အိမ်မှာ ကြေးအိုး အလွယ်တကူချက်စားကြမယ်

Unicodeဖြင့်ဖတ်ရန်

 

ကြေးအိုးကတော့ လူတိုင်းကြိုက်မယ်ထင်ပါတယ်။ ကြေးအိုးရဲ့အဓိက ကတော့ ကြေးအိုးဟင်းရည် ကြည်ကြည်လေးရဘို့ရယ် အသားလုံးလေးကောင်းဘို့ရယ် အဓိကပါပဲ။ ဒီနည်းကတော့ ကြေးအိုးဆိုင် ကအန်တီကြီးက ပညာစားမချန်ပဲသင်ပေးလို့ဆိုင်ကကြေးအိုးအတိုင်း ချက်တတ်သွားတာပါ။ ချက်နည်းသိသွားတော့လဲ တော်တော်လွယ်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြေးအိုး ၅ ပွဲစာအတွက်)

၁။ ဝက်ရိုး (သို့) ကြက်ရိုး – ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ တောက်တောက်ဆင်းထားသော အသား – ၅၀ သား (သို့) ၂ ပေါင်

၃။ ကြက်သွန်ဖြူ – ၃ တက် (တောက်တောက်ဆင်း)

၄။ မုန်ညင်းခါး

၅။ ဆန်ကြာဇံ

၆။ ငုံးဥ – ၁၀ လုံး

၇။ ငါးဖယ်လုံး – ၁၀ လုံး

၈။ ကြိုက်နှစ်သက်ရာ ကလီစာ (လျှာ၊ အူမကြီး၊ ကြက်မြစ်) – ၂၅ ကျပ်သား (သို့) ၁ ပေါင်

၉။ ပဲငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း

၁၀။ ဆား – ထမင်းစားဇွန်း ၁ ဇွန်း

၁၁။ သကြား (သို့) ဟင်းချို မှုန့်- ထမင်းစားဇွန်း ၃ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၁၂။ ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၃။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၄။ ငရုတ်ကောင်းမှုန့် -လက်ဖက်ရည်ဇွန်း တ ဝက်

၁၅။ နှမ်းဆီမွှေး – လက်ဖက်ရည်ဇွန်း လေးပုံ တပုံ

ပြုလုပ်နည်း

၁။ ဟင်းရည်အိုးတည်နည်း

ဝက်ရိုး (သို့) ကြက်ရိုးများကို ရေဖြင့် သုံးခါဆေးပါ။ ပြီးလျှင် အရိုးများ မြုပ်ယုံရေထည့်ရျ် မီးဖိုပေါ်တွင်တည်ပါ။ ရေပွက်ပြီး အမြှုပ်များထလာလျှင် မီးဖိုပေါ်မှချပြီး အိုးထဲမှ အရည်များကိုသွန်ပစ်ပါ။ အရိုးများကို ရေအေးအေးတွင် ပြန်ဆေးပါ။ အိုးထဲမှာ ညစ်ပတ်နေလျှင် အိုးကိုလဲပြန်ဆေးပါ။ ထို့နောက် အရိုးများကို ပြန်ထည့် ရေ ၄ လီတာ ထည့်၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား( သို့) ဟင်းချိုမှုန့်ထမင်းစားဇွန်း ၃ ဇွန်းတို့ဖြင့် ဟင်းရည်အိုးကို မီးအေးအေးဖြင့် ၃ နာရီ ခန့်တည်ထားပါ။ (အချိုသိပ်မကြိုက်လျှင် သကြား(သို့) ဟင်းချိုမှုန့်ကိုလျော့ ထည့်ပါ။) ရေနည်းသွားလျှင် ထပ်ဖြည့်ပါ။

၂။ ကလီစာများကို ဆေးကျောပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ဖြင့် ရေခမ်းပြုတ်ပြီး ပါးပါးလှီးထားပါ။

၃။ ကြာဇံကို ပြုတ်ထားပါ။

၄။ ရေနွေးအိုးတခုတည်ရျ် ငါးဖယ်ကို ထည့်ပြုတ်ပါ။ ပြီးလျှင် ငါးဖယ်ကို ဆယ်ပြီး အနေတော်လှီးထားသော မုန်ညှင်းခါးများကို ပြုတ်ပါ။ ပြီးနောက် ဆယ်ထားပါ။

၅။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။

၆။ အသားလုံးလုပ်နည်း

အသားကို ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ ၃ တက်၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်းလေးပုံတပုံ တို့ဖြင်နယ်ရျ် နှပ်ထားပါ။ ( တချို့ဆိုင်တွေက ကော်မှုန့်ထည့်နယ်ပါသည်။ ကော်မှုန့်ထည့်ချင်လျှင် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။) အသားလုံးကို သုံးဆောင်ခါနီးမှ ထည့်ပြုတ်ရပါသည်။

၇။ ကြေးအိုးပြင်ဆင်နည်း (တပွဲစာအတွက်)

အခြားအိုးသေးသေးတလုံးထဲတွင် ဟင်းရည်အိုးထဲမှ ဟင်းရည် ယောက်ချိုဇွန်း ၄ ဇွန်း (သို့) ၅ ဇွန်း ကို ထည့်ပြီး မီးဖိုပေါ်တွင်တည်ပါ။ ပြီးလျှင် ဝက်သားလုံး ၁၀ လုံး ထည့်ပြီးပြုတ်ပါ။ ပွက်လာလျှင် ငုံးဥ၊ ကလီစာ၊ငါးဖယ်များ ထည့်ပါ။ ပန်းကန်တခုထဲတွင် ပြုတ်ထားသောကြာဇံ၊ ပြုတ်ာထားသော မုန်ညှင်းရွက်များထည့်ပြီး အပေါ်မှ အသားများပါသော ဟင်းရည်ကိုလောင်းထည့်ပါ။

၈။ ကြေးအိုးဆီချက်လုပ်နည်း

အသားလုံးပြုတ်မည့်ဟင်းရည်အိုးထဲတွင် ဟင်းရည် ယောက်ချိုဇွန်း ၂ ဇွန်း ကိုထည့်ပြီး အသားလုံးပြုတ်ပြီး ပွက်လာလျင် ငုံးဥ၊ ကလီစာ၊ငါးဖယ်များကို ထည့်ပါ။ ပွက်ရင် ဟင်းရည်အိုးကိုချထားပါ။ ဆီချက်လုပ်မည့် ပန်းကန်ထဲတွင် ကြာဇံ (သို့) ဂျုံခေါက်ဆွဲကို ထည့် ကြက်သွန်ဖြူဆီချက် လက်ဖက်ရည် ၂ ဇွန်း၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တ ဝက်တို့ကိုထည့်ပြီး နယ်ပါ။ ဆီချက်ပေါ်မှ အရွက်၊ကြက်သွန်မြိတ် နှင့် ဟင်းရည်ထဲမှ အသားလုံး၊ငါးဖယ်၊ ငုံးဥ၊ ကလီများကိုတင်ပါ။ ဟင်းရည်လေးနှင့် တွဲရျ် သုံးဆောင်နိုင်ပါသည်။

(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

Ref:Ei San’s Homemade Inspiration

Credit:bahututa

 

Zawgyiျဖင့္ဖတ္ရန္

 

အိမ္မွာ ေၾကးအိုး အလြယ္တကူခ်က္စားၾကမယ္

 

ေၾကးအိုးကေတာ့ လူတိုင္းႀကိဳက္မယ္ထင္ပါတယ္။ ေၾကးအိုးရဲ႕အဓိက ကေတာ့ ေၾကးအိုးဟင္းရည္ ၾကည္ၾကည္ေလးရဘို႔ရယ္ အသားလုံးေလးေကာင္းဘို႔ရယ္ အဓိကပါပဲ။ ဒီနည္းကေတာ့ ေၾကးအိုးဆိုင္ ကအန္တီႀကီးက ပညာစားမခ်န္ပဲသင္ေပးလို႔ဆိုင္ကေၾကးအိုးအတိုင္း ခ်က္တတ္သြားတာပါ။ ခ်က္နည္းသိသြားေတာ့လဲ ေတာ္ေတာ္လြယ္ပါတယ္။

ပါဝင္ပစၥည္းမ်ား (ေၾကးအိုး ၅ ပြဲစာအတြက္)

၁။ ဝက္႐ိုး (သို႔) ၾကက္႐ိုး – ၂၅ က်ပ္သား (သို႔) ၁ ေပါင္

၂။ ေတာက္ေတာက္ဆင္းထားေသာ အသား – ၅၀ သား (သို႔) ၂ ေပါင္

၃။ ၾကက္သြန္ျဖဴ – ၃ တက္ (ေတာက္ေတာက္ဆင္း)

၄။ မုန္ညင္းခါး

၅။ ဆန္ၾကာဇံ

၆။ ငုံးဥ – ၁၀ လုံး

၇။ ငါးဖယ္လုံး – ၁၀ လုံး

၈။ ႀကိဳက္ႏွစ္သက္ရာ ကလီစာ (လွ်ာ၊ အူမႀကီး၊ ၾကက္ျမစ္) – ၂၅ က်ပ္သား (သို႔) ၁ ေပါင္

၉။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၂ ဇြန္း

၁၀။ ဆား – ထမင္းစားဇြန္း ၁ ဇြန္း

၁၁။ သၾကား (သို႔) ဟင္းခ်ိဳ မႈန႔္- ထမင္းစားဇြန္း ၃ ဇြန္း ႏွင့္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

၁၂။ ခ႐ုဆီ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၃။ ၾကက္သားမႈန႔္- လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၄။ င႐ုတ္ေကာင္းမႈန႔္ -လက္ဖက္ရည္ဇြန္း တ ဝက္

၁၅။ ႏွမ္းဆီေမႊး – လက္ဖက္ရည္ဇြန္း ေလးပုံ တပုံ

ျပဳလုပ္နည္း

၁။ ဟင္းရည္အိုးတည္နည္း

ဝက္႐ိုး (သို႔) ၾကက္႐ိုးမ်ားကို ေရျဖင့္ သုံးခါေဆးပါ။ ၿပီးလွ်င္ အ႐ိုးမ်ား ျမဳပ္ယုံေရထည့္ရ်္ မီးဖိုေပၚတြင္တည္ပါ။ ေရပြက္ၿပီး အျမႇဳပ္မ်ားထလာလွ်င္ မီးဖိုေပၚမွခ်ၿပီး အိုးထဲမွ အရည္မ်ားကိုသြန္ပစ္ပါ။ အ႐ိုးမ်ားကို ေရေအးေအးတြင္ ျပန္ေဆးပါ။ အိုးထဲမွာ ညစ္ပတ္ေနလွ်င္ အိုးကိုလဲျပန္ေဆးပါ။ ထို႔ေနာက္ အ႐ိုးမ်ားကို ျပန္ထည့္ ေရ ၄ လီတာ ထည့္၊ ဆား ထမင္းစားဇြန္း ၁ ဇြန္း၊ သၾကား( သို႔) ဟင္းခ်ိဳမႈန႔္ထမင္းစားဇြန္း ၃ ဇြန္းတို႔ျဖင့္ ဟင္းရည္အိုးကို မီးေအးေအးျဖင့္ ၃ နာရီ ခန႔္တည္ထားပါ။ (အခ်ိဳသိပ္မႀကိဳက္လွ်င္ သၾကား(သို႔) ဟင္းခ်ိဳမႈန႔္ကိုေလ်ာ့ ထည့္ပါ။) ေရနည္းသြားလွ်င္ ထပ္ျဖည့္ပါ။

၂။ ကလီစာမ်ားကို ေဆးေက်ာၿပီး သၾကားလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္ ထမင္းစားဇြန္း ၂ ဇြန္းတို႔ျဖင့္ ေရခမ္းျပဳတ္ၿပီး ပါးပါးလွီးထားပါ။

၃။ ၾကာဇံကို ျပဳတ္ထားပါ။

၄။ ေရေႏြးအိုးတခုတည္ရ်္ ငါးဖယ္ကို ထည့္ျပဳတ္ပါ။ ၿပီးလွ်င္ ငါးဖယ္ကို ဆယ္ၿပီး အေနေတာ္လွီးထားေသာ မုန္ညႇင္းခါးမ်ားကို ျပဳတ္ပါ။ ၿပီးေနာက္ ဆယ္ထားပါ။

၅။ ငုံးဥကို ျပဳတ္ၿပီး အခြံခြာထားပါ။

၆။ အသားလုံးလုပ္နည္း

အသားကို ခ႐ုဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ၾကက္သားမႈန႔္လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္ ထမင္းစားဇြန္း ၁ ဇြန္း၊ ေတာက္ေတာက္ဆင္းထားေသာ ၾကက္သြန္ျဖဴ ၃ တက္၊ င႐ုတ္ေကာင္းမႈန႔္လက္ဖက္ရည္ဇြန္း တ ဝက္၊သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ႏွမ္းဆီေမႊး လက္ဖက္ရည္ဇြန္းေလးပုံတပုံ တို႔ျဖင္နယ္ရ်္ ႏွပ္ထားပါ။ ( တခ်ိဳ႕ဆိုင္ေတြက ေကာ္မႈန႔္ထည့္နယ္ပါသည္။ ေကာ္မႈန႔္ထည့္ခ်င္လွ်င္ ထမင္းစားဇြန္း ၁ ဇြန္းထည့္ပါ။) အသားလုံးကို သုံးေဆာင္ခါနီးမွ ထည့္ျပဳတ္ရပါသည္။

၇။ ေၾကးအိုးျပင္ဆင္နည္း (တပြဲစာအတြက္)

အျခားအိုးေသးေသးတလုံးထဲတြင္ ဟင္းရည္အိုးထဲမွ ဟင္းရည္ ေယာက္ခ်ိဳဇြန္း ၄ ဇြန္း (သို႔) ၅ ဇြန္း ကို ထည့္ၿပီး မီးဖိုေပၚတြင္တည္ပါ။ ၿပီးလွ်င္ ဝက္သားလုံး ၁၀ လုံး ထည့္ၿပီးျပဳတ္ပါ။ ပြက္လာလွ်င္ ငုံးဥ၊ ကလီစာ၊ငါးဖယ္မ်ား ထည့္ပါ။ ပန္းကန္တခုထဲတြင္ ျပဳတ္ထားေသာၾကာဇံ၊ ျပဳတ္ာထားေသာ မုန္ညႇင္း႐ြက္မ်ားထည့္ၿပီး အေပၚမွ အသားမ်ားပါေသာ ဟင္းရည္ကိုေလာင္းထည့္ပါ။

၈။ ေၾကးအိုးဆီခ်က္လုပ္နည္း

အသားလုံးျပဳတ္မည့္ဟင္းရည္အိုးထဲတြင္ ဟင္းရည္ ေယာက္ခ်ိဳဇြန္း ၂ ဇြန္း ကိုထည့္ၿပီး အသားလုံးျပဳတ္ၿပီး ပြက္လာလ်င္ ငုံးဥ၊ ကလီစာ၊ငါးဖယ္မ်ားကို ထည့္ပါ။ ပြက္ရင္ ဟင္းရည္အိုးကိုခ်ထားပါ။ ဆီခ်က္လုပ္မည့္ ပန္းကန္ထဲတြင္ ၾကာဇံ (သို႔) ဂ်ဳံေခါက္ဆြဲကို ထည့္ ၾကက္သြန္ျဖဴဆီခ်က္ လက္ဖက္ရည္ ၂ ဇြန္း၊ သၾကား (သို႔) အခ်ိဳမႈန႔္လက္ဖက္ရည္ဇြန္း တ ဝက္၊ ၾကက္သားမႈန႔္လက္ဖက္ရည္ဇြန္း တ ဝက္၊ ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း တ ဝက္တို႔ကိုထည့္ၿပီး နယ္ပါ။ ဆီခ်က္ေပၚမွ အ႐ြက္၊ၾကက္သြန္ၿမိတ္ ႏွင့္ ဟင္းရည္ထဲမွ အသားလုံး၊ငါးဖယ္၊ ငုံးဥ၊ ကလီမ်ားကိုတင္ပါ။ ဟင္းရည္ေလးႏွင့္ တြဲရ်္ သုံးေဆာင္ႏိုင္ပါသည္။

(ထမင္းစားဇြန္း = 1 tablespoon = 15 ml ၊ လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml )

Ref:Ei San’s Homemade Inspiration

Credit:bahututa

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment