရပ္တည္ႏုိင္ပါၿပီ။ ဒီထက္ပုိၿပီး ဘာကိုမွ မေတာင့္တေတာ့ပါဘူး။”

မိသားစုနဲ႔ ပတ္သက္တဲ့ သူမရဲ႕ အျမင္ကို ၾကားရေတာ့ ကၽြန္ေတာ္ မွားသြားၿပီဆုိတာ သိလုိက္ရတယ္။ အဖိုးတန္တဲ့ သူ႔လို ဇနီးေကာင္းတစ္ေယာက္ကို ကၽြန္ေတာ္ ဆုံးရႈံးလုိက္ရၿပီ။ သူ႕ဘက္က ခြင့္လႊတ္မယ္ဆုိရင္ေတာင္ မခံယူဝံ့ေတာ့တဲ့အထိ ရွက္မိပါတယ္။ ကၽြန္ေတာ့္အျဖစ္ကို သင္ခန္းစာယူၿပီး ခဏတာ သာယာမႈနဲ႔ အဖိုးတန္တဲ့ ဇနီးေကာင္းကို မလဲပစ္ၾကဖို႔ တုိက္တြန္းေျပာၾကားပါရေစ။

Credit:Gandawin

 

Unicodeဖြင့်ဖတ်ရန်

 

ခဏတာသာယာမှုအတွက်ဇနီးကောင်းတစ်ယောက်ကို အလဲအစား မထိုးလိုက်ပါနဲ့.

 

သူနဲ့ကျွန်တော် အသက် ၂၅ နှစ်အရွယ်မှာ လက်ထပ်ခဲ့ကြတယ်။ ကြင်စဦးတုန်းက ပတ်ဝန်းကျင်တောင် မနာလိုရတဲ့ထိအောင် အရမ်းချစ်ခဲ့ကြတာပါပဲ။ အိမ်ထောင်သက် (၂) နှစ်ကြာတော့ ကျွန်တော်တို့ဘဝထဲကို သမီးလေးတစ်ယောက် ဝင်ရောက်လာတယ်။ သမီးလေး မမွေးခင်ကတည်းက သူအလုပ်ထွက်ပစ်လိုက်တယ်။ ကျောင်းတက်တဲ့အရွယ်ရောက်လာပြန်တော့လည်း ကလေးပြုစုပျိုးထောင်ဖို့ အကြောင်းပြချက်နဲ့ သူ အလုပ် မဝင်ပြန်ဘူး။ ကျွန်တော် ဘယ်ချိန်ပြန်လာတယ်၊ ဘယ်ချိန်အိမ်မှာရှိနေတယ်ဆိုတာတောင် သူစိတ်မဝင်စားဘူး။ ကျွန်တော် သူ့ကိုစိတ်ပျက်စ ပြုလာခဲ့တယ်။

ကလေးမွေးပြီးတော့ သူအရင်လို လှလှပပ မနေတော့တာကို သတိထားမိတယ်။ အိမ်နေရင်း တီရှပ်အပွနဲ့ ခပ်ပွပွ အားကစားဘောင်းဘီတွေကိုပဲ တွင်တွင်ဝတ်လာတော့တယ်။ ကျွန်တော်အလုပ်က ပြန်လာတိုင်း သူ့ကိုမြင်ရတာ အမောမပြေတော့ဘူး။ ဒါနဲ့ အသိတစ်ယောက် မိတ်ဆက်ပေးတဲ့ ‘ကြည်ပြာ’ ဆိုတဲ့ မိန်းကလေးနဲ့ ဆုံတွေ့ကြည့်ဖြစ်တယ်။ ကြည်ပြာက လှတယ်။ သဘောကောင်းတယ်။ ပတ်ဝန်းကျင်ကိုလည်း အရေးမစိုက်တတ်ဘူး။ တစ်နည်းအားဖြင့် ကြည်ပြာက ရင်ခုန်စရာ သိပ်ကောင်းတယ်။ ဒီလိုနဲ့ ကြည်ပြာနဲ့ ကျွန်တော်တို့ တွဲဖြစ်ခဲ့ကြတယ်။

ကွာရှင်းပေးဖို့ ကျွန်တော့်ဇနီးကို ကျွန်တော့်ဘက်ကနေပြီး စပြောခဲ့တယ်။ သူ ကျွန်တော့်ကို အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ ပြီးတော့မေးတယ် ‘ကျွန်မဘာမှားလို့လဲ’ တဲ့။ အကြောင်းပြချက်တွေ ကျွန်တော် ပေးမနေတော့ဘူး မျက်ရည်စက်လက်နဲ့ သူတို့သားအမိကို စိတ်ပြတ်ပြတ်နဲ့ပဲ ထားပစ်ခဲ့လိုက်တယ်။ သူနဲ့ ကွာရှင်းပြီး ချစ်ရတဲ့ ကြည်ပြာနဲ့ အိမ်ထောင်ရေးတစ်ခု စတင်ဖြစ်တယ်။ ကြည်ပြာက သူနဲ့တခြားစီပါပဲ။ ပျော်ပျော်နေတယ်။ ဘားသွားတယ်၊ ကလပ်သွားတယ်၊ ဈေးဝယ်စင်တာတွေမှာ ရှော့ပင်ထွက်နေရတာကို သူနှစ်သက်တယ်။ ‘အိမ်မှာ ချက်စားရင် အရသာ ဒီလောက်ကောင်းမှာမဟုတ်ဘူး ကိုကို ဆိုင်ကောင်းကောင်းမှာပဲ ဝယ်စားကြရအောင်ပါ’ လို့ သူအမြဲပြောလေ့ရှိတယ်။ ကြည်ပြာနဲ့ ကျွန်တော် အမြဲမခွဲ တတွဲတွဲပါပဲ။ အရမ်းလည်း ချစ်ခဲ့ကြတယ်။

လတစ်လကုန်လို့ အသုံးစရိတ်တွေ ပြန်တွက်ကြည့်တာ အရင်ဇနီးဟောင်း လုပ်ပေးခဲ့တဲ့ အကျင့်တစ်ခုပါ။ ကျွန်တော်နဲ့ ကြည်ပြာ သုံးထားတဲ့ တစ်လစာ အသုံးစရိတ်တွေကို ကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ဘဏ် အကောင့်ကလည်း မကြာခင် အနုတ်ပြတော့မယ့် လက္ခဏာအနေအထားမှာရှိတယ်။ ငွေရေးကြေးရေး ချွေတာဖို့ ကျွန်တော် ကြည်ပြာနဲ့ တိုင်ပင်မှ ရတော့မယ်။ ကြည်ပြာ သူ လက်မခံဘူး။ “ကြည်ပြာကတော့ ဒီထက်ပိုပြီး အသုံးစရိတ်ကို မလျှော့ချနိုင်ပါဘူး လျှော့မယ့်လျှော့ ကိုကိုပဲ လျှော့ပါ။” လို့ သူပြောတယ်။ သူလုပ်မြဲတိုင်း ဘားသွားတယ်၊ ကလပ်တက်တယ်၊ ဈေးဝယ်တယ် နောက်ဆုံးတော့ ဖဲရိုက်တာပါ အဆစ်ပါလာတယ်။ လောင်းကစားတွေပါ ပါလာတော့ ကျွန်တော်ရှာတဲ့ ဝင်ငွေနဲ့ မလောက်တော့ဘူး။ သူ့မှာရော ကျွန်တော့်မှာပါ အကြွေးတွေနဲ့ ဝိုင်းလာတယ်။ စိတ်တွေလေပြီး အရက်ကို အဖော်ပြုဖြစ်တယ်။ ကျွန်တော် လမ်းပျောက်နေတုန်း ၊ အကြွေးနွံထဲမှာ နစ်နေတုန်း မကြည်ပြာကတော့ ကျွန်တော့်ကို ဥပေက္ခာပြုပြီး သူဌေးတစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေရဲ့။

ကျွန်တော်ကတော့ သူရှုပ်သွားတဲ့ အကြွေးတွေကို လိုက်ရှင်းရင်း နောက်ဆုံး ကျွန်တော်ပိုင်တဲ့ တိုက်ခန်းပါ အပေါင်ဆုံးသွားတော့တယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်သူ့ကို သိပ်သတိရတာပဲ။ သူဆိုတာ ကျွန်တော့်ရဲ့ ဇနီးဟောင်းလေ။ သူဆိုရင်တော့ ခက်ခဲရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ကျွန်တော့်ကို ဒီလို ထားပစ်ခဲ့မှာလား။ စိတ်ညစ်ညစ်နဲ့ အိမ်ဟောင်းဘက်ကို ခြေဦးလှည့်ဖြစ်တယ်။

အိမ်ရှေ့ကို ကားတစ်စီး ဆိုက်လာတယ်။ သမီးလေး ကျောင်းသွားကြိုပြီး ပြန်ခဲ့ပုံပဲ။ ကားပေါ်က ဆင်းလာတဲ့ သူဟာ အရင်ကထက် လှလာလိုက်တာ။ ကျွန်တော့်ကို မြင်တော့ ကြောင်ပြီး ကြည့်နေသေးတယ်။ ကျွန်တော် သူ့ရှေ့ကို လျှောက်သွားလိုက်တယ်။ သူက သမီးကို အိမ်ထဲအရင်ဝင်ခိုင်းပြီး ကျွန်တော့်ကို အကျိုးအကြောင်း မေးမြန်းတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်မိတယ်။ သူအရမ်းလှလာတာနဲ့ ပတ်သက်ပြီး ကျွန်တော်မေးမိတော့ ဒီလိုပြန်ဖြေတယ်။ “ရှင်ထွက်သွားပြီးနောက်ပိုင်းမှာ ကျွန်မ အရင်ကအလုပ်မှာ ပြန်ဝင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးဂရုစိုက်ဖြစ်တယ်။ လေ့ကျင့်ခန်းတွေလုပ်တယ်၊ စိတ်ကြည်လာအောင်လည်း တရားထိုင်ဖြစ်တယ်။ သမီးလေးအတွက်လည်း အရင်ကထက်ပိုပြီး အချိန်ပေးနိုင်ခဲ့တယ်။ ရှင်နဲ့ရှိတုန်းက လှလှပပမနေဖြစ်ခဲ့တာက ရှင်နဲ့သမီးလေးအတွက် အသုံးစရိတ်ပိုအောင် ကျွန်မချွေတာနေခဲ့တာပါ။ အခုတော့ သမီးလေးနဲ့ ကျွန်မ ကောင်းကောင်းရပ်တည်နိုင်ပါပြီ။ ဒီထက်ပိုပြီး ဘာကိုမှ မတောင့်တတော့ပါဘူး။”

မိသားစုနဲ့ ပတ်သက်တဲ့ သူမရဲ့ အမြင်ကို ကြားရတော့ ကျွန်တော် မှားသွားပြီဆိုတာ သိလိုက်ရတယ်။ အဖိုးတန်တဲ့ သူ့လို ဇနီးကောင်းတစ်ယောက်ကို ကျွန်တော် ဆုံးရှုံးလိုက်ရပြီ။ သူ့ဘက်က ခွင့်လွှတ်မယ်ဆိုရင်တောင် မခံယူဝံ့တော့တဲ့အထိ ရှက်မိပါတယ်။ ကျွန်တော့်အဖြစ်ကို သင်ခန်းစာယူပြီး ခဏတာ သာယာမှုနဲ့ အဖိုးတန်တဲ့ ဇနီးကောင်းကို မလဲပစ်ကြဖို့ တိုက်တွန်းပြောကြားပါရစေ။

Credit:Gandawin

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment