သွားရည်ယိုစရာ ငါးပိချက် ငါးပိရည် ချက်နည်းပေါင်းစုံ

ငါးပိရည္စိမ္းစိမ္းေလးေဖ်ာ္ၾကစို႔

ငါးငါးပိရည္ႀကိဳေတာ့မယ္ဆိုရင္ေရေႏြးဆူေအာင္တည္ပါဆူလာရင္နႏြင္းမႈန္႔ထည့္ပါက်မကေတာ့နႏြင္းမႈန္႔အနံ့ႀကိဳက္လို႔ပိုထည့္ထားပါတယ္ဝါဝါေမႊးေမႊးေလးေပါ့ၿပီးမွငါးငါးပိထည့္ၿပီး၃မိနစ္မီးေအးေအးနဲ႔ႀကိဳပါတယ္ၿပီးမွင႐ုတ္သီးစိမ္းရယ္ၾကက္သြန္ျဖဴရယ္ကိုဆားထည့္ေလွာ္ထားတာကိုေထာင္းၿပီးငါးငါးပိရည္ထဲထည့္ပါတယ္ငါးပိရည္အရသာပိုရဖို႔ငါးျပဳတ္ၿပီးသားေတြထပ္မထည့္ပါဘူးရွင္ႀကိဳက္ရင္ေတာ့ထည့္လို႔ရပါတယ္ရွင္

2) နံနံပင္ေထာင္းေလးပါရွင္

ပထမဆံုးငါးပိစိမ္းစားကင္ထားပါင႐ုတ္စိမ္းရယ္ၾကက္သြန္ျဖဴရယ္ေလွာ္ၿပီးေထာင္းပါငါးပိစိမ္းစားပုဇြန္ေျခာက္ထည့္ေထာင္းပါအေပါ့အငန္စိတ္ႀကိဳက္ထည့္ပါၿပီးမွနံနံပင္လွီးထားတာဖြဖြထည့္ေထာင္းၿပီးရင္ေတာ့အရမ္းေမႊးတဲ့နံနံပင္ေထာင္းစပ္စပ္ေလးရပါၿပီရွင္က်မကေတာ့အစပ္ႀကိဳက္သူမို႔ကုလားေအာ္သီးေလွာ္ၿပီးထည့္ေထာင္းပါတယ္ရွင့္

3) ဒါေလးကေတာ့ပုဇြန္င႐ုတ္သီးစိမ္းငါးပိခ်က္ပါရွင္

ပုဇြန္ကိုအခြံခြာထားပါင႐ုတ္သီးစိမ္းၾကမ္းၾကမ္းလွီးထားပါငါးပိရည္ႀကိဳထားပါၾကက္သြန္ျဖဴနီေထာင္းထားပါဆီအိုးထဲမွာဆီအနည္းငယ္ထည့္ပါဆီပူလာရင္ၾကက္သြန္ျဖဴနီေထာင္းထားတာထည့္ပါပုဇြန္ထည့္ပါနႏြင္းထည့္ပါင႐ုတ္သီးစိမ္းထည့္ၿပီးေမႊးလာရင္ငါးပိရည္ႀကိဳထားတာအရည္စစ္ထည့္ပါအေပါ့အငန္စိတ္ႀကိဳက္ထည့္ၿပီးနံနံပင္ေလးအုပ္ၿပီးရင္ေတာ့ပုဇြန္ငါးပိခ်က္စပ္စပ္ေလးရပါၿပႌရွင္

4) ဒါကေတာ့ငါးက်ည္းငါးပိခ်က္ပါရွင့္

ပထမဆံုးငါးက်ည္းကိုေရစင္စင္ေဆးၿပီးတံုးထားပါနႏြင္းငံျပာရည္နယ္ထားပါၾကက္သြန္ျဖဴနီႀကိတ္ထားပါင႐ုတ္သီးစိမ္းေထာင္းထားပါငါးငါးပိႀကိဳၿပီးအရည္စစ္ထားပါဆီနဲနဲမွာၾကက္သြန္ျဖဴနီဆီသပ္ပါငါးက်ည္းတံုးထားတာထည့္ပါအနံ့ေမႊးလာရင္င႐ုတ္သီးစိမ္းထည့္ေမႊပါငါးပိရည္စစ္ထားတာထည့္ပါအေပါ့အငန္စိတ္ႀကိဳက္ျဖစ္ရင္ေတာ့ငါးက်ည္းငါးပိခ်က္ေမႊးေမႊးေလးရပါၿပီရွင္

5) ဒါကေတာ့ငါးကြန္းရွပ္ေျခာက္အစပ္ခ်က္ပါရွင္

ငါးကြန္းရွပ္ကိုအေနေတာ္တံုးထားပါၾကက္သြန္ျဖဴနီင႐ုတ္ပုျကိတ္ထားပါင႐ုတ္သီးစိမ္းမညက္တညက္ႀကိတ္ထားပါဆီအိုးပူလာရင္ငါးေျခာက္မ်ားထည့္ေမႊပါအနံ့ေမႊးလာရင္ဆယ္ထားပါၿပီးရင္ခုနကဆီထဲကိုၾကက္သြန္ျဖဴနီင႐ုတ္ပုျကိတ္ထားတာကိုဆီသပ္ပါငါးေျခာက္ေၾကာ္ေလးေတြထည့္ပါငါးပိရည္ႀကိဳထားတာစစ္ထည့္ပါအေပါ့အငန္စိတ္ႀကိဳက္ထည့္ပါၿပီးမွင႐ုတ္သီးစိမ္းထည့္ေမႊေပးပါအဖံုးခနအုပ္ေပးထားၿပီးဆူလာရင္ေတာ့ငါးေျခာက္ဟင္းစပ္စပ္ေလးရပါၿပီရွင္

6) ဒါကေတာ့ပဲပုတ္ေထာင္းပါရွင္

ပဲပုတ္ကိုမီးကင္ၿပီးေထာင္းထားပါင႐ုတ္သီးစိမ္းၾကက္သြန္ျဖဴေလွာ္ၿပီးထည့္ေထာင္းထားပါအေပါ့အငန္စိတ္ႀကိဳက္ထည့္ၿပီးပဲဆီရႊဲရႊဲေလးဆမ္းၿပီးရင္ေတာ့ပဲပုတ္နံ့ေလးသင္းသင္းနဲ႔ခါးဆိမ့္ေမႊးစပ္ပဲပုတ္ေထာင္းေလးရပါၿပီရွင္

7)

ဒါကေတာ့သရက္သီးစိမ္းကိုပါးပါးေလးလွီးထားကိုငါးပိစိမ္းစားကင္ရယ္ၾကက္သြန္ျဖဴယ္င႐ုတ္ေလွာ္ေထာင္းထားတာနဲ႔ကိုငံျပာရည္ရႊဲရႊဲနဲ႔နယ္ထားတာပါရွင္ေရေႏြးၾကမ္းေလးနဲ႔ဆိုဂြတ္ပါတယ္ရွင္

8) ဒါကေတာ့ခ်ဥ္ေပါင္ေၾကာ္ပါရွင္

ခ်ဥ္ေပါင္ရြက္ဆီလိပ္ေနေအာင္ေမႊေပးပါၿပီးရင္ဆီအိုးထဲဆီပူလာရင္င႐ုတ္ေျခာက္ရယ္ၾကက္သြန္ျဖဴနီရယ္ေရာေထာင္းထားတာဆီသပ္ပါပုဇြန္ေျခာက္ထည့္ေမႊပါခ်ဥ္ေပါင္ရြက္ေမႊထားတာထည့္ပါငါးပိစိမ္းစားေရေဖ်ာထည့္ပါအားအေပါ့အငန္စိတ္ႀကိဳက္ျပင္ၿပီးဆီျပန္လာရင္ေတာ့ခ်ဥ္ေပါင္ေၾကာ္အိအိေမႊးေမႊးေလးရပါၿပီရွင္

9) ဒါကေတာ့ကိုင္းခရမ္းခ်ဥ္သီးငါးပိခ်က္ပါရွင့္

ခရမ္းခ်ဥ္သီးမ်ားကိုပါးပါးလွီး၍လွိမ့္ေနေအာင္ေမႊထားပါငါးၾကင္းျပဳတ္ၿပီးႏႊင္ထားပါၾကက္သြႏ္ုျဖဴနီင႐ုတ္သီးေျခာက္ေထာင္းထားပါင႐ုတ္သီးစိမ္းေထာင္းထားပါငါးပိရည္ႀကိဳၿပီးအရည္စစ္ထားပါဆီအိုးတည္ၿပီးပူလာရင္ၾကက္သြန္ျဖဴနီင႐ုတ္ေထာင္းထားတာထည့္ေမႊပါငါးျပဳတ္ႏႊင္ထားတာထည့္ပါကိုင္းခရမ္းခ်ဥ္သီးေမႊထားတာထည့္ပါေမႊေပးၿပီးလို႔အနံ့ေမႊးၿပီးေျခာက္လာရင္ငါးပိရည္ႀကိဳထည့္ပါင႐ုတ္သီးစိမ္းႀကိတ္ထားတာထည့္ပါအေပါ့အငန္စိတ္ႀကိဳက္ထည့္ပါၿပီးရင္ေတာ့ကိုင္းခရမ္းခ်ဥ္သီးငါးပိခ်က္ေမႊးေမႊးစပ္စပ္ေလးရပါၿပီရွင္

Thank you very much

Credit:Ma Kyi Kyi

Unicodeဖြင့်ဖတ်ရန်

သွားရည်ယိုစရာ ငါးပိချက် ငါးပိရည် ချက်နည်းပေါင်းစုံ

ငါးပိရည်စိမ်းစိမ်းလေးဖျော်ကြစို့

ငါးငါးပိရည်ကြိုတော့မယ်ဆိုရင်ရေနွေးဆူအောင်တည်ပါဆူလာရင်နနွင်းမှုန့်ထည့်ပါကျမကတော့နနွင်းမှုန့်အနံ့ကြိုက်လို့ပိုထည့်ထားပါတယ်ဝါဝါမွှေးမွှေးလေးပေါ့ပြီးမှငါးငါးပိထည့်ပြီး၃မိနစ်မီးအေးအေးနဲ့ကြိုပါတယ်ပြီးမှငရုတ်သီးစိမ်းရယ်ကြက်သွန်ဖြူရယ်ကိုဆားထည့်လှော်ထားတာကိုထောင်းပြီးငါးငါးပိရည်ထဲထည့်ပါတယ်ငါးပိရည်အရသာပိုရဖို့ငါးပြုတ်ပြီးသားတွေထပ်မထည့်ပါဘူးရှင်ကြိုက်ရင်တော့ထည့်လို့ရပါတယ်ရှင်

2) နံနံပင်ထောင်းလေးပါရှင်

ပထမဆုံးငါးပိစိမ်းစားကင်ထားပါငရုတ်စိမ်းရယ်ကြက်သွန်ဖြူရယ်လှော်ပြီးထောင်းပါငါးပိစိမ်းစားပုဇွန်ခြောက်ထည့်ထောင်းပါအပေါ့အငန်စိတ်ကြိုက်ထည့်ပါပြီးမှနံနံပင်လှီးထားတာဖွဖွထည့်ထောင်းပြီးရင်တော့အရမ်းမွှေးတဲ့နံနံပင်ထောင်းစပ်စပ်လေးရပါပြီရှင်ကျမကတော့အစပ်ကြိုက်သူမို့ကုလားအော်သီးလှော်ပြီးထည့်ထောင်းပါတယ်ရှင့်

3) ဒါလေးကတော့ပုဇွန်ငရုတ်သီးစိမ်းငါးပိချက်ပါရှင်

ပုဇွန်ကိုအခွံခွာထားပါငရုတ်သီးစိမ်းကြမ်းကြမ်းလှီးထားပါငါးပိရည်ကြိုထားပါကြက်သွန်ဖြူနီထောင်းထားပါဆီအိုးထဲမှာဆီအနည်းငယ်ထည့်ပါဆီပူလာရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါပုဇွန်ထည့်ပါနနွင်းထည့်ပါငရုတ်သီးစိမ်းထည့်ပြီးမွှေးလာရင်ငါးပိရည်ကြိုထားတာအရည်စစ်ထည့်ပါအပေါ့အငန်စိတ်ကြိုက်ထည့်ပြီးနံနံပင်လေးအုပ်ပြီးရင်တော့ပုဇွန်ငါးပိချက်စပ်စပ်လေးရပါြင်္ပီရှင်

4) ဒါကတော့ငါးကျည်းငါးပိချက်ပါရှင့်

ပထမဆုံးငါးကျည်းကိုရေစင်စင်ဆေးပြီးတုံးထားပါနနွင်းငံပြာရည်နယ်ထားပါကြက်သွန်ဖြူနီကြိတ်ထားပါငရုတ်သီးစိမ်းထောင်းထားပါငါးငါးပိကြိုပြီးအရည်စစ်ထားပါဆီနဲနဲမှာကြက်သွန်ဖြူနီဆီသပ်ပါငါးကျည်းတုံးထားတာထည့်ပါအနံ့မွှေးလာရင်ငရုတ်သီးစိမ်းထည့်မွှေပါငါးပိရည်စစ်ထားတာထည့်ပါအပေါ့အငန်စိတ်ကြိုက်ဖြစ်ရင်တော့ငါးကျည်းငါးပိချက်မွှေးမွှေးလေးရပါပြီရှင်

5) ဒါကတော့ငါးကွန်းရှပ်ခြောက်အစပ်ချက်ပါရှင်

ငါးကွန်းရှပ်ကိုအနေတော်တုံးထားပါကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားပါငရုတ်သီးစိမ်းမညက်တညက်ကြိတ်ထားပါဆီအိုးပူလာရင်ငါးခြောက်များထည့်မွှေပါအနံ့မွှေးလာရင်ဆယ်ထားပါပြီးရင်ခုနကဆီထဲကိုကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားတာကိုဆီသပ်ပါငါးခြောက်ကြော်လေးတွေထည့်ပါငါးပိရည်ကြိုထားတာစစ်ထည့်ပါအပေါ့အငန်စိတ်ကြိုက်ထည့်ပါပြီးမှငရုတ်သီးစိမ်းထည့်မွှေပေးပါအဖုံးခနအုပ်ပေးထားပြီးဆူလာရင်တော့ငါးခြောက်ဟင်းစပ်စပ်လေးရပါပြီရှင်

6) ဒါကတော့ပဲပုတ်ထောင်းပါရှင်

ပဲပုတ်ကိုမီးကင်ပြီးထောင်းထားပါငရုတ်သီးစိမ်းကြက်သွန်ဖြူလှော်ပြီးထည့်ထောင်းထားပါအပေါ့အငန်စိတ်ကြိုက်ထည့်ပြီးပဲဆီရွှဲရွှဲလေးဆမ်းပြီးရင်တော့ပဲပုတ်နံ့လေးသင်းသင်းနဲ့ခါးဆိမ့်မွှေးစပ်ပဲပုတ်ထောင်းလေးရပါပြီရှင်

7)

ဒါကတော့သရက်သီးစိမ်းကိုပါးပါးလေးလှီးထားကိုငါးပိစိမ်းစားကင်ရယ်ကြက်သွန်ဖြူယ်ငရုတ်လှော်ထောင်းထားတာနဲ့ကိုငံပြာရည်ရွှဲရွှဲနဲ့နယ်ထားတာပါရှင်ရေနွေးကြမ်းလေးနဲ့ဆိုဂွတ်ပါတယ်ရှင်

8) ဒါကတော့ချဉ်ပေါင်ကြော်ပါရှင်

ချဉ်ပေါင်ရွက်ဆီလိပ်နေအောင်မွှေပေးပါပြီးရင်ဆီအိုးထဲဆီပူလာရင်ငရုတ်ခြောက်ရယ်ကြက်သွန်ဖြူနီရယ်ရောထောင်းထားတာဆီသပ်ပါပုဇွန်ခြောက်ထည့်မွှေပါချဉ်ပေါင်ရွက်မွှေထားတာထည့်ပါငါးပိစိမ်းစားရေဖျောထည့်ပါအားအပေါ့အငန်စိတ်ကြိုက်ပြင်ပြီးဆီပြန်လာရင်တော့ချဉ်ပေါင်ကြော်အိအိမွှေးမွှေးလေးရပါပြီရှင်

9) ဒါကတော့ကိုင်းခရမ်းချဉ်သီးငါးပိချက်ပါရှင့်

ခရမ်းချဉ်သီးများကိုပါးပါးလှီး၍လှိမ့်နေအောင်မွှေထားပါငါးကြင်းပြုတ်ပြီးနွှင်ထားပါကြက်သွန်ုဖြူနီငရုတ်သီးခြောက်ထောင်းထားပါငရုတ်သီးစိမ်းထောင်းထားပါငါးပိရည်ကြိုပြီးအရည်စစ်ထားပါဆီအိုးတည်ပြီးပူလာရင်ကြက်သွန်ဖြူနီငရုတ်ထောင်းထားတာထည့်မွှေပါငါးပြုတ်နွှင်ထားတာထည့်ပါကိုင်းခရမ်းချဉ်သီးမွှေထားတာထည့်ပါမွှေပေးပြီးလို့အနံ့မွှေးပြီးခြောက်လာရင်ငါးပိရည်ကြိုထည့်ပါငရုတ်သီးစိမ်းကြိတ်ထားတာထည့်ပါအပေါ့အငန်စိတ်ကြိုက်ထည့်ပါပြီးရင်တော့ကိုင်းခရမ်းချဉ်သီးငါးပိချက်မွှေးမွှေးစပ်စပ်လေးရပါပြီရှင်

Thank you very much

Credit:Ma Kyi Kyi

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment