အဆာပြေလုပ်စားနိုင်ရန် နို.စိမ်းခေါက်ဆွဲလုပ်နည်းလေး

Unicodeဖြင့်ဖတ်ရန်
နို့စိမ်းခေါက်ဆွဲ
အဆာပြေလုပ်စားနိုင်ရန် နို.စိမ်းခေါက်ဆွဲလုပ်နည်းလေး ပြန်လည်မျှဝေပေးပါရစေ။
အုန်းနို.ခေါက်ဆွဲလုပ်နည်းနဲ.ဆင်တူပါပဲ။တစ်ချို.အုန်းနို.နဲ.မတည့်တဲ့သူတွေ သွေးတိုးရောဂါရှိတဲ့သူတွေ နို.စိမ်းခေါက်ဆွဲစားလို.ရပါတယ်။
နို.စိမ်းခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများ
ဂျုံခေါက်ဆွဲခြောက်- ၁ စည်း(ပြုတ်ပြီး ရေစစ်ထားပါ)
ကြက်သား – ၁၅ ကျပ်သား(အတုံးသေးသေးလှီးပါ)
ဘဲဥ – ၃ လုံး ( ပြုတ်ပြီး ခြမ်းထားပါ)
နို.စိမ်း – ဗူး ၁ ဝက်
ပဲအစိမ်းမှုန်.၁၀၀ တန် – ၁ ထုပ်
ကြက်သွန်နီအကြီး – ၃ လုံး(ပါးပါးလှီး)
ကြက်သွန်နီလုံးသေး – ၁၀ လုံး(အခွံနွှာထားပါ)
ကြက်သွန်ဖြူ – ၃ မွှာ ( နုတ်နုတ်စဉ်း)
ဂျင်း – လက်တစ်ဆစ်(နုတ်နုတ်စဉ်း)
ငံပြာရည် – စားပွဲတင်ဇွန်း ၁ စွန်း
ဆား – လက်ဖက်ရည်ဇွန်း ၂ စွန်း
ကြက်သားမှုန်. – လက်ဖက်ရည်ဇွန်း ၂ စွန်း
သကြား – စားပွဲတင်ဇွန်း ၁ စွန်း
နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
ငရုတ်သီးအစိမ်းမှုန်.- စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်သီးအကျက်မှုန်.- အနည်းငယ်
အကြွပ်ကြော် – တစ်ထုပ်
သံပုရာသီး – ၂ လုံး (စိပ်ထားပါ)
# ချက်ပြုတ်နည်း
အရင်ဆုံး ခေါက်ဆွဲကို ပြုတ်ပြီး ရေစစ်ထားပါ။
ဒယ်ထဲ ဆီထည့်ပြီး ကြက်သွန်နီ ၁ လုံးစာ၊ကြက်သွန်ဖြူ ဂျင်း ဆီသတ်ပါ။ငရုတ်သီးစိမ်းမှု
န်.နနွင်းမှုန်.ထည့်ပါ။
ကြက်သားထည့်ပြီး ခဏလုံးချက်ပေးပါ။
ရေအနည်းငယ်ထည့်ချက်ပါ။
ကြက်သားများနူးပြီး ဆီပြန်လာရင် ဒန်အိုးထဲပြောင်းထည့်ပါ။
ရေတစ်လီတာခန်.ထည့်ပြီး ဆူအောင်တည်ပေးပါ။(မှတ်ချက်။ ။ ရေပမဏက စားတဲ့လူအရေအတွက်နဲ.ချိန်ပြီး ထည့်ပါ)
ဆူလာရင် ပဲအစိမ်းမှုန်.ကို ရေဆန်ချိန်ခွက်တစ်ခွက်နဲ.ဖျော်ထည့်ပြီး သမအောင် ခဏမွှေပေးပါ။နို.စိမ်းထည့်ပါ။
ကြက်သွန်နီအလုံးသေးတွေထည့်ပြီး တည်ပေးပါ။
အရသာအတွက် ငံပြာရည်၊ဆား၊သကြား၊ကြက်သားမှုန်.ထည့်ပါ။ အရသာမြည်းပါ။
ကြက်သွန်နီဥများ နူးပြီး အရသာအဆင်ပြေရင် မီးပိတ်လိုက်ပါ။
နို.စိမ်းခေါက်ဆွဲပြင်ဆင်ရန်အတွက်
ပန်းကန်ထဲကို ခေါက်ဆွဲလက်တစ်ဆုပ်စာထည့်ပါ။
ကြက်သွန်နီ၊ဘဲဥ၊အကြွပ်ကြော်၊ပဲကြော်၊
ငရုတ်သီးအကျက်မှုန်.၊ငံပြာရည်အနည်းငယ်၊
သံပုရာသီးထည့်ပါ။
ပြီးမှ ဟင်းရည်ကို ကြက်သားဖတ်နဲ.ကြက်သွန်နီဥပါအောင် ပန်းကန်ထဲခပ်ထည့်ပါ။
အခုဆိုရင် စားလို.ကောင်းတဲ့ နို.စိမ်းခေါက်ဆွဲတစ်ပွဲ ရပါပြီ ခင်ဗျာ
Credit-ဟင်းချက်နည်းများ
Zawgyiျဖင့္ဖတ္ရန္
အဆာေျပလုပ္စားႏိုင္ရန္ ႏို.စိမ္းေခါက္ဆြဲလုပ္နည္းေလး
ႏုိ႔စိမ္းေခါက္ဆြဲ
အဆာေျပလုပ္စားနိုင္ရန္ နို.စိမ္းေခါက္ဆြဲလုပ္နည္းေလး ျပန္လည္မ်ွေဝေပးပါရေစ။
အုန္းနို.ေခါက္ဆြဲလုပ္နည္းနဲ.ဆင္တူပါပဲ။တစ္ခ်ိဳ.အုန္းနို.နဲ.မတည့္တဲ့သူေတြ ေသြးတိုးေရာဂါရွိတဲ့သူေတြ နို.စိမ္းေခါက္ဆြဲစားလို.ရပါတယ္။
နို.စိမ္းေခါက္ဆြဲအတြက္ ပါဝင္ပစၥည္းမ်ား
ဂ်ံဳေခါက္ဆြဲေျခာက္- ၁ စည္း(ျပဳတ္ျပီး ေရစစ္ထားပါ)
ျကက္သား – ၁၅ က်ပ္သား(အတံုးေသးေသးလွီးပါ)
ဘဲဥ – ၃ လံုး ( ျပဳတ္ျပီး ျခမ္းထားပါ)
နို.စိမ္း – ဗူး ၁ ဝက္
ပဲအစိမ္းမႈန္.၁၀၀ တန္ – ၁ ထုပ္
ျကက္သြန္နီအျကီး – ၃ လံုး(ပါးပါးလွီး)
ျကက္သြန္နီလံုးေသး – ၁၀ လံုး(အခြံႏႊာထားပါ)
ျကက္သြန္ျဖဴ – ၃ မႊာ ( နုတ္နုတ္စဥ္း)
ဂ်င္း – လက္တစ္ဆစ္(နုတ္နုတ္စဥ္း)
ငံျပာရည္ – စားပြဲတင္ဇြန္း ၁ စြန္း
ဆား – လက္ဖက္ရည္ဇြန္း ၂ စြန္း
ျကက္သားမႈန္. – လက္ဖက္ရည္ဇြန္း ၂ စြန္း
သျကား – စားပြဲတင္ဇြန္း ၁ စြန္း
နႏြင္းမႈန္. – လက္ဖက္ရည္ဇြန္း ၃ ပံု ၁ ပံု
ငရုတ္သီးအစိမ္းမႈန္.- စားပြဲတင္ဇြန္း ၁ စြန္း
ငရုတ္သီးအက်က္မႈန္.- အနည္းငယ္
အျကြပ္ေျကာ္ – တစ္ထုပ္
သံပုရာသီး – ၂ လံုး (စိပ္ထားပါ)
# ခ်က္ျပဳတ္နည္း
အရင္ဆံုး ေခါက္ဆြဲကို ျပဳတ္ျပီး ေရစစ္ထားပါ။
ဒယ္ထဲ ဆီထည့္ျပီး ျကက္သြန္နီ ၁ လံုးစာ၊ျကက္သြန္ျဖဴ ဂ်င္း ဆီသတ္ပါ။ငရုတ္သီးစိမ္းမႈ
န္.နႏြင္းမႈန္.ထည့္ပါ။
ျကက္သားထည့္ျပီး ခဏလံုးခ်က္ေပးပါ။
ေရအနည္းငယ္ထည့္ခ်က္ပါ။
ျကက္သားမ်ားနူးျပီး ဆီျပန္လာရင္ ဒန္အိုးထဲေျပာင္းထည့္ပါ။
ေရတစ္လီတာခန္.ထည့္ျပီး ဆူေအာင္တည္ေပးပါ။(မွတ္ခ်က္။ ။ ေရပမဏက စားတဲ့လူအေရအတြက္နဲ.ခ်ိန္ျပီး ထည့္ပါ)
ဆူလာရင္ ပဲအစိမ္းမႈန္.ကို ေရဆန္ခ်ိန္ခြက္တစ္ခြက္နဲ.ေဖ်ာ္ထည့္ျပီး သမေအာင္ ခဏေမႊေပးပါ။ႏို.စိမ္းထည့္ပါ။
ျကက္သြန္နီအလံုးေသးေတြထည့္ျပီး တည္ေပးပါ။
အရသာအတြက္ ငံျပာရည္၊ဆား၊သျကား၊ျကက္သားမႈန္.ထည့္ပါ။ အရသာျမည္းပါ။
ျကက္သြန္နီဥမ်ား နူးျပီး အရသာအဆင္ေျပရင္ မီးပိတ္လိုက္ပါ။
နို.စိမ္းေခါက္ဆြဲျပင္ဆင္ရန္အတြက္
ပန္းကန္ထဲကို ေခါက္ဆြဲလက္တစ္ဆုပ္စာထည့္ပါ။
ျကက္သြန္နီ၊ဘဲဥ၊အျကြပ္ေျကာ္၊ပဲေျကာ္၊
ငရုတ္သီးအက်က္မႈန္.၊ငံျပာရည္အနည္းငယ္၊
သံပုရာသီးထည့္ပါ။
ျပီးမွ ဟင္းရည္ကို ျကက္သားဖတ္နဲ.ျကက္သြန္နီဥပါေအာင္ ပန္းကန္ထဲခပ္ထည့္ပါ။
အခုဆိုရင္ စားလို.ေကာင္းတဲ့ နို.စိမ္းေခါက္ဆြဲတစ္ပြဲ ရပါျပီ ခင္ဗ်ာ
Credit-ဟင္းခ်က္နည္းမ်ား