နာမည်ကြီးမင်းသမီးရဲ့ သားသမီးတွေဖြစ်ပေမယ့် ထင်ထင်ပေါ်ပေါ် မနေချင်ကြတဲ့ သမီးတွေအကြောင်းပြောလာတဲ့ နန္ဒာလှိုင်

Unicodeဖြင့်ဖတ်ရန်

 

လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်ဝန်းကျင်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို ပရိသတ်တိုင်းလိုလို ချစ်ကြမယ် ထင်ပါတယ်။

စွဲဆောင်မှုရှိပြီး မြန်မာဆန်ဆန် ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က ကလေးသုံးယောက်ရသွားသည့်တိုင် အခုချိန်ထိ လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုအရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သမီးလေးတွေနဲ့ ပက်သတ်ပြီး အမှတ်တရလေးတွေ မျှဝေပေးလေ့ရှိတဲ့ နန္ဒာလှိုင်က ဒီကနေ့မှာလည်း လူသိခံရတာမကြိုက်တဲ့ သမီးတွေအကြောင်းကို ပြောပြလာပါတယ်။ နန္ဒာလှိုင်က “ကလေးတွေကြီးလာတော့ဓါတ်ပုံအရိုက်မခံချင်သလို social media ပေါ်အတင်မခံကြတော့ဘူး” ဆိုပြီး ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် အတင်မခံချင်တော့တဲ့ သမီးသုံးယောက်အကြောင်း ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ ဇေရတီလှိုင်၊ ဇေဝတီလှိုင်နဲ့ ဇေမဒီလှိုင်ဆိုတဲ့ သမီးသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သမီးလေးတွေကိုသာ ဘဝတစ်ခုလုံးပုံအောပြီး ဂရုစိုက်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Source: Nandar Hlaing’s fb

 

Zawgyiဖြင့်ဖတ်ရန်

 


 






Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment