ငါးပိရည်စပ်စပ်ဖျော်ပြီးတို့စရာစုံပြုလုပ်မယ်

Unicodeဖြင့်ဖတ်ရန်

 

ငါးပိရည်တစ်ခွက်ကိုသေချာဖျော်မယ်ဆိုဟင်း တစ်အိုးချက်တာထက်အလုပ်ပိုများတယ်ငါး ပိကောင်းတာလည်းရဦးမှဒါကိုငါးပိရည်ကြိုက်သူတိုင်းသိကြတယ်။

ခုဖျော်တဲ့ငါးပိကိုတော့ပြည်ဖက်ကအော်ဒါမှာယူပါတယ် ငါးသေးလေးတွေနဲ့လုပ်ထားတာမို့
ငန်လည်းမငန် ဓာတ်မြေဩဇာနံ့လည်းမရပါဘူး။

ဖျော်နည်းရေးပေးမယ်ငါးပိတွေကိုနနွင်းမှုန့်နဲ့ကြာကြာလေးကြိုတယ်ပြီးမှအရိုးမပါအောင်သေချာပြန်စစ်ပြီးကြက်သွန်ဖြူ ငရုတ်သီးစိမ်း လှော်ပြီးထောင်းထည့်ပါ။

ကြက်သွန်နီကိုမီးကင်ပြီးထောင်းထည့်ငါးရံ့ကိုမီးကင်ပြီးအသားနွှင်ထည့်ပုစွန်ခြောက်ထောင်းထည့်ငရုတ်သီးအလှော်မှုန့်ထောင်းထည့်ကုလား အော်သီးခေါ်တဲ့ငရုတ်သီးပွကိုမီးကင်ထည့်မွှေးချင်ရင် သံပုရာသီးတစ်စိတ်ညှစ်ထည့်ပြီးအခွံပါထည့်လိုက်ပါ။

ငါးပိကောင်းရင်ဟင်းမလိုဘူးတဲ့ဘိုးဘွားတွေပြောခဲ့ဖူးပါတယ်

Crd orginal writer

Zawgyiဖြင့်ဖတ်ရန်

 


 







Crd orginal writer

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment