ရှားစောင်းလက်ပတ် စိုက်ပျိုးနည်း

Unicodeဖြင့်ဖတ်ရန်

 

ရှားစောင်းလက်ပတ်ဆိုသည်မှာ ပူပြင်းခြောက်သွေ့သော ဒေသများတွင်ပင် စိုက်ပျိုး ဖြစ်ထွန်းပြီး အလွန် အကြမ်းခံသော အပင်တစ်မျိုး ဖြစ်သည်။ ၎င်းအပင်၏ ဆေးဖက်ဝင်သော အကျိုးကျေးဇူးများကြောင့် သဘာဝနတ်ဆေးပင် အဖြစ်လူသိများသည်။

အာဖရိကနှင့် မက်ဒီတာရေးနီးယန်း ဒေသများတွင် စတင်ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူစက်အေ တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကြသည်။ ရှားစောင်းလက်ပတ် ကို အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲကြသည်။

၁။ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများမှာ

အရေပြားဆိုင်ရာ ကုထုံးများအတွက် အသုံးတည့်ပြီး အလှကုန် ပစ္စည်းများတွင် အသုံးပြုရန် အကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်သည်။ ဝက်ခြံ၊ တင်းတိပ် ပျောက်၍ ဆီး၊ ဝမ်း၊သွေး၊ လေ မှန်စေပြီး ကျန်းမာစေသည်။ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကို ကောင်းမွန်စေကာ အဆိပ်အတောက်ကို ပြေစေသည့် အစွမ်းသတ္တိ များရှိသည်။

၂။ ရာသီဥတု လိုအပ်ချက်

အခြေခံအားဖြင့် နွေးသမပိုင်းဇုံကို ကြိုက်နှစ်သက်သည်။ သို့သော် ရာသီဥတု အခြေအနေ အမျိုးမျိုး တွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး ေသော စိုက်ပျိုးနိုင်သည့် ရာသီဥတု အခြေအနေမှာ မိုးရေချိန် နည်းပြီး ခြောက်သွေ့၍ ပူနွေးစိုစွတ်သော အခြအနေမျှိုး ဖြစ်သည်။ ဆီးနှင်းဒဏ်နှင့် အေးမြသော ရာသီဥတုကို ခံနိုင်ရည် မရှိပါ။

၃။ မြေဆီလွှာ အခြေအနေ

သဲဆန်သောမြေမှသည် နူံးမြေအမျိုးအစားထိ မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သို့သော် အကောင်းဆုံးသော မြေအမျိုးအစားမှာ သဲဆန်သောမြေ ဖြစ်သည်။ ရေဝပ်ခြင်းကို မကြိုက်သော အပင် အမျိုးအစားဖြစ်၍ ရေသွင်းရေထုတ် ကောင်းမွန်သော မြေကိုသာ ရွေးချယ်ပါ။ မြေချဉ်ငန်ဓာတ် ၈.၅ အထိ ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်သည်။ ဝါစိုက်မြေများတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ ဆားပေါက်မြေတွင်လည်း ဖြစ်ထွန်းနိုင်သည်။

၄။ ပင်ပိုင်းဖြတ်၍ စိုက်ပျိုးခြင်း

ရှားစောင်းလက်ပတ်သည် မြစ်ပိုင်းများးဖြင့် မျိုးပွားနိုင်သည်။ ပင်မ အမြစ်ကြီးကို မထိခိုက်အောင် ဂရုစိုက်၍ အမြစ်အတက်သေးများကို ဖဲ့ယူပြီး အပင်သစ် စိုက်ပျိုးနိုင်သည်။ အမြစ်တက်များကို လက်ညှိုးတစ်ချောင်း အရှည်ခန့်ဖြတ်၍ အဆစ် နှစ်ခုမှ သုံးခုထိ ဖြတ်၍ အပင်သစ်များ ထပ်မံ စိုက်ပျိုးနိုင်သည်။ ပျိုးခင်းအတွက် သဲဆန်သောမြေကို အသုံးပြုနိုင်သည်။ အမြစ်ပိုင်းမှ အတက်လေးများ ထွက်လာပါက စိုက်ခင်း အတွင်းသို့ ပြန်ရွေ့စိုက်ပါ။ ပျိုးခင်း တစ်ဧက အတွက် အမြစ်အတက်ပေါင်း တစ်သောင်းခွဲခန့်ကို ပုံမှန်အားဖြင့် လိုအပ်သည်။

၅။ မြေပြင်ခြင်း

မြေကိုအတတ်နိုင်ဆုံး ဖွ၍ မွအောင် ထားနိုင်လေ အပင် ပိုမိုကောင်းလေ ဖြစ်သည်။ ကောင်းစွာ ဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် သဘာဝမြေဆွေးကို တစ်ဧကလျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ လက်တစ်မိုက် အကွာရှိမြောင်းများဖော်၍ အမြစ်ပိုင်းများကို တစ်ခုနှင့်တစ်ခု တစ်မိုက်စီ ခွာ၍ စိုက်နိုင်သည်။

တစ်ဧကတွင် အပင်တသောင်းခွဲမှ နှစ်သောင်းအထိ ဆန့်ဝင်ပြီး အပင်ကြီးထွားမှု့ကောင်းမွန်ပါက ပင်ကြား တန်းကြားကို ၁၆လက်မ × ၁၈ လက်မ သို့မဟုတ် ၂၄လက်မ × ၁၂ လက်မ အကွာအဝေး ရရှိအောင် အပင်မှုန်းသင့်သည်။

၆။ ရေသွင်းခြင်း

ရှားစောင်းလက်ပပ်ကို မိုးအားကိုး၍ စိုက်ရသော ဒေသတွင် ရေသွင်း၍လည်း စိုက်ပျိုးနိုင်သည်။ ရေသွင်းခြင်းကို အမြစ်ပိုင်းချစိုက် စိုက်ပြီးခြင်း ပြုလုပ်ရန် လိုအပ်သည်။ ပူပြင်း၍ ခြောက်သွေ့သော ဒေသတွင်မူ နှစ်ကြိမ်ထိ ရေသွင်းပေးသင့်သည်။ မိုးရာသီတွင် မိုးရေဝပ်ခြင်း၊ ရေတိုက်စားခြင်းများ ဖြစ်ပေါ်နိုင်၍ ပိုမို ရေသွင်းရေထုတ် ပြုလုပ်မည့် ကြိမ်ရေကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။

၇။ ပေါင်းနှိမ်ခြင်း

မြေဘောင်တင်ခြင်းကို ပြုလုပ်သင့်သည်။ ပေါင်းနှိမ်ခြင်းကိုလဲ အချိန် အပိုင်းအခြား ထား၍ ဘောင်တင်ခြင်း နှင့်အတူ ပြုလုပ်သင့်သည်။

၈။ မြေဆီသြဇာ ကျွေးခြင်း

နှစ်စဉ် နှစ်တှိုင်း ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းနှင့် သဘာဝမြေဆွေး ကို တစ်ဧက လျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ ဓာတုမြေသြဇာ သုံးစွဲလိုပါက နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK)ကို တစ်မျိုးလျှင် ၁၂ ပိဿခန့် အသုံးပြုနိုင်သည်။

၉။ ပိုးမွှားနှင့် ရောဂါ

သံချေးမှို၊ ပင်စည်ပုပ်နှင့် ဘတ်တီးရီးယားပျော့ပုပ်များ အဖြစ်များသည်။

၁၀။ ရိတ်သိမ်း ခူးဖြတ်ခြင်း

စိုက်ပြီး နောက်တစ်နှစ်တွင် အရွက်ဖြတ်နိုင်ပြီ ဖြစ်သည်။ တစ်ပင်တွင် အရင့်ဆုံးအရွက် သုံးခုမှလေးခု အထိ ဖြတ်ယူ နိုင်သည်။ မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ဖြတ်ယူခြင်းကို ပြုလုပ် သင့်သည်။ တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းဖြတ်ယူ နိုင်သည်။ လုပ်သားကုန်ကျ စားရိတ် အနဲဆုံးသော သီးနှံလည်း ဖြစ်သည်။ ငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် စိုက်ပျိုးသင့်သည်။ ဘေးတက်မှထွက်သော အမြစ်ပိုင်းများကိုလည်း ပြန်လည် စိုက်ပျိုး နိုင်သည်။

