အိုသွေးလေးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ခံစားချက်လေးများ

Unicodeဖြင့်ဖတ်ရန်

အိုသွေးလေးတွေဟာ အေးအေးဆေးဆေးနေတတ်တဲ့သူတွေဖြစ်ပြီး မာနကိုလည်း လုံးဝအထိခိုက်မခံချင်တဲ့သူတွေပါ။ အိုသွေးလေးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ခံစားချက်လေးတွေကို နားလည်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အိုသွေးလေးတွေဟာ အချစ်ကြီးသလို အမျက်လည်းကြီးတယ်။ သစ္စာဖောက်ဖို့တော့မစဉ်းစားနဲ့။ ဘယ်တော့မှ ပြန်လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။

(၂) အိုသွေးတွေဟာ ကိုယ့်ဖက်ကမှားနေရင် ပြန်တောင်းပန်ဖို့ဝန်မလေးပါဘူး။ ဒါပေမယ့်လည်း ကိုယ်မှန်နေရင်တော့ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး။

(၃) အိုသွေးတွေဟာ အချစ်ဦးကို တမ်းတမ်းစွဲနေတတ်တဲ့သူတွေမဟုတ်ပါဘူး။ ပိုချစ်ရတဲ့သူနဲ့တွေ့ရင် အရင်ထက်ပိုပြီး ချစ်တတ်ကြပါတယ်။

(၄) အိုသွေးလေးတွေဟာ အရမ်းမာနကြီးပါတယ်။ ဘယ်လောက်ပဲချစ်ချစ် သူတို့ရဲ့မာနကို ထိခိုက်လာပြီဆိုရင် ကျောခိုင်းဖို့ဝန်လေးတတ်တဲ့သူတွေ မဟုတ်ပါဘူး။

(၅) အိုသွေးလေးတွေဟာ ခံစားချက်တွေကို အရမ်းထိန်းချုပ်နိုင်တဲ့သူတွေပါ။ ဘယ်လောက်ပဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေပါစေ ရင်ဘတ်ထဲမှာတော့ အကြီးအကျယ်တွေ ခံစားနေရတတ်ပါတယ်။

(၆) အိုသွေးလေးတွေဟာဆုံးဖြတ်ချက်ပြတ်သားတဲ့သူတွေပါ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ်ဆုံးဖြတ်ထားတဲ့အရာတစ်ခုကို အဆုံးထိ လုပ်သွားမယ့်သူတွေပါ။

(၇) အိုသွေးလေးတွေဟာ တာဝန်ယူစိတ်အပြည့်ရှိပါတယ်။ အမှားကင်းအောင်နေတဲ့ကြားက လုပ်မိသွားရင်လည်း အဆုံးထိတာဝန်ယူတတ်တဲ့သူတွေပါ။

Em Em

Credit:Aunty May

 

Zawgyiျဖင့္ဖတ္ရန္

 

အိုေသြးေလးေတြရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ခံစားခ်က္ေလးမ်ား

 

အိုေသြးေလးေတြဟာ ေအးေအးေဆးေဆးေနတတ္တဲ့သူေတြျဖစ္ၿပီး မာနကိုလည္း လုံးဝအထိခိုက္မခံခ်င္တဲ့သူေတြပါ။ အိုေသြးေလးေတြရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ခံစားခ်က္ေလးေတြကို နားလည္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အိုေသြးေလးေတြဟာ အခ်စ္ႀကီးသလို အမ်က္လည္းႀကီးတယ္။ သစၥာေဖာက္ဖို႔ေတာ့မစဥ္းစားနဲ႔။ ဘယ္ေတာ့မွ ျပန္လွည့္ၾကည့္ေတာ့မွာ မဟုတ္ပါဘူး။

(၂) အိုေသြးေတြဟာ ကိုယ့္ဖက္ကမွားေနရင္ ျပန္ေတာင္းပန္ဖို႔ဝန္မေလးပါဘူး။ ဒါေပမယ့္လည္း ကိုယ္မွန္ေနရင္ေတာ့ လုံးဝအေလွ်ာ့ေပးမွာ မဟုတ္ပါဘူး။

(၃) အိုေသြးေတြဟာ အခ်စ္ဦးကို တမ္းတမ္းစြဲေနတတ္တဲ့သူေတြမဟုတ္ပါဘူး။ ပိုခ်စ္ရတဲ့သူနဲ႔ေတြ႕ရင္ အရင္ထက္ပိုၿပီး ခ်စ္တတ္ၾကပါတယ္။

(၄) အိုေသြးေလးေတြဟာ အရမ္းမာနႀကီးပါတယ္။ ဘယ္ေလာက္ပဲခ်စ္ခ်စ္ သူတို႔ရဲ႕မာနကို ထိခိုက္လာၿပီဆိုရင္ ေက်ာခိုင္းဖို႔ဝန္ေလးတတ္တဲ့သူေတြ မဟုတ္ပါဘူး။

(၅) အိုေသြးေလးေတြဟာ ခံစားခ်က္ေတြကို အရမ္းထိန္းခ်ဳပ္ႏိုင္တဲ့သူေတြပါ။ ဘယ္ေလာက္ပဲ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနပါေစ ရင္ဘတ္ထဲမွာေတာ့ အႀကီးအက်ယ္ေတြ ခံစားေနရတတ္ပါတယ္။

(၆) အိုေသြးေလးေတြဟာဆုံးျဖတ္ခ်က္ျပတ္သားတဲ့သူေတြပါ။ မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ကိုယ္ဆုံးျဖတ္ထားတဲ့အရာတစ္ခုကို အဆုံးထိ လုပ္သြားမယ့္သူေတြပါ။

(၇) အိုေသြးေလးေတြဟာ တာဝန္ယူစိတ္အျပည့္ရွိပါတယ္။ အမွားကင္းေအာင္ေနတဲ့ၾကားက လုပ္မိသြားရင္လည္း အဆုံးထိတာဝန္ယူတတ္တဲ့သူေတြပါ။

Em Em

Credit:Aunty May

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment