ရန်ကုန်မှာ ကာရာအိုကေဆိုင်တွေကနေ ပိုးကူးစက်မှုတွေရှိနေတဲ့အတွက် စည်းမျဉ်းတွေလိုက်နာဖို့ အတိုင်ပင်ခံ သတိပေး

Unicodeဖြင့်ဖတ်ရန်

 

သင်္ကန်းကျွန်း မြို့နယ်မှာ Music Zone စားသောက်ဆိုင်က ပိုးတွေ့အများဆုံးဖြစ်ခဲ့တာကို ရည်ညွှန်းတာပါ။

ရန်ကုန်မှာ ကာရာအိုကေဆိုင်တွေကနေ ပိုးကူးစက်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့က ချမှတ်ထားတဲ့စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့လိုနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။

ရန်ကုန်က ကိုဗစ်ဒုတိယလှိုင်းကို သိသိသာသာခံစားနေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပိုးတွေ့လူနာ အများဆုံးနေရာလည်းဖြစ်နေပါတယ်။သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုသာ ရန်ကုန်သူ၊ရန်ကုန်သားတွေအနေနဲ့ စနစ်တကျလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် အခုလိုရောဂါကူးစက်မှု ပျံ့နှံ့နေတာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း အတိုင်ပင်ခံကပြောပါတယ်။

“ သင်္ကန်းကျွန်းမြို့နယ်မှာဆို ကိုဗစ်ကူးစက်ခံသူဦးရေများနေပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မထင်တယ်။ သင်္ကန်းကျွန်းမြို့နယ်က ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြန့်ပွါးတဲ့ကိစ္စပါ။ ဒီလိုနေရာတွေမှာက လူစုလူဝေးရှိသလို တစ်ယာက်နဲ့တစ်ယောက် ၆ပေအကွာနေတယ်ဆိုတာလည်းမရှိဘူး။ သီချင်းဆိုတဲ့အခါမှာလည်း ဒါက ပြန့်အောင်လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပါ။ ဒါကြောင့်မလို့ ကျွန်မတို့ ဒါတွေကိုပိတ်တယ်။ ကျွန်မတို့အခုဆို ကြပ်ကြပ်မတ်မတ် စည်းကမ်းတွေသတ်မှတ်သလို ပြည်သူတွေကလည်း လိုက်နာဖို့ လိုတယ်”လို့ အတိုင်ပင်ခံက ဒီနေ့ညပိုင်းမှာ ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမိန့်ခွန်းမှာ ပြောခဲ့တာပါ။

သင်္ဃန်းကျွန်းမြို့နယ်က လက်ရှိအချိန်မှာ ကိုဗစ်လူနာ ၁၇၀ကျော်ရှိနေပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုအများဆုံးမြို့နယ်ဖြစ်နေသလို Music Zone စားသောက်ဆိုင်တစ်ခုတည်းက ကူးစက်ခံရသူဦးရေ ၇၄ ဦးအထိ ရှိနေပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကို ရခိုင်ပြည်နယ်က စတင်ခံစားခဲ့ရပေမယ့် လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်က ထိန်းချုပ်နိုင်တဲ့အနေအထားတစ်ခုဖြစ်နေပါပြီး ဒါကလည်း တာဝန်ရှိသူတွေအနေနဲ့ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပြီး ဒေသခံတွေအနေနဲ့ကလည်း လိုက်နာမှုရှိခဲ့လို့ အခုလိုအနေအထားရောက်ရှိလာတာလို့ အတိုင်ပင်ခံက ပြောပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီကနေ့ည ထုတ်ပြန်ချက်မှာပါရှိတဲ့ ပိုးတွေ့လူနာ (၁၄၂)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၂၁၅၀)ဦးမှာ ရန်ကုန်က (၁၀၅၃)ဦးပါဝင်ပါတယ်။ ဒီကနေ့ည ထုတ်ပြန်တဲ့ ပိုးတွေလူနာ (၁၄၂)ဦးရဲ့ နေရပ်ဒေသတွေကတော့ မသိရှိရသေးပါဘူး။

Credit:Duwun

Zawgyiျဖင့္ဖတ္ရန္

ရန္ကုန္မွာ ကာရာအိုေကဆိုင္ေတြကေန ပိုးကူးစက္မႈေတြရွိေနတဲ့အတြက္ စည္းမ်ဥ္းေတြလိုက္နာဖို႔ အတိုင္ပင္ခံ သတိေပး

သကၤန္းကြၽန္း ၿမိဳ႕နယ္မွာ Music Zone စားေသာက္ဆိုင္က ပိုးေတြ႕အမ်ားဆုံးျဖစ္ခဲ့တာကို ရည္ၫႊန္းတာပါ။

ရန္ကုန္မွာ ကာရာအိုေကဆိုင္ေတြကေန ပိုးကူးစက္မႈေတြရွိေနတဲ့အတြက္ ျပည္သူေတြအေနနဲ႔က ခ်မွတ္ထားတဲ့စည္းကမ္းေတြကို တင္းတင္းက်ပ္က်ပ္လိုက္နာဖို႔လိုေနၿပီလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပး ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္က ကိုဗစ္ဒုတိယလႈိင္းကို သိသိသာသာခံစားေနရၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ပိုးေတြ႕လူနာ အမ်ားဆုံးေနရာလည္းျဖစ္ေနပါတယ္။သတ္မွတ္ထားတဲ့ စည္းကမ္းေတြကိုသာ ရန္ကုန္သူ၊ရန္ကုန္သားေတြအေနနဲ႔ စနစ္တက်လိုက္နာေဆာင္႐ြက္ၾကမယ္ဆိုရင္ အခုလိုေရာဂါကူးစက္မႈ ပ်ံ႕ႏွံ႔ေနတာကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔လည္း အတိုင္ပင္ခံကေျပာပါတယ္။

“ သကၤန္းကြၽန္းၿမိဳ႕နယ္မွာဆို ကိုဗစ္ကူးစက္ခံသူဦးေရမ်ားေနပါတယ္။ အဲဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းက ကာရာအိုေကနဲ႔ဆိုင္တယ္လို႔ ကြၽန္မထင္တယ္။ သကၤန္းကြၽန္းၿမိဳ႕နယ္က ကာရာအိုေကဆိုင္ေတြမွာ ကာရာအိုေကဆိုရာကေနျပန႔္ပြါးတဲ့ကိစၥပါ။ ဒီလိုေနရာေတြမွာက လူစုလူေဝးရွိသလို တစ္ယာက္နဲ႔တစ္ေယာက္ ၆ေပအကြာေနတယ္ဆိုတာလည္းမရွိဘူး။ သီခ်င္းဆိုတဲ့အခါမွာလည္း ဒါက ျပန႔္ေအာင္လုပ္ႏိုင္တဲ့ အထိေရာက္ဆုံးနည္းပါ။ ဒါေၾကာင့္မလို႔ ကြၽန္မတို႔ ဒါေတြကိုပိတ္တယ္။ ကြၽန္မတို႔အခုဆို ၾကပ္ၾကပ္မတ္မတ္ စည္းကမ္းေတြသတ္မွတ္သလို ျပည္သူေတြကလည္း လိုက္နာဖို႔ လိုတယ္”လို႔ အတိုင္ပင္ခံက ဒီေန႔ညပိုင္းမွာ ျပည္သူေတြအတြက္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးမိန႔္ခြန္းမွာ ေျပာခဲ့တာပါ။

သဃၤန္းကြၽန္းၿမိဳ႕နယ္က လက္ရွိအခ်ိန္မွာ ကိုဗစ္လူနာ ၁၇၀ေက်ာ္ရွိေနၿပီး ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ေရာဂါပိုးကူးစက္မႈအမ်ားဆုံးၿမိဳ႕နယ္ျဖစ္ေနသလို Music Zone စားေသာက္ဆိုင္တစ္ခုတည္းက ကူးစက္ခံရသူဦးေရ ၇၄ ဦးအထိ ရွိေနပါတယ္။

ကိုဗစ္ ဒုတိယလႈိင္းကို ရခိုင္ျပည္နယ္က စတင္ခံစားခဲ့ရေပမယ့္ လက္ရွိအေျခအေနမွာ ရခိုင္ျပည္နယ္က ထိန္းခ်ဳပ္ႏိုင္တဲ့အေနအထားတစ္ခုျဖစ္ေနပါၿပီး ဒါကလည္း တာဝန္ရွိသူေတြအေနနဲ႔ စည္းကမ္းေတြ တင္းတင္းက်ပ္က်ပ္လုပ္ခဲ့ၿပီး ေဒသခံေတြအေနနဲ႔ကလည္း လိုက္နာမႈရွိခဲ့လို႔ အခုလိုအေနအထားေရာက္ရွိလာတာလို႔ အတိုင္ပင္ခံက ေျပာပါတယ္။

လက္ရွိ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ဒီကေန႔ည ထုတ္ျပန္ခ်က္မွာပါရွိတဲ့ ပိုးေတြ႕လူနာ (၁၄၂)ဦးအပါအဝင္ ကိုဗစ္အတည္ျပဳလူနာ (၂၁၅၀)ဦးမွာ ရန္ကုန္က (၁၀၅၃)ဦးပါဝင္ပါတယ္။ ဒီကေန႔ည ထုတ္ျပန္တဲ့ ပိုးေတြလူနာ (၁၄၂)ဦးရဲ႕ ေနရပ္ေဒသေတြကေတာ့ မသိရွိရေသးပါဘူး။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment