အိန္ဒိယမွာ ေန႔အလိုက် COVID-19 ကူးစက်မႈအသဈ အျမားဆုံး စံၿခိန်တင်

 

Unicode ဖြင့်ဖတ်ရန်

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကူးစက်မှုအသစ်တွေ့ရှိရမှု အများဆုံး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဇူလိုင် ၅ ရက်) ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၅,၀၀၀ နီးပါးအထိ စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၆၁၃ ဦးရှိခဲ့ပါတယ်။ ယခု စစ်ဆေးတွေ့ရှိရမှုဟာ ဇန်နဝါရီလနှောင်းပိုင်းက အိန္ဒိယမှာ ပထမဆုံး COVID-19 အတည်ပြုလူနာ ရှိလာခဲ့ပြီးနောက်ပိုင်း နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး စံချိန်တင်မြင့်တက်လာမှု ဖြစ်ခဲ့ပါတယ်။

Worldometers ဝက်ဘ်ဆိုက်ရဲ့ ဇူလိုင် ၅ ရက် ညဉ့်နက်ပိုင်း ကိန်းဂဏန်းဖော်ပြမှုတွေအရ အိန္ဒိယမှာ ကူးစက်ခံရသူ ၆၉၇,၀၀၀ ဦးကျော်ရှိလာခဲ့ပြီး ကူးစက်မှုအများဆုံး တတိယနေရာမှ ရုရှားနိုင်ငံထက် ပိုများလာခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၉,၆၉၉ ဦးနဲ့ ပြန်လည်သက်သာသူ ၄၂၄,၈၈၅ ဦးရှိခဲ့ကြောင်းလည်း Worldometers က ဖော်ပြထားပါတယ်။

 

လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့တဲ့ အိန္ဒိယဟာ ယခုအခါ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် ကူးစက်မှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် နယူးဒေလီမြို့တော်မှာလည်း COVID-19 လူနာတွေကို ကုသရန် တရားစခန်းတစ်ခုကို ယာယီဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ကတ်ထူကုတင် ၁၀,၀၀၀ ဖြင့် ပြင်ဆင်ထားပါတယ်။

နယူးဒေလီမြို့စွန်ရှိ အဆိုပါ ယာယီဆေးရုံမှာ COVID-19 ရောဂါမပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာ မပြသူတွေကို ကုသပေးသွားမယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဒေလီပြည်နယ်မှ တာဝန်ရှိသူတွေက ဇူလိုင်လကုန်မှာ ပြည်နယ်အတွင်း ကူးစက်ခံရသူဦးရေ သန်းတစ်ဝက်ကျော် ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်နေကြပါတယ်။

 

နယူးဒေလီမြို့မှာ COVID-19 လူနာ များပြားလာမှုကြောင့် ဟိုတယ်များ၊ မင်္ဂလာဆောင်ခန်းမများနဲ့ ရာနဲ့ချီတဲ့ မီးရထားတွဲတွေကို ယာယီ ဆေးရုံများအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရန် အသင့်ပြင်ထားကြောင်း သိရပါတယ်။ အိန္ဒိယမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို မတ်လနှောင်းပိုင်းမှစပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ lockdodwn စီမံဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခဲ့ပါတယ်။ အိန္ဒိယမှာ စာသင်ကျောင်းများ၊ မြို့ကြီးများရှိ မြေအောက်ရထားများ၊ ရုပ်ရှင်ရုံများ၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းများနဲ့ ရေကူးကန်များကို ပိတ်ထားဆဲဖြစ်ပြီး နိုင်ငံတကာလေကြောင်းခရီးစဉ် ပျံသန်းခွင့်ကိုလည်း ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။

 

အများပြည်သူနဲ့ဆိုင်ရာ နေရာတွေမှာ mask တပ်ရန် စည်းမျဉ်းထုတ်ထားပြီး လူအများအပြား စုရုံးမှုတွေကို တားမြစ်ထားပါတယ်။ ဈေးဆိုင်တွေဲ့ အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာရှိနေစေရေး စီစဉ်ပေးထားရန် ညွှန်ကြားထားပါတယ်။

အိန္ဒိယပြည်နယ်တွေအနက် စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့တည်ရှိရာ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နေရာဖြစ်ပြီး ဇူလိုင် ၅ ရက် စာရင်းတွေအရ ကူးစက်ခံရသူ နောက်ထပ် ၇,၀၀၀ ကျော် တိုးလာခဲ့ပြီး တောင်ပိုင်း တမီလ်နာဒူနဲ့ ဒေလီ ပြည်နယ်တွေမှာလည်း ကူးစက်ခံရသူ ၄,၂၀၀ ကျော်နဲ့ ၂,၅၀၀ အသီးသီး တိုးလာခဲ့ကြောင်း သိရပါတယ်။

ပြည်နယ်မြို့တော်တွေ ဖြစ်ကြတဲ့ မွမ်ဘိုင်း၊ နယူးဒေလီနဲ့ ချင်နိုင်းတို့ဟာ အိန္ဒိယမှာ COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားတဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ အိန္ဒိယအစိုးရက COVID-19 ကပ်ရောဂါအရေးကို ကောင်းစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ပြောပေမဲ့ ဝေဖန်သူတွေကတော့ အိန္ဒိယဟာ စစ်ဆေးမှုအနည်းငယ်မျှသာ လုပ်ဆောင်နေကြောင်းနဲ့ အမှန်တစ်ကယ် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အတိုင်းအတာကို မသိရှိနိုင်စေခဲ့ကြောင်း စွပ်စွဲထားပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

COVID-19 ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အိႏၵိယႏိုင္ငံမွာ ေန႔စဥ္ ကူးစက္မႈအသစ္ေတြ႕ရွိရမႈ အမ်ားဆုံး စံခ်ိန္တင္ခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက ယမန္ေန႔ (ဇူလိုင္ ၅ ရက္) ထုတ္ျပန္မႈအရ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ကူးစက္ခံရသူ ေနာက္ထပ္ ၂၅,၀၀၀ နီးပါးအထိ စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ေသဆုံးသူ ၆၁၃ ဦးရွိခဲ့ပါတယ္။ ယခု စစ္ေဆးေတြ႕ရွိရမႈဟာ ဇန္နဝါရီလေႏွာင္းပိုင္းက အိႏၵိယမွာ ပထမဆုံး COVID-19 အတည္ျပဳလူနာ ရွိလာခဲ့ၿပီးေနာက္ပိုင္း ေန႔အလိုက္ ကူးစက္မႈအသစ္ အမ်ားဆုံး စံခ်ိန္တင္ျမင့္တက္လာမႈ ျဖစ္ခဲ့ပါတယ္။

Worldometers ဝက္ဘ္ဆိုက္ရဲ႕ ဇူလိုင္ ၅ ရက္ ညဥ့္နက္ပိုင္း ကိန္းဂဏန္းေဖာ္ျပမႈေတြအရ အိႏၵိယမွာ ကူးစက္ခံရသူ ၆၉၇,၀၀၀ ဦးေက်ာ္ရွိလာခဲ့ၿပီး ကူးစက္မႈအမ်ားဆုံး တတိယေနရာမွ ႐ုရွားႏိုင္ငံထက္ ပိုမ်ားလာခဲ့တာ ေတြ႕ရပါတယ္။ အိႏၵိယမွာ လက္ရွိအခ်ိန္အထိ COVID-19 ေၾကာင့္ ေသဆုံးသူ ၁၉,၆၉၉ ဦးနဲ႔ ျပန္လည္သက္သာသူ ၄၂၄,၈၈၅ ဦးရွိခဲ့ေၾကာင္းလည္း Worldometers က ေဖာ္ျပထားပါတယ္။

(Photo: EPA-EFE)

လတ္တေလာ သီတင္းပတ္မ်ားအတြင္း COVID-19 ကူးစက္မႈေတြ သိသာစြာ ျမင့္တက္ေနခဲ့တဲ့ အိႏၵိယဟာ ယခုအခါ ကမာၻတစ္ဝွမ္းမွာ အေမရိကန္နဲ႔ ဘရာဇီးၿပီးလွ်င္ ကူးစက္မႈအမ်ားဆုံး တတိယေျမာက္ႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။ ကူးစက္မႈေတြ ျမင့္တက္လာမႈေၾကာင့္ နယူးေဒလီၿမိဳ႕ေတာ္မွာလည္း COVID-19 လူနာေတြကို ကုသရန္ တရားစခန္းတစ္ခုကို ယာယီေဆး႐ုံအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ၿပီး ကတ္ထူကုတင္ ၁၀,၀၀၀ ျဖင့္ ျပင္ဆင္ထားပါတယ္။

နယူးေဒလီၿမိဳ႕စြန္ရွိ အဆိုပါ ယာယီေဆး႐ုံမွာ COVID-19 ေရာဂါမျပင္းထန္သူေတြနဲ႔ ေရာဂါလကၡဏာ မျပသူေတြကို ကုသေပးသြားမယ္လို႔ ဆိုပါတယ္။ လူဦးေရ ၂၅ သန္းရွိတဲ့ ေဒလီျပည္နယ္မွ တာဝန္ရွိသူေတြက ဇူလိုင္လကုန္မွာ ျပည္နယ္အတြင္း ကူးစက္ခံရသူဦးေရ သန္းတစ္ဝက္ေက်ာ္ ျဖစ္လာႏိုင္ေၾကာင္း စိုးရိမ္ပူပန္ေနၾကပါတယ္။

 

နယူးေဒလီၿမိဳ႕မွာ COVID-19 လူနာ မ်ားျပားလာမႈေၾကာင့္ ဟိုတယ္မ်ား၊ မဂၤလာေဆာင္ခန္းမမ်ားနဲ႔ ရာနဲ႔ခ်ီတဲ့ မီးရထားတြဲေတြကို ယာယီ ေဆး႐ုံမ်ားအျဖစ္ ေျပာင္းလဲဖြင့္လွစ္ႏိုင္ရန္ အသင့္ျပင္ထားေၾကာင္း သိရပါတယ္။ အိႏၵိယမွာ COVID-19 ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ တစ္ႏိုင္ငံလုံးရွိ လူဦးေရ ၁.၃ ဘီလီယံကို မတ္လေႏွာင္းပိုင္းမွစၿပီး အသြားအလာ ပိတ္ပင္ကန႔္သတ္ကာ lockdown လုပ္ထားခဲ့ပါတယ္။

လက္ရွိမွာေတာ့ lockdodwn စီမံေဆာင္႐ြက္မႈေတြကို တျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့ေပးေနခဲ့ပါတယ္။ အိႏၵိယမွာ စာသင္ေက်ာင္းမ်ား၊ ၿမိဳ႕ႀကီးမ်ားရွိ ေျမေအာက္ရထားမ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ ကိုယ္ကာယေလ့က်င့္ေရးခန္းမ်ားနဲ႔ ေရကူးကန္မ်ားကို ပိတ္ထားဆဲျဖစ္ၿပီး ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္ ပ်ံသန္းခြင့္ကိုလည္း ရပ္ဆိုင္းထားဆဲ ျဖစ္ပါတယ္။

 

အမ်ားျပည္သူနဲ႔ဆိုင္ရာ ေနရာေတြမွာ mask တပ္ရန္ စည္းမ်ဥ္းထုတ္ထားၿပီး လူအမ်ားအျပား စု႐ုံးမႈေတြကို တားျမစ္ထားပါတယ္။ ေဈးဆိုင္ေတြဲ႕ အျခား အမ်ားျပည္သူဆိုင္ရာ အေဆာက္အအုံေတြမွာ လူတစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာရွိေနေစေရး စီစဥ္ေပးထားရန္ ၫႊန္ၾကားထားပါတယ္။

အိႏၵိယျပည္နယ္ေတြအနက္ စီးပြားေရးၿမိဳ႕ေတာ္ မြမ္ဘိုင္းၿမိဳ႕တည္ရွိရာ ႏိုင္ငံအေနာက္ပိုင္း မဟာရက္ရွ္ထရာျပည္နယ္ဟာ COVID-19 ကူးစက္ျဖစ္ပြားမႈ အဆိုးဆုံး ေနရာျဖစ္ၿပီး ဇူလိုင္ ၅ ရက္ စာရင္းေတြအရ ကူးစက္ခံရသူ ေနာက္ထပ္ ၇,၀၀၀ ေက်ာ္ တိုးလာခဲ့ၿပီး ေတာင္ပိုင္း တမီလ္နာဒူနဲ႔ ေဒလီ ျပည္နယ္ေတြမွာလည္း ကူးစက္ခံရသူ ၄,၂၀၀ ေက်ာ္နဲ႔ ၂,၅၀၀ အသီးသီး တိုးလာခဲ့ေၾကာင္း သိရပါတယ္။

ျပည္နယ္ၿမိဳ႕ေတာ္ေတြ ျဖစ္ၾကတဲ့ မြမ္ဘိုင္း၊ နယူးေဒလီနဲ႔ ခ်င္ႏိုင္းတို႔ဟာ အိႏၵိယမွာ COVID-19 ကူးစက္မႈ အဆိုးဆုံးျဖစ္ပြားတဲ့ ၿမိဳ႕ႀကီးေတြျဖစ္ပါတယ္။ အိႏၵိယအစိုးရက COVID-19 ကပ္ေရာဂါအေရးကို ေကာင္းစြာ ကိုင္တြယ္ေဆာင္႐ြက္ခဲ့ေၾကာင္း ေျပာေပမဲ့ ေဝဖန္သူေတြကေတာ့ အိႏၵိယဟာ စစ္ေဆးမႈအနည္းငယ္မွ်သာ လုပ္ေဆာင္ေနေၾကာင္းနဲ႔ အမွန္တစ္ကယ္ ကပ္ေရာဂါကူးစက္ျဖစ္ပြားမႈ အတိုင္းအတာကို မသိရွိႏိုင္ေစခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment