ငါးမုန့််ကြော် ကိုယ်တိုင်လုပ်စားမယ်

Zawgyiျဖင့္ဖတ္ရန္

 

ႏွစ္သက္ရာငါးျခစ္္ ၁၀က်ပ္သား ( ခု လုပ္ျပထားတာ ငါးျမစ္ခ်င္း ျခစ္နဲ႕ပါ) ကိုိ ဂ်င္း ဆား ဟင္းခပ္မႈန့္ နဲ႕ ေစးပိုိင္ေနေအာင္ ေထာင္းၿပီး

ေကာ္မႈန့္္ ၁၀က်ပ္သားနဲ႕ ေသခ်ာ ႏွံ႕စပ္ေအာင္ ေရာနယ္ရပါမယ္္

ႏွံ႕ၿပီဆိုိရင္္ အခ်င္္း ၂လက္မေလာက္ အလုံးရွည္ေလး ရေအာင္ လွိမ့္ၿပီး ပုံသြင္းပါမယ္္

ၿပီးရင္ ၄၅ မိိနစ္ေလာက္ ေပါင္းပါမယ္

က်က္ရင္္ အေအးခံ ၿပီး

ေရခဲဲေသတၱာ အေအးခန္း ( အခဲခန္းမဟုတ္) ထဲဲ ၃/၄ နာရီေလာက္ ထားပါမယ္

လွီးလိုိ႔ေကာင္းမယ့္အေနအထား ခပ္မာမာေလး ျဖစ္လာရင္

ဓါးထက္ထက္နဲဲ႕ ပါးပါးလွီးၿပီး ဗန္းထဲထည့္လွန္းပါမယ္္

ေကာင္းေကာင္းေျခာက္ၿပီဆိုရင္္ ေၾကာ္စားေတာ့မယ္ေနာ္္

Handmade စစ္စစ္ေလး လုပ္စားရင္္း မိိသားစုေတြ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစရွင္္

လိုိအပ္တာရွိရင္လည္း ျဖည့္ေပးပါေနာ္

အားလုံးကိုိ ေက်းဇူးတင္ပါတယ္ရွင့္

မွတ္ခ်က္္

( တစ္ေယာက္ခ်င္း ေျဖေနရင္ လူတိုိင္း မဖတ္မိမွာ စိုး လိုိ႔ ထပ္ျဖည့္လိုက္ပါတယ္ေနာ္)

ႏွစ္သက္ရာ ငါးျခစ္လို႔ ေရးထားတာက တျခားငါးေတြနဲ႕လုပ္တာလည္း ေတြ႕ရလို႔ပါ

မယ္ဆိုး လက္ေတြ႕ လုပ္ျပထားတာက ငါးျမစ္ခ်င္း ျခစ္နဲ႕ပါ

ငါးေပၚမူတည္ၿပီး အပြကြာတယ္လို႔ေတာ့ သိရပါတယ္

ဒီငါးတစ္မ်ိဳးထဲနဲ႕ လုပ္ဖူးေသးတာမို႔ တျခားငါးအေၾကာင္းေတာ့ မေျပာတတ္ပါဘူး

ေကာ္မႈန့္လိုိ႔ေျပာမယ့္အစားေမႊးေကာ္မႈန့္လို႔ ေျပာရင္ ပို ရွင္းမယ္ေနာ္္ (Tapioca Starch ) ေနာ္

ေနာက္ ဆား ထည့္တဲ့အခါ ကိုိယ္သုံးမယ့္ငါးျခစ္ပမာဏကိုိ ဟင္းခ်က္တဲ့ခါ ထည့္မယ္မွန္းတာထက္ နည္းနည္းေလွ်ာ့ထည့္ပါတယ္ ငန္သြားတတ္ပါတယ္ေနာ္္

အႀကိဳက္မတူလိုိ႔ အတိအက် မေရးေပးထားတာပါ

ကိုိယ္ႀကိဳက္လို႔ ေလ့လာစမ္းသပ္ရင္း အဆင္ေျပတာမို႔ ဝါသနာတူသူေတြအတြက္္ ေစတနာ သန့္သန့္နဲ႕ မွ်ေဝေပးတာပါ

မိိသားစုေတြ ကိုယ္တိုင္လုပ္စားၾကဖို႔အတြက္သာ

Credit:မယ္ဆိုး

 

Unicodeဖြင့်ဖတ်ရန်

 

ငါးမုန့််ကြော် ကိုယ်တိုင်လုပ်စားမယ်

 

နှစ်သက်ရာငါးခြစ် ၁၀ကျပ်သား ( ခု လုပ်ပြထားတာ ငါးမြစ်ချင်း ခြစ်နဲ့ပါ) ကို ဂျင်း ဆား ဟင်းခပ်မှုန့် နဲ့ စေးပိုင်နေအောင် ထောင်းပြီး

ကော်မှုန့်် ၁၀ကျပ်သားနဲ့ သေချာ နှံ့စပ်အောင် ရောနယ်ရပါမယ်

နှံ့ပြီဆိုရင် အချင်း ၂လက်မလောက် အလုံးရှည်လေး ရအောင် လှိမ့်ပြီး ပုံသွင်းပါမယ်

ပြီးရင် ၄၅ မိနစ်လောက် ပေါင်းပါမယ်

ကျက်ရင် အအေးခံ ပြီး

ရေခဲသေတ္တာ အအေးခန်း ( အခဲခန်းမဟုတ်) ထဲ ၃/၄ နာရီလောက် ထားပါမယ်

လှီးလို့ကောင်းမယ့်အနေအထား ခပ်မာမာလေး ဖြစ်လာရင်

ဓါးထက်ထက်နဲ့ ပါးပါးလှီးပြီး ဗန်းထဲထည့်လှန်းပါမယ်

ကောင်းကောင်းခြောက်ပြီဆိုရင် ကြော်စားတော့မယ်နော်

Handmade စစ်စစ်လေး လုပ်စားရင်း မိသားစုတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်

လိုအပ်တာရှိရင်လည်း ဖြည့်ပေးပါနော်

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

မှတ်ချက်

( တစ်ယောက်ချင်း ဖြေနေရင် လူတိုင်း မဖတ်မိမှာ စိုး လို့ ထပ်ဖြည့်လိုက်ပါတယ်နော်)

နှစ်သက်ရာ ငါးခြစ်လို့ ရေးထားတာက တခြားငါးတွေနဲ့လုပ်တာလည်း တွေ့ရလို့ပါ

မယ်ဆိုး လက်တွေ့ လုပ်ပြထားတာက ငါးမြစ်ချင်း ခြစ်နဲ့ပါ

ငါးပေါ်မူတည်ပြီး အပွကွာတယ်လို့တော့ သိရပါတယ်

ဒီငါးတစ်မျိုးထဲနဲ့ လုပ်ဖူးသေးတာမို့ တခြားငါးအကြောင်းတော့ မပြောတတ်ပါဘူး

ကော်မှုန့်လို့ပြောမယ့်အစားမွှေးကော်မှုန့်လို့ ပြောရင် ပို ရှင်းမယ်နော် (Tapioca Starch ) နော်

နောက် ဆား ထည့်တဲ့အခါ ကိုယ်သုံးမယ့်ငါးခြစ်ပမာဏကို ဟင်းချက်တဲ့ခါ ထည့်မယ်မှန်းတာထက် နည်းနည်းလျှော့ထည့်ပါတယ် ငန်သွားတတ်ပါတယ်နော်

အကြိုက်မတူလို့ အတိအကျ မရေးပေးထားတာပါ

ကိုယ်ကြိုက်လို့ လေ့လာစမ်းသပ်ရင်း အဆင်ပြေတာမို့ ဝါသနာတူသူတွေအတွက် စေတနာ သန့်သန့်နဲ့ မျှဝေပေးတာပါ

မိသားစုတွေ ကိုယ်တိုင်လုပ်စားကြဖို့အတွက်သာ

Credit:မယ်ဆိုး

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment