အိမ်မက်အမျိုးမျိုး နှင့် အိပ်မက် နိမိတ်များ ကောက်ယူနည်းများ (၁)

Unicodeဖြင့်ဖတ်ရန်

 

အက္ခရာ အစဉ်လိုက် (က မှ င ထိ) အိပ်မက် နိမိတ်များ အိမ်မက်အမျိုးမျိုးနှင့် အသားလှုပ်နိမိတ် ၊ အိမ်မက်နှင့် ပါတ်သက်သော နိမိတ်များ

အိပ်မက်ကို လူတိုင်း မက်သည်။ သို့သော မိမိတို့ အိပ်မက်၏ ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့် အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည် လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ် အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့် အတွက် ဒုက္ခ မတွေ့သင့်လဲနှင့် တွေ့ရ တတ်သည်။

ဓာတ်လေ ချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။

သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ ဆိုးကျိုးေ ပးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘ တို့ကို ကိုးကွယ် ဆည်းကပ်၍ ယတြာများ ဆင်ရပေမည်။

ဤသို့ ညွှန်ပြအပ်သည့် အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။ ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ ‘ယတြာကောင်းက မင်းလောင်းပျော်က’ ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အ တိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံ ကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် “ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်”ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။

(အိပ်မက်ခြင်း ခြောက်ပါး)

၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၂။ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏

၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

အိပ်မက်အပြား လေးပါး

၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။

၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။

၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

၄။ အကျိုးပေးလတ္တံ့သော်ကြောင့်မက်မူ ဧကန္တ အကျိုးရှိ၏။

အိပ်မက်သော အခါသုံးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။

၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။

၃။ မိုးသောက်မက်မူ အမှန်။

၄။ အရုဏ်တက်မက်မူ အမှန်။

အိပ်မက်သော အခါငါးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။

၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။

၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။

၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။

၃။ သန်းခေါင်ယံမက်မူ အကျိုုးအပြစ်ပေးအံ့။

၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။

၅။ အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။

၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။

၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော နေ့များ

၁။ တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။

၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။

၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။

၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။

၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။

၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။

၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။

အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူ ဘုရားကို မီးပူဇော်၍ အိပ်မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟု ဆုတောင်းရာ၏။

အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍ ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။ အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေးရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက် မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတ္ထံုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့ လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ကို ပြုလျှင် မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။

[ က ] နှင့်ပတ်သက်သော အိပ်မက်များ

၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည်စွာ ဂုဏ် သတင်းကျော်စောရအံ့။

၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူ မယားကောင်းရအံ့။

၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။

၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။

၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။

၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပါဒ် ရောက်အံ့။

၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။

၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ကြီးစွာ တွေ့ရအံ့။

၉။ ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။

၁၀။ ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။

၁၁။ ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။

၁၂။ ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။ ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။

၁၃။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

၁၄။ ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်းရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။ကိုယ်ရောင် တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

၁၅။ ကောင်းသော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊သဘက်တို့ ကျေးဇူးပြုအံ့။ ကောင်းသော အခြင်းအရာဖြင့် လင်းတ
ကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။

၁၆။ ကောင်းကင်၌တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ် ခံစား ရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။

၁၇။ ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။

၁၈။ ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။

၁၉။ ကျောက်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။

၂၀။ ကျောက်ဖျာကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်းပျံ့နှံ့ခြင်း ဖြစ်အံ့။

၂၁။ ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။

၂၂။ ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူ ချမ်းသာရအံ့။

၂၃။ ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။

၂၄။ ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ အများတက် ထူးချွန်သူ ဖြစ်ရ၏။

၂၅။ ကျားကို မြင်မက်မူ မကောင်း။

၂၆။ ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက် မူ ဘုန်တန်းခိုးကြီးအံ့။

၂၇။ ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။

၂၈။ ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကို လည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။

၂၉။ ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၃၀။ ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊ အဝတ်ကောင်းရအံ့။

——–

[ ခ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။

၂။ ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။

၃။ ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။

၄။ ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။ ဘေးပျောက်အံ့။

၅။ ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက် မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည် ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။

၆။ ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာ ကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူ ယုတ်မာသော စကားကို ဆိုရအံ့။

၇။ ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။

၈။ ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။

၉။ ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။

၁၀။ ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူအသက်ရှည်အံ့။

၁၁။ ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့။ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။

၁၂။ ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။

၁၃။ ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟုမြင်မက်မူ ချမ်းသာအံ့။

၁၄။ ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုနု်းကြီးအံ့။

၁၅။ ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၁၆။ ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။

၁၇။ ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၁၈။ ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၁၉။ ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။

၂၀။ ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏။

——-

[ ဂ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည် မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိတည်မြဲအံ့။

၂။ ဂူ(သင်္ချိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။

၃။ ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့။၄။ ဂဏန်းသချာၤ များ အပေါင်းရသည်၊ မြှောက်ရသည် မြင်မက်မူဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။

၅။ ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့။ (စီးပွားဂမုန်း)မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။

၆။ ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသောအိမ်ထောင်ရေး ဖန်တီးရအံ့။

၇။ ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့။

၈။ ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။

၉။ ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရအံ့၊ ချမ်းသာရန် နီးကပ်အံ့။

——-

[ င ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့။

၂။ ငှက်ပျောပင်ကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့။

၃။ ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။

၄။ ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့။

၅။ ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့။

၆။ ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

(ကျန်ရှိ အက္ခရာများ ဆက်လက် ဖော်ပြပေးပါမယ်)

အိမ်မက်နိမိတ်အတွက် မသိသေးသောသူများအတွက် အိပ်မက်နှင့် ပတ်သက်သော နိမိတ်များ (အိမ်မက်အမျိုးမျိုးနှင့် အသားလှုပ်နိမိတ်) စာအုပ်မှ ကူးယူဖော်ပြပေးထား ပါသည်)

Credit : ဆရာတင်ဝင်းလှိုင်

Zawgyiျဖင့္ဖတ္ရန္

အိမ္မက္အမ်ဳိးမ်ဳိး ႏွင့္ အိပ္မက္ နိမိတ္မ်ား ေကာက္ယူနည္းမ်ား (၁)

အကၡရာ အစဥ္လိုက္ (က မွ င ထိ) အိပ္မက္ နိမိတ္မ်ား အိမ္မက္အမ်ဳိးမ်ဳိးႏွင္႔ အသားလွဳပ္နိမိတ္ ၊ အိမ္မက္ႏွင္႔ ပါတ္သက္ေသာ နိမိတ္မ်ား

အိပ္မက္ကို လူတိုင္း မက္သည္။ သို႔ေသာ မိမိတို႔ အိပ္မက္၏ ေကာင္းက်ိဳး ဆိုး က်ိဳးကို ၾကိဳတင္၍ သတိမထားသည့္ အတြက္ အကိ်ဳးခံစားသင့္ေသာ အရာ မ်ားလြဲေခ်ာ္သြားသည္ လည္း ရွိေပသည္။ မေကာင္းက်ိဳးကို မခံစားရမီ ၾကိဳတင္၍ နိမိတ္ အေနအထားအားျဖင့္ အိပ္မက္ျမင္မက္သည္ျဖစ္လ်က္ မိမိတို႔၏ အိပ္မက္ကို သတိမမူ၍ ျဖစ္ေစ၊ အဓိပၸာယ္ကို နားမလည္၍ျဖစ္ေစ အမႈမဲ့ အမွတ္မဲ့ေနသည့္ အတြက္ ဒုကၡ မေတြ႔သင့္လဲႏွင့္ ေတြ႔ရ တတ္သည္။

ဓာတ္ေလ ေခ်ာက္ခ်ား၍ ျမင္မက္ျခင္းသည္လည္း ရွိတတ္၏။ ထိုအိပ္မက္ကို အမွန္မယူႏုိင္ပါ။အကယ္၍ ပုဗၺနိမိတ္အျဖစ္ျဖင့္ ျမင္မက္သည္ဟု ယူဆမိလွ်င္ မိမိျမင္မက္ေသာ အိပ္မက္၏ ေကာင္းက်ိဳး ဆိုးျပစ္ကို ေဝဖန္တတ္သူကို ရွာ၍ ထိုသူအား ေျပာျပရမည္။

သို႔မဟုတ္ အိပ္မက္ဆိုင္ရာ က်မ္းစာအုပ္ တို႔ကုိ ဖတ္၍ ေဝဖန္ခ်က္ခ်ျပီးလွ်င္ ေကာင္းက်ိဳးေပးမည့္အိပ္မက္ျဖစ္က ေပး ရန္ အခ်ိန္ကာလကို ေစာင့္ဆိုင္းလ်က္အထူး သတိႏွင့္ ေနရမည္။ ဆုိးက်ိဳးေ ပးမည့္ အိပ္မက္ျဖစ္က ထိုေပးလတၱံ႔ေသာ အကိ်ဳးကို မေပးရန္ အေဟာသိ ကံ ျဖစ္သြားေအာင္ ရတနာသံုးပါး၊ ဆရာသမား၊ ဘိုးဘြားမိဘ တို႔ကို ကိုုးကြယ္ ဆည္းကပ္၍ ယၾတာမ်ား ဆင္ရေပမည္။

ဤသို႔ ညႊန္ျပအပ္သည့္ အတိုင္း အိပ္မက္ျမင္မက္တိုင္း ဂရုျပဳရန္ သတိရွိၾကေစလိုသည္။ ဤသို႔ က်မ္း အေစာင္ေစာင္တို႔ အဆိုမတူညီၾက၊ သို႔ေသာ္လည္း အိပ္မက္မေကာင္း ထင္ျမင္လ်က္ မက္သည့္အခ်ိန္အခါ ေန႔၌ မက္ေသာ အိပ္မက္ျဖစ္ေစ ‘ယၾတာေကာင္းက မင္းေလာင္းေပ်ာ္က’ ဆိုသကဲ့သို႔ ေဆးရွစ္ပါးျဖင့္ ေခါင္းေ ဆးျခင္းကိုလည္းေကာင္း၊ ဘုရားပုထို္းရွိခိုးျခင္း၊ နံ႔သာပန္းတို႔ျဖင့္ သက္ေစ့ပူေဇာ္ျခင္း၊ ၾတိရန္း, စတုန္ရန္း, နံ႔သင့္သစ္သား တို႔ကို ေအာက္ ခံျပဳ၍ ေခါင္းေဆးျခင္းကိုလည္းေကာင္း ဤသို႔ စေသာ ေလာက ဓမၼယၾတာ ကို ျပဳျခင္းေၾကာင့္ လြန္သည္မရွိ ကင္းေပ်ာက္ကုန္၏။

အိပ္မက္၊ အ တိတ္၊ နိမိတ္၊ တေဘာင္၊ စနည္း၊ ျဂိဳလ္စာ သက္ေရာက္အစရွိသည္တို႔ကို မယံု ၾကည့္တတ္လွ်င္ မိစာၦဒိဠိျဖစ္တတ္၏။ ထို႔ေၾကာင့္ “ငါ့အား အ,ကုသိုလ္ ကံအက်ိဳးေပးလို၍ မေကာင္းေသာအိပ္မက္ စသည္တို႔ ျမင္လာကုန္သည္။ ကုသိုလ္ကံအက်ိဳးေပးလို၍ ေကာင္းေသာ အိပ္မက္ စသည္တို႔ ျမင္လာ ကုန္သည္။ ဤသို႔ ပုဗၺနိမိတ္အျဖစ္ျဖင့္ ကံကို အရင္းထား၍ ယံုၾကည္ရ မည္”ဟု ပညာရွိတို႔ မိန္႔ေတာ္မူၾက၏။ ထို႔ေၾကာင့္ အိပ္မက္မ်ားအားကံကို အရင္းထား၍ ယံုၾကည္ၾကပါေလ။

(အိပ္မက္ျခင္း ေျခာက္ပါး)

၁။ ျမင္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

၂။ၾကားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

၃။ ခံစားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

၄။ ၾကံဳဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏

၅။ ျဖစ္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

၆။ ဓာတ္ေခ်ာက္ခ်ား၍မက္မူ အက်ိဳးအျပစ္မရွိ။

အိပ္မက္အျပား ေလးပါး

၁။ နတ္တို႔ေျပာၾကား၍မက္မူ အကိ်ဳးအျပစ္ရွိ၏။

၂။ ေရွ႕ခံစား ေလ့လာဖူး၍မက္မူ အက်ိဳးအျပစ္မရွိ။

၃။ ဓာတ္ေခ်ာက္ခ်ား၍မက္မူ အက်ိဳးအျပစ္မရွိ။

၄။ အကိ်ဳးေပးလတၱ႔ံေသာ္ေၾကာင့္မက္မူ ဧကႏၱ အက်ိဳးရွိ၏။

အိပ္မက္ေသာ အခါသံုးပါး

၁။ ညဥ့္ဦးယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။

၂။ သန္းေခါင္မက္မူ ႏွစ္ႏွစ္ခြဲအတြင္း အက်ိဳးအျပစ္ေပးအံ့။

၃။ မိုးေသာက္မက္မူ တစ္လအတြင္း အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ အခါေလးပါး

၁။ ေန႔အခါမက္မူ မွန္မမွန္ ႏွစ္ပါး။

၂။ ညဥ့္ဦးမက္မူ မွန္မမွန္ ႏွစ္ပါး။

၃။ မိုးေသာက္မက္မူ အမွန္။

၄။ အရုဏ္တက္မက္မူ အမွန္။

အိပ္မက္ေသာ အခါငါးပါး

၁။ ညဥ့္ဦးယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအ့ံ။

၂။ သန္းေခါင္မက္မူ ႏွစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။

၃။ မိုးေသာက္မက္မူ တစ္ႏွစ္အတြင္း အက်ိဳးေပးအံ့။

၄။ နံနက္ေနတက္ မက္မူ ခုနစ္လအတြင္း အက်ိဳးေပးအံ့။

၅။ မြန္းတည့္မက္မူ ခုနစ္လအတြင္ အက်ိဳးအျပစ္ေပးအ့ံ။

အိပ္မက္ေသာ အခါေလးပါး

၁။ ညဥ့္ဦးမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။

၂။ သန္းေခါင္ယံမက္မူ တစ္လခြဲအတြင္း အက်ိဳးအျပစ္ေပးအံ့။

၃။ သန္းလြဲမက္မူ ခုနစ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။

၄။ မိုးေသာက္မက္မူ တစ္လအတြင္း အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ အခါငါးပါး

၁။ ေန႔အခါမက္မူ အက်ိဳးအျပစ္မေပး။

၂။ ပထမယံမက္မူ အက်ိဳးအျပစ္မေပး။

၃။ သန္းေခါင္ယံမက္မူ အက်ိုဳးအျပစ္ေပးအံ့။

၄။ မိုးေသာက္ယံမက္မူ အက်ိဳးအျပစ္ေပးအံ့။

၅။ အ႐ုဏ္တက္ မက္မူ အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ အခါငါးပါး

၁။ ပထမယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးေပးအံ့။

၂။ ဒုတိယံမက္မူ ေျခာက္လအတြင္း အက်ိဳးအျပစ္ေပးအံ့။

၃။ တတိယံမက္မူ သံုးလအတြင္း အက်ိဳးအျပစ္ေပးအံ့။

၄။ စတုတၳယံမက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။

၅။ အ႐ုဏ္တက္ မက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ ေန႔မ်ား

၁။ တနဂၤေႏြမက္မူ မယားအတြက္ မက္သည္။

၂။ တနလၤာေန႔မက္မူ ေဆြမ်ိဳးအတြက္ မက္သည္။

၃။ အဂၤါေန႔မက္မူ မိဘ၊ ဆရာသမားအတြက္ မက္သည္။

၄။ ဗုဒၶဟူးေန႔မက္မူ သားသမီးအတြက္ မက္သည္။

၅။ ၾကာသပေတးေန႔မက္မူ အေဆြခင္ပြန္းအတြက္ မက္သည္။

၆။ ေသာၾကာေန႔မက္မူ ကၽြန္၊ ကၽြဲ၊ ႏြားအတြက္ မက္သည္။

၇။ စေနေန႔မက္မူ ကို္ယ့္အတြက္ မက္သည္။

အိပ္မက္မေကာင္း ေပ်ာက္ေအာင္ ကုနည္း

အိပ္မက္ေကာင္းသည္ ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ နံနက္အခါ ေျမာ္ျမင္တတ္သူထံ ျပန္ၾကားရာ၏။ အိပ္မက္ေကာင္းမူ ဘုရားကို မီးပူေဇာ္၍ အိပ္မက္ကို ေရြးရာ၏။ အသက္ရွည္၍ ဘုန္းႀကီးၿပီး စည္းစိမ္ဥစၥာႏွင့္ ျပည့္စံုလိုပါ၏ဟု ဆုေတာင္းရာ၏။

အိပ္မက္ေကာင္းမက္မူ ဆရာသမားတို႔ကို ပူေဇာ္၍ ျပန္ၾကားရာ၏။မေကာင္းမက္မူ ထမင္းတစ္ဆုပ္၊ ေရတစ္မႈတ္ႏွင့္ သစ္ငုတ္တိုတြင္ တင္ခဲ့၍ ေကာင္းေသာအရသာ တစ္ပါးပါးစား၍ ျပန္ရာ၏။ အိပ္မက္မေကာင္းေသာ သူသည္ ပရိတ္ေတာ္ေရ ခံ၍ ေခါင္းေဆးရာ၏။ သစ္ငုတ္၊ ေရခ်မ္း၊ ထီး၊ တံခြန္၊ ပန္းတုိ႔ျဖင့္ ဘုရားပုထိုးကို ပူေဇာ္ရာ၏။ေဗာဓိေညာင္ကို ေထာက္ရာ၏။

အိပ္မက္ မေကာင္းလွ်င္ ယၾတာျပဳျခင္း

အကၤုရ ရေသ့ တိတံၳဳက်မ္း၌ မေကာင္းေသာအိပ္မက္တို႔ကို ျမင္မက္ခဲ့ လွ်င္ ရတနာသံုးပါး မိဘ, ဆရာသမားတို႔အား ပူေဇာ္ကန္ေတာ့ျခင္း၊ ဥပုသ္သီလ ေဆာက္တည္ျခင္းတို႔ကို ျပဳလွ်င္ မေကာင္းက်ိဳးေပ်ာက္၍ ေကာင္းက်ိဳးေရာက္ရာ၏။

[ က ] ႏွင့္ပတ္သက္ေသာ အိပ္မက္မ်ား

၁။ ၾကာမ်ိဳးငါးပါးအန႔ံကို ရႈရသည္ဟု ျမင္မက္မူ တည္ၾကည္စြာ ဂုဏ္ သတင္းေက်ာ္ေစာရအံ့။

၂။ ၾကာညိဳပန္းကို ပန္ရသည္ဟု ျမင္မက္မူ မယားေကာင္းရအံ့။

၃။ ၾကာသြတ္အိုးႏွင့္ ေရခ်ိဳးရသည္ဟု ျမင္မက္မူ သူတစ္ပါးတို႔၏မွီခိုရာျဖစ္အံ့။ ၾကာသြတ္အိုးျမင္မက္မူ စည္းစိမ္မ်ားအံ့။

၄။ ၾကာပန္းစသည္ျမင္မက္မူ ဖ်ားနာအံ့။

၅။ ကၽြဲစီးရသည္ဟု ျမင္မက္မူ ေက်းကၽြန္ရအံ့။

၆။ ကၽြဲ၊ ႏြား၊ ဝက္၊ ေျမေခြး၊ လင္းတ တိရစာၦန္တို႔ကိုျမင္မက္မူ ဥပါဒ္ ေရာက္အံ့။

၇။ ကၽြဲ၊ ႏြား၊ ဝက္၊ ဆင္၊ ျမင္းတို႔အား ေကာင္းေသာ အျခင္းအရာျဖင့္ ျမင္မက္မူ နတ္စိမ္းတို႔ ႏွစ္သက္အံ့။

၈။ ကၽြဲခတ္သည္ဟု ျမင္မက္မူ ရန္ႀကီးစြာ ေတြ႔ရအံ့။

၉။ ကၽြဲထြက္ေျပးသည္ဟု ျမင္မက္မူ ရန္သူ၊ ကၽြန္အမႈလုပ္တို႔ ေျပးအံ့။

၁၀။ က်င္ႀကီးစြန္႔သည္ဟု ျမင္မက္မူ ဥစၥာေလွ်ာအံ့။

၁၁။ က်င္ငယ္စြန္႔ရသည္ဟု ျမင္မက္မူ ဂုဏ္သေရေလွ်ာအံ့။

၁၂။ ကိုယ္ေပၚသို႔ ေလာက္တက္သည္ဟု ျမင္မက္မူ ဥစၥာရအံ့။ ေက်းကၽြန္၊ ကၽြဲ၊ ႏြားေသာ္ ရအံ့။

၁၃။ ကိုယ္ခႏၶာပုပ္သည္ဟု ျမင္မက္မူ တန္ခိုးႀကီးအံ့။

၁၄။ ကိုယ္မွာ အေၾကာင္အၾကားရွိသည္ဟု ျမင္မက္မူ မယားေကာင္းရအံ့။ ကိုယ္အေမြးရွည္သည္ကို မက္မူ လာဘ္ႀကီးရအံ့။ကိုယ္ေရာင္ ေတာက္ပသည္ဟု ျမင္မက္မူ တန္ခိုးႀကီးအံ့။

၁၅။ ေကာင္းေသာ အျခင္းအရာျဖင့္ ေႁမြကို ျမင္မက္မူ ၿပိတၱာ၊ သရဲ၊သဘက္တို႔ ေက်းဇူးျပဳအံ့။ ေကာင္းေသာ အျခင္းအရာျဖင့္ လင္းတ
ကို ျမင္မက္မူ ေဇာ္ဂနီနတ္ခ်စ္ရအံ့။

၁၆။ ေကာင္းကင္၌တည္ရွိေသာ ျပာသာဒ္တို႔တက္၍ ကာမဂုဏ္ ခံစား ရသည္ဟု ျမင္မက္မူ အႀကီးအမွဴးျဖစ္ရအံ့။

၁၇။ ေကာင္းကင္ပ်ံတက္ တံခြန္လႊားျမင္မက္မူ ထင္ရွားရအံ့။

၁၈။ ေက်ာက္ဖ်ာအိမ္မိုးျမင္မက္မူ အမ်ားသခင္ျဖစ္ရအံ့။

၁၉။ ေက်ာက္ဖ်ာထက္ေနရသည္ဟု ျမင္မက္မူ အလြန္ေကာင္းအံ့။

၂၀။ ေက်ာက္ဖ်ာကို မ်ိဳရသည္ဟု ျမင္မက္မူ ေက်းဇူးသတင္းပ်ံ႕ႏွံ႔ျခင္း ျဖစ္အံ့။

၂၁။ ၾကက္ခ်င္းခြပ္သည္ဟု ျမင္မက္မူ တရားေတြ႔ရအံ့။

၂၂။ ၾကက္၊ ငွက္တို႔၏အေတာင္မ်ားကို စားရသည္ဟု ျမင္မက္မူ ခ်မ္းသာရအံ့။

၂၃။ ကခုန္ျမဴးတူးရသည္ဟု ျမင္မက္မူ မေကာင္း။

၂၄။ က်ားစြယ္၊ မိေက်ာင္းစြယ္ကို ရင္ခြင္ပိုက္ရသည္ဟုျမင္မက္မူ အမ်ားတက္ ထူးခၽြန္သူ ျဖစ္ရ၏။

၂၅။ က်ားကို ျမင္မက္မူ မေကာင္း။

၂၆။ ကုန္းကိုတက္ၿပီးမွ က်င္းသို႔ဆင္း၍ ေခါင္းေဆးရသည္ဟု ျမင္မက္ မူ ဘုန္တန္းခိုးႀကီးအံ့။

၂၇။ ႂကြယ္ဝေသာသူကို ျမင္မက္မူ ေကာင္းက်ိဳးေရာက္အံ့။

၂၈။ က်က္ၿပီးသား လူသားကိုလည္းေကာင္း၊ လူ၏လက္႐ံုးသားကို လည္းေကာင္း စားရသည္ဟု ျမင္မက္မူ ထီေပါက္အံ့။

၂၉။ ကြန္းစင္အေခါင္ တက္ရသည္ဟု ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။

၃၀။ ကြမ္းရြက္၊ သစ္ရြက္ စားရသည္ဟု ျမင္မက္မူ ပုဆိုးေကာင္း၊ အဝတ္ေကာင္းရအံ့။

——–

[ ခ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

၁။ ခ႐ုသင္းကို ျမင္မက္မူ ေဘးဥပါဒ္ေပ်ာက္ကင္းအံ့။

၂။ ခ႐ုသင္းေပးလာသည္ကို ျမင္မက္မူ အက်င့္ျမတ္သူ သေႏၶတည္အံ့။ခ႐ုသင္းမႈတ္ရသည္ဟု ျမင္မက္မူ စည္းစိမ္တိုးအံ့။

၃။ ေခြးကိုက္သည္ဟု ျမင္မက္မူ အေမွာင့္ပေယာဂ ကိုယ္သို႔ကပ္အံ့။

၄။ ေခါင္းၿဖီးသည္ဟုျမင္မက္မူ မိဘတို႔အေက်ာ္အေစာရွိအံ့။ ေဘးေပ်ာက္အံ့။

၅။ ခံတြင္းသို႔ မေကာင္းေသာအနံ႔ဝင္သည္ဟု ျမင္မက္မူ သီခ်င္းက်က္ မွတ္ရအံ့။ ခံတြင္းက အနံ႔မေကာင္းထြက္သည္ဟု ျမင္မက္မူယုတ္မာေသာ စကားကို ဆိုရအံ့။ ခံတြင္းက ေကာင္းေသာအနံ႔ ထြက္သည္ ဟု ျမင္မက္မူ ေကာင္းေသာ စကားကို ဆိုရအံ့။

၆။ ခံတြင္းသို႔ ေမႊးႀကိဳင္ေသာ ရနံ႔ ဝင္သည္ဟု ျမင္မက္မူ ေလာကုတၱရာ က်မ္းစာက်က္မွတ္ရအံ့။ ခံတြင္းက အပုပ္နံ႔ထြက္သည္ဟု ျမင္မက္မူ ယုတ္မာေသာ စကားကုိ ဆိုရအံ့။

၇။ ခံတြင္းျဖင့္ လက္နက္ကို ယူရသည္ ျမင္မက္မူ ခ်မ္းသာႂကြယ္ဝအံ့။

၈။ ေျခလက္တိုသည္ဟု ျမင္မက္မူ ဘုန္းႀကီးအံ့။

၉။ ေျခသည္းလက္သည္းတို႔ကို လွီးရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။ အထက္လူႀကီးမ်ား ခ်စ္ခင္အံ့။

၁၀။ ေျခသည္းလက္သည္းတို႔ကို ေရတြက္ရသည္ဟု ျမင္မက္မူအသက္ရွည္အံ့။

၁၁။ ျခေသၤ့ကို စီးသြားသည္ ျမင္မက္မူ စီးသူ ႀကီးပြားခ်မ္းသာအံ့။ခင္ပုပ္ငွက္သံကို ၾကားရသည္ျမင္မက္မူ အနာဖ်ားသင့္အံ့။

၁၂။ ခရီးသြားရသည္ဟု ျမင္မက္မူ အႀကံေျမာက္အံ့။

၁၃။ ခိုးသူတို႔ အရပ္ေလးမ်က္ႏွာမွ လာသည္ကို ဖမ္းမိသည္ဟုျမင္မက္မူ ခ်မ္းသာအံ့။

၁၄။ ေခၽြးထြက္၊ ေသြးထြက္သည္ကို ျမင္မက္မူ ဘုနု္းႀကီးအံ့။

၁၅။ ခၽြန္းေတာင္းလက္ဆြဲရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။

၁၆။ ေခ်ာင္းအၾကည္၊ ကန္အၾကည္ကို ျမင္မက္မူ ဝန္ထမ္းျဖစ္အံ့။

၁၇။ ခ်ိဳးသား၊ ၾကက္သားကို စားရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။

၁၈။ ခံုညင္းကစားရသည္ဟု ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။

၁၉။ ျခဴ၊ ဆည္းလည္းလႈပ္သည္ဟု ျမင္မက္မူ မေကာင္း။

၂၀။ ခင္ပုပ္ငွက္ျမည္သံကို ၾကားရသည္ ျမင္မက္မူ အနာႀကီးသင့္ရာ၏။

——-

[ ဂ ] ႏွင့္ ပတ္သက္ေသာ အိ္ပ္မက္မ်ား

၁။ ဂူလို္ဏ္ကိုလည္းေကာင္း၊ တံတိုင္းကိုလည္းေကာင္း ျပဳလုပ္ရသည္ ျမင္မက္မူ ခ်မ္းသာသုခကိုရ၍ ေဘးရန္မရွိတည္ၿမဲအံ့။

၂။ ဂူ(သခၽႋဳင္း)ကုိ ျမင္မက္မူ အေမြရအံ့၊ ထီေပါက္အံ့။

၃။ ဂ်ံဳစားရသည္ကို ျမင္မက္မူ လံုျခံဳအံ့၊ အသက္ရွည္အံ့။၄။ ဂဏန္းသခ်ာၤ မ်ား အေပါင္းရသည္၊ ေျမႇာက္ရသည္ ျမင္မက္မူဝင္ေငြတိုးအံ့၊ စိတ္ခ်မ္းသာအံ့။

၅။ ဂမုန္းပင္ကို ျမင္မက္မူ အႀကီးအက်ယ္စီးပြားျဖစ္အံ့။ (စီးပြားဂမုန္း)မီးကြင္းဂမုန္းျဖစ္လွ်င္ ပူပင္ေသာက ကင္းေဝးအံ့။

၆။ ဂုန္ေလွ်ာ္ပင္မ်ား စိုက္ရသည္ဟု ျမင္မက္မူ သာယာေသာအိမ္ေထာင္ေရး ဖန္တီးရအံ့။

၇။ ေဂၚမုတ္ေက်ာက္ကို ျမင္မက္မူ ေအးခ်မ္းသာယာအံ့။

၈။ ေဂါက္သီးကစားရသည္ကို ျမင္မက္မူ လိုအင္ဆႏၵျပည့္စံုအံ့။

၉။ ဂ်ံဳခင္းထဲ၌ သြားရသည္ျမင္မက္မူ ျမင့္ျမတ္ေသာ သူႏွင့္ လက္ထပ္ရအံ့၊ ခ်မ္းသာရန္ နီးကပ္အံ့။

——-

[ င ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

၁။ ငွက္ေပ်ာပင္ကို ျမင္မက္မူ ရြာအရပ္ေျပာင္းရအံ့။

၂။ ငွက္ေပ်ာပင္ကို စိုက္ရသည္ဟု ျမင္မက္မူ ရာထူးႀကီးရအံ့။

၃။ ငွက္ေတာ္ကို ဖမ္းမိသည္ဟု ျမင္မက္မူ ပညာရွိျဖစ္အံ့။

၄။ င႐ုတ္သီးကို စားရသည္ဟု ျမင္မက္မူ ရာထူးတိုးတက္အံ့။

၅။ င႐ုတ္၊ ခ်င္းစားရသည္ကို ျမင္မက္မူ သူတကာတို႔၏ ဆရာျဖစ္အံ့။

၆။ ငိုေႂကြးရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။

(က်န္ရွိ အကၡရာမ်ား ဆက္လက္ ေဖာ္ျပေပးပါမယ္)

အိမ္မက္နိမိတ္အတြက္ မသိေသးေသာသူမ်ားအတြက္ အိပ္မက္ႏွင့္ ပတ္သက္ေသာ နိမိတ္မ်ား (အိမ္မက္အမ်ဳိးမ်ဳိးႏွင္ ့ အသားလွဳပ္နိမိတ္) စာအုပ္မွ ကူးယူေဖာ္ျပေပးထား ပါသည္)

Credit : ဆရာတင္ဝင္းလွိဳင္

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment