ရွှေတောင်ခေါက်ဆွဲ ရှယ်ချက်နည်း

Unicodeဖြင့်ဖတ်ရန်
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာအလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
ဂျုံခေါက်ဆွဲ ၂၅ကျပ်သား ကြက်သွန်နီ ၄လုံး ပါးပါးလှီးပါနံနံပင် ၁စည်း ပါးပါးလှီးပါသံပရာသီး ၄လုံး ၄စိပ်စိပ်ပါ အုန်းသီး ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ အုန်းဆီနှစ် ချက်ရန်
ပဲအကျက်မှုန့် ၄၀ ဂရမ် ငရုတ်သီးအကြမ်းမှုန့်ကြော် စားပွဲတင်ဇွန်း ၃ဇွန်းထည့်ပါ။
ကြက်သားဟင်း ချက်ရန် ပါဝင်ပစ္စည်းများကြက်ရင်ဗုံသား ၂ခု (၂၅၀ ဂရမ်) အတုံးသေးများ တုံးပါကြက်သွန်နီ ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ။
ကြက်သွန်ဖြူ ၂မွှာ နှုတ်နှုတ်စင်းပါငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်းခွဲဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ဇွန်းထည့်ပါ။
ပြင်ဆင်နည်း အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။
ဆီပြန်လျှင် မီးပိတ်လိုက်ပြီး ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။
ချက်နည်း အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ။
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။
ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်ယောက်ချို ၂ဇွန်း လောင်းချလိုက်ပါ။
အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ။
Crd Orginal Writer
Zawgyiျဖင့္ဖတ္ရန္
ေ႐ႊေတာင္ေခါက္ဆြဲ ရွယ္ခ်က္နည္း
မနက္စာ၊ အစာေျပ လုပ္စားႏိုင္ဖို႔ ေ႐ႊေတာင္ေခါက္ဆြဲ လုပ္နည္းပါ။ လုပ္ရလြယ္ၿပီ အိမ္မွာအလြယ္တကူ လုပ္စားႏိုင္တာမို႔ ခုပဲ တူတူခ်က္ၾကည့္ရေအာင္
ေ႐ႊေတာင္ေခါက္ဆြဲ ျပင္ဆင္ရန္ ပါဝင္ပစၥည္းမ်ား
ဂ်ဳံေခါက္ဆြဲ ၂၅က်ပ္သား ၾကက္သြန္နီ ၄လုံး ပါးပါးလွီးပါနံနံပင္ ၁စည္း ပါးပါးလွီးပါသံပရာသီး ၄လုံး ၄စိပ္စိပ္ပါ အုန္းသီး ၁လုံး (ျခစ္တံျဖင့္ျခစ္ၿပီ အရည္ညႇစ္ေပးပါ အုန္းဆီႏွစ္ ခ်က္ရန္
ပဲအက်က္မႈန႔္ ၄၀ ဂရမ္ င႐ုတ္သီးအၾကမ္းမႈန႔္ေၾကာ္ စားပြဲတင္ဇြန္း ၃ဇြန္းထည့္ပါ။
ၾကက္သားဟင္း ခ်က္ရန္ ပါဝင္ပစၥည္းမ်ားၾကက္ရင္ဗုံသား ၂ခု (၂၅၀ ဂရမ္) အတုံးေသးမ်ား တုံးပါၾကက္သြန္နီ ၄လုံး (ဥေသး(သို႔) ဥႀကီးထက္ျခမ္းျခမ္းပါ။
ၾကက္သြန္ျဖဴ ၂မႊာ ႏႈတ္ႏႈတ္စင္းပါင႐ုတ္သီးမႈန႔္ စားပြဲတင္ဇြန္း ၁ဇြန္းခြဲဆား လက္ဖက္ရည္ဇြန္း ၁ဇြန္းၾကက္သားမႈန႔္ လက္ဖက္ရည္ဇြန္း ၁ဇြန္းဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၄ဇြန္းထည့္ပါ။
ျပင္ဆင္နည္း အရင္ဆုံး ေ႐ႊေတာင္ေခါက္ဆြဲႏွင့္ တြဲဖက္ စားသုံးရန္ ဂ်ဳံေခါက္ဆြဲမုန႔္ႂကြပ္ ေၾကာ္ပါမည္။ဒယ္ထဲ ဆီမ်ားမ်ားထည့္ၿပီ ဆီေတာ္ေတာ္ပူလာမွ ဂ်ဳံေခါက္ဆြဲဖတ္ လက္တဆုပ္စာကို ၂ခါခြဲၿပီ အညႇိေရာင္သန္းသည္အထိ ေၾကာ္ေပးပါ။
ၿပီလွ်င္ ပန္းကန္ထဲ ျပန္ဆယ္ထားေပးပါ။
ၿပီေနာက္ အုန္းဆီႏွစ္ခ်က္ လုပ္ရန္ အုန္းသီးညႇစ္ရည္မ်ားကို ဒယ္ထဲတြင္ မီးအသင့္အတင့္ျဖင့္ ဆီျပန္သည္ အထိ တည္ထားေပးပါ။
ဆီျပန္လွ်င္ မီးပိတ္လိုက္ၿပီး ပန္းကန္ထဲေျပာင္းထည့္လိုက္ပါ။
ခ်က္နည္း အရင္ဆုံး ၾကက္သားဟင္းခ်က္ရန္ ဒယ္ထဲ ဆီထည့္ၿပီ ဆူပူလာလွ်င္ ၾကက္သြန္ျဖဴ ဆီသပ္ေပးပါ။ ၿပီလွ်င္ င႐ုတ္သီးမႈန႔္ထည့္၊ ၾကက္သားထည့္ၿပီ ၁မိနစ္ခန႔္ ေရာေမႊပါ။
ထို႔ေနာက္ ေရ(၃ခြက္)၊ ဆား၊ ၾကက္သားမႈန႔္၊ ၾကက္သြန္နီထည့္ၿပီ ၂မိနစ္ခန႔္ တည္ထားပါ။
ေရ (၂ခြက္)စာ က်န္လွ်င္ အရသာျမည္းၿပီ မီးပိတ္လိုက္ပါ။ ၾကက္သားဟင္းရည္ ရပါၿပီ။
ေ႐ႊေတာင္ေခါက္ဆြဲ ျပင္ဆင္ရန္ ေဇာက္ပန္းကန္ျပားတစ္ခုထဲ ေခါက္ဆြဲ၊ ၾကက္သြန္နီ၊ အုန္းဆီခ်က္၊ ပဲမႈန႔္၊ သံပရာသီး၊ င႐ုတ္သီးမႈန႔္၊ မုန႔္ႂကြပ္ တို႔ကို ထည့္ၿပီ ျပင္ေပးပါ။
ထို႔ေနာက္ အေပၚမွ ၾကက္သားဟင္းရည္ေယာက္ခ်ိဳ ၂ဇြန္း ေလာင္းခ်လိုက္ပါ။
အရသာရွိေသာ ေ႐ႊေတာင္ေခါက္ဆြဲကို သုံးေဆာင္လို႔ရပါၿပီ။
Crd Orginal Writer