မြို့အဝင်အထွက် ပိတ်လိုက်တဲ့အတွက် ရန်ကုန်အဝင်ဂိတ်မှာ ကားတွေပိတ်မိနေ

Unicodeဖြင့်ဖတ်ရန်

 

ဒီနေ့မနက်မှစပြီး ပိတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းသို့ ကုန်တင်ကားကလွဲပြီး ခရီးသည်တင်ကား၊ အိမ်စီးကားအားလုံးကို ဒီနေ့ကစလို့ ဝင်ခွင့်မပြုတော့တာကြောင့် ရန်ကုန်အဝင်ဂိတ်တွေဖြစ်တဲ့ Zero Mile ၊ ရန်ကုန် -သာယာဝတီ -ဥက္ကံ လမ်း၊ပဲခူး ဂိတ်တွေမှာ ကားတွေပိတ်မိနေတယ်လို့ အဝင်၊အထွက်ဂိတ်တွေမှာ ပိတ်မိနေသူတွေထံက သိရပါတယ်။

” မနက်အစောကတည်းက ပိတ်ထားတယ်လို့ ကြားတယ်။ ကားအစီး (၁၀၀) လောက်ပိတ်မိနေတော့ ရှေ့တိုးဖို့ကလည်း အဆင်မပြေဘူး။ ကုန်ကားကိုပဲ အချက်အလက်ယူပြီး လွှတ်ပေးနေတယ်။ အိမ်စီးကား၊ခရီးသည်တင် Express ကားတွေကိုတော့ ဝင်ခွင့်မပေးဘူးလို့ သိရတယ်။ မပေးတော့ ကားတွေလည်း ပိတ်မိနေကြတာတွေ့ရတယ်။ ညွှန်ကြားချက်က ရုတ်တရက်ကြီးလုပ်လိုက်တော့ အကုန်လုံးအခက်တွေ့ကုန်တာပေါ့။ ကျွန်တော်ကတော့ စောင့်လဲမစောင့်နိုင်လို့ ရန်ကုန်ဘက်မသွားတော့ဘဲ ပြန်လှည့်လာတယ် “လို့ သာယာဝတီ ဥက္ကံ -ရန်ကုန် လမ်းပိုင်းမှ ကုန်တင်ယာဉ် မောင်းနှင်းသူ ဦးငြိမ်းချမ်းက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းအတွင်းရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)မှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်မှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပ သွားလာကို စက်တင်ဘာလ ၁၁ ရက်ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တားမြစ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့်ထုတ်ပြန်ပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းကစပြီး ရန်ကုန် အဝင်အထွက်ဂိတ်တွေ ဖြစ်တဲ့ ရန်ကုန် -သာယာဝတီ ဥက္ကံ လမ်း၊ Zero Mile ၊ ပဲခူး အစပ်ဂိတ်တွေကနေ စစ်ဆေးရေးများပြုလုပ်ကာ အဝေးပြေးကားလိုင်းနဲ့အိမ်စီးကားတွေကို ဝင်ရောက်ခွင့်မပြုဘဲ ကုန်တင်ကားတွေကိုသာ အချက်အလက်မှတ်တမ်းယူကာ ဝင်ရောက်ခွင့်ပြုနေတာ ဖြစ်ပါတယ်။

“ခုမနက် ဝန်ကြီးချုပ် လာသွားတယ်။ အုပ်ချုပ်ရေးပိုင်းကို ညွှန်ကြားချက်တွေအရ လှည်းကူး အဝင်အထွက် Zero Mile အမြန်လမ်းကနေ စစ်ဆေးမယ်။ ပဲခူးကတော့ ပဲခူးအစပ်ပေါ့။ အဲ့ဒီမှာလည်းခရီးသည်တင်ကား ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကုန်ကားတွေကိုတော့ ပိတ်လိုက်ရင် စားနပ်ရိက္ခာထိခိုက်မယ် ကုန်ဈေးနူန်းတက်နိုင်တဲ့အချက်တွေကြောင့် ဖြတ်သန်းခွင့်ပေးဖို့ ပြောဆိုထားတယ်။ဝန်ကြီးချုပ်ကတော့ ခရီးသည်တင်ကားတွေဖြတ်သန်းခွင့် မပြုဖို့ ညွှန်ကြားသွားတယ်”လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၂၉ မြို့နယ်မှာလည်း လမ်းမကြီးတွေကလွဲပြီး ရပ်ကွက်အတွင်းရှိ လမ်းသွယ်အကုန်လုံးကို ဒီနေ့စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ပိတ်ထားလိုက်ပြီးဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၂၂၆၅ ဦးရှိခဲ့ရာ ရန်ကုန်တိုင်းအတွင်းမှာ ၁၀၅၃ ဦးနဲ့ပိုးတွေ့လူနာအများဆုံးရှိနေတာကြောင့် အခုလို ကန့်သတ်တားမြစ်ချက်တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

ၿမိဳ႕အဝင္အထြက္ ပိတ္လိုက္တဲ့အတြက္ ရန္ကုန္အဝင္ဂိတ္မွာ ကားေတြပိတ္မိေန

 

ဒီေန႔မနက္မွစၿပီး ပိတ္လိုက္တာျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္းသို႔ ကုန္တင္ကားကလြဲၿပီး ခရီးသည္တင္ကား၊ အိမ္စီးကားအားလုံးကို ဒီေန႔ကစလို႔ ဝင္ခြင့္မျပဳေတာ့တာေၾကာင့္ ရန္ကုန္အဝင္ဂိတ္ေတြျဖစ္တဲ့ Zero Mile ၊ ရန္ကုန္ -သာယာဝတီ -ဥကၠံ လမ္း၊ပဲခူး ဂိတ္ေတြမွာ ကားေတြပိတ္မိေနတယ္လို႔ အဝင္၊အထြက္ဂိတ္ေတြမွာ ပိတ္မိေနသူေတြထံက သိရပါတယ္။

” မနက္အေစာကတည္းက ပိတ္ထားတယ္လို႔ ၾကားတယ္။ ကားအစီး (၁၀၀) ေလာက္ပိတ္မိေနေတာ့ ေရွ႕တိုးဖို႔ကလည္း အဆင္မေျပဘူး။ ကုန္ကားကိုပဲ အခ်က္အလက္ယူၿပီး လႊတ္ေပးေနတယ္။ အိမ္စီးကား၊ခရီးသည္တင္ Express ကားေတြကိုေတာ့ ဝင္ခြင့္မေပးဘူးလို႔ သိရတယ္။ မေပးေတာ့ ကားေတြလည္း ပိတ္မိေနၾကတာေတြ႕ရတယ္။ ၫႊန္ၾကားခ်က္က ႐ုတ္တရက္ႀကီးလုပ္လိုက္ေတာ့ အကုန္လုံးအခက္ေတြ႕ကုန္တာေပါ့။ ကြၽန္ေတာ္ကေတာ့ ေစာင့္လဲမေစာင့္ႏိုင္လို႔ ရန္ကုန္ဘက္မသြားေတာ့ဘဲ ျပန္လွည့္လာတယ္ “လို႔ သာယာဝတီ ဥကၠံ -ရန္ကုန္ လမ္းပိုင္းမွ ကုန္တင္ယာဥ္ ေမာင္းႏွင္းသူ ဦးၿငိမ္းခ်မ္းက ေျပာပါတယ္။

မေန႔ စက္တင္ဘာလ ၁၀ ရက္ ညပိုင္းမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက တိုင္းအတြင္းရွိ Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြအပါအဝင္ ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္ (ကိုကိုးကြၽန္းၿမိဳ႕နယ္မပါ)မွာ ေနထိုင္သူေတြအေနနဲ႔ က်န္းမာေရးဆိုင္ရာကိစၥရပ္ႏွင့္ အေရးႀကီးကိစၥရပ္မွအပ ရန္ကုန္တိုင္းေဒသႀကီးျပင္ပ သြားလာကို စက္တင္ဘာလ ၁၁ ရက္ကေန ေအာက္တိုဘာလ ၁ ရက္ေန႔အထိ တားျမစ္လိုက္ေၾကာင္း အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။

ဒီအမိန႔္ထုတ္ျပန္ၿပီးတဲ့ေနာက္ ဒီေန႔ စက္တင္ဘာ ၁၁ ရက္ေန႔မနက္ပိုင္းကစၿပီး ရန္ကုန္ အဝင္အထြက္ဂိတ္ေတြ ျဖစ္တဲ့ ရန္ကုန္ -သာယာဝတီ ဥကၠံ လမ္း၊ Zero Mile ၊ ပဲခူး အစပ္ဂိတ္ေတြကေန စစ္ေဆးေရးမ်ားျပဳလုပ္ကာ အေဝးေျပးကားလိုင္းနဲ႔အိမ္စီးကားေတြကို ဝင္ေရာက္ခြင့္မျပဳဘဲ ကုန္တင္ကားေတြကိုသာ အခ်က္အလက္မွတ္တမ္းယူကာ ဝင္ေရာက္ခြင့္ျပဳေနတာ ျဖစ္ပါတယ္။

“ခုမနက္ ဝန္ႀကီးခ်ဳပ္ လာသြားတယ္။ အုပ္ခ်ဳပ္ေရးပိုင္းကို ၫႊန္ၾကားခ်က္ေတြအရ လွည္းကူး အဝင္အထြက္ Zero Mile အျမန္လမ္းကေန စစ္ေဆးမယ္။ ပဲခူးကေတာ့ ပဲခူးအစပ္ေပါ့။ အဲ့ဒီမွာလည္းခရီးသည္တင္ကား ျဖတ္သန္းခြင့္မေပးေတာ့ဘူး။ ကုန္ကားေတြကိုေတာ့ ပိတ္လိုက္ရင္ စားနပ္ရိကၡာထိခိုက္မယ္ ကုန္ေဈးႏူန္းတက္ႏိုင္တဲ့အခ်က္ေတြေၾကာင့္ ျဖတ္သန္းခြင့္ေပးဖို႔ ေျပာဆိုထားတယ္။ဝန္ႀကီးခ်ဳပ္ကေတာ့ ခရီးသည္တင္ကားေတြျဖတ္သန္းခြင့္ မျပဳဖို႔ ၫႊန္ၾကားသြားတယ္”လို႔ လွည္းကူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းတန္က ေျပာပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ ၂၉ ၿမိဳ႕နယ္မွာလည္း လမ္းမႀကီးေတြကလြဲၿပီး ရပ္ကြက္အတြင္းရွိ လမ္းသြယ္အကုန္လုံးကို ဒီေန႔စက္တင္ဘာ ၁၁ ရက္ မနက္ပိုင္းကစတင္ကာ ပိတ္ထားလိုက္ၿပီးျဖစ္ပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ စက္တင္ဘာ ၁၁ ရက္ မနက္ပိုင္းအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာ ၂၂၆၅ ဦးရွိခဲ့ရာ ရန္ကုန္တိုင္းအတြင္းမွာ ၁၀၅၃ ဦးနဲ႔ပိုးေတြ႕လူနာအမ်ားဆုံးရွိေနတာေၾကာင့္ အခုလို ကန႔္သတ္တားျမစ္ခ်က္ေတြကို တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment