ထိုင်းစစ်တပ်က မြန်မာနယ်စပ်တစ်လျှောက် သံဆူးကြိုးများကာပြီး ဝင်ရောက်ခွင့်တားမြစ်

Unicodeဖြင့်ဖတ်ရန်

တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူများကို ကာ ကွယ်ရေးအတွက် မြန်မာနိုင်ငံနှင့်နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က သံဆူးကြိုးများ ကာရံကာ နေရပ်ပြန် ထိုင်းနိုင်ငံသား များနှင့် ခွင့်ပြုချက်ရှိသော နိုင်ငံခြားသားများမှလွဲ၍ ဝင်ရောက်ခွင့် ပိတ်ပင်ရန် သောကြာနေ့ကစ၍ တားမြစ်ထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ်ပျံ့နှံ့မှု ဒုတိယလှိုင်းနှင့် ကြုံနေစဉ် ထိုင်းအရာရှိများက နယ်စပ် အနီးရှိမြို့များတွင် COVID-19 စစ်ဆေးမှုများ ပြုလုပ်ကာ နယ်စပ်တစ်လျှောက် လုံခြုံရေးကို အထူး တင်းကျပ်ထားသည်။

ယင်းနှစ်နိုင်ငံစလုံးသည် အာရှတိုက်ရှိ အခြားသောနိုင်ငံ များကဲ့သို့မဟုတ်ဘဲ ကြီးမားသော ရောဂါပျံ့နှံ့မှုများဖြစ်ပေါ်ခြင်းမရှိ သေးသော်လည်း မြန်မာနိုင်ငံတွင် တစ်လမပြည့်မီ အချိန်အတွင်း ပိုးတွေ့လူနာ ၂,၀၀၀ ကျော် တွေ့ရှိခဲ့သောကြောင့် ထိုင်းနိုင်ငံက သတိထားကာ လုံခြုံရေးတိုးမြှင့် ထားသည်။

ထိုင်းရုပ်သံလိုင်းများက ဖော်ပြသောသတင်းများတွင် ရွေ့လျားစစ်ဆေးရေးကားများဖြင့် နယ်မြို့ ဒေသခံများနှင့် မြန်မာရွှေ့ပြောင်း နေထိုင်သူများအား တန်းစီခိုင်း၍ စစ်ဆေးနေသည်ကို မြင်တွေ့ရ သည်။ မကြာမီက မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများ အား မကြာခဏ ဖမ်းမိခဲ့ပြီးနောက် တရားမဝင် ဝင်ရောက်သူများမရှိ စေရေးထိုင်း စစ်သားများက ၎င်း တို့နိုင်ငံထဲသို့ ခိုးဝင်သူများ အသုံး ပြုလေ့ရှိသည့် တောတွင်းလမ်း ကြောင်းများတွင် သံဆူးကြိုးများ ကာရံထားသည်။ နိုင်ငံတွင်းသို့ ပြန်လာသော ထိုင်းနိုင်ငံသားများ နှင့် ခွင့်ပြုချက်ရှိသော နိုင်ငံခြား သားများကို ဝင်ခွင့်ပြုမည်ဖြစ်သော်လည်း ၎င်းတို့အားလုံး အ သွားအလာကန့်သတ်နေထိုင်ရ မည်ဖြစ်ကြောင်း ထိုင်းအရာရှိများ က ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ရောဂါကူး စက်မှု ပြန်လည်မြင့်တက်လာ သောကြောင့် နေအိမ်၌သာ နေ ကြရန် ညွှန်ကြားချက်များထုတ်ပြန်ကာ စာသင်ကျောင်းများ ပိတ် ထားပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ရပ်ဆိုင်း၍ မဖြစ်မနေ မဟုတ်သော ခရီးသွားလာခြင်းကိုတားမြစ်ထားသည်။

—Ref: Reuters

Credit:7day

Zawgyiဖြင့်ဖတ်ရန်

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment