အငြိမ်းစား ယူမယ့် နိုင်ငံ့ဝန်ထမ်းတွေ နေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်နေ

Unicode ဖြင့်ဖတ်ရန်

နိုင်ငံတာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအနေနဲ့ အသက်ပြည့်လို့ အငြိမ်းစားယူတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်အောင် ဝန်ထမ်းအိမ်ယာများကို ဦးစားပေးဆောက်လုပ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့တာဖြစ်ပြီး နိုင်ငံဝန်ထမ်းတွေဘက်ကလည်း တာဝန်တွေပြီးဆုံးလို့အငြိမ်းစားယူခဲ့ရင်တောင် ကိုယ့်အိမ်နဲ့ကိုယ်နေနိုင်တဲ့ အနေအထားမှာရှိချင်ကြတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ ဒါကလည်း ဝန်ထမ်းတွေအတွက်တကယ်လိုအပ်သလို ဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်လို့ ဝန်ထမ်းအိမ်ယာတွေကို ဦးစားပေးဆောက်လုပ်ပေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တာပါ။

“ ဝန်ထမ်းတွေကို မေးကြည့်တော့ အများစုက အငြိမ်းစားယူတဲ့အခါမှာ ကိုယ့်အိမ်လေးနဲ့ကိုယ်နေချင်ကြတယ်လို့ပြောကြတယ်။ ဒါကလည်းဟုတ်ပါတယ်။ တသက်လုံးပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရပြီးတဲ့အခါကျတော့ အငြိမ်းစားတဲ့ အချိန်ကျမှ ဘယ်သားသမီးနဲ့ သွားကပ်နေရမလဲ ၊ ဘယ်လိုနေရမလဲဆိုပြီး အဲဒီလိုအခြေအနေမျိုးမဖြစ်စေချင်ဘူး”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

အခုလို ဝန်ထမ်းအိမ်မယာတွေဆောက်လုပ်ပေးခြင်းက နိုင်ငံဝန်ထမ်းတွေအတွက်လည်းအဆင်ပြေသလို ပန်းရံ၊အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာလည်း နေပြည်တော်မှာ နိုင်ငံဝန်ထမ်း အငြိမ်းစားတွေအတွက် အိမ်ယာများကို ဇွန်လ(၁)ရက်နေ့ကစတင်ပြီး ရောင်းချပေးလျှက်ရှိနေပါတယ်။

ဒီအိမ်ယာတွေကိုလည်း မြန်မာတစ်နိုင်ငံလုံးက အငြိမ်းစားဝန်ထမ်းတွေအားလုံးလျှောက်ထားနိုင်ပြီး ဦးရာလူစနစ်နဲ့ရောင်းချပေးနေတာပါ။

မြေဧက (၇၀)ခန့်မှာ အခန်းပေါင်း (၃၀၀၀)ကျော်တည်ဆောက်မှာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ အခန်းတွေအပ်မှာဖြစ်တယ်လို့လည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှသိရပါတယ်။

နောက်ပိုင်းမှာလည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအတွက် နေထိုင်ရေးမှာ အဆင်ပြေအောင် ဝန်ထမ်းအိမ်ယာတွေကို ဦးစားပေးဆောက်လုပ်သွားမယ်လို့လည်း သိရပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

ႏိုင္ငံတာဝန္ကိုထမ္းေဆာင္ေနတဲ့ဝန္ထမ္းေတြအေနနဲ႔ အသက္ျပည့္လို႔ အၿငိမ္းစားယူတဲ့အခါမွာ ဂုဏ္သိကၡာရွိရွိေနထိုင္ႏိုင္ေအာင္ ဝန္ထမ္းအိမ္ယာမ်ားကို ဦးစားေပးေဆာက္လုပ္ေနတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကေျပာပါတယ္။

ဒီေန႔ ျပဳလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာေျပာခဲ့တာျဖစ္ၿပီး ႏိုင္ငံဝန္ထမ္းေတြဘက္ကလည္း တာဝန္ေတြၿပီးဆုံးလို႔အၿငိမ္းစားယူခဲ့ရင္ေတာင္ ကိုယ့္အိမ္နဲ႔ကိုယ္ေနႏိုင္တဲ့ အေနအထားမွာရွိခ်င္ၾကတယ္လို႔ ေျပာဆိုမႈေတြရွိပါတယ္။ ဒါကလည္း ဝန္ထမ္းေတြအတြက္တကယ္လိုအပ္သလို ျဖစ္သင့္တဲ့ကိစၥတစ္ခုျဖစ္လို႔ ဝန္ထမ္းအိမ္ယာေတြကို ဦးစားေပးေဆာက္လုပ္ေပးေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာခဲ့တာပါ။

“ ဝန္ထမ္းေတြကို ေမးၾကည့္ေတာ့ အမ်ားစုက အၿငိမ္းစားယူတဲ့အခါမွာ ကိုယ့္အိမ္ေလးနဲ႔ကိုယ္ေနခ်င္ၾကတယ္လို႔ေျပာၾကတယ္။ ဒါကလည္းဟုတ္ပါတယ္။ တသက္လုံးပင္ပင္ပန္းပန္းနဲ႔ အလုပ္လုပ္ရၿပီးတဲ့အခါက်ေတာ့ အၿငိမ္းစားတဲ့ အခ်ိန္က်မွ ဘယ္သားသမီးနဲ႔ သြားကပ္ေနရမလဲ ၊ ဘယ္လိုေနရမလဲဆိုၿပီး အဲဒီလိုအေျခအေနမ်ိဳးမျဖစ္ေစခ်င္ဘူး”လို႔ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာပါတယ္။

အခုလို ဝန္ထမ္းအိမ္မယာေတြေဆာက္လုပ္ေပးျခင္းက ႏိုင္ငံဝန္ထမ္းေတြအတြက္လည္းအဆင္ေျပသလို ပန္းရံ၊အလုပ္သမားေတြအတြက္လည္း အလုပ္အကိုင္အခြင့္အလမ္းေတြလည္းရရွိတယ္လို႔ဆိုပါတယ္။

လက္ရွိမွာလည္း ေနျပည္ေတာ္မွာ ႏိုင္ငံဝန္ထမ္း အၿငိမ္းစားေတြအတြက္ အိမ္ယာမ်ားကို ဇြန္လ(၁)ရက္ေန႔ကစတင္ၿပီး ေရာင္းခ်ေပးလွ်က္ရွိေနပါတယ္။

ဒီအိမ္ယာေတြကိုလည္း ျမန္မာတစ္ႏိုင္ငံလုံးက အၿငိမ္းစားဝန္ထမ္းေတြအားလုံးေလွ်ာက္ထားႏိုင္ၿပီး ဦးရာလူစနစ္နဲ႔ေရာင္းခ်ေပးေနတာပါ။

ေျမဧက (၇၀)ခန႔္မွာ အခန္းေပါင္း (၃၀၀၀)ေက်ာ္တည္ေဆာက္မွာျဖစ္ၿပီး ေအာက္တိုဘာလအတြင္းမွာ အခန္းေတြအပ္မွာျဖစ္တယ္လို႔လည္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွသိရပါတယ္။

ေနာက္ပိုင္းမွာလည္း အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းေတြအတြက္ ေနထိုင္ေရးမွာ အဆင္ေျပေအာင္ ဝန္ထမ္းအိမ္ယာေတြကို ဦးစားေပးေဆာက္လုပ္သြားမယ္လို႔လည္း သိရပါတယ္။

Credit: Duwun

 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment