ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေး အစ္စရေးတစ်နိုင်ငံလုံးကို သုံးပတ်ကြာ lockdown လုပ်ထားမည်

Unicodeဖြင့်ဖတ်ရန်

 

အစ္စရေးဟာ ဒုတိယအကြိမ် တစ်နိုင်ငံလုံးကို lockdown သတ်မှတ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာပါတယ်။

အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို lockdown လုပ်ထားမယ်လို့ ဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟူက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

အစ္စရေးတစ်နိုင်ငံလုံးကို lockdown လုပ်မှုဟာ လာမယ့် သောကြောနေ့ (စက်တင်ဘာ ၁၈ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ပြီး ရက်သတ္တပတ်သုံးပတ် ကြာမြင့်မယ်လို့ သိရပါတယ်။ အစ္စရေးမှာ တစ်နိုင်ငံလုံးကို lockdown လုပ်ထားမှုဟာ ဂျူးလူမျိုးတို့ရဲ့ နှစ်သစ်ကူးအားလပ်ရက် ကာလလည်းဖြစ်ပြီး ပြည်သူတွေဟာ မိမိတို့အိမ်ရဲ့ မီတာ ၅၀၀ (၅၄၇ ကိုက်) ပတ်လည်အတွင်းမှာသာ နေထိုင်ရမှာ ဖြစ်ပါတယ်။

သို့သော် လုပ်ငန်းခွင်သို့ သွားရောက်နိုင်ပြီး ကန့်သတ်ချက်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းများနဲ့ ဈေးဝယ်စင်တာတွေကို ပိတ်ထားမှာဖြစ်ပြီး ဆေးဆိုင်တွေကိုတော့ ဖွင့်ထားမယ်လို့ သိရပါတယ်။ အစိုးရဌာနတွေမှာ ဝန်ထမ်းအရေအတွက် လျှော့ချထားပြီး အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

အစိုးရမဟုတ်တဲ့ ရုံးခန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ၎င်းတို့ရဲ့ ဝန်ဆောင်မှုရယူသူတွေကို လက်ခံခြင်းမရှိစေဘဲ ဆက်လက်ဖွင့်ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။ အစ္စရေး lockdown အစီအမံအရ အဆောက်အအုံအတွင်း လူ ၁၀ ဦးအထိနဲ့ အဆောက်အအုံပြင်ပမှာ လူ ၂၀ ဦးအထိသာ စုရုံးခွင့်ရှိကြောင်း ကန့်သတ်ထားပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္ကူးစက္မႈထိန္းခ်ဳပ္ေရး အစၥေရးတစ္ႏိုင္ငံလုံးကို သုံးပတ္ၾကာ lockdown လုပ္ထားမည္

 

အစၥေရးဟာ ဒုတိယအႀကိမ္ တစ္ႏိုင္ငံလုံးကို lockdown သတ္မွတ္လိုက္တဲ့ ကမာၻ႔ပထမဆုံး ႏိုင္ငံျဖစ္လာပါတယ္။

အစၥေရးမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္း ကူးစက္ျဖစ္ပြားမႈ ထိန္းခ်ဳပ္ရန္ တစ္ႏိုင္ငံလုံးကို lockdown လုပ္ထားမယ္လို႔ ဝန္ႀကီးခ်ဳပ္ဘင္ဂ်မင္နက္တန္ယာဟူက စက္တင္ဘာ ၁၃ ရက္ေန႔မွာ ေျပာပါတယ္။

အစၥေရးတစ္ႏိုင္ငံလုံးကို lockdown လုပ္မႈဟာ လာမယ့္ ေသာေၾကာေန႔ (စက္တင္ဘာ ၁၈ ရက္) မွာ စတင္သက္ေရာက္မွာျဖစ္ၿပီး ရက္သတၱပတ္သုံးပတ္ ၾကာျမင့္မယ္လို႔ သိရပါတယ္။ အစၥေရးမွာ တစ္ႏိုင္ငံလုံးကို lockdown လုပ္ထားမႈဟာ ဂ်ဴးလူမ်ိဳးတို႔ရဲ႕ ႏွစ္သစ္ကူးအားလပ္ရက္ ကာလလည္းျဖစ္ၿပီး ျပည္သူေတြဟာ မိမိတို႔အိမ္ရဲ႕ မီတာ ၅၀၀ (၅၄၇ ကိုက္) ပတ္လည္အတြင္းမွာသာ ေနထိုင္ရမွာ ျဖစ္ပါတယ္။

သို႔ေသာ္ လုပ္ငန္းခြင္သို႔ သြားေရာက္ႏိုင္ၿပီး ကန႔္သတ္ခ်က္နဲ႔ အလုပ္လုပ္ကိုင္ခြင့္ျပဳမယ္လို႔ ဆိုပါတယ္။ စာသင္ေက်ာင္းမ်ားနဲ႔ ေဈးဝယ္စင္တာေတြကို ပိတ္ထားမွာျဖစ္ၿပီး ေဆးဆိုင္ေတြကိုေတာ့ ဖြင့္ထားမယ္လို႔ သိရပါတယ္။ အစိုးရဌာနေတြမွာ ဝန္ထမ္းအေရအတြက္ ေလွ်ာ့ခ်ထားၿပီး အလုပ္လုပ္ေစမွာ ျဖစ္ပါတယ္။

အစိုးရမဟုတ္တဲ့ ႐ုံးခန္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကိုေတာ့ ၎တို႔ရဲ႕ ဝန္ေဆာင္မႈရယူသူေတြကို လက္ခံျခင္းမရွိေစဘဲ ဆက္လက္ဖြင့္ခြင့္ျပဳထားမယ္လို႔ ဆိုပါတယ္။ အစၥေရး lockdown အစီအမံအရ အေဆာက္အအုံအတြင္း လူ ၁၀ ဦးအထိနဲ႔ အေဆာက္အအုံျပင္ပမွာ လူ ၂၀ ဦးအထိသာ စု႐ုံးခြင့္ရွိေၾကာင္း ကန႔္သတ္ထားပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment