ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားအိပ်ရင် ဘာဖြစ်လာမလဲ

Unicodeဖြင့်ဖတ်ရန်

 

ကျမတို့တွေ သိထားတာက ကြက်သွန်ဖြူကို နေမကောင်းဖြစ်နေတဲ့အချိန်တို့ ဗန်ပါယာအန္တရာယ်တွေကနေ ကာကွယ်ဖို့အခါကျရင် သုံးကြပါတယ်။ ဗန်ပါယာရန်ကကာကွယ်ဖို့ဆိုတာကလည်း ဇာတ်ကားတွေထဲမှာပါလို့ သိရတာပါ။ တကယ်အပြင်မှာ ဟုတ်မဟုတ်တော့ မသိပါဘူး။ နောက်ပြီး ကြက်သွန်ဖြူက စားပြီးရင်လည်း အခြားတစ်ယောက်နဲ့ စကားသွားပြောဖို့က အဆင်မပြေပြန်ပါဘူး။ ဒါမယ့်လည်း ဟင်းချက်တဲ့အခါမှာတော့ ကြက်သွန်ဖြူက မရှိမဖြစ်ပါနေနဲ့ အရာတစ်ခုဖြစ်နေပြန်ပါတယ်။ ဒီကနေ့ပြောပြပေးသွားမှာကတော့ ကြက်သွန်ဖြူနဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့အရာတွေအကြောင်းပဲဖြစ်ပါတယ်။ ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကိုထားအိပ်ရင် ဘာဖြစ်မလဲဆိုတာလည်း ပြောပြပေးသွားမှာဖြစ်လို့ ဒီစာလေးကို အဆုံးထိ ဖတ်လိုက်ပါနော်။

ပရိသတ်တို့ သိချင်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကိုလည်း ကွန်းမန့်မှာ လာရောက်တောင်းဆိုနိုင်ပါတယ်နော်။

1. ဝက်ခြံပျောက်စေတယ်

ကြက်သွန်ဖြူက ဝင်ခြံနဲ့ ဆက်စပ်နေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အလုပ်ကိစ္စအရေးကြီးမီတင်သွားတွေ့ရမယ့်အချိန်တို့ Crush နဲ့ ပထမဆုံးတွေ့မယ့်အချိန်တို့မှာ ဝက်ခြံပေါက်တာက ဘယ်လောက်ထိစိတ်တိုဖို့ကောင်းတယ်ဆိုတာ ကျမတို့တွေသိထားပြီးသားပါ။ နောက်ပြီး ဝက်ခြံမထွက်အောင် သွေးကို သန့်စင်အောင်လုပ်တဲ့နည်းကိုလည်း ရှိပါသေးတယ်။ ဒါကတော့ ကြက်သွန်ဖြူ နှစ်စိတ်ကို ရေနွေးနဲ့ မနက်တိုင်းသောက်ပေးမယ်ဆိုရင် သွေးကိုသန့်ရှင်းပေးပြီးတော့ ဝက်ခြံတွေကိုလည်း ရှင်းလင်းပေးပါလိမ့်မယ်။ သံပုရာသီးလေးပါညစ်ထည့်ပြီး သောက်လိုက်မယ်ဆိုရင် ပါးစပ်လည်း ထင်သလောက် နံ့တော့မှာမဟုတ်ပါဘူး။ ဝက်ခြံထွက်လာခဲ့ရင်လည်း ကြက်သွန်ဖြူလေးနဲ့ ဝက်ခြံကို ပွတ်သတ်ပေးကြည့်ပါ။ အဲ့နည်းလမ်းတွေ သုံးပေးမယ်ဆိုရင် ဝက်ခြံရန်မှ လွတ်မြောက်လာပါလိမ့်မယ်။

2. ဆံပင်ကို သန်မာစေတယ်

ကြက်သွန်ဖြူကို အုန်းဆီတို့ ပျားရည်တို့နဲ့ ရောနယ်ပြီးတော့ ဆံပင်ကို သုတ်လိမ်းပေးထားမယ်ဆိုရင် သင်တို့ရဲ့ ဆံပင်တွေကို သန်မာလာစေပြီး ဆံပင်ကျွတ်ခြင်းကနေလည်း ကာကွယ်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ ဆာဖာနဲ့ ဆယ်လီနီယမ်ဓာတ်တွေ ပါဝင်တာကြောင့်ပဲဖြစ်ပါတယ်။

3. ခြင်တွေရန်က ကာကွယ်ပေးပါတယ်

ခြင်တွေက ဗန်ပါယာတွေလိုပဲ ကြက်သွန်ဖြူကို မုန်းကြပါတယ်။ သင်တို့ရဲ့ အရေပြားပေါ်ကို ကြက်သွန်ဖြူလိမ်းတာပဲဖြစ်ဖြစ် ကြက်သွန်ဖြူကို အနားမှာ ထားထားတာပဲဖြစ်ဖြစ် လုပ်လိုက်ရင်တော့ ခြင်နဲ့ အခြားပိုးမွှားတွေက သင့်ကို ရှောင်သွားကြပါလိမ့်မယ်။

4. အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးတယ်

ရှာဖွေတွေ့ရှိမှုတွေအရ လတ်ဆတ်တဲ့ကြက်သွန်ဖြူတွေက အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူက အီးကိုလိုင်းနဲ့ အခြား ဘတ်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။ အစာစားရင် ကြက်သွန်ဖြူစားပေးတာက သင့်တို့ရဲ့ အစာအိမ်ကို ခုလိုအစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

5. နှလုံးကို ကောင်းမွန်စေတယ်

နေ့တိုင်းလိုလို ကြက်သွန်ဖြူစားပေးတာက ခန္ဓာကိုယ်ထဲက ကိုလတ်စထော level ကို လျော့ချပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ သကြား level ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါမယ့် တစ်ခုသိထားရမှာက နှလုံးအတွက်ကောင်းကျိုးပေးနိုင်ဖို့ဆိုရင် ကြက်သွန်ဖြူက အစိမ်း ဒါမှမဟုတ် မကျက်တကျက်ဖြစ်နေဖို့တော့ စားပေးဖို့ လိုပါတယ်နော်။ ချက်လိုက်ရင်တော့ သူ့ရဲ့ ဓာတ်တွေ လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

6. ခေါင်းအုံးအောက်မှာ ထားရင် ဘာဖြစ်မလဲ

နောက်ဆုံးအနေနဲ့ ပရိသတ်တို့ သိချင်နေတဲ့ အကြောင်းအရာလေးကို ဖြေသွားပေးပါမယ်။ ကြက်သွန်ဖြူက အိပ်ပျော်ဖို့ခက်ခဲတဲ့သူတွေအတွက် ဖြေဆေးတစ်ခုလို့ ရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်လာကြပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာပါတဲ့ ဆာဖာဓာတ်က ကျမတို့သိပြီးသားဖြစ်တဲ့ ပြင်းထန်တဲ့ အနံ့ကို ပေးပါတယ်။ ပထမတော့ အဲ့အနံ့ကို မခံနိုင်ပေမယ့် နောက်ပိုင်းကျရင် ကျင့်သားရသွားပါလိမ့်မယ်။ အဲ့ဒါက သင့်ရဲ့စိတ်ကို ငြိမ်သွားစေပြီး ကောင်းကောင်းအိပ်မောကျစေမှာ အမှန်ပါပဲ။ နောက်နေ့အလုပ်သွားရင်လည်း သင့်ကို လန်းစန်းတက်ကြွစေနေမှာဖြစ်လို့ အလုပ်မှာလည်း ကောင်းကောင်းအာရုံစိုက်လာနိုင်မှာ အသေအချာပါပဲ။

Credit – Shwe Nyan Shin

 

Zawgyiျဖင့္ဖတ္ရန္

 

ေခါင္းအုံးေအာက္မွာ ၾကက္သြန္ျဖဴထားအိပ္ရင္ ဘာျဖစ္လာမလဲ

 

က်မတို႔ေတြ သိထားတာက ၾကက္သြန္ျဖဴကို ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္တို႔ ဗန္ပါယာအႏၲရာယ္ေတြကေန ကာကြယ္ဖို႔အခါက်ရင္ သုံးၾကပါတယ္။ ဗန္ပါယာရန္ကကာကြယ္ဖို႔ဆိုတာကလည္း ဇာတ္ကားေတြထဲမွာပါလို႔ သိရတာပါ။ တကယ္အျပင္မွာ ဟုတ္မဟုတ္ေတာ့ မသိပါဘူး။ ေနာက္ၿပီး ၾကက္သြန္ျဖဴက စားၿပီးရင္လည္း အျခားတစ္ေယာက္နဲ႔ စကားသြားေျပာဖို႔က အဆင္မေျပျပန္ပါဘူး။ ဒါမယ့္လည္း ဟင္းခ်က္တဲ့အခါမွာေတာ့ ၾကက္သြန္ျဖဴက မရွိမျဖစ္ပါေနနဲ႔ အရာတစ္ခုျဖစ္ေနျပန္ပါတယ္။ ဒီကေန႔ေျပာျပေပးသြားမွာကေတာ့ ၾကက္သြန္ျဖဴနဲ႔ပတ္သတ္ၿပီး သင္မသိေသးတဲ့အရာေတြအေၾကာင္းပဲျဖစ္ပါတယ္။ ေခါင္းအုံးေအာက္မွာ ၾကက္သြန္ျဖဴကိုထားအိပ္ရင္ ဘာျဖစ္မလဲဆိုတာလည္း ေျပာျပေပးသြားမွာျဖစ္လို႔ ဒီစာေလးကို အဆုံးထိ ဖတ္လိုက္ပါေနာ္။

ပရိသတ္တို႔ သိခ်င္တဲ့ က်န္းမာေရး အေၾကာင္းအရာေတြကိုလည္း ကြန္းမန႔္မွာ လာေရာက္ေတာင္းဆိုႏိုင္ပါတယ္ေနာ္။

1. ဝက္ၿခံေပ်ာက္ေစတယ္

ၾကက္သြန္ျဖဴက ဝင္ၿခံနဲ႔ ဆက္စပ္ေနတဲ့ ဘတ္တီးရီးယားေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ အလုပ္ကိစၥအေရးႀကီးမီတင္သြားေတြ႕ရမယ့္အခ်ိန္တို႔ Crush နဲ႔ ပထမဆုံးေတြ႕မယ့္အခ်ိန္တို႔မွာ ဝက္ၿခံေပါက္တာက ဘယ္ေလာက္ထိစိတ္တိုဖို႔ေကာင္းတယ္ဆိုတာ က်မတို႔ေတြသိထားၿပီးသားပါ။ ေနာက္ၿပီး ဝက္ၿခံမထြက္ေအာင္ ေသြးကို သန႔္စင္ေအာင္လုပ္တဲ့နည္းကိုလည္း ရွိပါေသးတယ္။ ဒါကေတာ့ ၾကက္သြန္ျဖဴ ႏွစ္စိတ္ကို ေရေႏြးနဲ႔ မနက္တိုင္းေသာက္ေပးမယ္ဆိုရင္ ေသြးကိုသန႔္ရွင္းေပးၿပီးေတာ့ ဝက္ၿခံေတြကိုလည္း ရွင္းလင္းေပးပါလိမ့္မယ္။ သံပုရာသီးေလးပါညစ္ထည့္ၿပီး ေသာက္လိုက္မယ္ဆိုရင္ ပါးစပ္လည္း ထင္သေလာက္ နံ႔ေတာ့မွာမဟုတ္ပါဘူး။ ဝက္ၿခံထြက္လာခဲ့ရင္လည္း ၾကက္သြန္ျဖဴေလးနဲ႔ ဝက္ၿခံကို ပြတ္သတ္ေပးၾကည့္ပါ။ အဲ့နည္းလမ္းေတြ သုံးေပးမယ္ဆိုရင္ ဝက္ၿခံရန္မွ လြတ္ေျမာက္လာပါလိမ့္မယ္။

2. ဆံပင္ကို သန္မာေစတယ္

ၾကက္သြန္ျဖဴကို အုန္းဆီတို႔ ပ်ားရည္တို႔နဲ႔ ေရာနယ္ၿပီးေတာ့ ဆံပင္ကို သုတ္လိမ္းေပးထားမယ္ဆိုရင္ သင္တို႔ရဲ႕ ဆံပင္ေတြကို သန္မာလာေစၿပီး ဆံပင္ကြၽတ္ျခင္းကေနလည္း ကာကြယ္ေပးပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ၾကက္သြန္ျဖဴမွာ ဆာဖာနဲ႔ ဆယ္လီနီယမ္ဓာတ္ေတြ ပါဝင္တာေၾကာင့္ပဲျဖစ္ပါတယ္။

3. ျခင္ေတြရန္က ကာကြယ္ေပးပါတယ္

ျခင္ေတြက ဗန္ပါယာေတြလိုပဲ ၾကက္သြန္ျဖဴကို မုန္းၾကပါတယ္။ သင္တို႔ရဲ႕ အေရျပားေပၚကို ၾကက္သြန္ျဖဴလိမ္းတာပဲျဖစ္ျဖစ္ ၾကက္သြန္ျဖဴကို အနားမွာ ထားထားတာပဲျဖစ္ျဖစ္ လုပ္လိုက္ရင္ေတာ့ ျခင္နဲ႔ အျခားပိုးမႊားေတြက သင့္ကို ေရွာင္သြားၾကပါလိမ့္မယ္။

4. အစာအဆိပ္သင့္ျခင္းမွ ကာကြယ္ေပးတယ္

ရွာေဖြေတြ႕ရွိမႈေတြအရ လတ္ဆတ္တဲ့ၾကက္သြန္ျဖဴေတြက အစာအဆိပ္သင့္ျခင္းမွ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ၾကက္သြန္ျဖဴက အီးကိုလိုင္းနဲ႔ အျခား ဘတ္တီးရီးယားေတြကို သတ္ေပးႏိုင္ပါတယ္။ အစာစားရင္ ၾကက္သြန္ျဖဴစားေပးတာက သင့္တို႔ရဲ႕ အစာအိမ္ကို ခုလိုအစာအဆိပ္သင့္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

5. ႏွလုံးကို ေကာင္းမြန္ေစတယ္

ေန႔တိုင္းလိုလို ၾကက္သြန္ျဖဴစားေပးတာက ခႏၶာကိုယ္ထဲက ကိုလတ္စေထာ level ကို ေလ်ာ့ခ်ေပးပါတယ္။ ၾကက္သြန္ျဖဴထဲမွာ ပါဝင္တဲ့ဓာတ္ေတြက ခႏၶာကိုယ္ရဲ႕ ေသြးဖိအားနဲ႔ သၾကား level ကိုလည္း ထိန္းထားေပးႏိုင္ပါတယ္။ ဒါမယ့္ တစ္ခုသိထားရမွာက ႏွလုံးအတြက္ေကာင္းက်ိဳးေပးႏိုင္ဖို႔ဆိုရင္ ၾကက္သြန္ျဖဴက အစိမ္း ဒါမွမဟုတ္ မက်က္တက်က္ျဖစ္ေနဖို႔ေတာ့ စားေပးဖို႔ လိုပါတယ္ေနာ္။ ခ်က္လိုက္ရင္ေတာ့ သူ႔ရဲ႕ ဓာတ္ေတြ ေလ်ာ့နည္းသြားမွာပဲျဖစ္ပါတယ္။

6. ေခါင္းအုံးေအာက္မွာ ထားရင္ ဘာျဖစ္မလဲ

ေနာက္ဆုံးအေနနဲ႔ ပရိသတ္တို႔ သိခ်င္ေနတဲ့ အေၾကာင္းအရာေလးကို ေျဖသြားေပးပါမယ္။ ၾကက္သြန္ျဖဴက အိပ္ေပ်ာ္ဖို႔ခက္ခဲတဲ့သူေတြအတြက္ ေျဖေဆးတစ္ခုလို႔ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ယုံၾကည္လာၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ၾကက္သြန္ျဖဴမွာပါတဲ့ ဆာဖာဓာတ္က က်မတို႔သိၿပီးသားျဖစ္တဲ့ ျပင္းထန္တဲ့ အနံ႔ကို ေပးပါတယ္။ ပထမေတာ့ အဲ့အနံ႔ကို မခံႏိုင္ေပမယ့္ ေနာက္ပိုင္းက်ရင္ က်င့္သားရသြားပါလိမ့္မယ္။ အဲ့ဒါက သင့္ရဲ႕စိတ္ကို ၿငိမ္သြားေစၿပီး ေကာင္းေကာင္းအိပ္ေမာက်ေစမွာ အမွန္ပါပဲ။ ေနာက္ေန႔အလုပ္သြားရင္လည္း သင့္ကို လန္းစန္းတက္ႂကြေစေနမွာျဖစ္လို႔ အလုပ္မွာလည္း ေကာင္းေကာင္းအာ႐ုံစိုက္လာႏိုင္မွာ အေသအခ်ာပါပဲ။

Credit – Shwe Nyan Shin

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment