မြန်မ့ာရိုးရာ အချိုပွဲပြုလုပ်နည်းများ

Unicodeဖြင့်ဖတ်ရန်

 

နို့ထမင်း (မြန်မာနိုင်ငံက နွားနို့သည်တွေရောင်းတဲ့ အတိုင်းလုပ်ထားတာပါ။)

ဒီနိုင်ငံမှာ နို့ထမင်း(rice pudding) တွေရှိပေမယ့် မြန်မာပြည်က နို့ထမင်းတွေလောက်စားမကောင်းဘူး။ အိမ်က သားသားရယ် အိစံရဲ့အဒေါ်ရယ်က နို့ထမင်းအရမ်းကြိုက်ကြတယ်။ အိစံ မုန့်တွေလုပ်လွန်းလို့နို့ထမင်းလုပ်ကြည့်ဖို့ခနခန ပြောတာနဲ့ လုပ်ကြည့်ဖြစ်တယ်။ မြန်မာပြည်က နို့ထမင်းသည် ကြီးပြောပြထားသလို ဆန်မှုန့်ကိုလဲထည့်ုသုံးထားပါတယ်။ ထမင်းပေါင်းအိုးနဲ့ချက်တဲ့နည်းမို့လွယ်ကူပါတယ်။ ချက်ရတာတော့ နည်းနည်းကြာတယ်။ နို့ထမင်းကြိုက်တဲ့သူတွေအတွက် ကော ကလေးလေးတွေအတွက်ကော ကြိုက်မယ့်နည်းလေးပါ။ မြန်မာနိုင်ငံက နို့ထမင်းတွေလို တင်းတင်းလေးရဘို့အတွက် နည်းမျိုးစုံနဲ့စမ်းကြည့်ပြီး ဒီနည်းကတော့ တကယ်ကိုတူတဲ့ နည်းပါ။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ဆန် – ၁ ခွက် (ပေါင်းအိုးမှာပါသော ဆန်ချိန်ခွက်)

၂။ ဆန်မှုန့်- ခွက် တ ဝက်(ပေါင်းအိုးမှာပါသော ဆန်ချိန်ခွက်)

၃။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ

၄။ အဆီမထုတ်၇သေးသော နွားနို့(whole milk)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ဆန်ကို ရေအရင်ဆေးပါ။ ပြီးလျှင်ပေါင်းအိုးထဲတွင် ဆန် ကိုရေဆေးပြီး ဆန်နှင့် နွားနို့ကို ရေအမှတ်၂ မှာထည့်ပြီး ထမင်းချက်သလိုချက်ပါ။

၂။ ထမင်းကျက်လျှင် ကပ်နေသော ထမင်းများကို ဆန်ကောသော ဂေါ်ဖြင့် ခွာပြီး ဖိချေပေးပါ။ပြီးလျှင် ထိုထမင်းအိုးထဲသို့ဆန်မှုန့်၊ဆား နှင့် နွားနို့ကို ရေအမှတ် ၂ မှာထားရျ် ထည့်ပြီး သမအောင်မွှေပါ။ ထမင်းချက်သလိုထပ်ချက်ပါ။

၃။ ကျက်လျှင် ၁၅ မိနစ် ခန့်နှပ်ထားပါ။

၄။ မြန်မာပြည်မှ နို့ထမင်းကို ထန်းလျက်ရည် (သို့) သကြားဖြင့် သုံးဆောင်နိုင်ပါပြီ။

2) မုန့်ကြာစေ့

မုန့်ကြာစေ့လုပ်နည်းမေးထားတဲ့သူတွေအတွက်

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့ မုန့်ကြာစေ့ကတော့ လူကြိုက်များပြီး လုပ်နည်းလွယ်ကူစားလို့ကောင်းပါတယ်။ အိမ်မှာ လုပ်စားဖို့အရမ်းအဆင်ပြေလို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းမှုန့်- ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း

၂။ ဆန် မှုန့်- ထမင်းစားဇွန်း ၄ ဇွန်း

၃။ ရေ – ထမင်းစားဇွန်း ၉ ဇွန်း

၄။ ဆား – အနည်းငယ်

၅။ ထန်းလျက်အခဲ – ၁၅ ကျပ်သား

၆။ အုံးသီးခြစ်ဖတ် – ထမင်းစားဇွန်း ၄ ဇွန်း

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် ၊ ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ကောက်ညှင်းမှုန့်၊ ဆန် မှုန့်၊ဆားအနည်းငယ်ကို ရောရျ် ရေထမင်းစားဇွန်း ၉ ဇွန်းထည့်ပြီး သမလာအောင်နယ်ထားပါ။ ထို့နောက် အလုံးအသေးလေးတွေလုံးထားပါ။

၂။ အိုးတခုထဲတွင် ထန်းလျက်ကို ရေထည့်ပြီး ထန်းလျက်များအရည်ပျော်လာသသည်အထိတည်ပါ။ အရည်ပျော်သွားလျှင် ရေစစ်ဖြင့် အမှိုက်များကိုစစ်ပါ။ ပြီးလျှင် အချိုကြိုက်နှစ်သက်သော အနေအထားရအောင်ရေရောပါ။ ရေများနေလျှင် လိုချင်သောအနေအထားရသည်အထိတည်ပါ။

၃။ အခြားအိုးတခုထဲတွင် ရေထည့်ပြီး ဆူလာအောင်တည်ပါ။ ရေဆူလာလျှင် လုံးထားသော မုန့်လုံးများကို ထည့်ပါ။ မုန့်လုံးများကျက်လာပြီး ရေပေါ်ပေါ်လာလျှင် မုန့်လုံးများကို ဆယ်ထားပါ။

၄။ ဆယ်ထားသော မုန့်လုံးများကို ကျိုထားသော ထန်းလျက်ရည်အိုးထဲထည့်ရျ် ပွက်လာသည်အထိပြန်တည်ပါ။ ပွက်လာပြီး ၁၀ မိနစ်ခန့်မီးဖိုပေါ်ဆက်တည်ထားပါ။ (အချိုရည်များ မုန့်လုံးထဲဝင်သွားအောင်လို့ပါ။)

၅။ ထို့နောက် မုန့်ကြာစေ့ ပူပူလေးကို အုန်းသီးဖတ်ဖြူး၊ အုန်းနို့ကြိုက်နှစ်သက်လျှင် အုန်းနို့ဆမ်းရျ်သုံးဆောင်နိုင်ပါတယ်။

3) မလိုင်ပေါက်ဆီ (အိမ်တော်ရာဘုရားမှာရောင်းတဲ့ မလိုင်ပေါက်ဆီ)

အိစံက မန္တလေးသူ။အိစံတို့ အိမ်က အိမ်တော်ရာတောင်ပေါက်က စိုင်ပြွန်ဝန်းပါ။ စိုင်ပြွန်ဝန်းကို တချို့တွေလဲ သိကြမှာပါ။ အဲတာကတော့ အိစံတို့ရဲ့နွေးထွေးတဲ့ အိမ်လေးပေါ့နော်။ ပြောချင်တာကတော့ အိမ်တော်ရာ ဘုရားနားမှာနေတော့ အိမ်တော်ရာဘုရားပွဲတွေမှာ ရောင်းတဲ့မလိုင်ပေါက်ဆီသိပ်ကြိုက်ပေါ့။ အခုဝါတွင်း ပြီးရင် ဘုရားပွဲစတော့မှာဆိုတော့ စားချင်စိတ်လေးကပြန်ဖြစ်လာပြီး လုပ်ဖြစ်သွားတယ်။(မန်ထိုပေါက်ဆီလုပ်နည်းတော့ နောက်မှရေးပေးတော့မယ်နော်။ မလိုင်ပေါက်ဆီစားချင်တာနဲ့လုပ်စားတာ မန်ထိုလုပ်နည်းကို ဓါတ်ပုံရိုက်ဖို့မေ့သွားတယ်။)အခုက မလိုင်ပေါက်ဆီ လုပ်နည်းအရင်ရေးပေးလိုက်ပါတယ်။ အီအီဆိမ့်ဆိမ့် ချိုချိုနဲ့လူကြိုက်များတဲ့ မလိုင်ပေါက်ဆီကို လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (တပွဲစာအတွက်)

၁။ ပေါက်ဆီအလွတ် (မန်ထို) – ၂ လုံး

၂။ နွားနို့ပူပူ – ၁ ခွက် (240 ml)

၃။ နို့စိမ်း – ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း

၄။ ထောပတ်အရည် – လက်ဖက်ရည်ဇွန်း တ ဝက်

၅။ မလိုင် – ထမင်းစားဇွန်း ၁ ဇွန်း

၆။ နို့ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၇။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၈။ သီဟိုဉ်စေ့ – အနည်းငယ်

၉။ အုံးသီးခြစ်ဖတ် – အနည်းငယ်

၁၀။ စပျစ်သီးခြောက် – အနည်းငယ်

၁၁။ ဖရုံယို – အနည်းငယ်

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ နွားနို့ကို ပူကျက်နေအောင်လုပ်ထားပါ။

၂။ ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။

၃။ ပေါက်ဆီ ပေါ်ကို နွားနို့ပူပူဆမ်း၊ မလိုင် နှင့် နို့စိမ်းထည့်၊ နို့ဆီကို အနှံ့ဆမ်း၊ သကြား၊ သီဟိုဉ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယို တို့ကို အနှံ့ဖြူး၊ နောက်ဆုံးမှ ထောပတ်အရည်လေးကို အနှံ့ဆမ်းရျ် သုံးဆောင်နိုင်ပါပြီ။

4) နွားနို့ယို

နွားနို့ယိုကတော့ တချို့တွေလဲ လုပ်တတ်ကြမှာပါ။ လုပ်နည်းမေးထားတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။ အိမ်မှာပဲ နွားနို့စစ်စစ်နဲ့ပြုလုပ်ပြီး သန့်သန့်ရှင်းရှင်းစားချင်တဲ့သူတွေအတွက် အလွန်လွယ်ကူပါတယ်။ လုပ်ရတာတော့ အချိန်နည်းနည်းကြာပါတယ်။ ဒီနည်းကလဲ အိစံငယ်ငယ်ထဲက အိမ်မှာအဖွားလုပ်တိုင်း ဝင်ဆော့နေကြပေါ့။ ခဏ ခဏတော့ မွှေနေရပါတယ်။ အိမ်မှာလုပ်ရင်တော့ အများကြီးလဲ၇ပြီး သန့်ရှင်းတာမို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ နွားနို့- ၄ လီတာ

၂။ သကြား – ထမင်းစားဇွန်း ၁၆ ဇွန်း (သို့) ၁ ခွက်

၃။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ နွားနို့ကို အိုးကြီးကြီးတလုံးထဲမှာ ပွက်လာအောင်တည်ပါ။ (နွားနို့ကို အိုးနဲ့ကွက်တိထည့်ရင် နွားနို့ပွက်ရင် ဝေတတ်တာမို့အိုးအကြီးထဲမှာထည့်ရျ်တည်ပါ။ ပွက်လာတာကို သတိထားကြည့်ပါ။သတိမထားမိရင် ဝေကျတတ်ပါတယ်။)

၂။ နွားနို့ပွက်လာလျှင် မီးအေးအေးဖြင့် ပြောင်းရျ်တည်ပါ။ သကြားနှင့်ဆားကို ထည့်ပါ။ ခဏ ခဏ မွှေပေးပါ။ မလိုင်တက်လာတိုင်းမွှေမွှေပေးပါ။

၃။ မီးအေးအေးဖြင့်တည်လျှင် ဆက်တိုက်မွှေနေစရာမလိုပါ။၁၀ မိနစ်တခါလောက်မှမွှေရင်၇ပါတယ်။

၄။ မီးဖိုမီးအားပေါ်မူတည်ပြီး ၁ နာရီ (သို့) ၁ နာရီခွဲလောက်တည်အပြီးမှာ အရမ်းပစ်လာပါလိမ့်မည်။အရမ်းပစ်လာလျှင် မီးအားပြင်းပြင်းကို ပြောင်းတည်ပြီး ဆက်တိုက်မွှေပေးပါ။

၅။ မွှေရင်းနဲ့မလိုင်အဖတ်ဖတ်တွေဖြစ်လာပြီး ရေခမ်းလာပါလိမ့်မည်။ ရေကုန် လျှင် မီးဖိုပေါ်မှချရျ်အအေးခံထားပါ။ အေးသွားလျှင် သကြားရည်များအနည်းငယ်ထွက်လာပါလိမ့်မည်။ နွားနို့ယိုရပါပြီ။

၆။ နွားနို့ယို ကိုလေလုံသောဗူးထဲ၊ရေခဲသေတ္တာထဲထည့်ရျ် ၂ ပတ်လောက်ထားပြီး ပေါင်မုန့်၊ဘီစကစ်၊ မုန့်ကြွပ်တို့ဖြင့် တွဲရျ်သုံးဆောင်နိုင်ပါတယ်။

5) မုန့်ဌာပနာ (မုန့်ဖက်ထုပ်မုန့်)

မန္တလေးမှာနေတုန်းက ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်ဆိုရင် စက်ဘီးနဲ့အသယ် လာလာရောင်းတယ်။ ဌာပနာထုပ် ပြန်ပေါင်းထုပ် ပူပူလေးဆိုပြီးတော့လေ။ ကိုယ်က စားချင်လို့အိမ်ရှေ့ထွက်အော်မယ်လုပ်ရင် သူကပျောက်ပျောက်သွားလို့မစားလိုက်ရနဲ့။ သူ့အသံကြားရင် အာပြဲစိန်ပြီး မကြည့်ပဲ လာအုံးဆိုပြီးအော်မှရောက်လာတယ်။ အဲ့တုံးကတော့ ဌာပနာထုပ် ဘယ်တော့မှဝယ်မစားဘူး။ ပြန်ပေါင်းထုပ်ပဲ ဝယ်စားတယ်။ ဌာပနာထုပ် ဝယ်မစားဆို အရင်က အုန်းသီးဖတ်လုံး၀ မကြိုက်ဘူး။ အခုကျတော့ အသက်လေးရလာလို့ထင်တယ်။ အုန်းသီးနဲ့လုပ်တဲ့ မုန့်တွေ ကြိုက်ကြိုက်လာတယ်။ ဌာပနာထုပ်သာ စားချင်တာ အဲ့ထုပ်ရတဲ့ အလုပ်ကိုလဲအချိန်ကြာလို့ မလုပ်ချင်ဘူး။ အလွယ်လမ်းကလဲ လိုက်ချင်သား။ အဲ့တာနဲ့အခုနည်းလေးကို စမ်းကြည့်တာ။ တော်တော်လေး အဆင်ပြေတယ်။ အချိန်ကုန်သက်သာတယ်။ စားလို့ကောင်းလို့လုပ်ပြီးပြီးချင်းစားလိုက်တာ ညစာတောင်မစားနိုင်တော့ဘူး။ ဧည့်သည်ကျွေးဖို့ဆိုရင် ပိုတောင်အဆင်ပြေသေးတယ်။ အတုံးလေးတွေတုံးထားတော့ အတော်ပဲ။ အခုနည်းလေးကတော့ ဌာပနာထုပ်ရဲ့အနံ့အရသာအတိုင်းတူပြီး အချိန်ကုန်သက်သာတဲ့နည်းလေးပါ။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းမှုန့်- ၁ ပေါင် (သို့) ၅၀၀ ဂရမ် (သို့) ၂၅ ကျပ်သား

၂။ ရေ – ၄၈၀ ml

၃။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၄။ အုန်းသီးခြစ်ဖတ် – ၃ ခွက် (၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်)

၅။ သကြား – ထမင်းစားဇွန်း ၁၀ ဇွန်း

၆။ ရေ – ထမင်းစားဇွန်း ၄ ဇွန်း

၇။ ဌက်ပျောရွက် – အကြီး ၁ ခု

ပြုလုပ်နည်း

၁။ ကောက်ညှင်းကို ရေ၊ ဆားတို့ဖြင့် နှံ့အောင်နယ်ထားပါ။

၂။ ဒယ်အိုးတခုထဲတွင် အုန်းသီး၊ ရေ၊ သကြားတို့ကိုထည့်ရျ် ရေခြောက်ပြီး အုန်းယို စိုစိုလေးဖြစ်လာသည်အထိလုပ်ပါ။

၃။ ၈ လက်မ ပတ်လည် ကိတ်မုန့်လုပ်သည့် ခွက်ထဲတွင် ဌက်ပျောရွက် ကိုခင်းပါ။ ဖက်ပေါ်ကို ဆီသုတ်ပါ။ ပြီးလျှင် နယ်ထားသော ကောက်ညှင်းရဲ့တဝက်ကို ဖြန့်ရျ် ထည့်ပါ။ အနည်းငယ် ဖိပေးပါ။

၄။ ပြီးလျှင် အုန်းယို အကုန်လုံးကို ကောက်ညှင်းပေါ် ဖြန့်ရျ် ထည့်ပြီး ဖိပေးပါ။ ထို့နောက် ကျန်သော ကောက်ညှင်းများကိုဖြန့်ထည့်ပါ။

၅။ အပေါ်ကနေပြီး ဌက်ပျောဖတ်ဖြင့် ပြန်အုပ်ပါ။ ပြီးလျှင် ပေါင်းချောင်ထဲတွင် မိနစ် ၃၀ ခန့်ထည့်ပေါင်းပါ။ (အိစံကတော့ ကိတ်မုန့်လုပ်တဲ့ခွက်ကို အလူမီနီယံ အရွက်ဖြင့် အုပ်ပါတယ်။ လုံအောင်လို့ပါ။)

၆။ ပေါင်းပြီးသား မုန့်ဌာပနာများကို အတုံးလေးတွေတုံးရျ် သုံးဆောင်နိုင်ပါပြီ။

6) မုန့်ဆီကြော် ကြွပ်ကြွပ်လေး

အိစံ ငယ်ငယ်ကတည်းက အရမ်းကြိုက်တဲ့ မုန့်ဆီကြော်ကြွပ်ကြွပ်လေးပါ။ မုန့်ဆီကြော်ကို တချို့က ပျော့ပျော့လေး ကြိုက်ကြတယ်။ အိစံကတော့ ကြွပ်ကြွပ်လေးကို ပိုကြိုက်လို့မီးအေးအေးနဲ့ကြွပ်အောင် ကြော်ထားပါတယ်။ အိမ်မှာ ငယ်ငယ်ကတည်းက လာကြော်ပေးနေတဲ့အန်တီကြီးတယောက် သင်ပေးထားတဲ့နည်းပါ။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းမှုန့်- ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း

၂။ ဆန်မှုန့်- ခွက်လေးပုံတပုံ (သို့) ထမင်းစားဇွန်း ၄ ဇွန်း

၃။ ဆောဒါ (baking soda) – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၄။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းညက်ရည် – ထမင်းစားဇွန်း ၄ ဇွန်း

၆။ ရေ – ခွက်လေးပုံ သုံးပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း

၇။ နှမ်း – ထမင်းစားဇွန်း တ ဝက်

၈။ ထောင်းထားသော မြေပဲ – ထမင်းစားဇွန်း ၁ ဇွန်း

၉။ ပါးပါးလှီးထားသော အုံးသီးဖတ်

၁၀။ ကြော်ရန် ဆီ

ပြုလုပ်နည်း

၁။ ကောက်ညှင်းမှုန့်၊ဆန်မှုန့်၊ ဆောဒါ၊ဆား၊ ရေတို့ကိုရောရျ် သမအောင် မွှေပါ။ ထို့နောက် ထန်းညက်ရည်ကို ထည့်ရျ် သမအောင်မွှေပါ။ မှုန့်အနှစ်ကို တည နှပ်ထားပါ။ (တချို့လဲ မနှပ်ပဲကြော်ကြပါတယ်။)

၂။ ကြော်ခါနီးတွင် မှုန့်နှစ်ထဲကို နှမ်းနဲ့မြေပဲထောင်းထည့်ရျ် သမအောင်မွှေပါ။

၃။ မုန့်ဆီကြော်ရန် အတွက် ဒယ်အိုးကို အပူပေးရျ် ဆီပူလာလျှင် ယောင်းမဖြင့် မုန့်နှစ်ကို မွှေရျ် ခပ်ပါ။ ပြီးနောက်ဒယ်အိုးထဲကိုမိမိလိုချင်သည့်အရွယ်အစား ကိုလောင်းထည့်ပါ။ အပေါ်ကနေ အုံးသီးဖတ် ဖြူးပါ။ မီးအေးအေးဖြင့်ကြော်ပါ။

၄။ အကြွပ်ကြိုက်လျှင် ကြာကြာကြော်ပါ။ အပျော့ကြိုက်ရင် ခနလောက်ကြော်ပြီးလျှင် ဆီစစ်ထားပါ။

၅။ မုန့်ဆီကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon = 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Credit: မုန့်လုပ်နည်းတွေ ရေးသားမျှဝေပေးတဲ့ အမတွေကို လေးစားစွာ ကျေးဇူးတင်ပါတယ်

 

Zawgyiျဖင့္ဖတ္ရန္

 

ျမန္မ့ာ႐ိုးရာ အခ်ိဳပြဲျပဳလုပ္နည္းမ်ား

 

ႏို႔ထမင္း (ျမန္မာႏိုင္ငံက ႏြားႏို႔သည္ေတြေရာင္းတဲ့ အတိုင္းလုပ္ထားတာပါ။)

ဒီႏိုင္ငံမွာ ႏို႔ထမင္း(rice pudding) ေတြရွိေပမယ့္ ျမန္မာျပည္က ႏို႔ထမင္းေတြေလာက္စားမေကာင္းဘူး။ အိမ္က သားသားရယ္ အိစံရဲ႕အေဒၚ၇ယ္က ႏို႔ထမင္းအ၇မ္းႀကိဳက္ၾကတယ္။ အိစံ မုန္႔ေတြလုပ္လြန္းလို႔ႏို႔ထမင္းလုပ္ၾကည့္ဖို႔ခနခန ေျပာတာနဲ႔ လုပ္ၾကည့္ျဖစ္တယ္။ ျမန္မာျပည္က ႏို႔ထမင္းသည္ ႀကီးေျပာျပထားသလို ဆန္မႈန္႔ကိုလဲထည့္ုသုံးထားပါတယ္။ ထမင္းေပါင္းအိုးနဲ႔ခ်က္တဲ့နည္းမို႔လြယ္ကူပါတယ္။ ခ်က္ရတာေတာ့ နည္းနည္းၾကာတယ္။ ႏို႔ထမင္းႀကိဳက္တဲ့သူေတြအတြက္ ေကာ ကေလးေလးေတြအတြက္ေကာ ႀကိဳက္မယ့္နည္းေလးပါ။ ျမန္မာႏိုင္ငံက ႏို႔ထမင္းေတြလို တင္းတင္းေလးရဘို႔အတြက္ နည္းမ်ိဳးစုံနဲ႔စမ္းၾကည့္ၿပီး ဒီနည္းကေတာ့ တကယ္ကိုတူတဲ့ နည္းပါ။ လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ဆန္ – ၁ ခြက္ (ေပါင္းအိုးမွာပါေသာ ဆန္ခ်ိန္ခြက္)

၂။ ဆန္မႈန္႔- ခြက္ တ ဝက္(ေပါင္းအိုးမွာပါေသာ ဆန္ခ်ိန္ခြက္)

၃။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံ သုံးပုံ

၄။ အဆီမထုတ္၇ေသးေသာ ႏြားႏို႔(whole milk)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

၁။ ဆန္ကို ေရအ၇င္ေဆးပါ။ ၿပီးလွ်င္ေပါင္းအိုးထဲတြင္ ဆန္ ကိုေရေဆးၿပီး ဆန္ႏွင့္ ႏြားႏို႔ကို ေရအမွတ္၂ မွာထည့္ၿပီး ထမင္းခ်က္သလိုခ်က္ပါ။

၂။ ထမင္းက်က္လွ်င္ ကပ္ေနေသာ ထမင္းမ်ားကို ဆန္ေကာေသာ ေဂၚျဖင့္ ခြာၿပီး ဖိေခ်ေပးပါ။ၿပီးလွ်င္ ထိုထမင္းအိုးထဲသို႔ဆန္မႈန္႔၊ဆား ႏွင့္ ႏြားႏို႔ကို ေရအမွတ္ ၂ မွာထားရ်္ ထည့္ၿပီး သမေအာင္ေမႊပါ။ ထမင္းခ်က္သလိုထပ္ခ်က္ပါ။

၃။ က်က္လွ်င္ ၁၅ မိနစ္ ခန္႔ႏွပ္ထားပါ။

၄။ ျမန္မာျပည္မွ ႏို႔ထမင္းကို ထန္းလ်က္ရည္ (သို႔) သၾကားျဖင့္ သုံးေဆာင္ႏိုင္ပါၿပီ။

2) မုန္႔ၾကာေစ့

မုန္႔ၾကာေစ့လုပ္နည္းေမးထားတဲ့သူေတြအတြက္

ျမန္မာ့႐ိုးရာမုန္႔တမ်ိဳးျဖစ္တဲ့ မုန္႔ၾကာေစ့ကေတာ့ လူႀကိဳက္မ်ားၿပီး လုပ္နည္းလြယ္ကူစားလို႔ေကာင္းပါတယ္။ အိမ္မွာ လုပ္စားဖို႔အ၇မ္းအဆင္ေျပလို႔လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညႇင္းမႈန္႔- ၁ ခြက္ (သို႔) ထမင္းစားဇြန္း ၁၆ ဇြန္း

၂။ ဆန္ မႈန္႔- ထမင္းစားဇြန္း ၄ ဇြန္း

၃။ ေရ – ထမင္းစားဇြန္း ၉ ဇြန္း

၄။ ဆား – အနည္းငယ္

၅။ ထန္းလ်က္အခဲ – ၁၅ က်ပ္သား

၆။ အုံးသီးျခစ္ဖတ္ – ထမင္းစားဇြန္း ၄ ဇြန္း

( ၁ ခြက္ = 240 ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္ ၊ ထမင္းစားဇြန္း = 1 tablespoon = 15 ml ၊ လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

၁။ ေကာက္ညႇင္းမႈန္႔၊ ဆန္ မႈန္႔၊ဆားအနည္းငယ္ကို ေရာရ်္ ေရထမင္းစားဇြန္း ၉ ဇြန္းထည့္ၿပီး သမလာေအာင္နယ္ထားပါ။ ထို႔ေနာက္ အလုံးအေသးေလးေတြလုံးထားပါ။

၂။ အိုးတခုထဲတြင္ ထန္းလ်က္ကို ေရထည့္ၿပီး ထန္းလ်က္မ်ားအ၇ည္ေပ်ာ္လာသသည္အထိတည္ပါ။ အရည္ေပ်ာ္သြားလွ်င္ ေရစစ္ျဖင့္ အမႈိက္မ်ားကိုစစ္ပါ။ ၿပီးလွ်င္ အခ်ိဳႀကိဳက္ႏွစ္သက္ေသာ အေနအထားရေအာင္ေရေရာပါ။ ေရမ်ားေနလွ်င္ လိုခ်င္ေသာအေနအထားရသည္အထိတည္ပါ။

၃။ အျခားအိုးတခုထဲတြင္ ေရထည့္ၿပီး ဆူလာေအာင္တည္ပါ။ ေရဆူလာလွ်င္ လုံးထားေသာ မုန္႔လုံးမ်ားကို ထည့္ပါ။ မုန္႔လုံးမ်ားက်က္လာၿပီး ေရေပၚေပၚလာလွ်င္ မုန္႔လုံးမ်ားကို ဆယ္ထားပါ။

၄။ ဆယ္ထားေသာ မုန္႔လုံးမ်ားကို က်ိဳထားေသာ ထန္းလ်က္ရည္အိုးထဲထည့္ရ်္ ပြက္လာသည္အထိျပန္တည္ပါ။ ပြက္လာၿပီး ၁၀ မိနစ္ခန္႔မီးဖိုေပၚဆက္တည္ထားပါ။ (အခ်ိဳ၇ည္မ်ား မုန္႔လုံးထဲဝင္သြားေအာင္လို႔ပါ။)

၅။ ထို႔ေနာက္ မုန္႔ၾကာေစ့ ပူပူေလးကို အုန္းသီးဖတ္ျဖဴး၊ အုန္းႏို႔ႀကိဳက္ႏွစ္သက္လွ်င္ အုန္းႏို႔ဆမ္းရ်္သုံးေဆာင္ႏိုင္ပါတယ္။

3) မလိုင္ေပါက္ဆီ (အိမ္ေတာ္ရာဘုရားမွာေရာင္းတဲ့ မလိုင္ေပါက္ဆီ)

အိစံက မႏၲေလးသူ။အိစံတို႔ အိမ္က အိမ္ေတာ္ရာေတာင္ေပါက္က စိုင္ႁပြန္ဝန္းပါ။ စိုင္ႁပြန္ဝန္းကို တခ်ိဳ႕ေတြလဲ သိၾကမွာပါ။ အဲတာကေတာ့ အိစံတို႔ရဲ႕ေႏြးေထြးတဲ့ အိမ္ေလးေပါ့ေနာ္။ ေျပာခ်င္တာကေတာ့ အိမ္ေတာ္ရာ ဘုရားနားမွာေနေတာ့ အိမ္ေတာ္ရာဘုရားပြဲေတြမွာ ေရာင္းတဲ့မလိုင္ေပါက္ဆီသိပ္ႀကိဳက္ေပါ့။ အခုဝါတြင္း ၿပီးရင္ ဘုရားပြဲစေတာ့မွာဆိုေတာ့ စားခ်င္စိတ္ေလးကျပန္ျဖစ္လာၿပီး လုပ္ျဖစ္သြားတယ္။(မန္ထိုေပါက္ဆီလုပ္နည္းေတာ့ ေနာက္မွေရးေပးေတာ့မယ္ေနာ္။ မလိုင္ေပါက္ဆီစားခ်င္တာနဲ႔လုပ္စားတာ မန္ထိုလုပ္နည္းကို ဓါတ္ပုံ႐ိုက္ဖို႔ေမ့သြားတယ္။)အခုက မလိုင္ေပါက္ဆီ လုပ္နည္းအ၇င္ေရးေပးလိုက္ပါတယ္။ အီအီဆိမ့္ဆိမ့္ ခ်ိဳခ်ိဳနဲ႔လူႀကိဳက္မ်ားတဲ့ မလိုင္ေပါက္ဆီကို လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား (တပြဲစာအတြက္)

၁။ ေပါက္ဆီအလြတ္ (မန္ထို) – ၂ လုံး

၂။ ႏြားႏို႔ပူပူ – ၁ ခြက္ (240 ml)

၃။ ႏို႔စိမ္း – ထမင္းစားဇြန္း ၂ ဇြန္း (သို႔) ၃ ဇြန္း

၄။ ေထာပတ္အရည္ – လက္ဖက္ရည္ဇြန္း တ ဝက္

၅။ မလိုင္ – ထမင္းစားဇြန္း ၁ ဇြန္း

၆။ ႏို႔ဆီ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၇။ သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၈။ သီဟိုဥ္ေစ့ – အနည္းငယ္

၉။ အုံးသီးျခစ္ဖတ္ – အနည္းငယ္

၁၀။ စပ်စ္သီးေျခာက္ – အနည္းငယ္

၁၁။ ဖ႐ုံယို – အနည္းငယ္

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

၁။ ႏြားႏို႔ကို ပူက်က္ေနေအာင္လုပ္ထားပါ။

၂။ ပန္းကန္ထဲမွာ ေပါက္ဆီအလြတ္ကို ထည့္ၿပီး တခုစီကို ၂ ပိုင္းျဖစ္ေအာင္ ကပ္ေၾကးျဖင့္ ညႇပ္ထားပါ။

၃။ ေပါက္ဆီ ေပၚကို ႏြားႏို႔ပူပူဆမ္း၊ မလိုင္ ႏွင့္ ႏို႔စိမ္းထည့္၊ ႏို႔ဆီကို အႏွံ႔ဆမ္း၊ သၾကား၊ သီဟိုဥ္ေစ့၊ အုံးသီးျခစ္ဖတ္၊ စပ်စ္သီးေျခာက္၊ ဖ႐ုံယို တို႔ကို အႏွံ႔ျဖဴး၊ ေနာက္ဆုံးမွ ေထာပတ္အ၇ည္ေလးကို အႏွံ႔ဆမ္းရ်္ သုံးေဆာင္ႏိုင္ပါၿပီ။

4) ႏြားႏို႔ယို

ႏြားႏို႔ယိုကေတာ့ တခ်ိဳ႕ေတြလဲ လုပ္တတ္ၾကမွာပါ။ လုပ္နည္းေမးထားတဲ့သူေတြအတြက္တင္ေပးလိုက္ပါတယ္။ အိမ္မွာပဲ ႏြားႏို႔စစ္စစ္နဲ႔ျပဳလုပ္ၿပီး သန္႔သန္႔ရွင္းရွင္းစားခ်င္တဲ့သူေတြအတြက္ အလြန္လြယ္ကူပါတယ္။ လုပ္ရတာေတာ့ အခ်ိန္နည္းနည္းၾကာပါတယ္။ ဒီနည္းကလဲ အိစံငယ္ငယ္ထဲက အိမ္မွာအဖြားလုပ္တိုင္း ဝင္ေဆာ့ေနၾကေပါ့။ ခဏ ခဏေတာ့ ေမႊေနရပါတယ္။ အိမ္မွာလုပ္ရင္ေတာ့ အမ်ားႀကီးလဲ၇ၿပီး သန္႔ရွင္းတာမို႔လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ႏြားႏို႔- ၄ လီတာ

၂။ သၾကား – ထမင္းစားဇြန္း ၁၆ ဇြန္း (သို႔) ၁ ခြက္

၃။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

၁။ ႏြားႏို႔ကို အိုးႀကီးႀကီးတလုံးထဲမွာ ပြက္လာေအာင္တည္ပါ။ (ႏြားႏို႔ကို အိုးနဲ႔ကြက္တိထည့္ရင္ ႏြားႏို႔ပြက္ရင္ ေဝတတ္တာမို႔အိုးအႀကီးထဲမွာထည့္ရ်္တည္ပါ။ ပြက္လာတာကို သတိထားၾကည့္ပါ။သတိမထားမိရင္ ေဝက်တတ္ပါတယ္။)

၂။ ႏြားႏို႔ပြက္လာလွ်င္ မီးေအးေအးျဖင့္ ေျပာင္းရ်္တည္ပါ။ သၾကားႏွင့္ဆားကို ထည့္ပါ။ ခဏ ခဏ ေမႊေပးပါ။ မလိုင္တက္လာတိုင္းေမႊေမႊေပးပါ။

၃။ မီးေအးေအးျဖင့္တည္လွ်င္ ဆက္တိုက္ေမႊေနစရာမလိုပါ။၁၀ မိနစ္တခါေလာက္မွေမႊရင္၇ပါတယ္။

၄။ မီးဖိုမီးအားေပၚမူတည္ၿပီး ၁ နာရီ (သို႔) ၁ နာရီခြဲေလာက္တည္အၿပီးမွာ အ၇မ္းပစ္လာပါလိမ့္မည္။အ၇မ္းပစ္လာလွ်င္ မီးအားျပင္းျပင္းကို ေျပာင္းတည္ၿပီး ဆက္တိုက္ေမႊေပးပါ။

၅။ ေမွြ၇င္းနဲ႔မလိုင္အဖတ္ဖတ္ေတြျဖစ္လာၿပီး ေရခမ္းလာပါလိမ့္မည္။ ေရကုန္ လွ်င္ မီးဖိုေပၚမွခ်ရ်္အေအးခံထားပါ။ ေအးသြားလွ်င္ သၾကားရည္မ်ားအနည္းငယ္ထြက္လာပါလိမ့္မည္။ ႏြားႏို႔ယိုရပါၿပီ။

၆။ ႏြားႏို႔ယို ကိုေလလုံေသာဗူးထဲ၊ေရခဲေသတၱာထဲထည့္ရ်္ ၂ ပတ္ေလာက္ထားၿပီး ေပါင္မုန္႔၊ဘီစကစ္၊ မုန္႔ႂကြပ္တို႔ျဖင့္ တြဲရ်္သုံးေဆာင္ႏိုင္ပါတယ္။

5) မုန္႔ဌာပနာ (မုန္႔ဖက္ထုပ္မုန္႔)

မႏၲေလးမွာေနတုန္းက ညပိုင္း ၈ နာရီ၊ ၉ နာရီေလာက္ဆိုရင္ စက္ဘီးနဲ႔အသယ္ လာလာေရာင္းတယ္။ ဌာပနာထုပ္ ျပန္ေပါင္းထုပ္ ပူပူေလးဆိုၿပီးေတာ့ေလ။ ကိုယ္က စားခ်င္လို႔အိမ္ေရွ႕ထြက္ေအာ္မယ္လုပ္ရင္ သူကေပ်ာက္ေပ်ာက္သြားလို႔မစားလိုက္ရနဲ႔။ သူ႔အသံၾကားရင္ အာၿပဲစိန္ၿပီး မၾကည့္ပဲ လာအုံးဆိုၿပီးေအာ္မွေရာက္လာတယ္။ အဲ့တုံးကေတာ့ ဌာပနာထုပ္ ဘယ္ေတာ့မွဝယ္မစားဘူး။ ျပန္ေပါင္းထုပ္ပဲ ဝယ္စားတယ္။ ဌာပနာထုပ္ ဝယ္မစားဆို အရင္က အုန္းသီးဖတ္လုံး၀ မႀကိဳက္ဘူး။ အခုက်ေတာ့ အသက္ေလးရလာလို႔ထင္တယ္။ အုန္းသီးနဲ႔လုပ္တဲ့ မုန္႔ေတြ ႀကိဳက္ႀကိဳက္လာတယ္။ ဌာပနာထုပ္သာ စားခ်င္တာ အဲ့ထုပ္ရတဲ့ အလုပ္ကိုလဲအခ်ိန္ၾကာလို႔ မလုပ္ခ်င္ဘူး။ အလြယ္လမ္းကလဲ လိုက္ခ်င္သား။ အဲ့တာနဲ႔အခုနည္းေလးကို စမ္းၾကည့္တာ။ ေတာ္ေတာ္ေလး အဆင္ေျပတယ္။ အခ်ိန္ကုန္သက္သာတယ္။ စားလို႔ေကာင္းလို႔လုပ္ၿပီးၿပီးခ်င္းစားလိုက္တာ ညစာေတာင္မစားႏိုင္ေတာ့ဘူး။ ဧည့္သည္ေကြၽးဖို႔ဆိုရင္ ပိုေတာင္အဆင္ေျပေသးတယ္။ အတုံးေလးေတြတုံးထားေတာ့ အေတာ္ပဲ။ အခုနည္းေလးကေတာ့ ဌာပနာထုပ္ရဲ႕အနံ႔အရသာအတိုင္းတူၿပီး အခ်ိန္ကုန္သက္သာတဲ့နည္းေလးပါ။ လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညႇင္းမႈန္႔- ၁ ေပါင္ (သို႔) ၅၀၀ ဂရမ္ (သို႔) ၂၅ က်ပ္သား

၂။ ေရ – ၄၈၀ ml

၃။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

၄။ အုန္းသီးျခစ္ဖတ္ – ၃ ခြက္ (၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း = ၂၄၀ ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္)

၅။ သၾကား – ထမင္းစားဇြန္း ၁၀ ဇြန္း

၆။ ေရ – ထမင္းစားဇြန္း ၄ ဇြန္း

၇။ ဌက္ေပ်ာ႐ြက္ – အႀကီး ၁ ခု

ျပဳလုပ္နည္း

၁။ ေကာက္ညႇင္းကို ေရ၊ ဆားတို႔ျဖင့္ ႏွံ႔ေအာင္နယ္ထားပါ။

၂။ ဒယ္အိုးတခုထဲတြင္ အုန္းသီး၊ ေရ၊ သၾကားတို႔ကိုထည့္ရ်္ ေရေျခာက္ၿပီး အုန္းယို စိုစိုေလးျဖစ္လာသည္အထိလုပ္ပါ။

၃။ ၈ လက္မ ပတ္လည္ ကိတ္မုန္႔လုပ္သည့္ ခြက္ထဲတြင္ ဌက္ေပ်ာ႐ြက္ ကိုခင္းပါ။ ဖက္ေပၚကို ဆီသုတ္ပါ။ ၿပီးလွ်င္ နယ္ထားေသာ ေကာက္ညႇင္းရဲ႕တဝက္ကို ျဖန္႔ရ်္ ထည့္ပါ။ အနည္းငယ္ ဖိေပးပါ။

၄။ ၿပီးလွ်င္ အုန္းယို အကုန္လုံးကို ေကာက္ညႇင္းေပၚ ျဖန္႔ရ်္ ထည့္ၿပီး ဖိေပးပါ။ ထို႔ေနာက္ က်န္ေသာ ေကာက္ညႇင္းမ်ားကိုျဖန္႔ထည့္ပါ။

၅။ အေပၚကေနၿပီး ဌက္ေပ်ာဖတ္ျဖင့္ ျပန္အုပ္ပါ။ ၿပီးလွ်င္ ေပါင္းေခ်ာင္ထဲတြင္ မိနစ္ ၃၀ ခန္႔ထည့္ေပါင္းပါ။ (အိစံကေတာ့ ကိတ္မုန္႔လုပ္တဲ့ခြက္ကို အလူမီနီယံ အ႐ြက္ျဖင့္ အုပ္ပါတယ္။ လုံေအာင္လို႔ပါ။)

၆။ ေပါင္းၿပီးသား မုန္႔ဌာပနာမ်ားကို အတုံးေလးေတြတုံးရ်္ သုံးေဆာင္ႏိုင္ပါၿပီ။

6) မုန္႔ဆီေၾကာ္ ႂကြပ္ႂကြပ္ေလး

အိစံ ငယ္ငယ္ကတည္းက အ၇မ္းႀကိဳက္တဲ့ မုန္႔ဆီေၾကာ္ႂကြပ္ႂကြပ္ေလးပါ။ မုန္႔ဆီေၾကာ္ကို တခ်ိဳ႕က ေပ်ာ့ေပ်ာ့ေလး ႀကိဳက္ၾကတယ္။ အိစံကေတာ့ ႂကြပ္ႂကြပ္ေလးကို ပိုႀကိဳက္လို႔မီးေအးေအးနဲ႔ႂကြပ္ေအာင္ ေၾကာ္ထားပါတယ္။ အိမ္မွာ ငယ္ငယ္ကတည္းက လာေၾကာ္ေပးေနတဲ့အန္တီႀကီးတေယာက္ သင္ေပးထားတဲ့နည္းပါ။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညႇင္းမႈန္႔- ၁ ခြက္ (သို႔) ထမင္းစားဇြန္း ၁၆ ဇြန္း

၂။ ဆန္မႈန္႔- ခြက္ေလးပုံတပုံ (သို႔) ထမင္းစားဇြန္း ၄ ဇြန္း

၃။ ေဆာဒါ (baking soda) – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

၄။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

၅။ ေညာင္ေစးက်ေအာင္ႀကိဳထားေသာ ထန္းညက္၇ည္ – ထမင္းစားဇြန္း ၄ ဇြန္း

၆။ ေရ – ခြက္ေလးပုံ သုံးပုံ (သို႔) ထမင္းစားဇြန္း ၁၂ ဇြန္း

၇။ ႏွမ္း – ထမင္းစားဇြန္း တ ဝက္

၈။ ေထာင္းထားေသာ ေျမပဲ – ထမင္းစားဇြန္း ၁ ဇြန္း

၉။ ပါးပါးလွီးထားေသာ အုံးသီးဖတ္

၁၀။ ေၾကာ္ရန္ ဆီ

ျပဳလုပ္နည္း

၁။ ေကာက္ညႇင္းမႈန္႔၊ဆန္မႈန္႔၊ ေဆာဒါ၊ဆား၊ ေရတို႔ကိုေရာရ်္ သမေအာင္ ေမႊပါ။ ထို႔ေနာက္ ထန္းညက္၇ည္ကို ထည့္ရ်္ သမေအာင္ေမႊပါ။ မႈန္႔အႏွစ္ကို တည ႏွပ္ထားပါ။ (တခ်ိဳ႕လဲ မႏွပ္ပဲေၾကာ္ၾကပါတယ္။)

၂။ ေၾကာ္ခါနီးတြင္ မႈန္႔ႏွစ္ထဲကို ႏွမ္းနဲ႔ေျမပဲေထာင္းထည့္ရ်္ သမေအာင္ေမႊပါ။

၃။ မုန္႔ဆီေၾကာ္ရန္ အတြက္ ဒယ္အိုးကို အပူေပးရ်္ ဆီပူလာလွ်င္ ေယာင္းမျဖင့္ မုန္႔ႏွစ္ကို ေမႊရ်္ ခပ္ပါ။ ၿပီးေနာက္ဒယ္အိုးထဲကိုမိမိလိုခ်င္သည့္အ႐ြယ္အစား ကိုေလာင္းထည့္ပါ။ အေပၚကေန အုံးသီးဖတ္ ျဖဴးပါ။ မီးေအးေအးျဖင့္ေၾကာ္ပါ။

၄။ အႂကြပ္ႀကိဳက္လွ်င္ ၾကာၾကာေၾကာ္ပါ။ အေပ်ာ့ႀကိဳက္ရင္ ခနေလာက္ေၾကာ္ၿပီးလွ်င္ ဆီစစ္ထားပါ။

၅။ မုန္႔ဆီေၾကာ္ ႂကြပ္ႂကြပ္ေလးကို သုံးေဆာင္ႏိုင္ပါၿပီ။

(၁ ခြက္ = 240ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္) (ထမင္းစားဇြန္း = 1 tablespoon = 15ml) (လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

Credit: မုန႔္လုပ္နည္းေတြ ေရးသားမွ်ေဝေပးတဲ့ အမေတြကို ေလးစားစြာ ေက်းဇူးတင္ပါတယ္

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.