နှစ်၂၀ကြာစောင့်မျှော်ခဲ့တဲ့ ဖူးစာရှင်ကို စိတ်ကုန်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ခဲ့တဲ့ အမျိုးသမီး

Unicodeဖြင့်ဖတ်ရန်
အသက်လေးဆယ်အထိ မိမိနဲ့သင့်တော်မယ့် ဖူးစာဖက်ကိုစောင့်ခဲ့တဲ့ လော်ရာမယ်ဆီ အမည်ရှိ အီတလီကိုယ်ကာယသင်တန်းနည်းပြအမျိုးသမီးတစ်ဦးက ဘယ်တော့မှာပေါ်လာမှာမဟုတ်တော့တဲ့ ဖူးစာဖက်ကိုစောင့်ရတာစိတ်ကုန်သွားပြီလို့ဆိုပါတယ်။ ဒါကြောင့် သူမအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အတိအကျပြောရရင် အဲဒီအမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့မင်္ဂလာပွဲကို ၂၀၁၇ မှာ ဆင်နွှဲခဲ့တယ်လို့သိရပါတယ်
သူမဟာ ဘယ်ဆီနေမှန်းမသိတဲ့ ကြင်ဖက်ကို နှစ်ပေါင်း ၂၀ကြာရှာဖွေခဲ့ပြီး သူမအသက် ၄၀အရွယ်မှာကြင်ဖက်ရှာတဲ့အလုပ်ကို လက်လျှော့လိုက်ပါတော့တယ်။ ဒါ့အပြင် ဘုရားကျောင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
လော်ရာဟာအခုလို ကြင်ဖက်ရှာတာကိုလက်လျှော့ကာ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တာ နဲ့ပတ်သက်ပြီး “ကျွန်မအသက် ၄၀ပြည့်မွေးနေ့အထိ ကျွန်မရဲ့ဖူးစာဖက်ရှာမတွေ့ခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်မယ်လို့ ကျွန်မမိသားစုနဲ့သူငယ်ချင်းတွေကိုပြောခဲ့တယ်”လို့ဆိုပါတယ်။
ဒီစကားအတိုင်း လော်ရာဟာ သတို့သမီးတစ်ဦးတည်းပါတဲ့သူမရဲ့မင်္ဂလာပွဲကို ပေါင် ၈၇၀၀ ကုန်ကျခံကျင်းပခဲ့ပါတယ်။ သူမကအနောက်တိုင်းရိုးရာယဉ်ကျေးမှုအတိုင်း တန်ဖိုးကြီးအဖြူရောင်သတို့သမီးဂါဝန်ကိုဝတ်ဆင်ကာ သူမအတွက်သီးသန့်မှားထားတဲ့ မင်္ဂလာလက်စွပ်ကိုဝတ်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် သူမပုံစံသတို့သမီးအရုပ်ပါတဲ့မင်္ဂလာကိတ်ကိုလည်း ဧည့်သည် ၇၀ကျော်တို့ရဲ့ရှေ့မှာခွဲခဲ့ပါသေးတယ်။
ရှန်ပိန်ကိုတစ်ယောက်တည်းဖောက်ခဲ့သလို အစားအသောက်တွေတည်ခင်းဧည့်ခံကာ သီချင်းသံစဉ် တွေကြား မင်္ဂလာပွဲတက်ရောက်လာတဲ့ဧည့်သည်တွေနဲ့ အတူပွဲခံခဲ့ပါတယ်။ သူမရဲ့ပျားရည်ဆမ်းခရီးအနေနဲ့ အီဂျစ်ကိုသွားရောက်အပန်းဖြေဖို့စိတ်ကူးထားတယ်လို့လည်းဆိုပါတယ်။
လော်ရာအနေနဲ့ သူမဆန္ဒအလျောက်ကျင်းပခဲ့တဲ့ဒီမင်္ဂလာပွဲကပျော်စရာကောင်းတာမှန်ပေမယ့်လည်း တစ်ချိန်မှာ သူမနဲ့သင့်တော်တဲ့ ဖူးစာရှင်အမျိုးသားနဲ့တွေ့ခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ကွာရှင်းပြီး တကယ့်ခင်ပွန်းသည်အစစ်နဲ့ ဒီလိုပျော်စရာကောင်းတဲ့မင်္ဂလာပွဲမျိုးကို ထပ်မံကျင်းပသွားဦးမယ်လို ဝန်ခံသွားခဲ့ပါတယ်
ဒီလိုပြောတာကလည်း သူမရဲ့ပျော်ရွှင်မှုက အဲဒီဖူးစာရှင်အမျိုးသားပေါ်မှာမူတည်တာမဟုတ်ဘဲ သူမ ပျော်ရွှင်ဖို့ဆိုရင် အဲဒီလိုနောက်ထပ်စီစဉ်နိုင်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ်လို့ လော်ရာကပြော ပါတယ်။ ဒါ့အပြင် လူတွေဟာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်ဖို့လိုတယ်၊ သင့်ဘဝမှာ ရွှေမင်းသား မရှိလည်း နတ်သမီးပုံပြင်တစ်ပုဒ်ကိုဖန်တီးနိုင်ပါတယ်လို့သူမကပြောခဲ့ပါတယ်။
Writer : Cho Cho Than
Credit – Shwe Nyan Shin
Zawgyiျဖင့္ဖတ္ရန္
ႏွစ္၂၀ၾကာေစာင့္ေမွ်ာ္ခဲ့တဲ့ ဖူးစာရွင္ကို စိတ္ကုန္ၿပီး ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး
အသက္ေလးဆယ္အထိ မိမိနဲ႔သင့္ေတာ္မယ့္ ဖူးစာဖက္ကိုေစာင့္ခဲ့တဲ့ ေလာ္ရာမယ္ဆီ အမည္ရွိ အီတလီကိုယ္ကာယသင္တန္းနည္းျပအမ်ိဳးသမီးတစ္ဦးက ဘယ္ေတာ့မွာေပၚလာမွာမဟုတ္ေတာ့တဲ့ ဖူးစာဖက္ကိုေစာင့္ရတာစိတ္ကုန္သြားၿပီလို႔ဆိုပါတယ္။ ဒါေၾကာင့္ သူမအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အတိအက်ေျပာရရင္ အဲဒီအမ်ိဳးသမီးဟာ ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္တဲ့မဂၤလာပြဲကို ၂၀၁၇ မွာ ဆင္ႏႊဲခဲ့တယ္လို႔သိရပါတယ္
သူမဟာ ဘယ္ဆီေနမွန္းမသိတဲ့ ၾကင္ဖက္ကို ႏွစ္ေပါင္း ၂၀ၾကာရွာေဖြခဲ့ၿပီး သူမအသက္ ၄၀အ႐ြယ္မွာၾကင္ဖက္ရွာတဲ့အလုပ္ကို လက္ေလွ်ာ့လိုက္ပါေတာ့တယ္။ ဒါ့အျပင္ ဘုရားေက်ာင္းမွာ ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။
ေလာ္ရာဟာအခုလို ၾကင္ဖက္ရွာတာကိုလက္ေလွ်ာ့ကာ ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္တာ နဲ႔ပတ္သက္ၿပီး “ကြၽန္မအသက္ ၄၀ျပည့္ေမြးေန႔အထိ ကြၽန္မရဲ႕ဖူးစာဖက္ရွာမေတြ႕ခဲ့ဘူးဆိုရင္ ကိုယ့္ကိုယ္ကိုယ္ျပန္လက္ထပ္မယ္လို႔ ကြၽန္မမိသားစုနဲ႔သူငယ္ခ်င္းေတြကိုေျပာခဲ့တယ္”လို႔ဆိုပါတယ္။
ဒီစကားအတိုင္း ေလာ္ရာဟာ သတို႔သမီးတစ္ဦးတည္းပါတဲ့သူမရဲ႕မဂၤလာပြဲကို ေပါင္ ၈၇၀၀ ကုန္က်ခံက်င္းပခဲ့ပါတယ္။ သူမကအေနာက္တိုင္း႐ိုးရာယဥ္ေက်းမႈအတိုင္း တန္ဖိုးႀကီးအျဖဴေရာင္သတို႔သမီးဂါဝန္ကိုဝတ္ဆင္ကာ သူမအတြက္သီးသန႔္မွားထားတဲ့ မဂၤလာလက္စြပ္ကိုဝတ္ဆင္ခဲ့ပါတယ္။ ဒါ့အျပင္ သူမပုံစံသတို႔သမီးအ႐ုပ္ပါတဲ့မဂၤလာကိတ္ကိုလည္း ဧည့္သည္ ၇၀ေက်ာ္တို႔ရဲ႕ေရွ႕မွာခြဲခဲ့ပါေသးတယ္။
ရွန္ပိန္ကိုတစ္ေယာက္တည္းေဖာက္ခဲ့သလို အစားအေသာက္ေတြတည္ခင္းဧည့္ခံကာ သီခ်င္းသံစဥ္ ေတြၾကား မဂၤလာပြဲတက္ေရာက္လာတဲ့ဧည့္သည္ေတြနဲ႔ အတူပြဲခံခဲ့ပါတယ္။ သူမရဲ႕ပ်ားရည္ဆမ္းခရီးအေနနဲ႔ အီဂ်စ္ကိုသြားေရာက္အပန္းေျဖဖို႔စိတ္ကူးထားတယ္လို႔လည္းဆိုပါတယ္။
ေလာ္ရာအေနနဲ႔ သူမဆႏၵအေလ်ာက္က်င္းပခဲ့တဲ့ဒီမဂၤလာပြဲကေပ်ာ္စရာေကာင္းတာမွန္ေပမယ့္လည္း တစ္ခ်ိန္မွာ သူမနဲ႔သင့္ေတာ္တဲ့ ဖူးစာရွင္အမ်ိဳးသားနဲ႔ေတြ႕ခဲ့ရင္ ကိုယ့္ကိုယ္ကိုယ္ကြာရွင္းၿပီး တကယ့္ခင္ပြန္းသည္အစစ္နဲ႔ ဒီလိုေပ်ာ္စရာေကာင္းတဲ့မဂၤလာပြဲမ်ိဳးကို ထပ္မံက်င္းပသြားဦးမယ္လို ဝန္ခံသြားခဲ့ပါတယ္
ဒီလိုေျပာတာကလည္း သူမရဲ႕ေပ်ာ္႐ႊင္မႈက အဲဒီဖူးစာရွင္အမ်ိဳးသားေပၚမွာမူတည္တာမဟုတ္ဘဲ သူမ ေပ်ာ္႐ႊင္ဖို႔ဆိုရင္ အဲဒီလိုေနာက္ထပ္စီစဥ္ႏိုင္တယ္ဆိုတာကိုေျပာျခင္းျဖစ္တယ္လို႔ ေလာ္ရာကေျပာ ပါတယ္။ ဒါ့အျပင္ လူေတြဟာ ကိုယ့္ကိုယ္ကိုယ္အရင္ဆုံးခ်စ္ဖို႔လိုတယ္၊ သင့္ဘဝမွာ ေ႐ႊမင္းသား မရွိလည္း နတ္သမီးပုံျပင္တစ္ပုဒ္ကိုဖန္တီးႏိုင္ပါတယ္လို႔သူမကေျပာခဲ့ပါတယ္။
Writer : Cho Cho Than
Credit – Shwe Nyan Shin