၁၁။ ရိတ်သိမ်းချိန်လွန် ပြုလုပ်သင့်သည့် အချက်များ

အရွက်များ ရိတ်သိမ်းဖြတ်ပြီးပါက အရွက်များ ခြောက်သွေ့ မသွားအောင် ဂရုတစိုက် ထိန်းသိမ်းသင့်သည်။ စိုက်ကွင်းထဲတွင် ဖြတ်ပြီးသွားသော ရှားစောင်းလက်ပပ် ရွက်များ ခြောက်သွေ့ မသွားအောင်လည်း ဂရုစိုက်၍ သယ်ယူ သင့်သည်။ ဖြတ်ထားသော အရွက်၏ ဖြတ်ရာမှ မှိုများ မလိုက်လာအောင်လဲ ခြောက်သွေ့၍ အေးမြသော နေရာတွင် ထားပါ။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် သိုလှောင် သိမ်းဆည်းပါ။

စိုက်ပြီး ဒုတိယနှစ်မှ ငါးနှစ်တိုင်တိုင် ခူးဆွတ်ရိတ်သိမ်း နိုင်သည်။ ပုံမှန်အားဖြင့် တစ်ဧကတွင် အထွက်နှူန်းသည် အရွက်ထူ ၉၀၀၀- ၁၁၀၀၀ကြား ဝန်းကျင် ရှိသည်။ လူသုံး ဆေးကုမ္ပဏီ နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီ များတွင် ပို့နိုင်သည်။ နိုင်ငံတကာ ဈေးးကွက် တစ်ခုအဖြစ် တည်ရှိနေသော သီးနှံတစ်မျိုး ဖြစ်သည်။ မိုးနဲဒေသများနှင့် ပူပြင်း ခြောက်သွေ့သော ဒေသတွင် တစ်ကြိမ်သာ စိုက်ရန်လိုအပ်ပြီး ငါးနှစ်တိုင်တိုင် ခူးဆွတ် နိုင်သောကြောင့် လွန်စွာ အဆင်ပြေသောသီးနှံဖြစ်သည်။

ကိုးကား-Agri farming

Credit:Green Way.

 

Zawgyiျဖင့္ဖတ္ရန္

 

ရွားေစာင္းလက္ပတ္ စိုက္ပ်ိဳးနည္း

 

ရွားေစာင္းလက္ပတ္ဆိုသည္မွာ ပူျပင္းေျခာက္ေသြ႕ေသာ ေဒသမ်ားတြင္ပင္ စိုက္ပ်ိဳး ျဖစ္ထြန္းၿပီး အလြန္ အၾကမ္းခံေသာ အပင္တစ္မ်ိဳး ျဖစ္သည္။ ၎အပင္၏ ေဆးဖက္ဝင္ေသာ အက်ိဳးေက်းဇူးမ်ားေၾကာင့္ သဘာဝနတ္ေဆးပင္ အျဖစ္လူသိမ်ားသည္။

အာဖရိကႏွင့္ မက္ဒီတာေရးနီးယန္း ေဒသမ်ားတြင္ စတင္ေပါက္ပြားေသာ အပင္ျဖစ္သည္။ လီလီေရးစီးဟု ေခၚတြင္ေသာ အပင္မ်ိဳးရင္းဝင္ တစ္ခုျဖစ္ၿပီး အိႏၵိယ၊ တ႐ုတ္၊ ၾသစေတးလ်၊ အာဖရိက၊ မက္ဆီကန္ႏွင့္ ယူစက္ေအ တို႔တြင္ စီးပြားျဖစ္ စိုက္ပ်ိဳး ထုတ္လုပ္ၾကသည္။ ရွားေစာင္းလက္ပတ္ ကို အလွကုန္ပစၥည္း ထုတ္လုပ္ျခင္းႏွင့္ စားေသာက္ကုန္ ထုတ္လုပ္ျခင္းမ်ားတြင္လည္း က်ယ္က်ယ္ ျပန႔္ျပန႔္ သုံးစြဲၾကသည္။

၁။ က်န္းမာေရးဆိုင္ရာေကာင္းက်ိဳးမ်ားမွာ

အေရျပားဆိုင္ရာ ကုထုံးမ်ားအတြက္ အသုံးတည့္ၿပီး အလွကုန္ ပစၥည္းမ်ားတြင္ အသုံးျပဳရန္ အေကာင္းဆုံး သဘာဝ ပစၥည္း ျဖစ္သည္။ ဝက္ၿခံ၊ တင္းတိပ္ ေပ်ာက္၍ ဆီး၊ ဝမ္း၊ေသြး၊ ေလ မွန္ေစၿပီး က်န္းမာေစသည္။ အမိုက္ႏို အက္စစ္၊ အဆီဓာတ္၊ သက္ေစာင့္ဓာတ္ ႏွင့္ ကိုယ္ခံအားေကာင္းေစၿပီး ႏွလုံးကို ေကာင္းမြန္ေစကာ အဆိပ္အေတာက္ကို ေျပေစသည့္ အစြမ္းသတၱိ မ်ားရွိသည္။

၂။ ရာသီဥတု လိုအပ္ခ်က္

အေျခခံအားျဖင့္ ေႏြးသမပိုင္းဇုံကို ႀကိဳက္ႏွစ္သက္သည္။ သို႔ေသာ္ ရာသီဥတု အေျခအေန အမ်ိဳးမ်ိဳး တြင္ စိုက္ပ်ိဳးႏိုင္သည္။ အေကာင္းဆုံး ေေသာ စိုက္ပ်ိဳးႏိုင္သည့္ ရာသီဥတု အေျခအေနမွာ မိုးေရခ်ိန္ နည္းၿပီး ေျခာက္ေသြ႕၍ ပူေႏြးစိုစြတ္ေသာ အျခအေနမွ်ိဳး ျဖစ္သည္။ ဆီးႏွင္းဒဏ္ႏွင့္ ေအးျမေသာ ရာသီဥတုကို ခံႏိုင္ရည္ မရွိပါ။

၃။ ေျမဆီလႊာ အေျခအေန

သဲဆန္ေသာေျမမွသည္ ႏူံးေျမအမ်ိဳးအစားထိ ေျမအမ်ိဳးအစား အမ်ားအျပားတြင္ စိုက္ပ်ိဳး ျဖစ္ထြန္း ႏိုင္သည္။ သို႔ေသာ္ အေကာင္းဆုံးေသာ ေျမအမ်ိဳးအစားမွာ သဲဆန္ေသာေျမ ျဖစ္သည္။ ေရဝပ္ျခင္းကို မႀကိဳက္ေသာ အပင္ အမ်ိဳးအစားျဖစ္၍ ေရသြင္းေရထုတ္ ေကာင္းမြန္ေသာ ေျမကိုသာ ေ႐ြးခ်ယ္ပါ။ ေျမခ်ဥ္ငန္ဓာတ္ ၈.၅ အထိ ေကာင္းစြာ ရွင္သန္ ျဖစ္ထြန္းႏိုင္သည္။ ဝါစိုက္ေျမမ်ားတြင္ ေကာင္းစြာ ျဖစ္ထြန္းႏိုင္သည္။ ဆားေပါက္ေျမတြင္လည္း ျဖစ္ထြန္းႏိုင္သည္။

၄။ ပင္ပိုင္းျဖတ္၍ စိုက္ပ်ိဳးျခင္း

ရွားေစာင္းလက္ပတ္သည္ ျမစ္ပိုင္းမ်ားးျဖင့္ မ်ိဳးပြားႏိုင္သည္။ ပင္မ အျမစ္ႀကီးကို မထိခိုက္ေအာင္ ဂ႐ုစိုက္၍ အျမစ္အတက္ေသးမ်ားကို ဖဲ့ယူၿပီး အပင္သစ္ စိုက္ပ်ိဳးႏိုင္သည္။ အျမစ္တက္မ်ားကို လက္ညႇိဳးတစ္ေခ်ာင္း အရွည္ခန႔္ျဖတ္၍ အဆစ္ ႏွစ္ခုမွ သုံးခုထိ ျဖတ္၍ အပင္သစ္မ်ား ထပ္မံ စိုက္ပ်ိဳးႏိုင္သည္။ ပ်ိဳးခင္းအတြက္ သဲဆန္ေသာေျမကို အသုံးျပဳႏိုင္သည္။ အျမစ္ပိုင္းမွ အတက္ေလးမ်ား ထြက္လာပါက စိုက္ခင္း အတြင္းသို႔ ျပန္ေ႐ြ႕စိုက္ပါ။ ပ်ိဳးခင္း တစ္ဧက အတြက္ အျမစ္အတက္ေပါင္း တစ္ေသာင္းခြဲခန႔္ကို ပုံမွန္အားျဖင့္ လိုအပ္သည္။

၅။ ေျမျပင္ျခင္း

ေျမကိုအတတ္ႏိုင္ဆုံး ဖြ၍ မြေအာင္ ထားႏိုင္ေလ အပင္ ပိုမိုေကာင္းေလ ျဖစ္သည္။ ေကာင္းစြာ ေဆြးေျမ့သည့္ တိရစာၦန္စြန႔္ပစ္ပစၥည္းႏွင့္ သဘာဝေျမေဆြးကို တစ္ဧကလွ်င္ ႏြားလွည္း ဆယ့္ငါးစီးမွ ႏွစ္ဆယ္ထိ ထည့္သြင္းသင့္သည္။ လက္တစ္မိုက္ အကြာရွိေျမာင္းမ်ားေဖာ္၍ အျမစ္ပိုင္းမ်ားကို တစ္ခုႏွင့္တစ္ခု တစ္မိုက္စီ ခြာ၍ စိုက္ႏိုင္သည္။

တစ္ဧကတြင္ အပင္တေသာင္းခြဲမွ ႏွစ္ေသာင္းအထိ ဆန႔္ဝင္ၿပီး အပင္ႀကီးထြားမႈ႕ေကာင္းမြန္ပါက ပင္ၾကား တန္းၾကားကို ၁၆လက္မ × ၁၈ လက္မ သို႔မဟုတ္ ၂၄လက္မ × ၁၂ လက္မ အကြာအေဝး ရရွိေအာင္ အပင္မႈန္းသင့္သည္။

၆။ ေရသြင္းျခင္း

ရွားေစာင္းလက္ပပ္ကို မိုးအားကိုး၍ စိုက္ရေသာ ေဒသတြင္ ေရသြင္း၍လည္း စိုက္ပ်ိဳးႏိုင္သည္။ ေရသြင္းျခင္းကို အျမစ္ပိုင္းခ်စိုက္ စိုက္ၿပီးျခင္း ျပဳလုပ္ရန္ လိုအပ္သည္။ ပူျပင္း၍ ေျခာက္ေသြ႕ေသာ ေဒသတြင္မူ ႏွစ္ႀကိမ္ထိ ေရသြင္းေပးသင့္သည္။ မိုးရာသီတြင္ မိုးေရဝပ္ျခင္း၊ ေရတိုက္စားျခင္းမ်ား ျဖစ္ေပၚႏိုင္၍ ပိုမို ေရသြင္းေရထုတ္ ျပဳလုပ္မည့္ ႀကိမ္ေရကို ဂ႐ုတစိုက္ ျပဳလုပ္ေပးသင့္သည္။

၇။ ေပါင္းႏွိမ္ျခင္း

ေျမေဘာင္တင္ျခင္းကို ျပဳလုပ္သင့္သည္။ ေပါင္းႏွိမ္ျခင္းကိုလဲ အခ်ိန္ အပိုင္းအျခား ထား၍ ေဘာင္တင္ျခင္း ႏွင့္အတူ ျပဳလုပ္သင့္သည္။

၈။ ေျမဆီၾသဇာ ေကြၽးျခင္း

ႏွစ္စဥ္ ႏွစ္တႈိင္း ေကာင္းစြာေဆြးေျမ့သည့္ တိရစာၦန္စြန႔္ပစ္ ပစၥည္းႏွင့္ သဘာဝေျမေဆြး ကို တစ္ဧက လွ်င္ ႏြားလွည္း ဆယ့္ငါးစီးမွ ႏွစ္ဆယ္ထိ ထည့္သြင္းသင့္သည္။ ဓာတုေျမၾသဇာ သုံးစြဲလိုပါက ႏိုက္ထ႐ိုဂ်င္၊ တီစူပါ၊ ပိုတက္ (NPK)ကို တစ္မ်ိဳးလွ်င္ ၁၂ ပိႆခန႔္ အသုံးျပဳႏိုင္သည္။

၉။ ပိုးမႊားႏွင့္ ေရာဂါ

သံေခ်းမႈိ၊ ပင္စည္ပုပ္ႏွင့္ ဘတ္တီးရီးယားေပ်ာ့ပုပ္မ်ား အျဖစ္မ်ားသည္။

၁၀။ ရိတ္သိမ္း ခူးျဖတ္ျခင္း

စိုက္ၿပီး ေနာက္တစ္ႏွစ္တြင္ အ႐ြက္ျဖတ္ႏိုင္ၿပီ ျဖစ္သည္။ တစ္ပင္တြင္ အရင့္ဆုံးအ႐ြက္ သုံးခုမွေလးခု အထိ ျဖတ္ယူ ႏိုင္သည္။ မနက္ခင္း သို႔မဟုတ္ ညေနခင္းတြင္ ျဖတ္ယူျခင္းကို ျပဳလုပ္ သင့္သည္။ တစ္ႏွစ္လွ်င္ သုံးႀကိမ္ ရိတ္သိမ္းျဖတ္ယူ ႏိုင္သည္။ လုပ္သားကုန္က် စားရိတ္ အနဲဆုံးေသာ သီးႏွံလည္း ျဖစ္သည္။ ငါးႏွစ္လွ်င္တစ္ႀကိမ္ အသစ္ျပန္လည္ စိုက္ပ်ိဳးသင့္သည္။ ေဘးတက္မွထြက္ေသာ အျမစ္ပိုင္းမ်ားကိုလည္း ျပန္လည္ စိုက္ပ်ိဳး ႏိုင္သည္။

၁၁။ ရိတ္သိမ္းခ်ိန္လြန္ ျပဳလုပ္သင့္သည့္ အခ်က္မ်ား

အ႐ြက္မ်ား ရိတ္သိမ္းျဖတ္ၿပီးပါက အ႐ြက္မ်ား ေျခာက္ေသြ႕ မသြားေအာင္ ဂ႐ုတစိုက္ ထိန္းသိမ္းသင့္သည္။ စိုက္ကြင္းထဲတြင္ ျဖတ္ၿပီးသြားေသာ ရွားေစာင္းလက္ပပ္ ႐ြက္မ်ား ေျခာက္ေသြ႕ မသြားေအာင္လည္း ဂ႐ုစိုက္၍ သယ္ယူ သင့္သည္။ ျဖတ္ထားေသာ အ႐ြက္၏ ျဖတ္ရာမွ မႈိမ်ား မလိုက္လာေအာင္လဲ ေျခာက္ေသြ႕၍ ေအးျမေသာ ေနရာတြင္ ထားပါ။ ကြန္ကရစ္ၾကမ္းျပင္ေပၚတြင္ သိုေလွာင္ သိမ္းဆည္းပါ။

စိုက္ၿပီး ဒုတိယႏွစ္မွ ငါးႏွစ္တိုင္တိုင္ ခူးဆြတ္ရိတ္သိမ္း ႏိုင္သည္။ ပုံမွန္အားျဖင့္ တစ္ဧကတြင္ အထြက္ႏႉန္းသည္ အ႐ြက္ထူ ၉၀၀၀- ၁၁၀၀၀ၾကား ဝန္းက်င္ ရွိသည္။ လူသုံး ေဆးကုမၸဏီ ႏွင့္ အလွကုန္ပစၥည္း ကုမၸဏီ မ်ားတြင္ ပို႔ႏိုင္သည္။ ႏိုင္ငံတကာ ေဈးးကြက္ တစ္ခုအျဖစ္ တည္ရွိေနေသာ သီးႏွံတစ္မ်ိဳး ျဖစ္သည္။ မိုးနဲေဒသမ်ားႏွင့္ ပူျပင္း ေျခာက္ေသြ႕ေသာ ေဒသတြင္ တစ္ႀကိမ္သာ စိုက္ရန္လိုအပ္ၿပီး ငါးႏွစ္တိုင္တိုင္ ခူးဆြတ္ ႏိုင္ေသာေၾကာင့္ လြန္စြာ အဆင္ေျပေသာသီးႏွံျဖစ္သည္။

ကိုးကား-Agri farming

Credit:Green Way.

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment