တစ်နိုင်ငံလုံး ပြည်တွင်းခရီးသွားလာမှု တားမြစ်ကန့်သတ်

Unicodeဖြင့်ဖတ်ရန်

 

မြန်မာပြည်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ ပြည်တွင်းခရီးသွားလာမှုတွေမလုပ်ကြဖို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပန်ကြားလိုက်ပါတယ်။

“ရောဂါကူးစက်တာကို အချိန်မီထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခြား အရေးပေါ်ကိစ္စရပ်တွေမှအပ ပြည်တွင်းခရီးသွားလာခြင်းကို မပြုကြပါဖို့နဲ့ မဖြစ်မနေသွားဖို့ရှိပါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်ညွှန်ကြားချက်နဲ့အညီ တိကျစွာလိုက်နာဆောင်ရွက်ကြဖို့” ဒီကနေ့ စက်တင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ ဖော်ပြပါတယ်။

ပြည်ပကို ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ်သုံးသပ်ရတဲ့ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကို ၂၀၂၀ သြဂုတ် ၁၆ရက်နေ့မှာ ပြန်လည်စတင်တွေ့ရှိခဲ့တာပါ။

စက်တင်ဘာလ ၁၀ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ပြည်တွင်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ရန်ကုန်တိုင်းမှာ ၇၃၆ ဦး၊ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၈၉၉ ဦး စုစုပေါင်း ၁၆၃၅ ဦးရှိလာပြီး အဲဒီအထဲက ၈ ဦးသေဆုံးခဲ့ပါတယ်။

Credit:DVB

Zawgyiျဖင့္ဖတ္ရန္

 

တစ္ႏိုင္ငံလုံး ျပည္တြင္းခရီးသြားလာမႈ တားျမစ္ကန႔္သတ္

 

ျမန္မာျပည္တြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္လူနာ စံခ်ိန္တင္ျမင့္တက္လာၿပီးတဲ့ေနာက္မွာ တစ္ႏိုင္ငံလုံးက ျပည္သူေတြအေနနဲ႔ ျပည္တြင္းခရီးသြားလာမႈေတြမလုပ္ၾကဖို႔ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ပန္ၾကားလိုက္ပါတယ္။

“ေရာဂါကူးစက္တာကို အခ်ိန္မီထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္သူေတြအေနနဲ႔ က်န္းမာေရး ဆိုင္ရာ ကိစၥရပ္ေတြနဲ႔ အျခား အေရးေပၚကိစၥရပ္ေတြမွအပ ျပည္တြင္းခရီးသြားလာျခင္းကို မျပဳၾကပါဖို႔နဲ႔ မျဖစ္မေနသြားဖို႔ရွိပါက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္-၁၉ ဆိုင္ရာ အမိန႔္ၫႊန္ၾကားခ်က္နဲ႔အညီ တိက်စြာလိုက္နာေဆာင္႐ြက္ၾကဖို႔” ဒီကေန႔ စက္တင္ဘာ ၁၀ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ပန္ၾကားခ်က္မွာ ေဖာ္ျပပါတယ္။

ျပည္ပကို ခရီးသြားရာဇဝင္မရွိဘဲ ျပည္တြင္းကူးစက္မႈအျဖစ္သုံးသပ္ရတဲ့ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာေတြကို ၂၀၂၀ ၾသဂုတ္ ၁၆ရက္ေန႔မွာ ျပန္လည္စတင္ေတြ႕ရွိခဲ့တာပါ။

စက္တင္ဘာလ ၁၀ရက္ေန႔အထိ တစ္ႏိုင္ငံလုံးမွာ ျပည္တြင္း ေရာဂါပိုး ကူးစက္ခံရသူ အေရအတြက္ဟာ ရန္ကုန္တိုင္းမွာ ၇၃၆ ဦး၊ တျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ၈၉၉ ဦး စုစုေပါင္း ၁၆၃၅ ဦးရွိလာၿပီး အဲဒီအထဲက ၈ ဦးေသဆုံးခဲ့ပါတယ္။

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment