တစ်နေ့ တစ်နေ့ ဘာဟင်းချက်ရမလဲ ဆိုပြီး ခေါင်းမကေိုက်ရအောင် တစ်လစာ ချက်ပြုတ်နိုင်ရန် အရသာရှိသော ဟင်းအစပ်တွဲများ

Unicodeဖြင့်ဖတ်ရန်

 

အိမ်ရှင်မတို့ရေ…

တစ်နေ့ တစ်နေ့ မနက်မိုးလင်းတိုင်း ဒီနေ့ငါဘာဟင်းချက်ရင် ကောင်းမလဲ ဆိုပြီး ခေါင်းတွေကိုက်နေကြပြီလား…

ဒီလိုမဖြစ်အောင် မင်မင်က တစ်လ အတွင်း တစ်မျိုးနဲ့ တစ်မျိုး မထပ်ပဲ ချက်လို့ရနိုင်မယ့် ဟင်းအတွဲအစပ်လေးတွေကို ပြောပြပေးပါ့မယ်နော်…

(၁) ဝက်သားနဲ့ငရုတ်သီးကြော် + ချဉ်ပေါင်းဟင်း

(၂) ကြက်သားနဲ့အာလူးချက် + ငြုပ်သီးထောင်း

(၃) ငါးကျီးကြော် + ပဲနီလေးဟင်းချို + ပုဇွန်ချဉ်သုပ်

(၄) သုံးထပ်သား နဲ့မှို အချိုပေါင်း + မုန်လာဥချဉ်ဟင်း + ပဲပင်ပေါက်အစပ်ကြော်

(၅) ကြက်ပဲ + အာပြဲခြောက်ကြော်+သရက်သီးသနပ်

(၆) ငါးဆုပ်ဆီပြန်+ ပဲပြုတ်နဲ့မျှစ်နဲ့ကြော်+ ဘူးညွန့်ကြော်ချက်

(၇) သုံးထပ်သားအချိုချက် + ပန်းပွင့်ကြော် + ပဲနီလေးဟင်းချို

(၈) ကြက်သားနဲ့ ပဲနဲ့ + ဂေါ်ဖီပန်းပွင့်ကြော်

(၉) ကြက်တောင်ပံကြော် + ပဲငါးပိချက် + မြင်းခွာရွက်ဟင်းချို

(၁၀) ငါးကြင်းကြော် + ပုဇွန်ချဉ်သုပ် + ပဲနီလေးဟင်းချို

(၁၁) ငါးကျည်ကြော် + ချဉ်ပေါင်နဲ့ မျှစ်အရည်သောက်

(၁၂) ကြက်သားနဲ့ ဗူးသီး ကာလသားချက် + မျှစ်ကြော် + ငါးရံ့ခြောက်ဖုတ်

(၁၃) ကြက်ဥ နဲ့ အာလူး အစပ်ကြော် + ကန်ဇွန်းရွက်ချဉ်ရည် +ပဲသီးကြော်

(၁၄) ပုဇွန်ထုပ်ဆီပြန် + ဂေါ်ဖီပန်းပွင့်ကြော် + ကြက်ဥအစပ်ဟင်းချို

(၁၅) ငါးကြင်းကြော်နှပ် + သီးစုံချဉ်ဟင်း

(၁၆) ကြက်သားဆီပြန်+ငါးပိထောင်း + ပဲကြီးနဲ့ဆူးပုတ်ဟင်းချို

(၁၇) ဝက်သားပဲငါးပိချက် + မှိုနဲ့ကန်ဇွန်းရွက်ကြော် + ကြက်ခြေထောက်ချဉ်စပ် ဟင်းချို

(၁၈) ငါးမုတ်ကြော် + ခရမ်းချဉ်သီးငါးပိချက် + အစိမ်းကြော်ကြက်သားနဲ့ခွေးတောက်ရွက် ဟင်းချို

(၁၉) ငါးပုဏ္ဏားဆီပြန် +ပဲနီလေးဟင်းချို + ငံပြာရည်နဲ့တို့စရာ

(၂၀) ကြက်တောင်ပံကြော် + ပုန်းရည်ကြီးသုပ်+ ကြက်ခြေထောက်ဟင်းချို

(၂၁) ငါးဘတ်ငါးပိကောင်ဆီပြန်+ ခရမ်းသီးနှပ် + ပဲကြီးဟင်းချို

(၂၂) ကြက်အသဲအမြစ်အချိုချက် + ပုဇွန်ချဉ်သုပ် +ကြက်ဥသီးစုံဟင်း

(၂၃) သုံးထပ်သားဆီပြန် + ရုံးပတီသီးနှပ် + မြင်းခွာရွက်သုပ်

(၂၄) ပုဇွန်အစပ်ကြော်+ ပဲကြီးနဲ့ဆူးပုတ်နှပ်

(၂၅) ဝက်သားနဲ့ဒညင်းသီးဆီပြန် + ကန်ဇွန်းရွက်ချဉ်ရည်ဟင်း + ငရုတ်သီးဆားထောင်း

(၂၆) ငါးကြင်းဗိုက်သား ဆီပြန် + မြင်းခွာရွက်သုပ် +ငါးပိထောင်းတို့စရာ နဲ့ မုန်လာဥချဉ်ဟင်း

(၂၇) ငါးမွှေ + ပုဇွန်ချဉ်သုပ် + ကြက်ဥသီးစုံချဉ်ဟင်း

(၂၈) ပုဇွန်ထုပ်ဆီပြန် + မရမ်းသီးငါးပိကြော် + ဆေးဘဲဥသုပ်

(၂၉) ကြက်သား အာလူးဆီပြန် + ဗူးညွန့်ဟင်းခါး၊ တို့စရာ

(၃၀) ဝက်နံရိုးမျှစ်ချဉ် + ငါးပိထောင်း +ပြောင်းဖူးကြော်

ကဲ … ဒါဆို တစ်လစာအတွက် ဘာဟင်းတွေ ချက်ရမလဲ စိတ်ပူစရာ မလိုတော့ဘူးနော်… ဒါကြောင့် ဒီ Post လေးကို သိမ်းထားလိုက်တော့နော်။

Credit Aunty May

 

Zawgyiဖြင့်ဖတ်ရန်

 


အိမ်ရှင်မတို့ရေ…


































Credit Aunty May

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment