နေ့စဉ် စွန်ပလွန်သီး ၃ လုံးစားခြင်းဖြင့် သိသိသာသာခံစားရမယ့် ကောင်းကျိုးများ

Unicodeဖြင့်ဖတ်ရန်

 

သင်္ကေတရဲ့ Shwe Nyan Shin page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ။ သင့်အနေနဲ့ နေ့စဉ်စွဲစွဲမြဲမြဲလုပ်ရတဲ့အလုပ်မျိုးကိုသဘောကျတယ်ဆိုရင် သင့်ကျန်းမာရေး အတွက် ရွှေလိုအဖိုးတန်တဲ့ အလေ့အကျင့်ကောင်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။ အဲဒါကတော့ နေ့စဉ် စွန်ပလွန်သီး (၃)လုံး စားပေးဖို့ပါပဲ။ အဲဒီလို စွန်ပလွန်သီး(၃)လုံး မပျက်မကွက်စားပေးခြင်းအားဖြင့် အကျိုးကျေးဇူးကိုတစ်ပတ်အတွင်းသိသိသာသာခံစားရမှာဖြစ်ပါတယ်။ အဲဒီလို စွန်ပလွန်သီး(၃) လုံး မပျက်မကွက်စားချင်စိတ်ဖြစ်ဖို့ဆိုတာကလည်း ရလာမယ့်အကျိုးကျေးဇူးတွေကိုသိထားရင် ပိုပြီးစားချင်စိတ်ဖြစ်တာပေါ့နော်….ဒါကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာကိုလည်း အရင်ဆုံးဖတ်ကြည့်လိုက်ပါဦး။

ပရိသတ်တို့ သိချင်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကိုလည်း ကွန်းမန့်မှာ လာရောက်တောင်းဆိုနိုင်ပါတယ်နော်။

(၁)အူမကြီးကင်ဆာကို ကာကွယ်ပြီးသားဖြစ်စေတယ်

နှစ်စဉ်ကမ္ဘာမှာ လူသေဆုံးမှုဒုတိယအများဆုံးဖြစ်စေတဲ့ကင်ဆာရောဂါဟာ အူမကြီးကင်ဆာပဲဖြစ်ပါတယ်။ ကမ္ဘာမှာ နှစ်စဉ်အမျိုးသားဦးရေ ၂၇၀၀၀ ကျော်ဟာအူမကြီးကင်ဆာကြောင့်သေဆုံးနေကြပြီး အမျိုးသမီးဦးရေကတော့ ၂၃၀၀၀ ကျော်သေဆုံးနေကြပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာက ကျွန်တော်တို့နေ့စဉ်မပျက်သတိထားနေရမယ့် အန္တရာယ်ဖြစ်ပါတယ်။ ကာကွယ်ခြင်းကကုသခြင်းထက်ပိုပြီးထိရောက်တယ်ဆိုတဲ့စကားအတိုင်း အူမကြီးကင်ဆာကိုကာကွယ်ဖို့အစားအသောက်နေထိုင်မှုပုံစံတွေကိုဂရုစိုက်တဲ့အခါ စွန်ပလွန်သီးကိုနေ့စဉ် (၃)လုံးမပျက်မကွက်စားသုံးပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွန်ပလွန်သီးက အူလမ်းကြောင်းနဲ့အစာချေစနစ်ကိုအားကောင်းစေပြီး အူလမ်းကြောင်းတွင်းဘက်တီးရီးယားတွယ်ခြင်းကိုလျော့နည်းစေပါတယ်။ ဒါကြောင့် စွန်ပလွန်သီးကိုပုံမှန်စားပေးခြင်းက အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး အူမကြီးကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်ထားပြီးသားဖြစ်စေပါတယ်။

(၂)တက်တက်ကြွကြွရှိပြီး အချိန်ကြာမြင့်စွာအားအင်ပြည့်ဖြိုးမယ်

သကြားဓာတ်က ခန္ဓာကိုယ်အတွက်လွန်ရင်လည်းမကောင်းသလို ချို့တဲ့လွန်းရင်လည်းမကောင်းပါဘူး။ ခန္ဓာကိုယ်အတွက်ဘေးဥပါဒ်မရှိတဲ့သကြားဓာတ်ကတော့ သဘာဝသစ်သီးသစ်ဥတွေရနေရတဲ့သကြားဓာတ်ပါပဲ။ သကြားဓာတ်က ခန္ဓာကိုယ်ကိုခွန်အားဖြစ်စေပါတယ်။ အဲဒါကြောင့် အားနည်းတဲ့သူတွေအားအင်ချိနဲ့တဲ့သူတွေဆိုရင် ဂလူးကို့စ်ပုလင်းတွေချိတ်ပေးရလေ့ရှိပါတယ်။ စွန်ပလွန်သီးမှာတော့ သဘာဝအတိုင်း ဂလူးကို့စ်၊ သကြားဓာတ်နဲ့ ကြံသကာလိုသဘာဝအချိုဓာတ်တွေပါဝင်တဲ့အတွက် နေ့စဉ်ပုံမှန်စားပေးခြင်းအားဖြင့် သင့်ကို အားအင်ပြည့်စေပြီးအမြဲတမ်းတက်တက်ကြွကြွရှိနေစေမှာဖြစ်ပါတယ်။ နောက်ပြီးတော့ စွန်ပလွန်သီးမှာ တခြားပိုတက်စီယမ်၊ မက္ကနီစီယမ်နဲ့ ဗီတာမင်ဓာတ်တွေလည်းပါသေးတော့ တစ်နေ့(၃)လုံးဆိုတာက တစ်နေကုန်လန်းဆန်းတက်ကြွနေဖို့ သင့်အတွက်လုံလောက်တဲ့ ပမာဏဖြစ်ပါလိမ့်မယ်။

(၃)လိပ်ခေါင်းရှိသူတွေအတွက် အစွမ်းထက်တဲ့ဓာတ်စာ

လိပ်ခေါင်းသမားတွေအတွက် အစွမ်းထက်တဲ့သဘာဝဓာတ်စာကတော့ စွန်ပလွန်သီးပါပဲခင်ဗျာ။ စအိုဝမှာအကြောထုံးပြီးရောင်ရမ်းခြင်းကြောင့် လိပ်ခေါင်းရောဂါကိုခံစားရခြင်းဖြစ်ပါတယ်။ အစာချေလမ်းကြောင်းပိတ်ဆို့ပြီး ဝမ်းချုပ်တဲ့အတွက်အတင်းညှစ်ထုတ်ရာကနေဖြစ်တာပါ။ အဲဒါကြောင့် အနှစ်ချုပ်လိုက်ရင် လိပ်ခေါင်းဖြစ်တယ်ဆိုတာအစာချေလမ်းကြောင်းကျန်းမာရေး ချို့ယွင်းနေလို့ပါပဲ။ ဆိုတော့ အစာချေလမ်းကြောင်းကျန်းမာရေးကောင်းပြီး ဝမ်းမှန်စေဖို့ အမျှင်ဓာတ်ပါတဲ့အစားအစာတွေများများစားပေးဖို့လိုပါတယ်။ အဲဒါကြောင့် အမျှင်ဓာတ်ပြည့်ဝတဲ့ စွန်ပလွန်သီးကလိပ်ခေါင်းသမားတွေအတွက် အစွမ်းထက်တဲ့ဓာတ်စာဖြစ်နေတာပါ။ မမေ့နဲ့ဦးနော် တစ်နေ့ကို စွန်ပလွန်သီး (၃)လုံးပဲစားပေး….လိပ်ခေါင်းလည်းသက်သာသွားပါလိမ့်မယ်။

(၄)နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်စေမယ်

စွန်ပလွန်သီးကို မှော်သစ်သီးလို့ပြောရင်ယုံမလားမသိဘူး။ စွန်ပလွန်သီးမှာ ကိုလက်စထရောကိုကျစေတဲ့ ဓာတ်တွေလည်းပါတယ်ခင်ဗျ။ ကိုလက်စထရောဆိုတာကတော့ သိတဲ့အတိုင်းပဲ ခန္ဓာကိုယ်ထဲမှာ သိပ်များနေရင်နှလုံးကိုဒုက္ခပေးရော။ ကိုလက်စထရောများလာတာနဲ့ နှလုံးသွေးကြောပိတ်ပြီးအမောဖောက်တာ၊ လေဖြတ်တာစတဲ့ရောဂါဆိုးတွေကပ်ပါလာတော့တာပဲ။ ဒါကြောင့် အသက် ၄၀ကျော်လာတဲ့အမျိုးသမီးအမျိုးသားမရွေး ကိုလက်စထရောကျစေတဲ့ စွန်ပလွန်သီးကို နေ့စဉ်ပုံမှန်စားပေးသင့်ပါတယ်။ စိတ်ချပါ…စွန်ပလွန်သီးကချိုတော့ များများလည်းစားနိုင်ကြမှာမဟုတ်လို့ တစ်နေ့(၃)လုံးသာစားပေးပါ သင့်ရဲ့နှလုံးကိုကျန်းမာစေပါလိမ့်မယ်။

Writer : Cho Cho Than

Credit – Shwe Nyan Shin

 

Zawgyiျဖင့္ဖတ္ရန္

 

ေန႔စဥ္ စြန္ပလြန္သီး ၃ လုံးစားျခင္းျဖင့္ သိသိသာသာခံစားရမယ့္ ေကာင္းက်ိဳးမ်ား

 

သေကၤတရဲ႕ Shwe Nyan Shin page ကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္ ။ သင့္အေနနဲ႔ ေန႔စဥ္စြဲစြဲၿမဲၿမဲလုပ္ရတဲ့အလုပ္မ်ိဳးကိုသေဘာက်တယ္ဆိုရင္ သင့္က်န္းမာေရး အတြက္ ေ႐ႊလိုအဖိုးတန္တဲ့ အေလ့အက်င့္ေကာင္းေလးတစ္ခုကိုမွ်ေဝေပးခ်င္ပါတယ္။ အဲဒါကေတာ့ ေန႔စဥ္ စြန္ပလြန္သီး (၃)လုံး စားေပးဖို႔ပါပဲ။ အဲဒီလို စြန္ပလြန္သီး(၃)လုံး မပ်က္မကြက္စားေပးျခင္းအားျဖင့္ အက်ိဳးေက်းဇူးကိုတစ္ပတ္အတြင္းသိသိသာသာခံစားရမွာျဖစ္ပါတယ္။ အဲဒီလို စြန္ပလြန္သီး(၃) လုံး မပ်က္မကြက္စားခ်င္စိတ္ျဖစ္ဖို႔ဆိုတာကလည္း ရလာမယ့္အက်ိဳးေက်းဇူးေတြကိုသိထားရင္ ပိုၿပီးစားခ်င္စိတ္ျဖစ္တာေပါ့ေနာ္….ဒါေၾကာင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြရမလဲဆိုတာကိုလည္း အရင္ဆုံးဖတ္ၾကည့္လိုက္ပါဦး။

ပရိသတ္တို႔ သိခ်င္တဲ့ က်န္းမာေရး အေၾကာင္းအရာေတြကိုလည္း ကြန္းမန႔္မွာ လာေရာက္ေတာင္းဆိုႏိုင္ပါတယ္ေနာ္။

(၁)အူမႀကီးကင္ဆာကို ကာကြယ္ၿပီးသားျဖစ္ေစတယ္

ႏွစ္စဥ္ကမာၻမွာ လူေသဆုံးမႈဒုတိယအမ်ားဆုံးျဖစ္ေစတဲ့ကင္ဆာေရာဂါဟာ အူမႀကီးကင္ဆာပဲျဖစ္ပါတယ္။ ကမာၻမွာ ႏွစ္စဥ္အမ်ိဳးသားဦးေရ ၂၇၀၀၀ ေက်ာ္ဟာအူမႀကီးကင္ဆာေၾကာင့္ေသဆုံးေနၾကၿပီး အမ်ိဳးသမီးဦးေရကေတာ့ ၂၃၀၀၀ ေက်ာ္ေသဆုံးေနၾကပါတယ္။ ဒါေၾကာင့္ အူမႀကီးကင္ဆာက ကြၽန္ေတာ္တို႔ေန႔စဥ္မပ်က္သတိထားေနရမယ့္ အႏၲရာယ္ျဖစ္ပါတယ္။ ကာကြယ္ျခင္းကကုသျခင္းထက္ပိုၿပီးထိေရာက္တယ္ဆိုတဲ့စကားအတိုင္း အူမႀကီးကင္ဆာကိုကာကြယ္ဖို႔အစားအေသာက္ေနထိုင္မႈပုံစံေတြကိုဂ႐ုစိုက္တဲ့အခါ စြန္ပလြန္သီးကိုေန႔စဥ္ (၃)လုံးမပ်က္မကြက္စားသုံးေပးႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စြန္ပလြန္သီးက အူလမ္းေၾကာင္းနဲ႔အစာေခ်စနစ္ကိုအားေကာင္းေစၿပီး အူလမ္းေၾကာင္းတြင္းဘက္တီးရီးယားတြယ္ျခင္းကိုေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ စြန္ပလြန္သီးကိုပုံမွန္စားေပးျခင္းက အူလမ္းေၾကာင္းက်န္းမာေရးကိုေကာင္းမြန္ေစၿပီး အူမႀကီးကင္ဆာျဖစ္ျခင္းကို ႀကိဳတင္ကာကြယ္ထားၿပီးသားျဖစ္ေစပါတယ္။

(၂)တက္တက္ႂကြႂကြရွိၿပီး အခ်ိန္ၾကာျမင့္စြာအားအင္ျပည့္ၿဖိဳးမယ္

သၾကားဓာတ္က ခႏၶာကိုယ္အတြက္လြန္ရင္လည္းမေကာင္းသလို ခ်ိဳ႕တဲ့လြန္းရင္လည္းမေကာင္းပါဘူး။ ခႏၶာကိုယ္အတြက္ေဘးဥပါဒ္မရွိတဲ့သၾကားဓာတ္ကေတာ့ သဘာဝသစ္သီးသစ္ဥေတြရေနရတဲ့သၾကားဓာတ္ပါပဲ။ သၾကားဓာတ္က ခႏၶာကိုယ္ကိုခြန္အားျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ အားနည္းတဲ့သူေတြအားအင္ခ်ိနဲ႔တဲ့သူေတြဆိုရင္ ဂလူးကို႔စ္ပုလင္းေတြခ်ိတ္ေပးရေလ့ရွိပါတယ္။ စြန္ပလြန္သီးမွာေတာ့ သဘာဝအတိုင္း ဂလူးကို႔စ္၊ သၾကားဓာတ္နဲ႔ ႀကံသကာလိုသဘာဝအခ်ိဳဓာတ္ေတြပါဝင္တဲ့အတြက္ ေန႔စဥ္ပုံမွန္စားေပးျခင္းအားျဖင့္ သင့္ကို အားအင္ျပည့္ေစၿပီးအၿမဲတမ္းတက္တက္ႂကြႂကြရွိေနေစမွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ စြန္ပလြန္သီးမွာ တျခားပိုတက္စီယမ္၊ မကၠနီစီယမ္နဲ႔ ဗီတာမင္ဓာတ္ေတြလည္းပါေသးေတာ့ တစ္ေန႔(၃)လုံးဆိုတာက တစ္ေနကုန္လန္းဆန္းတက္ႂကြေနဖို႔ သင့္အတြက္လုံေလာက္တဲ့ ပမာဏျဖစ္ပါလိမ့္မယ္။

(၃)လိပ္ေခါင္းရွိသူေတြအတြက္ အစြမ္းထက္တဲ့ဓာတ္စာ

လိပ္ေခါင္းသမားေတြအတြက္ အစြမ္းထက္တဲ့သဘာဝဓာတ္စာကေတာ့ စြန္ပလြန္သီးပါပဲခင္ဗ်ာ။ စအိုဝမွာအေၾကာထုံးၿပီးေရာင္ရမ္းျခင္းေၾကာင့္ လိပ္ေခါင္းေရာဂါကိုခံစားရျခင္းျဖစ္ပါတယ္။ အစာေခ်လမ္းေၾကာင္းပိတ္ဆို႔ၿပီး ဝမ္းခ်ဳပ္တဲ့အတြက္အတင္းညႇစ္ထုတ္ရာကေနျဖစ္တာပါ။ အဲဒါေၾကာင့္ အႏွစ္ခ်ဳပ္လိုက္ရင္ လိပ္ေခါင္းျဖစ္တယ္ဆိုတာအစာေခ်လမ္းေၾကာင္းက်န္းမာေရး ခ်ိဳ႕ယြင္းေနလို႔ပါပဲ။ ဆိုေတာ့ အစာေခ်လမ္းေၾကာင္းက်န္းမာေရးေကာင္းၿပီး ဝမ္းမွန္ေစဖို႔ အမွ်င္ဓာတ္ပါတဲ့အစားအစာေတြမ်ားမ်ားစားေပးဖို႔လိုပါတယ္။ အဲဒါေၾကာင့္ အမွ်င္ဓာတ္ျပည့္ဝတဲ့ စြန္ပလြန္သီးကလိပ္ေခါင္းသမားေတြအတြက္ အစြမ္းထက္တဲ့ဓာတ္စာျဖစ္ေနတာပါ။ မေမ့နဲ႔ဦးေနာ္ တစ္ေန႔ကို စြန္ပလြန္သီး (၃)လုံးပဲစားေပး….လိပ္ေခါင္းလည္းသက္သာသြားပါလိမ့္မယ္။

(၄)ႏွလုံးက်န္းမာေရးကို ဂ႐ုစိုက္ၿပီးသားျဖစ္ေစမယ္

စြန္ပလြန္သီးကို ေမွာ္သစ္သီးလို႔ေျပာရင္ယုံမလားမသိဘူး။ စြန္ပလြန္သီးမွာ ကိုလက္စထေရာကိုက်ေစတဲ့ ဓာတ္ေတြလည္းပါတယ္ခင္ဗ်။ ကိုလက္စထေရာဆိုတာကေတာ့ သိတဲ့အတိုင္းပဲ ခႏၶာကိုယ္ထဲမွာ သိပ္မ်ားေနရင္ႏွလုံးကိုဒုကၡေပးေရာ။ ကိုလက္စထေရာမ်ားလာတာနဲ႔ ႏွလုံးေသြးေၾကာပိတ္ၿပီးအေမာေဖာက္တာ၊ ေလျဖတ္တာစတဲ့ေရာဂါဆိုးေတြကပ္ပါလာေတာ့တာပဲ။ ဒါေၾကာင့္ အသက္ ၄၀ေက်ာ္လာတဲ့အမ်ိဳးသမီးအမ်ိဳးသားမေ႐ြး ကိုလက္စထေရာက်ေစတဲ့ စြန္ပလြန္သီးကို ေန႔စဥ္ပုံမွန္စားေပးသင့္ပါတယ္။ စိတ္ခ်ပါ…စြန္ပလြန္သီးကခ်ိဳေတာ့ မ်ားမ်ားလည္းစားႏိုင္ၾကမွာမဟုတ္လို႔ တစ္ေန႔(၃)လုံးသာစားေပးပါ သင့္ရဲ႕ႏွလုံးကိုက်န္းမာေစပါလိမ့္မယ္။

Writer : Cho Cho Than

Credit – Shwe Nyan Shin

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment