Music Zone စားသောက်ဆိုင်ကို တရားစွဲရန် စီစဉ်ထား

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ကာကွယ်ရေးစည်းမျဉ်းတွေကို ဖောက်ဖျက်ကျုးလွန်တာကြောင့် တရားစွဲဖို့စီစဉ်ရတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က Music Zone ကာရာအိုကေနဲ့ စားသောက်ဆိုင်ကို ယခုရက်ပိုင်းအတွင်းမှာတရားစွဲဆိုသွားဖို့ ရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

Music Zone ကိုတရားစွဲဖို့ သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ်ကော်မတီအစည်းအဝေးကဆုံးဖြတ်လိုက်တာဖြစ်ပြီး ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးကနေတရားလိုပြုလုပ်တိုင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ပြဌာန်းထားတဲ့ ကိုဗစ်သတ်မှတ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်တယ်၊ဒီနေရာမှာ လူပေါင်း ၁၁၉ ဦးရှိနေတယ်။စားပွဲအလုံး ၃၀ လောက်ရှိတဲ့စားသောက်ဆိုင်တွေဖွင့်ခွင့်ပိတ်ထားတာကိုလူပေါင်း ၁၁၉ ဦးရှိနေတယ်။အဲ့ထဲမှ Positive တွေ့တဲ့လူအများကြီးဖြစ်သွားတယ်။ဒါကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရရောအရေးယူမှာဖြစ်ပါတယ်။အချက်အလက်တွေ ရယူပြီး ရက်ပိုင်းအတွင်းမှာပဲ တရားလိုဖြစ်သူနဲ့ရဲမှူးကဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။”လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

Music Zone ဆိုင်ရဲ့လူစုလူဝေးကနေ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဟာ လူပေါင်း ၉၂ ဦးအထိရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ကူးစက်ခံရမှုအများဆုံးနေရာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ကာလအတွင်း Music Zone ကိုလာရောက်ခဲ့တဲ့ သူတွေကိုလည်း CCTV မှတ်တမ်းနဲ့ ရှာဖွေနေတယ်လို့သိရပြီးလတ်တလောမှာတော့ ဆိုင်ကို Lock Down လုပ်ထားပါတယ်။

လက်ရှိရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာအများဆုံးရှိနေတဲ့ မြို့နယ်က သင်္ဃန်းကျွန်းမြို့နယ်ဖြစ်နေပြီး လူနာ ၂၀၀ ကျော်အထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Credit – Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

Music Zone စားေသာက္ဆိုင္ကို တရားစြဲရန္ စီစဥ္ထား

 

ကိုဗစ္-၁၉ကာကြယ္ေရးစည္းမ်ဥ္းေတြကို ေဖာက္ဖ်က္က်ဳးလြန္တာေၾကာင့္ တရားစြဲဖို႔စီစဥ္ရတာလို႔ ဆိုပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္က Music Zone ကာရာအိုေကနဲ႔ စားေသာက္ဆိုင္ကို ယခုရက္ပိုင္းအတြင္းမွာတရားစြဲဆိုသြားဖို႔ ရွိတယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။

Music Zone ကိုတရားစြဲဖို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ကိုဗစ္ေကာ္မတီအစည္းအေဝးကဆုံးျဖတ္လိုက္တာျဖစ္ၿပီး ဇဝနရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကေနတရားလိုျပဳလုပ္တိုင္ၾကားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ “ျပဌာန္းထားတဲ့ ကိုဗစ္သတ္မွတ္ခ်က္ေတြကိုေဖာက္ဖ်က္က်ဴးလြန္တယ္၊ဒီေနရာမွာ လူေပါင္း ၁၁၉ ဦးရွိေနတယ္။စားပြဲအလုံး ၃၀ ေလာက္ရွိတဲ့စားေသာက္ဆိုင္ေတြဖြင့္ခြင့္ပိတ္ထားတာကိုလူေပါင္း ၁၁၉ ဦးရွိေနတယ္။အဲ့ထဲမွ Positive ေတြ႕တဲ့လူအမ်ားႀကီးျဖစ္သြားတယ္။ဒါေၾကာင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒအရေရာအေရးယူမွာျဖစ္ပါတယ္။အခ်က္အလက္ေတြ ရယူၿပီး ရက္ပိုင္းအတြင္းမွာပဲ တရားလိုျဖစ္သူနဲ႔ရဲမႉးကဆက္လက္ေဆာင္႐ြက္ပါလိမ့္မယ္။”လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

Music Zone ဆိုင္ရဲ႕လူစုလူေဝးကေန ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈဟာ လူေပါင္း ၉၂ ဦးအထိရွိေနၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္းမွာ ကူးစက္ခံရမႈအမ်ားဆုံးေနရာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ကိုဗစ္ကာလအတြင္း Music Zone ကိုလာေရာက္ခဲ့တဲ့ သူေတြကိုလည္း CCTV မွတ္တမ္းနဲ႔ ရွာေဖြေနတယ္လို႔သိရၿပီးလတ္တေလာမွာေတာ့ ဆိုင္ကို Lock Down လုပ္ထားပါတယ္။

လက္ရွိရန္ကုန္တိုင္းမွာ ပိုးေတြ႕လူနာအမ်ားဆုံးရွိေနတဲ့ ၿမိဳ႕နယ္က သဃၤန္းကြၽန္းၿမိဳ႕နယ္ျဖစ္ေနၿပီး လူနာ ၂၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

Credit – Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment